အခန်း ၂၁၆
Vol. 22 Ch. 216
216 01
အပိုင်း (၂၁၆)
“အချစ် ငါလာပြီ။ ငါ ဘယ်လိုပစ္စည်းကောင်းတွေ ရှာတွေ့လာလဲ ကြည့်ပါအုံး”
ဖြစ်စဉ်ကို သိသွားသည်နှင့် ရှုရှင်းက စာကြည့်ခန်းထဲသို့ ချက်ချင်း ပြေးသွားကာ ယန်မော့ကို သွားရှာသည်။ စာကြည့်ခန်းတံခါးကို တွန်းဖွင့်ပြီး ယန်မော့က ရင်ခွင်ထဲသို့ ဝင်ကာ ပေါင်ပေါ်တွင် တက်ထိုင်သည်။
“ငါ တကယ် မခန့်မှန်းနိုင်ဘူး။ သခင်မကပဲ ငါ့ကို ဒီပဟေဠိလေး ကူညီပြီး ဖြေရှင်းပေးပါအုံး”
ရှုရှင်းဝင်လာကြောင်း မြင်ကတည်းက ယန်မော့သည် စာအုပ်ကို အောက်သို့ ချလိုက်ပြီးသားဖြစ်ပြီး တစ်ဖက်သူက သူ၏ရင်ခွင်ထဲတွင် သက်တောင့်သက်သာ ထိုင်နိုင်အောင် ပြင်ဆင်ပေးလိုက်သေးသည်။
“ဟေး ငါက 001 ဖတ်ပြတဲ့ စနစ်ရဲ့ အခြေခံအချက်အလက်တွေကို နားထောင်ထားတာ အခြေစိုက်စခန်းပိုင်ရှင်က သူ့ရဲ့ လက်တွဲဖော်ကို အာဏာကိုးဆယ်ရာခိုင်နှုန်းအထိ လွဲပြောင်းပေးနိုင်တယ်တဲ့လေ။ နင်ကသာ ဒီအခြေစိုက်စခန်းရဲ့ ကိစ္စတွေကို လွဲပြောင်းယူလိုက်တာနဲ့ ငါ ဘာမှ လုပ်စရာမလိုပဲ ထိုင်နေလို့ရပြီ”
သူတို့ ပြည်ပတွင်ယူလာသော လက်ထပ်စာချုပ်ကို ယူပြီးသည်နှင့် ရှုရှင်းက ခင်ပွန်းဖြစ်သူကို တောက်ပစွာ ကြည့်သည်။ သူ့ကိုလည်း ခပ်မြန်မြန် လှုပ်ရှားခိုင်းသည်။
သူမက သူမ၏ ဉာဏ်ရည်ဖြင့်ဆိုလျှင် အခြေစိုက်စခန်းကို ကောင်းကောင်းစီမံနိုင်မည် မဟုတ်ပေ။
ဒါပေမဲ့ ဘယ်သူက သူမကို ဒီလောက် အိုင်ကျူမြင့်တဲ့ယောက်ျား ရှိခိုင်းလို့လဲ။
ယန်မော့ကလည်း ရှင်းပေါင်က မည်မျှပျင်းမှန်း သိသည်။ လိုအပ်သော လေ့ကျင့်မှုများက လွဲပြီးသူသည်လည်း ထိုင်နိုင်လျှင် ဘယ်သောအခါမှ ရပ်မနေမည့် သူ၊ လှဲနိုင်လျှင် ဘယ်သောအခါမှ ထိုင်မနေ့မည့်သူမျိုး ဖြစ်သည်။ ထိုထက်ပိုပြီး တိုးတက်ရန် မလိုအပ်ပါပေ။ သူဟာ တစ်ဖက်သူ၏ အနားတွင် ရှိနေသေးသမျှ ရှင်းပေါင်၏ ဦးနှောက်ကိုလည်း ဒုက္ခပေးစရာ မလိုအပ်ပါပေ။ သူမက အမှန်တကယ် မတုံးမှန်းသိသည်။ အန္တရာယ်ကြုံတွေ့လျှင် သူမကိုယ် သူမ ကာကွယ်နိုင်စွမ်းရည် ရှိမည်မှန်းလည်း သိသည်။
သို့သော် သူဟာ တစ်ဖက်သူကို နှလုံးသားထဲတွင် ထည့်ထားရသဖြင့် တစ်ဖက်သူကို အလိုလိုက်ချင်စိတ် ရှိသည်။ တစ်ဖက်သူကို ပျင်းခွင့်ပြုသည်။
ရှင်းပေါင်က သူမ၏ လက်တွဲဖော်အား အာဏာကိုပေးလိုစိတ်ရှိသည်။ အိမ်တော်ထိန်း 001ကလည်း ရှုရှင်းကတဆင့် ယန်မော့နှင့် ဆက်သွယ်ခိုင်းသည်။
အိမ်တော်ထိန်း 001 “သခင် စနစ်ရဲ့ စမ်းသပ်မှုကို လက်ခံလိုစိတ်ရှိပါသလား”
ယန်မော့ “လက်ခံတယ်”
အိမ်တော်ထိန်း 001 က ပါးစပ်ဟလိုက်သည်နှင့် ယန်မော့၏ ခန္ဓာကိုယ်က တစ်ခဏခန့် တောင့်တင်းသွားပြီးနောက် ပြန်လည်လျော့သွားသည်။ ရုတ်တရက် စိတ်ထဲတွင် အသံတစ်သံ ပေါ်လာသောအခါ စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ထားပြီးသည့်တိုင်အောင် သွေးကြောများက တောင့်တင်းသွားသေးသည်။
ရှုရှင်းကလည်း စမ်းသပ်မှုပါ အကြောင်းအရာများကို မသိနိုင်ပေ။ သို့သော် အနားမှ သူ၏ အသက်မဲ့သော မျက်လုံးများကတဆင့် စမ်းသပ်မှုက စတင်နေကြောင်း သိနိုင်သည်။
စမ်းသပ်မှုက မည်သည့်အချိန်တွင် ပြီးမည်မှန်း မသိနိုင်သေးပေ။ ထို့ကြောင့် နဂို ဖတ်နေကျ ဝတ္ထုကိုသာ ကောက်ဆွဲထုတ်ကာ ဖတ်နေလိုက်သည်။ ထိုသို့ဖြင့် အချိန်တစ်နာရီခန့် ကြာသွားသည်။
အိမ်တော်ထိန်း 001 “ဂုဏ်ယူပါတယ် သခင် စမ်းသပ်မှုကို အောင်မြင်သွားပါပြီ။ သခင်မက ပိုင်ဆိုင်ထားတဲ့ အာဏာတွေထဲက ကိုးဆယ်ရာခိုင်နှုန်း တူညီတဲ့ အာဏာကို လွဲပြောင်းပေးချင်ပါသလား”
ရှုရှင်းကလည်း သူမ၏ ဝတ္ထုထဲတွင် အာရုံစိုက်နေခြင်း ဖြစ်သည်။ သို့သော် ရုတ်တရက် 001၏ အသံကို ကြားသောအခါ တုန်သွားသည်။ ထို့နောက် ခပ်မြန်မြန် တုန့်ပြန်သည်။
“အင်းအင်း အင်း ပေးလိုက် ပေးလိုက်”
အိမ်တော်ထိန်း 001 “အာဏာလွဲပြောင်းပေးမှု အောင်မြင်ပါတယ်။ အမျိုးသာ သခင်က ကိုယ့်ဘာသာကိုယ် အရင်လေ့လာနိုင်ပါတယ်။ တကယ်လို့ နားမလည်တာရှိရင်လည်း မေးခွန်းတွေ မေးချင်တာရှိရင် အချိန်မရွေးဆက်သွယ်နိုင်ပါတယ်”
216 02
အင်အားအနည်းငယ် သုံးပြီးနောက် ယန်မော့၏မျက်လုံးက နွမ်းနယ်နေသည်။ သူက မျက်ခုံးကို ပွတ်လိုက်ပြီး ခေါင်ကို ညိတ်လိုက်သည်။
သူသည်လည်း သူ့ကိုယ်သူ အတင်းတွန်းအားပေးကာ ထိုအကြောင်းအရာများကို အရင်ဖတ်ချင်သေးသည်။
သို့သော် ရှုရှင်းက ခေါင်းမော့လိုက်သည်နှင့် သူ၏နွမ်းနယ်နေသော မျက်နှာကို မြင်လိုက်သည်။
ရှုရှင်း “အရင်ဆုံးသွားနားလိုက်အုံး။ အခြေစိုက်စခန်းနဲ့ စနစ်က ထွက်ပြေးမှာမှ မဟုတ်တာ”
“အင်း သခင်မ အမိန့်ပေးတဲ့အတိုင်းပါ။ ရှင်းပေါင် လာ ငါနဲ့အတူ ခဏလောက် နားပါအုံး”
ရှင်းပေါင်၏လေသံအရ သူမက လေးနက်နေမှန်း သိလိုက်သည်။ ထို့ကြောင့် ယန်မော့ကလည်း အခြေအနေကို အခွင့်ကောင်းယူပြီး အကျိုးအမြတ်ကို တောင်းယူသည်။ သေချာစွာပင် ရှင်းပေါင်က သူ့အတွက် စိတ်မကောင်းဖြစ်နေသည့် အခြေအနေကို အခွင့်ကောင်းယူခြင်းအားဖြင့် တောင်းဆိုချက်က ပြည့်မြောက်သွားသည်။
သူတို့နှစ်ယောက်က အခန်းထဲသို့ ပြန်ကာ အတူအိပ်ကြသည်။
ရှုရှင်းက မျက်လုံးပြန်ဖွင့်သောအခါ အပြင်ဘက်က မှောင်နေလေပြီ ယန်မော့ကလည်း ကုတင်ခေါင်းရင်းကို မှီနေရင်း စနစ်ပါ အကြောင်းအရာများကို ဖတ်ရှုနေသည်။
“ဟင် ယောက်ျား ဘယ်အချိန်လဲ”
ရှုရှင်းက ယန်မော့၏တည်နေရာကို အိပ်ချင်မူးတူးဖြင့် ရှာဖွေနေရင်း မေးလိုက်ပြီးနောက် သူမ၏ လက်သေးသေးလေးများက မရိုးသားစွာနှင့် သူမ၏ အနှစ်သက်ဆုံး ဝမ်းဗိုက်ကြွက်သားများပေါ်သို့ ရောက်သွားသည်။
“ငါးနာရီ ငါးဆယ် ခြောက်နာရီထိုးတော့မယ်။ အရင်ဦးဆုံး အိပ်ယာထပြီး အောက်ထပ်ကို ဆင်းလို့ အားလုံးနဲ့အတူ ညစာစားရအောင်။ ငါတို့ မနက်ဖြန်ဆိုရင်သွားမှာလေ။ ဒီညမှာတင် အကြံအစည်နဲ့ စီမံကိန်းတွေ ချရမယ်”
ယန်မော့က ရှုရှင်း၏ဆိုးသွမ်းသော လက်လေးကို အသာကိုင်လိုက်ရင်း အသက်ကို ပြင်းပြင်းရှူသည်။.
******