အခန်း ၂၀၈
Vol. 21 Ch. 208
208 01
အပိုင်း ၂၀၈ မြွေကို တွင်းထဲက မျှားထုတ်
ယန်မိသားစု၏ စံအိမ်တွင် စာကြည့်ခန်း နှစ်ခန်းရှိသည်။ တစ်ခန်းက ပထမထပ်တွင်ဖြစ်ပြီး သုတေသနဌာနသို့ သွားရောက်နိုင်သော လျှို့ဝှက် ဝင်ပေါက်နှင့် ဆက်သွယ်ထားသည်။ ဒုတိယအထပ်က အခန်းတွင်မူ အကြောင်းအရာများ အားလုံးကို သိမ်းထားခြင်းဖြစ်သည်။ ယန်မော့သည်လည်း သူမအား သည်နေရာသို့ မလာခင်ကတည်းက စာကြည့်ခန်း နေရာကို ပြောပြထားပြီးသား ဖြစ်သည်။ ထို့ကြောင့် ရှုရှင်းသည်လည်း ပြောထားသည့် နေရာသို့ တိုက်ရိုက်သွားလိုက်ပြီး ပထမထပ်ကို ချန်ရစ်ထားခဲ့ပြီး ဒုတိယထပ်သို့ တိုက်ရိုက် သွားလိုက်သည်။
ပစ္စည်းများကို ပေါ်တင် ထားထားလိမ့်မည် မဟုတ်ပေ။ သူမ ယခင်က တီဗွီဒရမ်မာများ၊ ဝတ္ထုများတွင် မြင်ခဲ့ဖူးသော အတွေ့အကြုံအတိုင်း စာကြည့်ခန်းထဲတွင် မွှေနှောက် ရှာဖွေသည်။ သူမသည် လျှို့ဝှက် အခန်းများကို ဖွင့်ချင်နေ၏။
“အရှေ့မှာ ဘာလုပ်နေတာလဲ”
သူမကပင် သေချာမရှာနိုင်သေးခင် ယန်မော့က အောက်မှကိစ္စကို ကိုင်တွယ်ပြီး အပေါ်ဘက်သို့ တက်လာချိန်ဖြစ်သည်။
သူသည်လည်း ဟိုဟိုဒီဒီ ပတ်ပြေးနေသော သူ၏ချစ်ရသောဇနီးလေးက ဟိုကြည့်သည်ကြည့် လုပ်ကာ အင်အားအပြည့် တက်ကြွနေကြောင်း မြင်သောအခါ ရုတ်တရက် သူ၏စိတ်ထဲမှ စိတ်ဓါတ် ကျနေသော ခံစားချက်ကပင် ပျောက်သွား၏။
“အာ ငါ လျှို့ဝှက်အခန်းကို ဖွင့်ဖို့ စက်တွေ လိုက်ရှာနေတာလေ၊ ဘာလို့ ငါ အရင် တီဗွီတွေ၊ ဇာတ်လမ်းတွေမှာ ကြည့်ဖူးတာနဲ့ ခြားနားနေတာလဲ၊ ငါ ရှာတာ တော်တော်လေး ကြာနေပြီ ဒါပေမဲ့ အခန်းလည်း မတွေ့ဘူး”
ရှုရှင်းက အမှန်တကယ် စိတ်ဓါတ်ကျနေ၏။
ယန်မော့ “ဟူး ဒီမှာ ဒီမှာ”
ရယ်ချင်စိတ်ကို မထိန်းနိုင်သောကြောင့် သူသည် အနားသို့ လျှောက်သွား လိုက်ပြီး စားပွဲခုံစောင်း၏ ဒုတိယမြောက် အံဆွဲကို ဆွဲဖွင့်လိုက်သည်။ ထို့နောက် အတွင်းမှ တစ်နေရာကို ဖိလိုက်၏။
ခရက်
ထို့နောက် စက်ခလုတ် ပွင့်သွားသလို အသံမျိုးက ထွက်လာသည်။ ထိုအခါ နံရံ တစ်ခုလုံး အပြည့် စာအုပ်စင် အပြည့်ရှိသော နေရာ၏ အလယ်ပိုင်းက စတင်ကာ ကွဲထွက်သွားကာ အတွင်းမှ လျှို့ဝှက်အခန်းက ပေါ်လာကြောင်း မြင်ရ၏။
“မဟုတ်သေးပါဘူး၊ ဘာလို့ အံဆွဲထဲမှာလဲ၊ စာအုပ်တွေ ဒါမှမဟုတ် စာအုပ်စင် တစ်နေရာရာ ဖြစ်သင့်တာ မဟုတ်ဘူးလား၊ အဲဒီလိုမှ မဟုတ်ရင်လည်း အလှပြထားတဲ့ ပစ္စည်း တစ်ခုခုကြောင့် ဖြစ်သင့်တာလေ၊ တီဗွီဒရမ်မာတွေ ထဲမှာ အဲ့ဒီလို မဟုတ်ဘူးလား၊ ဘယ်လိုဖြစ်ပြီး အံဆွဲထဲ ရောက်သွားတာလဲ”
“တီဗွီစီရီးတွေထဲက နည်းလမ်းက လွန်ခဲ့တဲ့ ကာလပေါင်း များစွာကလေ ကြာခဲ့ပြီ၊ တီဗွီစီးရီးထဲမှာ အသုံးပြုတယ် ဆိုကတည်းက ကြွယ်ဝတဲ့ မိသားစုတွေကလည်း နည်းလမ်း ပြောင်းရတာပေါ့၊ ဒါပေါ့ အန္တရာယ်အများဆုံး နေရာက အလုံခြုံဆုံးလို့ ထင်ပြီး သုံးနေကြတဲ့ လူတွေလည်း ရှိတာပဲ”
ယန်မော့က ရှုရှင်း၏လက်ကို ကိုင်ပြီးနောက် ထိုလျှို့ဝှက်အခန်းထဲသို့ ဝင်ပြီး ရှင်းပြပေးသည်။
လျှို့ဝှက်အခန်းက စတုရန်းမီတာ ၅၀ ၆၀ ခန့်အထိ ရှည်သည်။ အရွယ်အစားအားဖြင့် မကြီးမားသော်လည်း အခန်း၏တစ်ဝက်ကျော်ကျော်လုံးက အမျိုးမျိုးသော သေတ္တာများနှင့် ပြည့်နှက်နေ၏။ သေတ္တာ တစ်ခုချင်းစီကို ဖွင့်လိုက်သောအခါ အတွင်းတွင် မရေမတွက်နိုင်သော သလင်းအမြူတေများ ပြည့်နှက်နေကြောင်း မြင်ရသည်။
ရှုရှင်းက လက်ကိုရမ်းပြီး အားလုံးကို ဒုတိယအထပ်သို့ တောက်လျှောက် ကောက်ပို့ပစ်သည်။ သို့သော် ထိုထဲမှ ငါးပုံတစ်ပုံကို တတိယ အလွှာသို့ ပို့လိုက်သေးသည်။ သူမသည်လည်း ထိုနေရာတွင် သလင်းအမြူတေများကို စုပ်ယူလိုက်မည်ဆိုလျှင် တစ်ခါတည်း အောင်မြင်သွားမည်ဟုထင်ပြီး မစောင့်နိုင်တော့ပေ။
အခန်း၏တစ်ဝက်ကမူ ရွှေ၊ ရှေးဟောင်းပန်းချီများ၊ ရှားပါးသော ပစ္စည်းများ၊ အခြားသော ပစ္စည်းများ စသည်ဖြင့်တို့ဖြစ်သည်။ သူမသည်လည်း ထိုအရာများကိုလည်း သဘောကျလေရာ အားလုံးကို ထည့်သိမ်းလိုက်သည်။
လျှို့ဝှက်အခန်းကို ရှာဖွေပြီးနောက် ပထမထပ်ရှိရာ စာကြည့်ခန်းထဲသို့ သွားကြသည်။ ထိုနေရာက သူတို့ အဓိက လာရသည့် အကြောင်းပြချက် ဖြစ်သည်။
208 02
ယန်မော့က ဒီနေရာတွင် ရှိနေသောကြောင့် လျှို့ဝှက်ခန်း၏ တံခါးကို ဖွင့်ရန် လွယ်ကူလေသည်။ သို့သော် သူတို့သည်လည်း အလျင်စလို မဝင်ရောက်သေးပေ။ အပြင်ဘက်မှ သတင်းကို စောင့်နေ၏။
သုတေသနကျောင်းက ယန်မိသားစုထက်ပင် ကိုင်တွယ်ရ ခက်သည်။ တုရွှယ်ဖုန်းကလည်း အခြေစိုက်စခန်းထဲမှ ရုန်းကန်မှုများကို ဘယ်သောအခါမှ ပေါ်တင်ပါဝင်လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် သူသည် ဘေးဘက်တွင်သာ ရပ်ကြည့်နေပေလိမ့်မည်။
သို့သော် ဒါဟာ သူတို့ လိုချင်သော အနေအထားမျိုး မဟုတ်ပေ။ တောင်ကသာ ငါ့ဆီ မလာလျှင် တောင်ပေါ်သို့ တက်ရပေမည်။
ထိုအခြေအနေကလည်း အကုန်လုံး လှုပ်ရှားရန် မဖြစ်နိုင်လေရာ မည်သူကမှလည်း ကွဲထွက်နေ၍ မရပါပေ။
ထို့ကြောင့် တစ်နာရီနီးပါး စောင့်နေပြီးနောက် သူ၏လက်ကောက်ဝတ်နှင့် ဆက်သွယ်ထားသော ဆက်သွယ်ရေးစက်မှ အသံ ကြားရသည်။
“မော့ကော မော့ကော ကျေးဇူးပြုပြီး ဝင်လာမယ်ဆိုရင် အကြောင်းပြန်ပါ”
“ရပြီ”
“မြွေက တွင်းထဲက ထွက်လာပြီ မြွေက တွင်းထဲက ထွက်လာပြီ ငါတို့ စပြီး လှုပ်ရှားနေပြီ”
“သိပြီ အစီအစဉ်အတိုင်း လုပ်”
ထိုစကားပြောစက်ကို ချပြီးသည်နှင့် ယန်မော့က ရှုရှင်းကို ခေါ်ကာ လျှို့ဝှက်လမ်းကြောင်းထဲသို့ ခပ်မြန်မြန် ဝင်လိုက်သည်။
သူတို့သည် အဓိက ဂိတ်ပေါက်မှနေ၍ သုတေသနကျောင်းထဲသို့ ဝင်ရန် အင်အား အထူးစိုက်ထုတ်ရန် လိုအပ်သည်။ ထို့အပြင် စစ်ဆေးသည့်နေရာကို ကျော်ဖြတ်ရအုံးမည့်အပြင် အဓိကနေရာများသို့လည်း မရောက်ရှိနိုင်ပေ။
သို့သော် ဒီနေရာမှ ဝင်ရောက်သွားခဲ့ပါက ခြားနားလေသည်။
တုရွှယ်ဖုန်း၏ သတိထားသော အကျင့်စရိုက်မျိုးအရ သူသည်လည်း လူအများ ရှေ့တွင် အရေးမပါသော လျှို့ဝှက်လမ်းကြောင်းမျိုးကို ထားရဲလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် ယခုလို လျှို့ဝှက်လမ်းကြောင်းမျိုးက ပို၍ပင်လျှို့ဝှက်ပြီး အရေးပါသော နေရာမျိုးသို့ ဦးတည်နေပေလိမ့်မည်။
******