အခန်း ၂၁၃
Vol. 22 Ch. 213
213 01
အပိုင်း (၂၁၃)
“ဆိုတော့ ကမ္ဘာအဆုံးသတ်ကာလ မတိုင်ခင်မှာ မရီးက မတော်တဆ အဆုံးသတ်ကာလ အခြေစိုက်စခန်း စနစ်ကို ရရှိခဲ့တယ်ပေါ့လေ”
ပုရှန်းဝမ်၏ မြေခွေးမျက်လုံး နှစ်လုံးလုံးက ပြူးကျယ်သွားသည်။
“ဘုရားရေ မရီး မင်း အမှန်အတိုင်းပြောစမ်း။ မင်းက ကံကြမ္မာရဲ့ သမီးတော် ဒါမှမဟုတ်ရင် ဒီလောကရဲ့ အဓိကဇာတ်လိုက်များလား”
ရှုရှင်း “…”
ဘရို အာရုံစိုက်မှုက လွဲနေတယ် မထင်ဘူးလား…
သိသာစွာပင် သူမနှင့် ယန်မော့တို့က ပြောသော အကြောင်းပြချက်က လွန်ကဲလွန်းနေသည်။ သို့သော် ထိုအကောင်များက လက်ခံလိုက်ကြသည်။
ငါတို့ထက်တောင် ပိုပြီး လက်ခံနိုင်နေသေးတယ်…
“နင် စိတ်ကူးယဉ်တာ နည်းနည်းကြီးသွားပြီ၊ အလယ်တန်းကျောင်းအဆင့် ဉာဏ်ရည်ကို ထိန်းချုပ်ဖို့ ကြိုးစားစမ်းပါ”
ရှုရှင်းက အသက်ကို ပြင်းပြင်းရှူပြီး လူရိုက်ချင်စိတ်ကို ထိန်းချုပ်လိုက်ရသည်။
“ကမ္ဘာ့အဆုံးသတ်ကာလမှာ နည်းပညာမြင့် လုံခြုံရေးအခြေစိုက်စခန်းကို ဖွင့်ဖို့ သလင်းအမြူအတေအမြောက် အများကြီး လိုတာလား”
ထိုလူများထဲတွင် ပုယွမ်ကျိုးက လိုရင်းကို ပြောသည်။
“အင်း အခြေစိုက်စခန်းကို ဖွင့်ဖို့ လိုအပ်ချက်က စွမ်းအင်အမှတ် တစ်သန်းလေ။ ဒါတွေအာလုံးကလည်း ဇွန်ဘီ သလင်းအမြူအတေက ရတာ”
ရှုရှင်းက ဝန်းခံသည်။
“အခု အခြေစိုက်စခန်းကို ဖွင့်လို့ရပြီ ငါတို့ ဘာဆက်လုပ်ရမှာလဲ”
မူချီမိုင်က လိုရင်းကို ပြောပြန်သည်။
“ငါတို့ နောက်ထပ် လုပ်ရမယ့် အဆင့်က သင့်တော်တဲ့ နေရာရှာပြီး အခြေစိုက်စခန်း နေရချရုံပဲ”
ရှုရှင်းက ခေါင်းကို ခါပြီး ရပ်တန့်ကာ ဆက်ပြောသည်။
“ဒါပေမဲ့ စနစ်က ငါ့ကို ပြောတာတော့ နင်တို့ကသာ အခြေစိုက်စခန်းထဲကို ပြောင်းနေချင်တယ်ဆိုရင် နေထိုင်သူဆိုတဲ့ ထုတ်ကုန် ကုတ်နံပါတ်ယူရမယ်တဲ့”
သူမသည်လည်း ပါဝင်သောအကြောင်းအရာများအားလုံးကို မဖုံးကွယ်ဘဲ ရှင်းပြလိုက်သည်။
“ဒါပေါ့ ငါတို့ စာရင်းသွင်းရမှာပေါ့ မရီးရဲ့… သိသိသာသာကိုပဲ ဒါက မရီးကို ကာကွယ်ဖို့လေ။ ဒါ့အပြင် ငါတို့ စာရင်းသွင်းပြီးရင်လည်း အခြေစိုက်စခန်းက ငါတို့ကို ကာကွယ်ပေးမှာပဲ”
“မော့ကောက ငါတို့ ကိုယ်ပိုင်အခြေစိုက်စခန်း ရမယ်လို့ ပြောတော့ ငါက ငါ့ရဲ့ စိတ်ထဲမှာတင် နေ့တိုင်းလိုလို အုတ်တွေ သယ်ရမယ်။ ဘယ်လို ဆောက်ရမယ်ဆိုတာကို တွေးကြည့်နေခဲ့တာ။ မင်းတို့ မသိလောက်ဘူး၊ ငါက ကိုယ်တိုင် ဆောက်ရမယ်လို့ထင်နေတာ၊ ဒါမှမဟုတ်ရင်လည်း ရှိပြီးသား အခြေစိုက်စခန်းကို သွားလုရမလားပေါ့၊ အခုတော့ ကောင်းလိုက်တာ”
ပုရှန်းဝမ်က ရင်ဘတ်ကို ပုတ်ပြီး သူအစိုးရိမ်ခဲ့ရဆုံးကိစ္စကို ပြောပြသည်။
“ဟားဟား ဟား”
သူ၏ စကားလုံးများက အားလုံးကို ရယ်မောစေသည်။ လေထုကလည်း ပေါ့ပါးသွားသည်။
“H မြို့ က ကိစ္စတွေက လုံးဝဖြေရှင်းလို့ ပြီးနေပြီ။ ငါတို့ ပူပြင်းတဲ့ရာသီကိုလည်း ဝင်ရောက်ရတော့မယ်ဆိုတော့ အခြေစိုက်စခန်းက နောက်ဆုံး တစ်သုတ် ထုတ်ပေးလာမယ့် ဆုလာဘ်တွေကို ယူပြီးတာနဲ့ သွားဖို့ ပြင်ကြတော့”
ယန်မော့က လိုရင်းကို ပြောပြန်သည်။
213 02
“မော့ကောနဲ့မရီးတို့မှာ အခြေစိုက်စခန်းရဲ့အခြေအနေနဲ့ ပတ်သက်ပြီး စဉ်းစားထားတာများ ရှိလား”
ပုယွမ်ကျိုးကလည်း ရှုရှင်းနှင့်ယန်မော့ကို သူတို့၏ အတွေးကို မေးသည်။
“အခုလောလောဆည်တော့ ငါတို့မှာ ကိုယ်ပိုင် အခြေစိုက် စခန်းရှိပြီဆိုတော့ ကိုယ်ပိုင် အင်အားစုကို ပျိုးထောင်ရမှာပေါ့။ ဘာပဲဖြစ်ဖြစ် စနစ်က ထောက်ပံ့ပေးတဲ့ အခြေစိုက်စခန်းက တအားကိုထူးခြားနေမှာ။ လက်ရှိအဆင့်မျိုးနဲ့တည်ဆောက်လို့ မရတဲ့ အနေအထားမျိုးနဲ့လေ”
“အဆုံးသတ်ကာလမျိုးမှာ ဒီလိုမျိုး ပြီးပြည့်စုံတဲ့ ခုခံရေး စနစ်မျိုး ရှိနေတဲ့ အခြေစိုက်စခန်းကို ဘယ်လူကများ မနာလို မဖြစ်လို့လဲ။ အခြားအခြေစိုက်စခန်းက အင်အားစုတွေက ငါတို့ကို စုပေါင်းပြီး ကိုင်တွယ်မယ်ဆိုရင် ငါတို့ လုံးဝအပြင်ကို မထွက်ရင်တော့ အဆင်ပြေတယ်။ အပြင်ကို ထွက်မယ်ဆိုရင်တော့ ဒုက္ခရောက်မှာပဲ ခေါင်းတွေနဲ့ နဂါးသွားပို့သလို ဖြစ်သွားလိမ့်မယ်”
ယန်မော့ကလည်း ခေါင်းကိုက်နေသည်။ အခြားသော သူများက စိတ်လှုပ်ရှားနေရာမှာ တိတ်ဆိတ်ငြိမ်သွားသည်။
မည်သည့်အချိန်ကာလတွင်ဖြစ်စေ ယန်မော့ကသာ အဓိကအချက်ကို တွေးတောနိုင်သူဖြစ်သည်။
ရှုရှင်းကလည်း စိတ်ဓာတ်ကျစွာ သက်ပြင်းချပြန်သည်။ ရိုးရိုးသားသား ပြောရရင် လက်ရှိ အခြေအနေတွင် သူမအနေဖြင့် အခြားသော လူများကို ယုံကြည်ရန်ခက်သည်။ လူသားများ၏နှလုံးသားက ခန့်မှန်းရခက်သည်။ အဆုံးသတ်ကာ၏ နောက်ဆုံးနှစ်အနည်းငယ်အတွင်းတွင် လူသားများ၏ သဘောသဘာဝကသာ ပြောင်းလဲလွယ်ပြီး အရှုပ်ထွေးဆုံးဖြစ်သည်။
001 ကလည်း အခြေစိုက်စခန်းသို့ဝင်သော သူတိုင်းက လက်မှတ်ထိုးရမည်။ စည်းမျဉ်းကို လိုက်နာရမည်ဟု ပြောထားပြီး စည်းမျဉ်းကိုဖီဆန်၍ မရကြောင်း ဆန့်ကျင်ပါက ကန်ထုတ်ခံရမည်ဖြစ်ကြောင်း စသဖြင့် ပြောထားသည့်တိုင်အောင် အစစ်အမှန်ရလဒ်ကို မမြင်ရခင်အထိ သူမက စိတ်မအေးနိုင်လောက်ပေ။
******