← Chapters

အခန်း ၂၁၁

Vol. 22 Ch. 211

အခန်း ၂၁၁

Vol. 22 Ch. 211

211 01

အပိုင်း (၂၁၁) အခြေစိုက်စခန်းရဲ့ အိမ်တော်ထိန်းစနစ်

ယန်မိသားစုနှင့် တုရွှယ်ဖုန်း၏သီးသန့်ပိုင်ဆိုင်မှုများကို လုယက်ပြီးနောက် ရှုရှင်းကလည်း သူမဟာ ညတွင်းချင်း ချမ်းသာသွားသလို ခံစားလိုက်ရသည်။

ဒါပေါ့ သလင်းအမြူတေတွေလဲ ရှိတယ်။ လုယက်တယ်လို့တော့ ပြောလို့ ဘယ်ရပါ့မလဲ။

ယန်မိသားစုနှင့်တုရွှယ်ဖုန်းတို့၏ သီးသန့်ပိုင်ဆိုင်မှု တဝက်ကတင် သူတို့ယခင်က ပိုင်မိသားစုမှ လုယက်ခဲ့သော ပမာဏထက် အများကြီး ပိုများသည်။ အရေအသွေးကလည်း ယှဉ်၍ပင် မရချေ။ ထိုအခြေအနေကတဆင့် ယန်မိသားနှင့် ပိုင်မိသားစုက အဆင့်မည်မျှကွာခြားကြောင်း သိနိုင်သည်။ ယခုအခါ ယန်မိသားစုနှင့် တုရွှယ်ဖုန်းတို့၏ကိစ္စကို ဖြေရှင်းသွားပြီးလေပြီ ပူသောရာသီက ရောက်လာတော့မည် ဖြစ်သည်။ တစ်ပတ်ပင် မကြာတော့ချေ။ ထို့ကြောင့် H မြို့တွင် ဆက်မနေသင့်တော့ပေ။

ထို့ကြောင့် သူမသည်လည်း H မြို့မှ မထွက်ခွာသေးခင် အဆင့်သုံးနေရာမှ အဆုံးသတ်ကာလ၏လုံခြုံရေးအခြေစိုက်စခန်းကို ဖွင့်ရန် ကြံစည်ထားသည်။ ဒီည ရခဲ့သော သလင်းအမြူအတေများကလည်း နောက်ပိုင်းတိုးတက်မှုများအတွက် ပြီးမြောက်အောင် လုပ်ဆောင်နိုင်စေသည်။

အတော်လေး အချိန်ကုန်ဆုံးသည့်အချက်ကမူ သလင်းအမြူအတေများကို သန့်စင်ရခြင်း ဖြစ်သည်။ ထို့ကြောင့် ရှုရှင်းက သူတို့ငှားထားသော တိုက်ခန်းသို့ပြန်သည်နှင့် စားစရာနည်းနည်းစား၊ရေချိုး၊ ကောင်းကောင်းအိပ်စက်ပြီး ထလာသည်နှင့် ယန်မော့အား သူမ၏ အစီအစဉ်ကို ပြောပြသည်။

“အချစ် ငါ တစ်ပတ်လုံးလုံး အပြင်မထွက်ဖို့ စီစဉ်ထားတယ်။ ငါ အိပ်ခန်းထဲမှာပဲ နေပြီး သလင်းအမြူအတေကို တောက်လျှောက်သန့်စင်လို့ တတိယထပ်ကို တောက်လျှောက် ဖြည့်လိုက်မယ်။ ဒီလိုနဲ့ အသီးသီးသော ကိစ္စတွေကို လုပ်လို့ရတာပေါ့”

ယန်မော့ကလည်း တိတ်တဆိတ်စဉ်းစားကြည့်ပြီး ခေါင်းညိတ်လိုက်သည်။

“အင်း ဒါလည်းရတာပဲ။ ဒါပေမဲ့ငါ့ရဲ့ ဇနီးလေးကတော့ ဒုက္ခခံရတော့မယ်”

“ဒုက္ခမဟုတ်ပါဘူး။ ငါတို့ အခြေစိုက်စခန်းကိုသာ မြန်မြန်ရမယ်ဆိုရင် ငါတို့မှာ ပိုပြီးအထောက်အပံ့တွေများ ယုံကြည်မှုလည်း ပိုရှိမယ်လေ ဟုတ်တယ်မလား”

ရှုရှင်းက တိုက်ရိုက်လုပ်ဆောင်တတ်သောလူမျိုးဖြစ်သည်။ ထို့နောက် သူမက ရေခဲသေတ္တာနှစ်လုံးထဲသို့ ပစ္စည်းများကို အလုံအလောက် ထည့်ပေးပြီးသည်နှင့် အခန်းထဲတွင် တံခါးပိတ်လိုက်တော့သည်။

“မော့ကော မရီး ဘာဖြစ်တာလဲ”

ပုရှန်းဝမ်က ယန်မော့၏ အနားသို့ကပ်လာပြီး သတင်းလာနှိုက်သည်။

“အချို့ကိစ္စတွေက အခုပြောဖို့ ခက်တယ်။ အင်း ရှင်းပေါင် ထွက်လာမှပဲ။ ငါမင်းတို့ကို ရလဒ်ပြောပြတော့မယ်”

ယန်မော့ကလည်း ရှုရှင်းကသာ ဒီတစ်ခေါက် ထိုအရာကို အောင်အောင်မြင်မြင် ဖွင့်နိုင်ခဲ့လျှင် သေချာပေါက် ထုတ်ယူပြီး သုံးရတော့မည် ဖြစ်သည်။ ထို့ကြောင့် ဖုံးကွယ်ထားရန်လည်း မလိုအပ်တော့ပါပေ။ ထိုအခါ ရှင်းပေါင် သုံးခဲ့သော သလင်းအမြူအတေများက မည်သည့်နေရာသို့ ရောက်သွားကြောင်း အားလုံးက သိကြပေလိမ့်မည်။

…

ရှုရှင်းက အိပ်ခန်းထဲတွင် နေ့ရောညပါ အလုပ်လုပ်ပြီး သလင်းအမြူအတေများကို သန့်စင်သည်။ နေ့တိုင်းလိုလို သလင်းအမြူအတေကို သန့်စင်ပြီး နေရာလပ်နယ်မြေထဲသို့ ထည့်ပစ်လိုက်သည်။ ထိုသို့ဖြင့် တိုးတက်မှုက မြင့်တက်လာသည်နှင့်အမျှ သူမသည်လည်း ကြက်သွေးအထိုးခံရသကဲ့သို့တက်ကြွသွားတတ်ကာ ထပ်ပြီး လှုပ်ရှားသွားပြန်သည်။

နဂိုက ခုနှစ်ရက် ခန့်မှန်းထားရာမှ ငါးရက်မြောက်နေ့တွင်ပင် အသံကိုကြားရသည်။

“တင်”

“ကမ္ဘာအဆုံးသတ် မဟာနည်းပညာမြင့် လုံခြုံရေးအခြေစိုက်စခန်းကို အောင်မြင်စွာ ဖွင့်ပြီးပါပြီ”

“အခြေစိုက်စခန်း အိမ်တော်ထိန်းစနစ် နံပါတ် 001 ကလည်း အောင်အောင်မြင်မြင် အသက်ဝင်လာပါပြီ”

“အခြေစိုက်စခန်းရဲ့ တစ်ဦးတည်းသောပိုင်ရှင် ရှုရှင်းကို ချည်နှောင်နေပါပြီ”

211 02

“ချည်နှောင်မှု အောင်မြင်သွားပါပြီ”

“အဆုံးသတ်ကာလရဲ့မဟာနည်းပညာမြင့် လုံခြုံရေးအခြေစိုက်စခန်းကို ဖွင့်လိုက်နိုင်ပါပြီ။ ကျေးဇူးပြုပြီး တည်နေရာကို ရွေးချယ်ပါ”

ရှုရှင်း : !!!

စနစ်…

ဝိုး…အချိန်ခရီးသွားတဲ့ စနစ်က နောက်ဆုံးတော့ ရောက်လာပြီပေါ့။ ဒါပေမဲ့ နည်းနည်း နောက်ကျ မနေဘူးလား။

“အိမ်တော်ထိန်း စနစ် 001 ဟုတ်လား”

ရှုရှင်းက တံတွေးမြိုချသည်။

အိမ်တော်ထိန်း 001 : “သခင်မ ငါ့ကို သက်တောင့်သက်သာ ရှိသလို တိုက်ရိုက်ခေါ်နိုင်ပါတယ် အကူပေးရမှာလားရှိပါသလား”

“001”

ရှုရှင်းက အသက်ပြင်းပြင်း ရှူလိုက်ပြီးနောက် အတွေးများကို မရှုပ်ထွေးအောင် ထိန်းညှိလိုက်ရင်း ပြောသည်။

“နင်က ဘယ်လို ကဏ္ဍက ရှိတယ်။ ဘာတွေလုပ်ဆောင်ပေးနိုင်လဲဆိုတာ ငါ့ကို ရှင်းပြပေးပါလား”

အိမ်တော်ထိန်း 001 : “ဟုတ်ကဲ့ပါ သခင်မ အခြေစိုက်စခန်း အိမ်တော်ထိန်းစနစ် နံပါတ် 001 က အဆုံးသတ်ကာလ မဟာနည်းပညာမြင့် လုံခြုံရေးအခြေစိုက်စခန်းနဲ့အတူပါလာတဲ့အိမ်တော်ထိန်းစနစ်ပါ။ အခြေစိုက်စခန်းနဲ့အတူ ချည်နှောင်ထားတဲ့သူကို တစ်ရာရာခိုင်နှုန်းအပြည့် သစ္စာရှိပြီး ပိုင်ရှင်ကို ကူညီလို့ အခြေစိုက်စခန်းအတွင်းက ကိစ္စပေါင်းများစွာကို ဂရုစိုက်ပေးမယ့်အပြင် အခြေစိုက်စခန်းအတွင်းက အမျိုးမျိုးသောဝန်ဆောင်မှု ပေါင်းများစွာရဲ့ လည်ပတ်ပုံကိုလည်း စောင့်ကြည့်လေ့လာပေးနိုင်…”

******

All Chapters