← Chapters

အခန်း ၂၁၇

Vol. 22 Ch. 217

အခန်း ၂၁၇

Vol. 22 Ch. 217

217 01

အပိုင်း (၂၁၇) အခြေစိုက်စခန်း ထွက်ပေါ်လာခြင်း

ဒုတိယရက်တွင် ရှုရှင်းတို့အဖွဲ့က မနက်အစောပိုင်းတွင်ကတည်းက ထွက်ခွာသွားသည် မည်သူကမှ မတွေ့လိုက်ကြပေ။ အခြေစိုက်စခန်းထဲမှ အမှန်တရားကိုမသိသော သူများကလည်း သူတို့က ဒီအတိုင်း ပုံမှန်အတိုင်းလိုလို တာဝန်ထွက်လုပ်သည်ဟုသာ ထင်ကြလောက်သည်။

မည်သို့ပင်ဆိုစေ အခြေစိုက်စခန်းအတွင်းတွင် သူတို့၏ ဂုဏ်အဆင့်အတန်းက အထွတ်အထိပ်တွင် ဖြစ်သည်။ ထို့ကြောင့် အခြေစိုက်စခန်းထဲမှ အခြားသော သူများကို ခေါ်သွင်းနိုင်ရန်အလို့ငှာ သံမဏိကို ပူတုန်း ထုကြသင့်လေသည်။ ဒီနည်းအားဖြင့် ကိုယ်ပိုင် အင်အားစုကို ဖွဲ့စည်းနိုင်သည်။

သို့သော် ဒါသာ သာမာန်လူများ၏ တွေးပုံတွေးနည်းကိုသာ ပြောဆိုခြင်း ဖြစ်သည်။ သူတို့တွင်လည်း ပိုကောင်းသော ရွေးချယ်မှု ရှိသည်။ ထို့ကြောင့် နှမ်းစေ့များကို မရွေးဘဲ ဖရဲသီးကို ဆုံးရှုံးခံလိမ့်မည် မဟုတ်ပေ။

သူတို့သည် ယခုအခါ T မြို့သို့ သွားနေခြင်း ဖြစ်သည်။ သူတို့သည် အများကြီး စုံစမ်းစစ်ဆေးကာ စဉ်းစားဆင်ခြင်ပြီးမှသာ ဗဟိုမြို့ကို ရွေးချယ်ခဲ့ကြခြင်းဖြစ်သည်။

သူတို့က အဆုံးသတ်ကာလသို့ ရောက်ပြီးနောက် ရာသီလေးခု မရှိတော့သော်လည်း တစ်ခုချင်းစီတိုင်းက အပူချိန်ကွာခြားချက် ရှိသေးသည်။

မြောက်ပိုင်းသို့ထပ်သွားသောအခါ အေးသော ရာသီဥတုကို ရောက်ပေလိမ့်မည်။ နွေရာသီတွင်ပင် အပူချိန်က နိမ့်နေအုံးမည် ဖြစ်သည်။

သို့သော် တောင်ပိုင်းကို ဝေးဝေးသွားပါက အပူချိန်ကပိုမြင့်နေမည် ဖြစ်သည်။

ထိုကဲ့သို့သော အခြေအနေများအပြင် အဆုံးသတ်ကာလ ဖြစ်ပြီးနောက် အမျိုးမျိုးသော သတ္တဝါများက ဆင့်ကဲပြောင်းလဲသွားကြသည်။ ပင်လယ်ထဲမှ သတ္တဝါများ၏ ဆင့်ကဲပြောင်းလဲမှုကလည်း ကုန်းမြေကထက် ပို၍ခန့်မှန်းရခက်သည်။ ပင်လယ်ထဲတွင်လည်း ကမ်းစပ်သို့ ကပ်လာနိုင်သော သတ္တဝါများ ရှိမရှိ မသေချာပါပေ။ ထို့ကြောင့် တောင်တန်းများ တောအုပ်များ သိပ်သည်းသော နေရာများက မသင့်တော်ချေ။ ပင်လယ်နားကလည်း အဆင်မပြေပေ။ ထို့ကြောင့် အကြိမ်ပေါင်းများစွာ ဆွေးနွေးပြီးနောက် မြို့တော် T သို့သာ ပြောင်းလိုက်သည်။

သဘာဝပတ်ဝန်းကျင်အရ အားသာချက်အပြင် နောက်ထပ် အရေးအကြီးဆုံးအချက်ကမူ ထိုနေရာတွင် တရားဝင် ခြေစိုက်စခန်းများ မရှိပါပေ။

ကမ္ဘာ့အဆုံးသတ်ကာလ မတိုင်ခင်က T မြို့သည် ဒုတိယအဆင့် မြို့ကြီးဟု သတ်မှတ်နိုင်သည်။ အရာရှိပိုင်းဆိုင်ရာ အုပ်ချုပ်မှုများကလည်း သတ္တိပိုကြီးကြသူများ ဖြစ်သည်။ အကယ်၍ သူဟာ သတင်း အချက်အလက်ကို ကြိုတင် ပေါက်ကြားစေပြီး တိုင်းပြည်ကို ကြိုတင် သတိပေးသည့်တိုင်အောင် တိုင်းပြည်က ကြိုတင်ပြင်ဆင်မှုများ လုပ်ခဲ့လျှင်ပင် အောက်မှ သူများ၏ အသုံးမကျမှုကိုမူ ဖားထေးပေးနိုင်မည် မဟုတ်ပေ။

မြို့တော် H နှင့် မြို့တော် T ကဲ့သို့ စီရင်စု မြို့များအကြားတွင် သူဟာ ရက်ပေါင်းများစွာ ညပေါင်းများစွာ ကျော်ဖြတ်ပြီး နောက်ဆုံးတစ်လကျော်ခန့် ကြာပြီးမှသာ ရောက်ရှိသွားလေသည်။

“နောက်ဆုံးတော့ T မြို့ကို ရောက်ပြီ။ ကားထဲမှာ တစ်ချိန်လုံးထိုင်နေတာ အရိုးတွေတောင် ပျော့လာပြီ”

ရှုရှင်းက ပျင်းတိပျင်းရွဲ့အကြောဆန့်ရင်း ဘေးဘီကို ကြည့်သည်။

“ငါတို့ အခြေစိုက်စခန်းအတွက် တည်နေရာကို ရွေးချယ်ပြီးတာနဲ့ ကောင်းကောင်း နားရမယ်”

ယန်မော့ကလည်း ရှင်းပေါင်၏ ခေါင်းကို စိုးရိမ်တကြီး ပွတ်သည်။

“လမ်းတောက်လျှောက် T မြို့ရဲ့ လူသူရှင်းလင်းမှုကို အားလုံးလည်း မြင်နိုင်ကြမှာပဲ။ ဒါပေမဲ့ ဒါက ငါတို့ရဲ့ တည်နေရာ ရွေးချယ်မှုအတွက် အရမ်းအကျိုးရှိတယ်”

“အင်း အမှန်ပဲ လူတွေ မရှိတဲ့အတွက် အခြေစိုက်စခန်းကြီး ရုတ်တရက် ပေါ်လာတဲ့အခါ ဘယ်သူကမှလည်း တော်ရုံတန်ရုံ သံသယမဝင်လောက်ဘူးလေ။ ဒါက ငါတို့အတွက် ကောင်းတာပေါ့”

ပုယွမ်ကျိုးကလည်း ခေါင်းညိတ်သည်။

“အင်း ဘယ်နေရာကို သင့်တော်မလဲဆိုတာကို ဝင်ပြီးကြည့်ရအောင်”

217 02

ယန်မော့က လက်ကို ဆန့်ထုတ်၍ မူချီမိုင်၏ ပခုံးကို ပုတ်လိုက်ပြီး ကားဆက်မောင်းခိုင်းသည်။

သူတို့က မြို့တော်T၏ အရှေ့မြောက်ထောင့်စွန်းနားမှ တက္ကသိုလ်မြို့ကို ရွေးချယ်လိုက်သည်။ ထိုတက္ကသိုလ်မြို့ ကိုယ်တိုင်ကလည်းမြို့လယ်ခေါင်နှင့် အတော်လေး ဝေးသည်။ အတော်လေးလည်း ကြီးသည်။ အတော်လေးလည်း ကျယ်၏။ တောင်များကလည်း နောက်တွင် ကာထားသောကြောင့် မြေမျက်နှာသွင်ပြင် အနေအထားအရ အလွန်အမင်း သင့်လျော်လေသည်။

တည်နေရာကို အတည်ပြုပြီးသည်နှင့် ရှုရှင်းက ချက်ချင်းဆိုသလိုပင် လှုပ်ရှားလိုက်သည်။ သူမက စနစ်က ထောက်ပံ့ပေးထားသော မြေပုံနေရာထဲမှ T မြို့၏ တက္ကသိုလ်မြို့နယ်ကို ရွေးချယ်လိုက်ကာ ဝိုင်းလိုက်သည်။ ထိုသို့ဖြင့် ထိုနေရာကို အတည်ပြုလိုက်သည်။

ရှုရှင်းကလည်း အတည်ပြုကြောင်း ကလစ်နှိပ်ပြီးသည်နှင့် သူတို့၏ မျက်လုံးရှေ့တွင် စိတ်ကူးယဉ်ဆန်သော မြင်ကွင်းမျိုးက ပေါ်လာသည်။

“!!!”

“!!!”

“!!!”

ရုတ်တရပ် သူတို့ မျှော်လင့်ထားသော အတိုင်းအတာကိုကျော်လွန်နေသော အဆောက်အဦးများက ရုတ်တရက် သူတို့၏ အရှေ့တွင် ပေါ်လာသည်။ ဆယ်မိနစ်တည်းနှင့်တင် အခြေစိုက်စခန်းကြီးတစ်ခုလုံးက မျက်စိရှေ့တွင် ပြီးသွားလေပြီ။

“ဟစ်…ဒါ…ဒါ..ဒါက အရမ်းကို နည်းပညာမြင့်လွန်းမနေဘူးလား”

ပုရှန်းဝမ်က တံတွေးကိုမြိုချသည်။ သူ၏ မျက်လုံးထဲမှ အံ့အားသင့်မှုကို မဖုံးကွယ်နိုင်ပေ။

ရှုရှင်းနှင့် ယန်မော့ကဲ့သို့ အသေးစားပုံကြမ်းကို မြင်ဖူးသူအပါအဝင် အားလုံးကလည်း မှင်သက်အံ့အားသင့်နေကြသည်။

အရမ်းကို နည်းပညာ မြင့်လွန်းတယ်။

ဘယ်အခြေစိုက်စခန်းက ဒီလို တည်ဆောက်လို့လဲ။

ဆယ်မီတာ အထူရှိသော ကတ္တီပါအမဲရောင် နံရံများ၊ လေပေါ်တွင် မြောလွင့်နေသော အဆောက်အဦးများ မည်သည့် တိုင်၊ မည်သည့် အထိန်းမှ မရှိသော လမ်းများ မြေပြင်အထက် လေပေါ်တွင် ရပ်ထားသော ဘတ္ထရီ စက်ဘီးကဲ့သို့ အရာများ။

လက်ခံနိုင်စွမ်းရည် အမြင့်ဆုံး ယန်မော့က တိတ်ဆိတ်မှုကို‌ ဖြိုခွဲကာ ရှုရှင်းကိုဦးဆောင် ခေါ်သွားသည်။

“ဒီနေရာမှာပဲ အရူးလို ရပ်မနေနဲ့။ အထဲကို အရင်ဝင်ပြီး စကားပြောကြမယ်”

******

All Chapters