အခန်း ၂၁၄
Vol. 22 Ch. 214
214 01
အပိုင်း (၂၁၄)
“001…001”
ရှုရှင်းက တွေးတောပြီး စိတ်ထဲမှ လှမ်းခေါ်သည်။
အိမ်တော်ထိန်း 001 “သခင်မ ငါ ဒီမှာ ရှိပါတယ်။ ဘာများ လုပ်ပေးရမလဲ”
“လူတစ်ယောက်က ကောင်းသလား ဆိုးသလားဆိုတာကို ကြည့်နိုင်တဲ့ဝန်ဆောင်မှုများ မရှိဘူးလား”
အိမ်တော်ထိန်း 001 “001 မှာတော့ လူတစ်ယောက်ရဲ့ မကောင်းတဲ့ အတွေးတန်ဖိုးတွေကို scan ဖတ်ပေးနိုင်တဲ့ လုပ်ဆောင်မှုတော့ရှိပါတယ်။ သခင်မရဲ့ လိုအပ်ချက်နဲ့များ ကိုက်ညီရဲ့လား”
“တကယ်လား”
သူမသည် နဂိုကမူ ဒီအတိုင်း ကြိုးစားကြည့်ရုံသာဖြစ်သည်။ သို့သော် မမျှော်လင့်ထားစွာပင် ရှိနေသည်။
“ဒါပေမဲ့ မကောင်းတဲ့ အတွေးတန်ဖိုးဆိုတာ ဘယ်လိုမျိုးလဲ”
အိမ်တော်ထိန်း 001 “မကောင်းတဲ့ အတွေးတန်ဖိုးကို နှစ်မျိုးခွဲခြားထားပါတယ် တစ်မျိုးကတော့ စကားပြောတဲ့အချိန်မှာ scan ဖတ်ပေးတာမျိုးဖြစ်ပြီး သူ့မှာ ရှိနေတဲ့အတွေးမျိုးပါ၊ အခြားတစ်မျိုးကတော့ အဲဒီသူက ဆိုးယုတ်တဲ့အရာတွေကို ကြုံတွေ့ခဲ့ပြီး ဖြစ်တည်လာတဲ့ တန်ဖိုးမျိုးပါ”
ရှုရှင်းက ဘာကိုမှ မပြောဘဲ တွေးနေသည်။
အိမ်တော်ထိန်း စနစ် 001 ပြောသော စကားက အလွန်အမင်း စိတ်ဝင်စားစရာကောင်းသည်။ တစ်မျိုးကမူ အစောပိုင်းအဆင့်အနေအထားမျိုးဖြစ်သည်။ နောက်တစ်မျိုးကမူ အမျိုးမျိုးသော အရာများကို တွေ့ကြုံပြီး ဖြစ်လာသော အရာများသာဖြစ်သည်။
“ရှင်းပေါင် ရှင်ပေါင် ဘာတွေ တွေးနေတာလဲ။ ငါမင်းကို ခေါ်နေတာ ဘာလို့ မဖြေတာလဲ”
ယန်မော့က လက်ကို ဆန့်ထုတ်၍ ရှုရှင်း၏ မျက်လုံးအရှေ့တွင် ယမ်းပြသည်။ သူတို့၏ အခြေစိုက်စခန်း၏ အနာဂတ်တိုးတက်မှုလားရာကို ဆွေးနွေးနေချိန်တွင် ရှုရှင်းက ရပ်တန့်နေကြောင်း မြင်လိုက်ရသည်။ ထို့ကြောင့် ခေါင်းလှည့်ကြည့်လိုက်သောအခါ မျက်လုံးက ထိုင်းမှိုင်းပြီး အတွေးများက ဟိုရောက်ဒီရောက် ရောက်နေကြောင်း သတိထားမိလိုက်သည်။
“အာ…ငါ စနစ်ကို မေးနေတာလေ။ စနစ်က ငါ့ကို အခုလေးတင် ပြောပြတာ လူတစ်ယောက်ရဲ့ အတွေးကို scan ဖတ်ပေးနိုင်တာမျိုးရှိတယ်တဲ့။ အဲ့ဒီသူက မွေးဖွားလာပြီးကတည်းက ကြုံတွေ့ခဲ့ရတဲ့ အနေအထားမျိုးတွေကြောင့် ဖြစ်ပေါ်လာတဲ့ မကောင်းတဲ့ အတွေးတန်ဖိုးနဲ့လက်ရှိ စကားပြောနေတဲ့အချိန်မျာ ရှိနေတဲ့ မကောင်းတဲ့ အတွေးမျိုးပေါ့။ ငါ့အထင်တော့ ဒါက ငါတို့ကို နောက်ပိုင်း လူတွေကို စစ်ထုတ်ပစ်နိုင်မှာ အရမ်း အကူအညီပေးနိုင်မယ်လို့ ထင်တယ်”
ရှုရှင်းကလည်း အသိပြန်ဝင်သွားပြီးသည်နှင့် အခြေအနေကို ပြန်ပြောပြလိုက်သည်။
“ဒါက တကယ်ကောင်းတဲ့ နည်းလမ်းပဲ။ မကောင်းတဲ့အတွေးကတဆင့် လူတစ်ယောက်ရဲ့ အကျင့်စရိုက်ကိုလည်း ဆုံးဖြတ်နိုင်မယ်။ အချို့ထူးခြားတဲ့ အခြေအနေကလွဲပြီး ကိစ္စတိုင်းမှာတော့ ငါတို့အတွက် အဆင်ပြေလောက်တယ်။ ငါတို့အတွက် အချိန်ကုန်လည်း သက်သာတာပေါ့”
အားလုံးက ရှုရှင်း၏ စကားကို ကြားသည်နှင့် မျက်လုံးကတောက်ပသွားကြပြီး ထိုစွမ်းရည် အကျိုးအမြတ်ကို နားလည်လိုက်ကြသည်။
“ရှင်းပေါင် မင်း အစောက ပြောတဲ့နေထိုင်သူ ထုတ်ကုန် ကုတ်ဆိုလား။ အဲဒါရဲ့ နာမည်ကို ပြောင်းဖို့ နည်းလမ်းရှိလာလို့ မေးကြည့်လိုက်ပါအုံး။ နောက်ပြီး စာချုပ်ကို လက်မှတ်ထိုးရမယ်ဆိုရင်လည်း ဒါကို အခြားလိုအပ်ချက်တွေကို ပြောင်းနိုင်မလား။ စာချုပ်ကို မမြင်ခင် လက်မှတ်အရင်ထိုးတာ ဒါမျိုး လုပ်နိုင်မလားလို့ မေးကြည့်လိုက်ပါအုံး”
ရုတ်တရပ် ယန်မော့က တစ်စုံတစ်ရာကို တွေးမိကာမေးသည်။ ရှုရှင်းကလည်း သူက မည်သည့်အတွက်ကြောင့် ထိုသို့မေးမှန်း နားမလည်ပေ။ သို့သော် သူမယောက်ျားက သူမထက် ဉာဏ်ကောင်းမှန်းသိသည်။ ထို့ကြောင့် နားမလည်၍လည်း ပြဿနာမရှိဘဲ ထိုအတိုင်းသာ မေးပေးလိုက်သည်။
214 02
“001 အဲ့ဒီ နေထိုင်သူ ထုတ်ကုန်ဆိုတဲ့ နာမည်ကို ပြောင်းခိုင်းလို့ရလား။ နောက်ပြီး စာချုပ်ပါ အကြောင်းအရာကိုမဖတ်သေးခင် လက်မှတ်ထိုးခိုင်းလို့ ရလား”
အိမ်တော်ထန်း 001 “ဟုတ်ကဲ့ သခင်က နေထိုင်သူ ထုတ်ကုန်ကုတ်နံပါတ်က အခြေခံ အကျဆုံးဗားရှင်းပါ။ ဒါကို အဆင်ပြေသလို ပြောင်း၊ပြင်၊ဖျက် စိတ်ကြိုက်လုပ်နိုင်ပါတယ်။ သခင်ကအနေနဲ့ စာချုပ်ပါ အကြောင်းအရာတွေကို မမြင်သေးခင် လက်မှတ် ထိုးခိုင်းတာမျိုးတွေလည်း လုပ်လို့ရပါတယ်။ လက်မှတ်ထိုးပြီးမှ စာချုပ်ပါ အကြောင်းအရာတွေကို စိတ်ကြိုက် ပြင်ခိုင်းတာမျိုးလည်း လုပ်နိုင်ပါတယ်။”
ဒီနေရာတွင် နှစ်ယောက်က ဆွေးနွေးနေချိန်တွင် ကျန်သော တစ်ဖက်မှ လူသုံးယောက်ကလည်း ယန်မော့၏ပြောစကားကတဆင့် သူ၏ရည်ရွယ်ချက်ကို နားလည်လိုက်ကြသည်။
ပုရှန်းဝမ်နှင့် မူချီမိုင်တို့က ကမ္ဘာအဆုံးသတ်ကာလ မတိုင်ခင်က ကောက်ကျစ်သော အသိုင်းအဝိုင်းထဲတွင် ကျင်လည်ခဲ့သူများဖြစ်သည်ဟု ပြောရပေမည်။ ပုယွမ်ကျိုးကလည်း မဟာဦးနှောက် ပိုင်ဆိုင်ထားသူဖြစ်သောကြောင့် အားလုံးထက် မလျော့သော ကောက်ကျစ်မှုမျိုးနှင့်ဖြစ်သည်။
ထိုသို့ဖြင့်ကိစ္စနှစ်ခုကို ဆက်စပ်ကြည့်ပြီးနောက် နားမလည်ဘဲ မနေပေ။ ရှုရှင်းကသာ နားမလည်ခြင်းဖြစ်သည်။
ကောင်းပြီ ကောင်းပြီ ငါ တစ်ယောက်တည်းကသာ နားမလည်တာပါ ဟုတ်ပြီလား။
ဟွန့် အခုချိန်မှာ ငါ တစ်ယောက်တည်း အဖယ်ထုတ်ခံနေရတယ်
******