← Chapters

အခန်း ၂၀၇

Vol. 21 Ch. 207

အခန်း ၂၀၇

Vol. 21 Ch. 207

207 01

အပိုင်း ၂၀၇ ယန်မိသားစု၏ ပျက်စီးမှု အပိုင်း (၂)

စံအိမ်ထဲမှ လှုပ်ရှားမှုများကလည်း အခြားသော စွမ်းအားရှင်များ၏အာရုံကို ဆွဲဆောင်သည်။ ဉာဏ်ကောင်းသော သူများကလည်း အခြေအနေကို သိလိုက်ပြီး ယခု အဖြစ်အပျက်က ကျားကို တောင်ပေါ်မှ မျှားထုတ်ခြင်းသာ ဖြစ်ကြောင်း နားလည်လိုက်ကြ၏။

သူတို့က စံအိမ်ထဲသို့ အပြေးအလွှား ဝင်ပြီး အလုပ်ရှင်ကို မကာကွယ်နိုင်သေးခင် အချင်းချင်း ခေါင်းချင်းဆိုင်လိုက်ကြသည်။ ထိုအချိန်တွင် ရှုရှင်းက စနိုက်ပါဖြင့် ပစ်ခတ်သည်။

ရှုရှင်းသည်လည်း သူမ၏အားနည်းချက်ရှိသော နေရာကို ကောင်းကောင်း သိနေသည်။ ထို့ကြောင့် သူမ၏ တိကျစွာ ပစ်ခတ်နိုင်စွမ်းရည်ကို အသားကုန် မြှင့်တင်ခဲ့သည်။ ထို့ကြောင့် အနီးကပ် တိုက်ခိုက်သောအခါ သူမသည် တိုက်ခိုက်ရေးအမျိုးသား စွမ်းအားရှင်များကို မယှဉ်နိုင်ပေ။ သို့သော် ယခုလို ပစ်ခတ်ရာတွင်မူ ကျွမ်းကျင်သည်။

စံအိမ်ထဲတွင် သက်ရှိလူနှစ်ယောက်တည်းသာ ကျန်ရစ်တော့သည်။ သူတို့ နှစ်ယောက်ကလည်း ပေါက်ကွဲမှုကြောင့် ပြင်းပြင်းထန်ထန် ဒဏ်ရာ ရနေခဲ့ခြင်း ဖြစ်သည်။ ယန်မော့နှင့် ရှုရှင်းတို့က စံအိမ်ထဲသို့ ပေါ်တင် ဝင်သွားသည်။

မတော်တဆမှုများကို ရှောင်ရှားရန် အလို့ငှာ ရှုရှင်းက အတွင်းသို့ ဝင်ရောက် ပြီးသည်နှင့် နောက်ဆုံး ရှင်သန် ကျန်ရစ်သည့် အဆင့် ၄ စွမ်းအားပညာရှင်ကို ပစ်သတ်လိုက်သည်။ ယန်ချွယ် တစ်ယောက်တည်းကိုသာ ထားရစ်လိုက်၏။

“ငါ ဒါကို မျှော်လင့်ခဲ့သင့်တာ။ အဟမ်း မင်းလို ပုန်ကန်တဲ့သားက လွဲပြီး ဘယ်သူကမှ မလုပ်နိုင်ဘူး အဟမ်း”

မြေပြင်ပေါ်တွင် လှိမ့်နေသော ယန်ချွယ်က ဆူညံသံ ကြားသောအခါ သူ၏ခေါင်းကို ခက်ခက်ခဲခဲ မော့လိုက်ပြီးနောက် ယန်မော့၏ရင်းနှီးကျွမ်းဝင်သော မျက်နှာကို မြင်လိုက်ရသည်။ သူသည်လည်း အရာအားလုံးကို နားလည်သွားသလို ဖြစ်သွားသည်။

ယန်မော့က မြေပြင်တွင် လဲနေပြီး ဆိုးသွမ်းသော အနေအထားနှင့် ယန်ချွယ်ကို ကြည့်ကာ တစ်ခွန်းမှ မဆိုပေ။ သူသည်လည်း ဖခင်အရင်းအပေါ် မည်သည့် ချစ်စိတ်မှ ရှိမနေပါပေ။

သူသည် ယန်မိသားစု၏ ကိစ္စရေးရာများကို အထိအတွေ့ အဆက်အဆံ ရှိခဲ့ပြီးချိန် ကတည်းက သူတို့နှစ်ယောက်၏အဆက်အဆံဟာ ပိုများလာသည်။ သို့သော် ထိုသို့ အဆက်အဆံရှိလေလေ ဆက်ဆံရေးက ဆိုးရွားလာလေလေ ဖြစ်လာသည်။

ယန်ချွယ်က အသက် ကြီးလာသည်နှင့်အမျှ သူ၏လက်ထဲမှ အာဏာကို အလွန် ဂရုစိုက်လာသည်။ ကံဆိုးသည်မှာ အရက်ကို နှစ်ပေါင်းများစွာ အလိုလိုက်ပြီး sex ကိစ္စတွေ ပျော်ပါးလွန်းကာ အမျိုးမျိုးသော ဖားယားသံများကို ယစ်မူးနေခဲ့သော သူ၏စိတ်က မကြည်လင်တော့ပေ။ ထို့ကြောင့် သူသည် ဆုံးဖြတ်ချက် အမှားပေါင်း များစွာကို လုပ်မိပြီး ပိုက်ဆံ အမြောက်အမြားကို ဆုံးရှုံးစေခဲ့သည်။ အဖွဲ့အစည်းက ပိုက်ဆံအမြောက်အမြား ဆုံးရှုံးသွားသောအခါ စီနီယာတန်းအဆင့် စီမံခန့်ခွဲသူများ၊ အဓိက ရှယ်ယာဝင်များကို မယုံကြည်နိုင် ဖြစ်သွားစေခဲ့၏။ လူအိုကြီးယန်၏ ဖိအားအောက်တွင် သူတို့ လက်ထဲမှ အင်အားစု အမြောက်အမြားကို သူ့ဆီ လွှဲပေးခဲ့ရသည်။ တွန့်ဆုတ်မှုကြောင့် ဖြစ်လောက်သလို အခြားသော အကြောင်းပြချက်များကြောင့် ဖြစ်လောက်သည်။ ယန်ချွယ်က ပထမဇနီးမှ မွေးသောသားကို ရန်လိုမှုများကို ပြင်းထန်စွာ ပြသခဲ့သည်။

ယခင် နှစ်နှစ်အတွင်းတွင် ယန်ချွယ်ဟာ သူ၏အသက်နှင့် ယန်မော့၏အတွေ့အကြုံ လိုအပ်ချက်ကို အခွင့်ကောင်း ယူခဲ့သေးသည်။ သို့‌သော် နောက်ပိုင်းတွင်မူ ယန်မော့က သူ့ကို အကြိမ်တိုင်းလိုလို သစ္စာဖောက်ခဲ့သည်။

ထိုသို့ဖြင့် နှစ်ယောက်အကြားမှ ထိပ်တိုက် ရင်ဆိုင်မှုများက အသိုင်းအဝိုင်းကြီး ကြားတွင် လျှို့ဝှက်ချက် မဟုတ်ခဲ့ပါပေ။ ပို၍ပင် သိသာ ထင်ရှားသေးသည်။

“အဟမ်း ယန်မော့ မင်း ငါ့ကို တကယ် သတ်ရဲလို့လား၊ ငါက မင်း အဖေနော်၊ မင်း ချစ်ရတဲ့ မိန်းမက ဒီမှာ ရှိနေတုန်းပဲ၊ သူမရဲ့အရှေ့မှာတင် မင်းက ကိုယ့်အဖေကိုယ် သတ်တာ မြင်စေချင်လို့လား”

ယန်မော့၏မျက်လုံးက တည်ငြိမ်နေလေရာ ယန်ချွယ်၏ နှလုံးသားက ထိတ်လန့်မှု အေးစိမ့်မှုများက ကြီးစိုးလာလေသည်။ သူသည် မနေနိုင်ဘဲ ပြောလိုက်သည်။ သူ့တွင် ပြင်းထန်သော ခံစားချက် ရလေသည်။ သူသည် သေလောက်သည်။

“အင်း နှောင့်ယှက်ပြီး ဖြတ်ပြောရတာတော့ စိတ်မရှိပါနဲ့ ငါ တကယ်တော့ နားအုပ်ထားပြီး ကျောခိုင်းထားလို့ ရပါတယ်၊ ဒါဆို ဘာမှ မသိတော့ဘူးလေ”

ယန်ချွယ်၏စကားကို ကြားလိုက်ရသော ရှုရှင်းကလည်း မျက်နှာ ရှုံ့မဲ့သွားသည်မှာ နူးညံ့သော ပေါက်စီလေးနှင့် တူသည်။

207 02

တကယ်ကိုပဲ နားမထောင်ရက်ဘူး။

ထို့နောက် သူမသည် တစ်ဖက်သူ၏ စကားကို ချက်ချင်း ဖြတ်ပြောလိုက်သည်။

“မင်း”

ယန်ချွယ်က သူမ၏စကားကြောင့် နင်သွားသည်။ သူက ပါးစပ်ကို အချိန်အတန်ကြာအောင် ဖွင့်သည်။ သို့သော် မည်သည့်စကားမှ ထုတ်မပြောနိုင်တော့ပေ။ နဖူးမှ ထင်းထွက်လာသော အပြာရောင် သွေးကြောများကလည်း သူ၏ ဒေါသကြောင့်လား ဒဏ်ရာကြောင့်လား မသိနိုင်ပါပေ။

“ဟူး စာကြည့်ခန်းက ဘယ်မှာလဲဆိုတာ အရင် သွားရှာကြည့်လိုက်၊ ငါ ခဏနေရင် ဒီကိစ္စကို အဆုံးသတ်ပြီးတာနဲ့ လာခဲ့မယ်”

ယန်မော့ကလည်း သူ၏ပေါင်ပေါင် စကားများကြောင့် သဘောကျသွားသည်။ ထို့ကြောင့် တစ်ဖက်သူ၏ ခေါင်းလေးကို အသာ ပွတ်ပေးလိုက်၏။

“အင်း ငါ စာကြည့်ခန်းကို အရင် သွားရှာလိုက်မယ်၊ နင် ပြီးတာနဲ့ ငါ့ကို လာရှာနော်၊ ငါ တစ်ယောက်တည်းဆို ကြောက်တယ်”

သူဟာ ယန်ချွယ်ကို ပြောစရာစကား ရှိသေးမှန်း နားလည်သည်။ ရှုရှင်းကလည်း သည်နေရာတွင် ဆက်ပြီး မနေလိုတော့ပေ၊ သူ့ကို အကြံဉာဏ် အနည်းငယ် ပေးလိုက်ပြီးသည်နှင့် နားလည်ကာ အပေါ်သို့ တက်သွား၏။

ရှုရှင်း ထွက်သွားကြောင်း မြင်သောအခါတွင် ယန်မော့က အကြည့်ကို ပြန်ရုတ်ပြီး မြေပြင်မှ ယန်ချွယ်ကို ကြည့်သည်။ ယန်ချွယ်က ထိတ်လန့်နေသော မျက်နှာထားမျိုးနှင့် ဖြစ်သည်။ ဒဏ်ရာရနေသော ကိုယ်ကို အတတ်နိုင်ဆုံး ထိန်းပြီး အနောက်ဘက်သို့ တဖြည်းဖြည်း ဆုတ်ကာ ထွက်ပြေးရန် ကြိုးစားသည်။

******

All Chapters