အခန်း ၂၀၉
Vol. 21 Ch. 209
209 01
အပိုင်း ၂၀၉ ရွံစရာ
ထိုလျှို့ဝှက်လမ်းထဲတွင် သူတို့နှစ်ယောက်လုံးက အတတ်နိုင်ဆုံး ကြိုးစားပြီး စကား မပြောကြဘဲ တိတ်တဆိတ်သာ လျှောက်သွားကြကာ ရန်သူကို မထိတ်လန့်အောင် ရှောင်ရှားသွားကြသည်။
အသက်ရှူသံကိုပင် ထိန်းကာ တဖြည်းဖြည်း နီးကပ်သွားပြီးနောက် ယန်မော့က အရှေ့တွင် ပေါ်လာသည့် တံခါးနားသို့ ကပ်ကာ တစ်ခဏခန့် နားထောင် ကြည့်သေးသည်။ အနီးအနားတွင် မည်သူမှ မရှိကြောင်း သေချာမှသာ ရှုရှင်းကို ခေါင်းညိတ်ပြသည်။ သူတို့ နှစ်ယောက်ကလည်း လျှို့ဝှက်လမ်းကြောင်းထဲမှ တစ်ယောက်ပြီးတစ်ယောက် ထွက်ကြသည်။ အနီးအနားတွင် မည်သည့်မီးအလင်းမှ မရှိချေ။ ထောင့်နားတွင် ထွန်းထားသည့် အရေးပေါ်မီးကသာ အဝါရောင်များ လွှတ်ထုတ်ထားသည်။
အခန်း၏ပုံပန်းသွင်ပြင်ကို ရှင်းရှင်းလင်းလင်း မြင်ရရန် ရန်သူကိုလည်း မထိတ်လန့်စေရန် အလို့ငှာ ရှုရှင်းက နေရာလပ် နယ်မြေထဲမှ ညဘက် ထွန်းအိပ်သော စက္ကူမီးအိမ်လေးကို ထွန်းလိုက်သည်။ ထိုအလင်းပေးသော နေရာက သိပ်မကျယ်သည့်တိုင်အောင် အနီးအနား ဝန်းကျင်ကိုပင် မြင်ရသည်။ ထို့ကြောင့် တစ်မီတာ ဝန်းကျင်ကမူ သေသေချာချာ မြင်ရရန် ပြဿနာ မရှိနိုင်ပေ။
“!!!”
ရှုရှင်းက ခြေတစ်လှမ်းခန့် နောက်ဆုတ်လိုက်ပြီးနောက် အနောက်ဘက်မှ ယန်မော့နှင့် တိုက်မိသွားသည်။ ယန်မော့၏မီးအိမ်က မြေပြင်ပေါ်သို့ ပြုတ်ကျသောအခါ အသံတစ်ခု ထွက်လာပြီး ငြိမ်းသွားသည်။
ရင်းနှီးကျွမ်းဝင်သော ထွေးပွေ့မှုထဲ ရောက်သွားသောအခါ ရှုရှင်းက သေအောင် ကြောက်နေပြီး တစ်ဖက်သူ၏ ရင်ခွင်ထဲတွင် ပုန်းလိုက်သည်။
“အာ တင်းတင်းကြပ်ကြပ် ဖက်ထား”
“ရတယ် ရတယ် ငါ ဒီမှာ ရှိတယ်”
ရင်ခွင်ထဲမှ လူကမသက်မသာ ဖြစ်စေသည်ကို ခံစားမိသည့် သူကလည်း ရင်ခွင်ထဲမှ လူကို တင်းတင်းကြပ်ကြပ် ဖက်လိုက်ပြီး တစ်ဖက်သူ၏ ဆန္ဒကို ဖြည့်ဆည်း ပေးလိုက်သည်။
ဖြစ်စဉ် တစ်ခုလုံးက မြန်ဆန်စွာ ဖြစ်ပျက်သွားသည်။ လမ်းလျှောက်ရာတွင် ခြေလှမ်း အနည်းငယ်နှေးသော ယန်မော့ကလည်း ရှုရှင်း မြင်လိုက်ရသော အရာကို မြင်လိုက်ရသည်။ သို့သော် ရှုရှင်းကမူ သူမ၏ ရင်ခွင်ထဲမှ အေးစိမ့်နေသော ခံစားချက်ကို မထိန်းချုပ်နိုင်သေးချေ။ အချိန်အတန်ကြာမှသာ အေးဆေးသွား၏။
“အရှေ့မှာ ဘာဖြစ်လို့လဲ၊ ဘာလို့ ရုတ်တရက် ကြောက်သွားတာလဲ”
ရင်ခွင်ထဲမှ လူ၏အသက်ရှူသံက ပုံမှန်ပြန်ဖြစ်သွားသည်။ သူမ၏ကျောကို လက်အသာတင်ပြီး နှစ်သိမ့်ပေးရင်း မေးလိုက်သည်။ ရှုရှင်းက ဘာကိုမှ မပြောဘဲ လက်ကို ရမ်းပြသည်။ ထို့နောက် စက္ကူမီးအိမ် တစ်ခုကို ထုတ်ပြီး သူ့ကိုပေးသည်။
“အာ”
အခု တစ်ချက် ကြည့်လိုက်ရုံနှင့်ပင် သူမ နှလုံးသားက အေးစိမ့်သွားခဲ့သည်။ ယခုအခါ အနီးအနားမှ အရာများကို ရှင်းရှင်းလင်းလင်း မြင်လိုက်သောအခါ ရှုရှင်းက ပို၍ပင် ရွံရှာပြီး အန်ချင်လာသည်။ ယန်မော့ကာ ဗဟုသုတကြွယ်ဝကာ အတွေ့အကြုံ ရှိသော်လည်း ယင်ကောင်ကိုပင် သတ်နိုင်လောက်သော အကြည့်မျိုးဖြင့် မျက်မှောင်ကို ကြုတ်ထားသည်။
အလင်းပေးသော နေရာဝန်းကျင် တစ်ခုလုံးတွင် နှစ်မီတာခန့် မြင့်မားသော ထုလုံးပုံ ဖန်သိုလှောင်ခန်းများ ပြည့်နေခြင်းဖြစ်သည်။ အမည်မသိရသော အရည်များလည်း ရှိသည်။ အတွင်းတွင်လည်း အမျိုးမျိုးသော ပုံသဏ္ဍာန်မျိုးရှိသည့် ထူးဆန်းသော ရုပ်သွင်နှင့် မွန်းစတားများကို ဆေးရည်စိမ်ထား၏။
ဟုတ်တယ် မွန်းစတား…
ကမ္ဘာကပ်ဘေးကာလ ရောက်ရှိလာပြီးနောက် အမျိုးမျိုးသော သတ္တဝါများက ဆင့်ကဲ ပြောင်းလဲသွားသည်။ သူတို့၏ နဂိုမူလပုံစံ သို့မဟုတ် ဆိုးရွားသော ပုံသဏ္ဍာန်အသွင် ပြောင်းသွားသည်။ အနည်းဆုံး နဂိုမျိုးစိတ်၏ မူလပုံသဏ္ဍာန်က ရှိလေသည်။
209 02
သို့သော် ယခု ဖန်လှောင်အိမ်ထဲတွင် ဆေးစိမ်ထားသော မွန်းစတားများက အမျိုးမျိုးသော ပုံသဏ္ဍာန်များနှင့်ဖြစ်သည်။ တစ်ချက် ကြည့်လိုက်ရုံနှင့်ပင် မတူညီသော မျိုးစိတ်များကို စပ်ထားကြောင်း မြင်ရသည်။
ဥပမာအနေဖြင့် သူတို့၏အနီးဆုံး ဖန်လှောင်အိမ်ထဲတွင် မျောလွင့်နေသော မွန်းစတား ဆိုလျှင် ခန္ဓာကိုယ်က ပင့်ကူကိုယ်ထည်ဖြစ်သည်။ ခေါင်းက ကြောင်ခေါင်းဖြစ်သည်။ တောင်ပံက ကျီးကန်းတောင်ပံ ဖြစ်လောက်သည်။ အမြှီးက ငါးအမြှီး ဖြစ်သည်။
ဒါဟာ ထိုကဲ့သို့သော ထူးဆန်းသော သတ္တဝါများထဲမှ တစ်ကောင်သာဖြစ်သည်။ ရှုရှင်းကလည်း မျက်လုံးများ နီရဲလာသည်အထိ ထိတ်လန့်နေသည်။ သူမ၏ အစာအိမ်ထဲမှ အန်ချင်စိတ်ကို မနည်းထိန်းထားနေရ၏။
သူမဟာ ဖျော့တော့ အားနည်းပြီး အကဲပိုနေခြင်း မဟုတ်ချေ။ ဇွန်ဘီများနှင့် အခြားသော ဇွန်ဘီနည်းတူ သတ္တဝါများကို မြင်ခဲ့ချိန်က ထိုကဲ့သို့ မတုံ့ပြန်ဖူးပါချေ။ ထိုကဲ့သို့ အမျိုးမျိုးသော မျိုးစိတ်များကို ပေါင်းစပ်ခြင်းအားဖြင့် အမည်မသိရသော ဦးတည်ရာဘက်သို့ ပြောင်းနေမလား မသိနိုင်သောကြောင့် အလိုအလျောက် ခံစားမိပြီး ရွံရှာလာခြင်း ဖြစ်သည်။
ယန်မော့၏ကိစ္စများကို လက်ခံနိုင်စွမ်းရည်က အတော်လေး ကောင်းမွန်သည်။ အစောပိုင်း အံ့အားသင့်မှုကလွဲပြီး သူသည် များများစားစား မခံစားရပေ။
သို့သော် သူ၏ဇနီးလေးက အန်ချင်စိတ် ပြင်းထန်နေကြောင်း မြင်သောအခါ စိတ်မကောင်း ဖြစ်ရသည်။
“ရှင်းပေါင် ရေလေး သောက်လိုက်အုံး”
သူဟာ ရှင်းပေါင် မကြာခဏ အသုံးပြုနေကြ အပူခံခွက်လေးအား သူ၏ကျောပိုးအိတ်ထဲမှ ထုတ်လိုက်ပြီး အဖုံးကို ဖွင့်ကာ ပေးလိုက်သည်။
ရေကို အနည်းငယ် သောက်ပြီးမှသာ အစာအိမ်က သက်တောင့်သက်သာ ဖြစ်သွားသည်။ နဂိုက အန်ချင်စိတ်ကြောင့် ထုံထိုင်းနေသော လက်ကပင် အနည်းငယ် သက်သာလာ၏။
“ဒါက တုရွှယ်ဖုန်း လျှို့ဝှက်ပြီး သုတေသန လုပ်နေတဲ့ အရာလား၊ ရွံစရာ ကောင်းလိုက်တာ”
“ဒါထက် ပိုလောက်တယ်၊ ဒီအခန်းထဲက ဖန်လှောင်အိမ်တွေ အကုန်လုံးက အပင်နဲ့ တိရိစ္ဆာန်တွေကို ပေါင်းစပ်ထားတာတွေချည်းပဲ၊ ငါတို့ရဲ့စမ်းသပ် စစ်ဆေးမှုတွေအရ အခြေစိုက် စခန်းထဲက ပျောက်နေတဲ့ စွမ်းအားရှင်တွေကလည်း ဒီနေရာမှာပဲ”
သူ၏စကားက မဆုံးလိုက်ပေ။ ရှုရှင်းကလည်း သူ ဖော်ပြလိုသော အကြောင်းအရာကို နားလည်လိုက်သည်။
ဟုတ်တယ် ပျောက်နေတဲ့ စွမ်းအားရှင် ရာကျော် ရှိသေးတယ်။
******