အခန်း ၂၁၀
Vol. 21 Ch. 210
210 01
အပိုင်း ၂၁၀ အိပ်ပျက်ည
လက်စသတ်တော့ တုရွှယ်ဖုန်းက အထူးစွမ်းအားရှိသော လူပေါင်းများစွာကို ခေါ်ဆောင်ထားသည်မှာ စမ်းသပ်မှုကို လုပ်ဆောင်ရန်ဖြစ်သည်။ အထူးစွမ်းအား ပညာရှင်များအား အရှေ့မှမွန်းစတားနှင့်တူသော အရာများအဖြစ် ပြောင်းလဲရန်ဖြစ်သည်။
ထိုစွမ်းအားပညာရှင်များက မည်သည့်အရာအဖြစ် ပြောင်းလဲသွားမည် ဆိုသော အချက်ကို မတွေးတောနိုင်ပေ။
“အား အား”
ပိုပြီး အန်ချင်လာပြီ…
ဆိုတော့ အန်လိုက်တော့မယ်။
လျှို့ဝှက်ဝင်ပေါက်ရှိသော နေရာမှတဆင့် အခန်းထဲမှ ထွက်လာပြီးသည်အထိ ယန်မော့နှင့် ရှုရှင်းတို့ဖြစ်စေ အခြားသောသူများကိုဖြစ်စေ စောင့်ကြည့်ကင်မရာကတဆင့် မမြင်ရပါပေ။
“တုရွှယ်ဖုန်းကသာ ကင်မရာများ၏လုံခြုံမှုကို တင်းတင်းကြပ်ကြပ် ကာကွယ်ထားပြီး အထူးစွမ်းရည်ရှိတဲ့ လူတွေကိုတောင် ပို့လွှတ် မစောင့်ကြပ်ခိုင်းထားတဲ့ နေရာကို ငါတို့ နှစ်ယောက်က ခပ်အေးအေး ကျော်ဖြတ်သွားတာကိုသာ သိသွားမယ်ဆိုရင် ဒေါသထွက်လွန်းလို့ သေသွားမလား မသိဘူး”
အချိန်အတန်ကြာအောင် အန်ပြီးနောက် မျက်နှာပင် အနည်းငယ် ဖျော့တော့နေပြီဖြစ်သော ရှုရှင်း၏ မျက်နှာတွင်ပင် ဖျော့တော့သော အပြုံးက ပေါ်လာ၏။
“အင်း ဖြစ်လောက်တယ်”
ယန်မော့ကလည်း ခေါင်းညိတ်သည်။
“ရှင်းပေါင် ငါတို့ ခဏနေရင် အပေါ်ထပ် တက်တော့မှာ။ အပေါ်ထပ်မှာတော့ အောက်ထပ်လောက် ပေါ့လျော့နေမှာ မဟုတ်ဘူးဆိုတော့ သတိမမဲ့နဲ့”
“အင်း ငါ သိပါတယ်”
တုရွှယ်ဖုန်း၏ သုတေသနကျောင်းကို ကာကွယ်မှုနှင့် စစ်ဆေးမှု သတိထားမှုကလည်း အလွန်တင်းကြပ်ကြောင်း သိရပေမည်။
လျှို့ဝှက်ဓါတ်ခွဲခန်း အထက်မှ ထွက်ခွာပြီးနောက် ဆယ်မီတာ ဝန်းကျင်တိုင်းတွင် စောင့်ကြည့်သော နေရာများရှိသည်။ ကင်းလှည့်သော အသင်းများကလည်း သတိအပြည့် ကပ်ထား၏။
တစ်ဆင့်ကို ကျော်ဖြတ်ပြီးနောက် အောက်အဆင့်မှ စိတ်စွမ်းအားကို သုံးပြီး မထောက်လှမ်းနိုင်ကြောင်း သတိထားမိပြန်သည်။ ထို့ကြောင့် ထိုကဲ့သို့ မထောက်လှမ်းနိုင်ရန် ကိရိယာများကို တပ်ဆင်ထားလောက်သည်။ ယန်မော့က သူ၏ စိတ်စွမ်းအားကို သုံးကာ ကျောင်းကြီး တစ်ခုလုံးကို စစ်ဆေးကာ စကန် ဖတ်နေခဲ့ချိန်တွင် ရှုရှင်းကိုခေါ်ပြီး အစောင့်များကို ရှောင်ပေးနေ၏။ ထိုသို့ဖြင့် သူသည်လည်း များပြားလှသော အခန်းများအကြားမှ ထိန်းချုပ်ခန်းထဲသို့ ရောက်အောင် သွားပြီး ရှုရှင်းကို ဆွဲခေါ်လိုက်နိုင်သည်။
ရှုရှင်းက နေရာလပ် နယ်မြေထဲမှ အဆင့်မြင့်နည်းပညာဖြင့် လုပ်ထားသော ညအမြင်ပေးနိုင်သော မျက်မှန်ကို ထုတ်လိုက်ပြီး ယန်မော့ကို တစ်လက်ပေးသည်။ သူမကလည်း တစ်လက်တပ်၏။
ထိုမျက်မှန်က တိုင်းပြည်M၏ဓါတ်ခွဲခန်းမှ ဈေးနှုန်းမြှင့်ကာ ဝယ်ထားခြင်းဖြစ်သည်။ ထို့ကြောင့် သူတို့၏မြင်ကွင်းကလည်း အလင်းမရှိသောကြောင့် ထိခိုက်သွားလိမ့်မည် မဟုတ်ဘဲ ပုံမှန်ထက်ပင် ရှင်းလင်းစွာ မြင်ရသေးသည်။
ထိုသို့ဖြင့် သူတို့က ထိုမျက်မှန် နှစ်လက်ကို တပ်ထားပြီးနောက်တွင် ယန်မော့က လက်ကို မြှောက်၍ ထိုထိန်းချုပ်ခန်းကြီး တစ်ခုလုံးကို ဖျက်ဆီးပစ်လိုက်သည်။ နောက်ခံ စောင့်ကြည့် ကိရိယာများပင် ပါဝင်သေးသည်။ ထိုသို့ဖြင့် သုတေသန ကျောင်းဝန်းကြီးတစ်ခုလုံးက မဲမှောင်သွားလေသည်။ ရုတ်တရက် မီးပျက်သွားခဲ့ခြင်းက အပြင်မှ လူများကို အထိတ်တလန့် ဖြစ်သွားစေ၏။
210 02
မျက်မှန်များ တပ်ထားသော ရှုရှင်းနှင့် ယန်မော့တို့ကမူ လျှို့ဝှက်စုံစမ်းသော လူများနှင့် မခြားနားပါပေ။ ထိုသို့ဖြင့် ထိုနေရာထဲတွင် သူတို့က လွတ်လွတ်လပ်လပ် သွားနိုင်ကြ၏။
မည်သူက မည်သည့် မကောင်းသည့်အရာများလုပ်ကြောင်း၊ မည်သူက မလုပ်ကြောင်း မသိ၍ အားလုံးကို တစ်ခါတည်း သတိလစ်သွားအောင် လုပ်ပစ်လိုက်သည်။
သူတို့သည်လည်း နောက်ပိုင်းတွင် တရားဝင်ကိစ္စများကို ကိုင်တွယ်ရန် ကိုယ်ပိုင် အခြေစိုက်စခန်း ရှိလာမည် ဖြစ်သည်။ ထို့ကြောင့် အထူးတလည် အာရုံစိုက် မနေပါချေ။
အဆုံးသတ်ကာလမှ အေးစက်သော ရာသီတွင် မည်သည့်လမှ မရှိချေ။ သုတေသန ကျောင်းကြီး တစ်ခုလုံးကလည်း မြေအောက်ပိုင်းတွင် တည်ဆောက်ထားခြင်း ဖြစ်သည်။ ထို့ကြောင့် မည်သည့် အလင်းအရင်းအမြစ်မှ မရှိတော့ချေ။ ထို့ကြောင့် ကျောင်းကြီး တစ်ခုလုံးက အသူရာ ချောက်ကမ်းပါးထဲသို့ ဆွဲချခံရသည်နှင့် တူသည်။
အပြင်သို့ ခေါ်ထုတ်ခံရသော တုရွှယ်ဖုန်းကလည်း မဲမှောင်နေသော ကျောင်းကိုကြည့်ပြီး ရုတ်တရက် စိတ်ထဲတွင် ကျိန်ဆဲသည်။
“မကောင်းတော့ဘူး။ ငါ ထောင်ချောက်ထဲ ကျသွားပြီ”
ထိုအသက်မွေးဝမ်းကျောင်း၏အနက်ဆုံးအပိုင်းမှ သူ၏ရတနာများအကြောင်း တွေးမိသောအခါ သူ၏နှလုံးသားက တင်းကြပ်သွားသည်။ သူသည်လည်း ထိုကျောင်းထဲသို့ ချက်ချင်းဝင်ကာ အခြေအနေကို စုံစမ်းလိုသေးသည်။ သို့သော် ကံဆိုးစွာဖြင့် ပုရှန်းဝမ်နှင့် အခြားသော နှစ်ယောက်ကလည်း သူ့ကို အပြင်သို့ ထွက်လာရန် အတတ်နိုင်ဆုံး ဖြားယောင်းထားရခြင်းဖြစ်သည်။ တုရွှယ်ဖုန်းက နောက်ဆုတ်လိုကြောင်း မြင်သည်နှင့် ထိုသုံးယောက်လုံးကလည်း သူတို့၏ တည်ရှိမှုကို မဖုံးကွယ်တော့ဘဲ တိုက်ရိုက်ပင် ထွက်ပေါ်လာကာ သူ့ကို တိုက်ခိုက်ကြသည်။
“မင်းတို့ပဲ”
တုရွှယ်ဖုန်းကလည်း ထိုလူများကို မှတ်မိလိုက်၏။
“ဟေး ဌာနမှူးက အမြင်ကောင်းလိုက်တာ၊ ဒါပေမဲ့ ယန်ချွယ်လို အရူးကောင်နဲ့ ပူးပေါင်းဖို့ ရွေးချယ်တာကတော့ ကန်းတာ မဟုတ်ဘူးလား”
ပုရှန်းဝမ်က သူ၏ အထူးစွမ်းရည်ကို ထုတ်လွှတ်လိုက်ပြီး လှောင်ပြောင်သံဖြင့် ပြော၏။
“စကား ပြောနေမယ့်အစား ကိုယ့်အသက်ကိုယ် ဘယ်လို ကယ်မလဲ ဆိုတာ တွေးသင့်တယ်၊ ယန်မော့က ငါ့ကို အကွက်ချ ကြံစည်ရဲရင် ငါကလည်း မင်းတို့ သုံးယောက်ကို အရှင်လတ်လတ် လွှတ်ထားပေးမှာ မဟုတ်ဘူး၊ မင်းတို့ရဲ့ အသက်ကို သုံးပြီး ကျောင်းနဲ့ လဲလိုက်တော့၊ ယန်မော့ကများ ဒါကို တန်တယ်လို့ ထင်မလားပဲ”
“သူတို့ကိုသတ် မချန်ထားနဲ့”
တုရွှယ်ဖုန်းက သူနှင့်အတူ လူအနည်းငယ် ခေါ်လာသည်။ ထိုလူများ အားလုံးကလည်း ကုန်လွန်ခဲ့သောနှစ်များတွင် သူဟာ အနာကျင်ခံပြီး လေ့ကျင့်ပေးထားသော လက်ရွေးစင်များ ဖြစ်သည်။ အတော်လေးလည်း သန်မာပြီး သူ့ကိုလည်း သစ္စာရှိသည်။ ထို့ကြောင့် အသေခံ စစ်သားများဟု ပြောလျှင်ပင် မှားရာမကျပါပေ။
အခြေစိုက်စခန်းတွင် စာရင်းသွင်းထားသော လူများအားလုံးက သာမန်အဆင့် ၃ များသာ ဖြစ်သည်။ သို့သော် တုရွှယ်ဖုန်းက သူတို့၏ အင်အားကို ဖုံးကွယ်ထားခိုင်းခဲ့သောကြောင့် အများစုက အဆင့် ၄ များ ဖြစ်လေသည်။
တစ်ဖက်ခြမ်းတွင် အဆင့် ၄ လေးယောက်တည်းသာ ပါသော်လည်း အရေအတွက် အားလုံး ပေါင်းလိုက်သော် အယောက် ၂၀ ကျော် နေလေသည်။
ထို့ကြောင့် တုရွှယ်ဖုန်းက အလွန်အမင်း ယုံကြည်မှုရှိသည်။
ပုရှန်းဝမ်နှင့် အခြားသောသူများကမူ သူ၏အတွေးကိုသိရန် စိတ်မဝင်စားပေ။ သူတို့ သုံးယောက်က တုရွှယ်ဖုန်းနှင့် ထိုစွမ်းအားရှင်များ အားလုံးကို ထိန်းထားပြီး မပြန်နိုင်အောင် တားထားလေသည်။
အခြားတစ်ဖက်ခြမ်းမှ ယန်မော့က ရှုရှင်းအား သုတေသနကျောင်း၏ အမျိုးမျိုးသော နေရာများသို့ ခေါ်သွားသည်။ တုရွှယ်ဖုန်း၏လူများကို လက်တွေ့စမ်းသပ်မှုနှင့် ပတ်သက်သော အချက်အလက်များ အားလုံးကို တူးထုတ်နိုင်သည်။ ထို့အပြင် ဝှက်ထားသော သလင်းအမြူတေများထဲမှ တစ်ဝက်ကို ယူသွား၏။
210 03
အခြေစိုက်စခန်းမှအရာရှိက ရောက်လာသည်နှင့် လက်တွေ့စမ်းသပ်မှု ဒေတာများနှင့် ထိုလျှို့ဝှက်စမ်းသပ်မှု တည်နေရာကို ပြောပြလိုက်ရုံဖြင့် စုံစမ်းမည့်သူက ရှိထားပြီးသား ဖြစ်သည်။
ရှုရှင်းနှင့် ယန်မော့တို့ ထွက်လာပြီးသည်နှင့် မီးပန်းကို ဖောက်လိုက်ရင်း ပုရှန်းဝမ်တို့အား ကိစ္စပြီးကြောင်း အကြောင်းကြားလိုက်သည်။
တစ်ဖက်သုံးယောက်ကလည်း ကောင်းကင်မှမီးပန်းကို မြင်လိုက်ပြီးနောက် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်သည်။ ထို့နောက် သူတို့၏ အင်အားကို မဖုံးကွယ်ထားတော့ဘဲ ဆုံးဖြတ်ချက် အပြည့်ဖြင့် တုရွှယ်ဖုန်း ခေါ်လာသည့် အဖွဲ့သားများကို သတ်လိုက်သည်။
တုရွှယ်ဖုန်းသည်လည်း တစ်စုံတစ်ရာက မှားယွင်းနေကြောင်း သိလိုက်ပြီး ထွက်ပြေးချင်သွား၏။ သို့သော် အင်အားချင်း ကွာခြားချက်က သိသာလွန်းနေသည်။ ထိုသို့ဖြင့် သူ့ကို ဖမ်းမိသွားသည်။ သူ၏ သဘာဝလွန် စွမ်းအားများကလည်း ဖျက်ဆီးခံရ၏။
အင်အားစုကြီးနှစ်ခု၏ တိုက်ခိုက်ပွဲက ငါးနာရီပင် မကြာသေးခင် သုတေသန အသက်မွေးဝမ်းကျောင်းအပြင် အားလုံးကလည်း လှုပ်ခတ်သွားလေသည်။ အရာအားလုံးက ပြောင်းလဲသွားသည်။ လုံးဝကို ပြောင်းလဲသွား၏။
အာရုဏ်တက်သောအခါ ယန်မိသားစုကလည်း Hမြို့ အခြေစိုက်စခန်းတွင် မတည်ရှိတော့ပေ။ သုတေသနကျောင်းကလည်း ကြီးမားသော အပြောင်းအလဲကြီး ဖြစ်သွားသည်။
ဒီညသည် မည်မျှများပြားသော လူပေါင်းများစွာက အိပ်ပျက်ညအဖြစ် ကျော်ဖြတ်နေရကြောင်း မသိနိုင်ပေ။
******