← Chapters

အခန်း ၂၁၅

Vol. 22 Ch. 215

အခန်း ၂၁၅

Vol. 22 Ch. 215

215 01

အပိုင်း (၂၁၅)

“ဖြစ်နိုင်မယ်ဆိုရင် ငါတို့အတွက် ပြောင်းလဲပြင်ဆင်ဖို့အခွင့်အရေးအများကြီး ရှိလိမ့်မယ် ဒါဆိုရင်တော့ ငါတို့ နောက်ပိုင်း အင်အားစုကို တည်ဆောက်တဲ့အချိန်ကျရင်လည်း ပိုပြီး အဆင်ပြေသွားတာပေါ့”

ယန်မော့က ခေါင်းညိတ်ပြီး ရှုရှင်းကို ရှင်းပြသည်။

“စနစ်က လူတစ်ယောက်ရဲ့ မကောင်းတဲ့အတွေးကို scan ဖတ်နိုင်ကတည်းက ငါတို့ကလည်း နေထိုင်ချင်တဲ့ သူတွေကို စာချုပ်ပါ အကြောင်းအရာတွေကို မမြင်သေးခင် လက်မှတ်အရင်ထိုးခိုင်းလိုက်မယ်။ အဲဒီတော့မှ ဒီအချက်နှစ်ချက်ကို scan ဖတ်ပြီး ဖြည့်တာပေါ့ ဘယ်လိုပဲဖြစ်ဖြစ် သူတို့က လက်မှတ်မထိုးခင်မှာ စာချုပ်ပါ အကြောင်းအရာတွေကို မမြင်နိုင်ဘူးဆိုတော့ ငါတို့ဘာပြောပြော အဲဒါက အမှန်လို့ပဲ ယူဆကြမှာပါလေ။ ဆိုတော့ သူတို့ကိုလည်း အများကြီး တွေးတောခိုင်းပြီးသား ဖြစ်သွားတယ်”

သူ၏ စကားလုံးများကို ရှုရှင်းက နားလည်လိုက်သည်။

လူသားများ၏နှလုံးသားများက ခန့်မှန်းရအခက်ဆုံးဖြစ်သည်။ လူအများ၏ နှလုံးသားအတွင်းမှ ဆိုးယုတ်မှုထက် မည်သည့်အရာကမှ ပိုမနက်နိုင်‌ပေ။

ယန်မော့၏စိတ်ထဲတွင် အကြံရှိမှန်းလည်း သိလိုက်သည်။ ထို့ကြောင့် သူမက စိတ်အေးသွားသည်။ သူမသည်လည်း သူမ၏ အမျိုးသားကို အကောင်းဆုံးနားလည်သည်။ သူဟာ အတွင်းထဲအထိ အေးစက်နေသောသူ ဟူ၍လည်း ပြော၍ရသည်။ သို့သော် ကိုယ်ပိုင်လူများကိုလည်း အကာကွယ်တတ်ဆုံးဖြစ်ပြန်သည်။

သူဟာ တစ်စုံတစ်ယောက်ကို ချစ်သွားသောအခါ ထိုလူအတွက်သာ အသက်ရှင်တော့ပေမည်။ တစ်စုံတစ်ယောက်ကို မုန်းသွားလျှင် သေစေချင်တတ်သည်။

ကိစ္စများကို ပြန်တွေးကြည့်ရသော် အချိန်ခရီးသွားလာသည်ဆိုသော အရှိန်အဝါမျိုးက သူမဆီတွင် ရှိနေသေးသည့်အတွက် သူမဟာ ထိုကဲ့သို့အထူးတလည် နားလည်ပေးနိုင်ခြင်း ဖြစ်လောက်သည်။

နောက်တစ်ရက်တွင် အခြေစိုက်စခန်းက သူတို့ဆီ လူလွှတ်ကာ နောက်ဆုံးသော လက်ကျန်ဆုလာဘ်ကို ပေးလာသည်။ လာပို့သော သူက ယန်ပြောင်ဖြစ်သည်။

“ခေါင်းဆောင်ယန် မင်း အနာဂတ် ဒီအခြေစိုက်စခန်းထဲမှာ ဘယ်လိုများ ဆက်လုပ်ချင်လဲ”

သူသည် ဒီနေရာကို ပစ္စည်းသီးသန့် လာပို့ရုံမဟုတ်ချေ။ ယန်မော့တို့၏ စိတ်ကူးကို နားထောင်ခြင်းအားဖြင့် အနာဂတ်မှ တိုးတက်မှုကိုသိချင်၍ ဖြစ်သည်။

“ဒါရိုက်တာယန် စိတ်အေးအေးထားလို့ရတယ်။ ငါတို့ သဘက်ခါဆိုရင် အခြေစိုက်စခန်းထဲက ထွက်သွားတော့မှာ။ ဘယ်တော့မှ ပြန်မလာဖြစ်လောက်ဘူး”

ယန်မော့ကလည်းမျက်ခုံးပင့်ရင်း သူ့ကို ကြည့်ကာပြောသည်။

“ခေါင်းဆောင်ယန်က ဆုံးဖြတ်ချက် ချပြီးပြီ ဆိုတော့ငါတို့ မတားနိုင်တော့ဘူးဆိုတော့ နောက်ပိုင်းမှာခေါင်းဆောင်ယန်နဲ့အတူ အလုပ်ပေါင်းလုပ်ဖို့ အခွင့်ရေး ရှိပါစေလို့ မျှော်လင့်တယ်”

အခြားသော သူက သူ၏အတွေးကို ဖောက်မြင်သည့်အတွက် သူဟာ မသက်မသာမဖြစ်ပေ။ ထို့အစား ပို၍ပင် စိတ်အေးသွားရသည်။ သူသည်လည်း ဒီအသိုင်းအဝိုင်းထဲတွင် နှစ်ပေါင်းများစွာ ရှင်သန်လာခဲ့သူ ဖြစ်သည်။ ထို့ကြောင့် အတွေ့အကြုံပိုများသည်။ သူသည် လိုချင်သော သတင်းကို ရသည်နှင့် အကြာကြီး မနေတော့ပေ။ နှုတ်ဆက်ကာ ထွက်သွားသည်။

H မြို့ အခြေစိုက်စခန်းအတွင်းတွင် နောက်ဆုံးနှစ်ရက် နေထိုင်သည့်အတောအတွင်း ရှုရှင်းက နေရာလပ် နယ်မြေထဲမှ အခြေစိုက်စခန်း၏ အခြေအနေကို နေ့တိုင်းလိုလို လေ့လာနေသည်။ သူမက အနာဂတ်တွင် အခြေစိုက်စခန်းထဲတွင်သာ နေထိုင်ရတော့မည် ဖြစ်သည်။ ထို့ကြောင့် ကောင်းကောင့် လေ့လာထားသင့်သည်။

သို့သော် သူမကလည်း ငပျင်းဖြစ်သည်။ စာလုံးများ ပြည့်နှက်နေသော စာချုပ်ကြီးကို တောက်လျှောက် မဖတ်လိုပေ။ ထို့ကြောင့် အိမ်တော်ထိန်း 001 အား function များကို မိတ်ဆက်ခိုင်းထားသည်။ 001 က အသံပြောင်းနိုင်ကြောင်း သိပြီးသည်နှင့် အထူးတလည် နားထောင်ကောင်းနိုင်သော ကောင်လေးအသံ ပြောင်းထားသည်။

အိမ်တော်ထိန်း 001 “အခြေစိုက်စခန်းရဲ့သခင်မက အခြေစိုက်စခန်းရဲ့ ထိန်းချုပ်ခွင့်ကိုးဆယ်ရာခိုင်နှုန်းကို လက်တွဲဖော်ကို ပေးပြီး ကိစ္စတွေကို ကူညီ စီမံခိုင်းလို့ ရပါတယ်”

215 02

“နေအုံး 001 နင်ဘာလို့ အရင်က ငါ့ကို အဲ့ဒီအကြောင်းတွေ မပြောဖူးတာလဲ”

ရှုရှင်းကလည်း စိတ်ရှုပ်သွးသည်။ နားကြားမှားသည်ဟုပင် ထင်လိုက်သည်။

အိမ်တော်ထိန်း 001 “စနစ်ရဲ့ အတွင်းပိုင်း ဒေတာတွေအရ စုံတွဲတွေရဲ့ ကိုးဆယ်ရာခိုင်နှုန်းလောက်က အချင်းချင်း မရိုးသားကြဘူး။ အထူးသဖြင့် ကိုယ်ပိုင် အကျိုးအမြတ် အင်အားနဲ့ ပတ်သက်လာတဲ့အခါမှာတော့ စုံတွဲအများစုက အချင်းချင်း ရင်ဆိုင်ကြတယ်။ ဒါတွေအပြင် သခင်မကလည်း အရင်က မမေးဖူးဘူးလေ ဆိုတော့ 001 ကလည်း မပြောချင်ဘူးလို့ထင်တာပေါ့”

ရှုရှင်း : …

“001 နင်…နင်အများကြီး သိနေမယ်လို့ မထင်ထားဘူး။ ဒါပေမဲ့ ငါနဲ့ ယန်မော့က အဲဒီ ကိုးဆယ်ရာခိုင်နှုန်းထဲက မပါတဲ့သူတွေလေ ဟုတ်ပြီလား. ငါ့ကို ပြောပါအုံး။ ငါ သူ့ကို ဘယ်လိုမျိုး အာဏာပေးရမှာလဲ”

အိမ်တော်ထိန်း 001 “သခင်မရဲ့လက်တွဲဖော် သခင်ဖြစ်သူက စနစ် 001 ရဲ့ သစ္စာရှိမှု စမ်းသပ်ချက်ကို အရင်ဦးဆုံး ကျော်ဖြတ်နိုင်ရပါမယ်။ အဲဒီနောက်မှသာ သခင်မနဲ့ လက်တွဲဖော်ဆိုတဲ့ သက်သေ အထောက်အထားမျိုးကို ပြပြီး စာချုပ်မှာ လက်မှတ်ထိုးလို့ ရပါပြီ”

“ဘယ်လို အထောက်အထားမျိုးလဲ”

ရှုရှင်းကလည်း ထိုစနစ်ကို အမှန်တကယ်ပင် လေးစားသွားမိသည်။ သူဟာ အချက်အလက် အပြည့်အစုံနှင့်ဖြစ်သည်။

အိမ်တော်ထိန်း 001 “လက်ထပ်စာချုပ်ကို ပြနိုင်ရင်တော့ အကောင်းဆုံးပါ။ အဲဒီလိုမှ မဟုတ်ရင်လည်း စေ့စပ်လက်စွပ် ဒါမှမဟုတ်ရင်လည်း အချစ်သင်္ကေတ စသဖြင့်တို့ပေါ့ ဒါတွေကလည်း အလုပ်ဖြစ်ပါတယ်။ ဒါပေမဲ့ လက်ထပ် စာချုပ်လောက်တော့ သက်ရောက်မှု မရှိလောက်ဘူး ပေးနိုင်တဲ့ အာဏာကလည်းပိုနည်းလိမ့်မယ်”

လက်ထပ်စာချုပ်ဟုတ်လား…

သူတို့မှာ ရှိတယ်လေ

ရှုရှင်းကလည်း သူမနှင့် ယန်မော့တို့ သွားရောက်လက်ထပ်ခဲ့သည်မှာ ကံကောင်းသည်ဟု တွေးခဲ့သည်။ မမျှော်လင့်ထားစွာပင် မမျှော်လင့်ထားသော အကျိုးအမြတ်ကြီး ရှိနေသည်။

******

All Chapters