← Chapters

အခန်း ၂၁၂

Vol. 22 Ch. 212

အခန်း ၂၁၂

Vol. 22 Ch. 212

212 01

အပိုင်း (၂၁၂)

အိမ်တော်ထိန်း 001 ၏ ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်က နာရီဝက်နီးပါးကြာသည်။ ရှုရှင်းကလည်း ပထမတစ်ပိုင်းကို နားထောင်ပြီး နောက်ပိုင်းကမူ မှင်သက်သွားသည်။

သူမက အနှစ်ချုပ်လိုက်သည်။ အတိုချုံးပြောရသော အိမ်တော်ထိန်းစနစ်က သူမ၏ အမိန်များအားလုံးကို နာခံမည်ဖြစ်ပြီး တစ်မျိုးလုပ်မည် မဟုတ်ပေ။ သူမကိုလည်း ကူညီပြီး အခြေစိုက်စခန်းအတွင်းမှ တောက်တိုမယ်ရများကိုလည်း လုပ်ပေးပေလိမ့်မည်။

“001 ငါ့ကို အခြေစိုက်စခန်းအကြောင်း ပြောပါအုံး”

အိမ်တော်ထိန်း 001: “ကမ္ဘာ့အဆုံးသတ် မဟာနည်းပညာမြင့် လုံခြုံရေးအခြေစိုက်စခန်းက မူသုံးထောင်ကျယ်ပါတယ် (စတုရန်းမီတာ) အဆောက်အဦး တည်ရှိရာ နေရာတွေက စတုရန်မီတာနဲ့ တိုင်းတာနိုင်ပါတယ်။ ဝန်ဆောင်မှုနယ်မြေ ခြောက်နေရာ ရှိပါတယ်။ ယေဘုယျ ထိန်းချုပ်ရေးနယ်မြေ၊ တိုက်ခိုက်ရေး ခုခံမှု နယ်မြေ၊ အနားယူနယ်မြေ၊ စိုက်ပျိုးရေးနဲ့ စားကျက်မြေနယ်မြေ၊ စီမံရေးနယ်မြေအပြင် နေရာထိုင်ခင်းနယ်မြေတို့ တည်ရှိပါတယ်။ ဒါတွေအပြင် စမ်းသပ်မှုနယ်မြေလည်း ရှိပါသေးတယ်။ အခြေစိုက်စခန်းအတွင်းမှာ ဉာဏ်ရည်မြင့် စက်ရုပ်တစ်သောင်းခွဲအထိ ရှိပြီး အမျိုးမျိုးသော နေရာတွေမှာ ဝန်ဆောင်မှုပေး…”

ရှုရှင်း “001 အခြေစိုက်စခန်းထဲကို အခြားသူတွေ ပြောင်းရွေ့နေထိုင်ဖို့ ဘာလိုအပ်ချက်တွေရှိလဲ”

အိမ်တော်ထိန်း 001 “ဟုတ်ကဲ့ သခင်မကလွဲပြီး အခြားသူတွေက အခြေစိုက်စခန်းထဲမှာ နေချင်တဲ့အခါ နေထိုင်သူ ထုတ်ကုန်ကုတ်နံပါတ် ယူရပါမယ်။ ပါဝင်တဲ့ စည်းမျဉ်းစည်းကမ်းတွေကိုလည်း တင်းတင်းကြပ်ကြပ် လိုက်နာရပါမယ်။ အခြေစိုက်စခန်းအပေါ် ဒါမှမဟုတ် သခင်မအပေါ် မကောင်းတဲ့ အတွေးရှိတဲ့သူ တစ်ယောက်ယောက်သာ ရှိခဲ့မယ်ဆိုရင် ချက်ချင်းရှာတွေ့သွားမှာဖြစ်ပြီး အခြေစိုက်စခန်းထဲက ဖယ်ထုတ်ခံရခြင်း ဘယ်တော့မှ ပြန်ဝင်ခွင့်မပြုခြင်းတို့ ကြုံတွေ့နိုင်ပါတယ်”

ရှုရှင်းကလည်း သူမဟာ ယန်မော့တို့ကို ခေါ်သွင်းနေထိုင်နိုင်ခြင်း ရှိမရှိ သိချင်၍သာ မေးမြန်းခဲ့ခြင်းဖြစ်သည်။ သို့သော် မမျှော်လင့်ထားစွာပင် ထိုကဲ့သို့သော စည်းမျဉ်းမျိုးက ရှိနေသည်။ ထိုကဲ့သို့သော စည်းမျဉ်းမျိုးက သူမကို ကာကွယ်ရန်ဖြစ်သည်။ လွန်ကဲလွန်း‌သော အတိုင်းအတာသို့ပင် ရောက်ရှိနေသေးသည်။

“ငါတို့တွေ အခြေစိုက်စခန်းရဲ့နေရာကို အခုချက်ချင်း ရွေးရမှာလား။ ခဏနေမှ ရွေးလို့ရလား”

ရှုရှင်းသည်လည်း စနစ်က အသက်ဝင်ဝင်ခြင်း ပြောခဲ့သောစကားကို မမေ့သေးချေ။

အိမ်တော်ထိန်း 001 “သခင်က အချိန်မရွေးလုပ်နိုင်ပါတယ်။ တည်နေရာကို ဆုံးဖြတ်ပြီးပြီဆိုတာနဲ့စနစ်က ပေးထားတဲ့မြေပုံပေါ်မှာ စက်ဝိုင်းလေးဝိုင်းပြီး ကလစ်နှိပ်လိုက်ရုံပါပဲ၊. အဲဒီနောက် နေရာလပ်နယ်မြေရဲ့ အခြေစိုက်စခန်းက အလိုလျောက်ရွေ့သွားမှာပါ”

လိုချင်သောအဖြေကို ရသောအခါ စိတ်အေးသွားသည်။ အလျှင်လိုရန်လည်း မလိုအပ်ပါပေ။ သူမသည်လည်း ညပေါင်များစွာ မအိပ်ဘဲ အလုပ်လုပ်ခဲ့ရခြင်းဖြစ်သည်။ ထို့ကြောင့် ပင်ပန်းနေပြီ ဖြစ်သည်။ ထို့ကြောင့် သူမသည် အများကြီး မတွေးတော့ဘဲ ကောင်းကောင်းသာ အိပ်စက်လိုသည်။ ကောင်းကောင်း အိပ်ရမယ်…

ထိုသို့ဖြင့်ခေါင်းအုံးပေါ်သို့ ခေါင်းကို ပစ်တင်ပြီး အိပ်လိုက်သည်။

ပြန်နိုးလာသောအခါ အပြင်ဘက်က မှောင်နေလေပြီ

“ဂွီ…”

ရှုရှင်းက မျက်လုံးဖွင့်သည်နှင့် အစာအိမ်က စတင်ကာ ဆန္ဒပြသည်။

ရှုရှင်း : !!!

ကံကောင်းစွာနဲ့ အခန်းထဲမှာ ဘယ်သူမှ မရှိဘူး။ မဟုတ်ရင် ငါတော့ သေမှာပဲ

အားလုံးသည်လည်း တစ်ရက်တွင် သေရမည် ဖြစ်သည်။ သို့သော် သေဆုံးခြင်းက ငှက်မွှေးထက်ပင် ပေါ့ပါးပြီး ထိုက်တောင်ထက်တောင် လေးနိုင်သည်။ ဒါပေမဲ့ လူမှုအသိုင်းအဝိုင်းဆိုင်ရာ သေဆုံးမှုမျိုးတော့ မရဘူး။

သူမက ခပ်မြန်မြန် ရေချိုးပြီးသည်နှင့် သက်တောင့်သက်သာရှိသော အဝတ်အစားကို လဲလှယ်ပြီး အမွှေးပွဝတ်စုံကိုသာ ဝတ်လိုက်သည်။ ထို့နောက် တံခါးကို ဖွင့်ပြီး အပြင်ဘက်သို့ ထွက်လိုက်သည်။

212 02

“ရှင်းပေါင် ထွက်လာပြီလား ဘယ်လိုနေလဲ။ တစ်နေရာရာကများ မသက်မသာဖြစ်သေးလား”

ဒီရက်အတောအတွင်းတွင် ယန်မော့က ရှင်းပေါင်ကိုသာ တောက်လျှောက် စိုးရိမ်နေခဲ့ရသည်။ သူသည် တစ်ချိန်လုံးလိုလို အပေါ်ထပ်မှ လှုပ်ရှားမှုကိုသာ အာရုံစိုက်နေခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် အိပ်ခန်းတံခါးက ပွင့်သွားသည်နှင့် သူက ချက်ချင်းထရပ်ကာ အပေါ်ထပ်သို့တက်လာခဲ့သည်။

“အားလုံးက အဆင်ပြေပါတယ် ဆိုးရွားတဲ့တစ်ခုတည်းသော အရာက ငါ ဗိုက်ဆာနေတာ။ အခု ကျွဲတစ်ကောင်လုံးကိုတောင် စားနိုင်လောက်တယ်”

“လိမ္မာ လိမ္မာ မင်းထွက်လာတာနဲ့ ဗိုက်ဆာမယ်မှန်း ငါသိတယ်။ ငါ စားစရာတွေကို ကြိုတင်ပြင်ထားပြီးသား အပူခံခန်းထဲမှာ ထည့်ထားတယ်။ မင်းအောက်ထပ် ဆင်းပြီးတာနဲ့ စားလို့ရပြီ”

ရှုရှင်းက ယန်မော့ကိုသနားစဖွယ်လေး တွဲလောင်းခိုပြီး အောက်ဖက်သို့ ချီခိုင်းသည်။

ရှင်းပေါင်ကို ကုလားထိုင်ပေါ် တင်ပြီးသည်နှင့် သူက တစ်ဖက်သို့ ချက်ချင်းပြန်လှည့်သွားကာ စားစရာများကို သွားနွေးသည်။

ယန်မော့ ပြင်ဆင်ထားသော စားစရာတိုင်းက ရှင်းပေါင်၏ အကြိုက်နှင့် ကိုက်သည်။

သူမ၏ အစာအိမ်က ပြည့်နှက်သွားပြီးနောက် ဗိုက်မဆာတော့သောအခါ အသက်ပြန်ရှင်သလို ခံစားလိုက်ရသည်။ အခြားသော သူများက ဆူညံသံကိုကြားသဖြင့် ဧည့်ခန်းထဲရှိ ဆိုဖာပေါ်တွင် လာထိုင်ကြသည်။ ယခုအခါ ရလဒ်ကို အတည်ပြုပေးထားသောကြောင့် ပြောသင့်သည့် ကိစ္စများကို ပြောနိုင်ပြီ ဖြစ်သည်။

******

All Chapters