အခန်း ၂၁၈
Vol. 22 Ch. 218
218 01
အပိုင်း (၂၁၈)
ယန်မော့နှင့် ရှုရှင်းတို့က ထိုဂိတ်ဝမှတဆင့် ခပ်အေးအေးဝင်သွားသည်။ ထိုနောက်ပိုင်း သုံးယောက်ကမူ အတားခံရပြီး ဆိုးရွားသော အခြေအနေမျိုးနှင့် ဖြစ်သည်။
ဘမ်း…
သူတို့က ခြေလှမ်းအနည်းငယ်သာ လှမ်းရသေးသည်။ မမြင်ရသော အလွှာတစ်လွှာဖြင့် တိုက်မိပြီး အနောက်သို့ ယိုင်ကျသည်။
!!!
“မေ့လိုက်တော့ မေ့လိုက်တော့… နင်တို့ သုံးယောက်က သဘောတူညီမှု စာချုပ်မှာ လက်မှတ်မထိုးရသေးဘူး။ ဆိုတော့ အသိအမှတ်ပြုခွင့် မရသေးတော့ ဝင်လို့ မရသေးဘူးပေါ့”
ရှုရှင်းက နဖူးကို ရိုက်ပြီး ခပ်မြန်မြန် ရှင်းပြသည်။
ယန်မော့ “…”
သူသည်လည်း ရုတ်တရက် နည်းနည်း ရှက်သွားသည်။ သူသည်လည်း အံ့အားသင့်မှုများကြောင့် မေ့သွားခဲ့ခြင်း ဖြစ်သည်။
ရှုရှင်း “001 သူတို့ကို ဘယ်လို ဝင်ခိုင်းရမှာလဲ”
အိမ်တော်ထိန်း 001 “သခင်မက ဂိတ်စောင့်တွေကို အသက်သွင်းပြီး စက်ရုပ်တွေကို လွှတ်ခိုင်းချင်ပါသလား”
ရှုရှင်း “ဖွင့်လိုက်တော့ ဖွင့်လိုက်တော့”
အိမ်တော်ထိန်း 001 “အသက်သွင်းလိုက်ပါပြီ။ အလုပ်စက်ရုပ်တွေရဲ့ ညွှန်ကြားချက်နောက်ကိုပဲ လိုက်ပြီး လုပ်ဆောင်ဖို့ လိုအပ်တဲ့ ကိစ္စတွေကို လုပ်ဆောင်ရင်းနဲ့ အခြေစိုက်စခန်းရဲ့ နေထိုင်သူလက်မှတ်ကို အရယူနိုင်ပါတယ်။ အဲဒီနောက်ပိုင်း သူတို့က ဒီအခြေစိုက်စခန်းထဲကိုစိတ်ကြိုက် အဝင်အထွက် လုပ်နိုင်ပါတယ်”
ရှုရှင်းသည်လည်း သူမနှင့် အိမ်တော်ထိန်း၏ စကားအား ယန်မော့ထံမှ ဖုံးကွယ်ထားခြင်း မရှိပေ။ ထို့ကြောင့် ယန်မော့ကလည်း ကြားနိုင်သည်။ ထို့နောက် အခြားသော သုံးယောက်ကို ရှင်းပြလိုက်သည်။
သိပ်မကြာခင်မှာတင် သာမာန်လူများနှင့် ခန္ဓကိုယ်တည်ဆောက်ပုံရုပ်ရည်မျိုးနှင့် စက်ရုပ်အသင်းက ထွက်လာကြသည်။ သူတို့က ကားပေါ်မှ ဆင်းပြီးသည်နှင့် ရှုရှင်းနှင့် ယန်မော့၏အရှေ့သို့ အရင်လာကာ နှုတ်ဆက်သည်။
“ဟယ်လို အခြေစိုက်စခန်းရဲ့အုပ်ချုပ်သူ ခေါင်းဆောင်၊ ဟယ်လို အခြေစိုက်စခန်း ဒုအုပ်ချုပ်သူ”
ထို့နောက် သူတို့က အသီးသီးသော နေရာများတွင် အစီအစဉ်တကျ နေရာယူကြပြီး ခြေဆယ်လှမ်းအကွာတွင် တစ်နေရာစီခွဲကာ စောင့်ကြပ်ကြသည်။
မြို့ဂိတ်ရှိ မည်သည့် အကာမှ မရှိသော စာရင်းသွင်းသော ကောင်တာနားတွင်လည်း စက်ရုပ်နှစ်ရုပ်က ရှိနေသည်။
ပုရှန်းဝမ်တို့ သုံးယောက်ကလည်း ထိုစက်ရုပ်များ၏ ညွှန်ပြချက် နောက်မှ လိုက်ကာ စွမ်းရည်အဆင့်များကို စစ်ဆေးသည်။ ထို့နောက် သွေးနမူနာယူကာ စစ်ဆေးသည်။ ထို့နောက် အခြေစိုက်စခန်း၏ နေထိုင်သူ စာချုပ်တွင် လက်မှတ်ရေးထိုးကြပြီးသည်နှင့် တရားဝင် လက်မှတ်များကို ရရှိသည်။
နောက်ခံလက်မှတ်သည် လက်မှတ်နှင့် တူသော အရာမျိုးဖြစ်ပြီး အရောင်အားဖြင့် ငွေရောင်နှင့်အပြာရောင် ရောယှက်ထားပြီး တောက်ပြောင်ကြည်လင်နေသော အရာမျိုးဖြစ်သည်။ ပိုင်ရှင်၏အချက်အလက်များကိုလည်း သိုလှောင်ထားသောကြောင့် ကမ္ဘာအဆုံးသတ်ကာလ မတိုင်ခင်က မှတ်ပုံတင် ကတ်မျိုးနှင့် အဓိပ္ပယ် တူသေးသည်။
လူတစ်ယောက်ကို လက်မှတ်တစ်ခုဖြစ်ပြီး အစားထိုး၍ မရပေ။ လက်မှတ်ပိုင်ရှင်က အခြေစိုက်စခန်းထဲသို့ စိတ်ကြိုက်အဝင်အထွက် လုပ်နိုင်သည်။ အခြေစိုက်စခန်းထဲတွင် အကျိုးပြုခဲ့သမျှသော အခြေအနေများ အမှတ်များအားလုံးကို ဒီထဲတွင် သိုလှောင်ထားမည် ဖြစ်သည်။ ပိုဆိုးသည်မှာ အသုံးပြုသူကလည်း အခြေစိုက်စခန်းထဲမှ အခြားသော အသုံးပြုသူများနှင့် လွတ်လပ်စွာ ဆက်သွယ်နိုင်သည်။ ဥပမာ အသံ ဗီဒီယို သီးသန့် စကားပြောခန်း၊ အဖွဲ့လိုက် စကားပြောခန်း၊ ဖိုရမ် စသဖြင့် အရာအားလုံးကို အသုံးပြုနိုင်သော ကမ္ဘာအဆုံးသတ်ကာလ မတိုင်ခင်က စမတ်ဖုန်းများနှင့်ပင် တူသေးသည်။
218 02
လက်ပတ်ပိုင်ရှင်ကလည်း ကိုယ် ကိုယ်တိုင်သာ အသုံးပြုရမည်ဖြစ်ပြီး အခြားသော သူက အသုံးပြု၍ မရပေ။ ထို့ကြောင့် အစားထိုးဝင်ရောက်မည့် အခြေအနေမျိုးကို စိုးရိမ်ရန် မလိုအပ်ပါပေ။
အားလုံးနည်းတူ ရှုရှင်းနှင့်ယန်မော့တို့ကလည်း တစ်ခုစီကို ယူထားလိုက်ကြသည်။ ဒုက္ခများလျှင်လည်း သာမာန်အခြေအနေမျိုးတွင် ဖုံးကွယ်ထား၍ ရသည်။ ထို့ကြောင့် မည်သူကမှ သတိထားမိကြမည် မဟုတ်ပေ။
“အဲဒီနောက် ဘယ်သွားမှာလဲ”
ဖြစ်စဉ်အားလုံးကို လုပ်ပြီးနောက် အားလုံးက စိတ်ငြိမ်သွားသည်။ ပုရှန်းယွမ်က ယန်မော့ကို ကြည့်သည်။
“နေထိုင်တဲ့ နေရာကို အရင်သွားပြီး အိမ်ရွေးရအောင်။ ငါတို့ ကျန်တဲ့ တစ်ဘဝလုံးလုံး ဒီမှာပဲ နေမှာလေဆိုတော့ ငါတို့ နေရာကို သေချာ ရွေးရမယ်”
ယန်မော့က သူ၏ စိတ်ထဲမှ နေ၍ 001 ကို ခေါ်လိုက်ပြီး သူတို့ကို လာကြိုရန် ကားလွှတ်ခိုင်းလိုက်သည်။
နေထိုင်ခြင်း နယ်မြေက အလွန်ကျယ်သည်။ အပြင်ဘက်ခြမ်း၊အတွင်းဘက်ခြမ်း၊ ဗဟိုနယ်မြေဟူ၍ ခွဲခြားထားသည်။ ထိုဗဟိုနယ်မြေ၏အတွင်း အဓိကနေရာကမူ အခြေစိုက်စခန်း၏ဒါရိုက်တာအတွက် သီးသန့်စံအိမ်ကြီးဖြစ်သည်။ ရှုရှင်းနှင့် ယန်မော့ကလည်း သူတို့၏ ကိုယ်ပိုင်နေရာကို သေချာစေပြီးသားဖြစ်သည်။ ပုရှန်းဝမ် မူချီမိုင်နှင့်ပုယွမ်ကျိုးတို့ကမူ နေထိုင်ရာအိမ်များအတွက် လိုအပ်ချက် မကြီးမားပေ။ ထို့ကြောင့် ရှုရှင်းတို့နှင့်ကပ်လျှက် စံအိမ်သုံးလုံးကိုသာ ရွေးချယ်လိုက်ကြသည်။
ထိုသို့ဖြင့် အလယ်ပိုင်းနယ်မြေမှ စံအိမ်လေးလုံးက ပိုင်ရှင်အသစ်များကို ကြိုဆိုလိုက်ကြသည်။
စံအိမ်တစ်လုံးချင်စီတိုင်းက ခေတ်မှီပုံစံမျိုးနှင့်ဖြစ်သည်။ လူအများက ချက်ချင်း ကွက်တိ ပြောင်းနေနိုင်သော်လည်း တစ်စုံတစ်ရာ ကင်းလွတ်နေသလို ခံစားရသည်။ လူနေနည်းပါးနေခြင်း ဖြစ်သည်။
ရှုရှင်းကလည်း သူတို့ဟာ မည်သည့်ပုံစံကို သဘောကျမှန်း မသိပေ။ ထို့ကြောင့် အိမ်တော်ထိန်း 001 ကိုသာ သူတို့၏ နေရာလပ်နယ်မြေထဲမှ ပစ္စည်းများကို အယ်လ်ဘမ်များအဖြစ် ကဏ္ဍခွဲကာ စီစဉ်ခိုင်းလိုက်ပြီး သူတို့၏ လက်ပတ်ကတဆင့် လှမ်းပို့ပြီး ပြခိုင်းလိုက်သည်။
သူတို့၏အိမ်ကို အလှဆင်ရန်လိုအပ်သော ပစ္စည်းများအပြင် ကျန်သော ကိရိယာများကိုလည်း အိမ်တော်ထိန်း 001 က တဆင့် သို့လှောင်ခန်းထဲသို့ ထည့်ထားမည် ဖြစ်သည်။ စက်ရုပ်များကလည်း နေရာခွဲကာ ချထားနိုင်သည်။ သူတို့ သုံးယောက်က ရွေးချယ်ပြီးသည်နှင့် စက်ရုပ်များကို ပြလိုက်ရုံဖြင့် စက်ရုပ်များက လာပို့မည် ဖြစ်သည်။
အိမ်တစ်လုံးချင်းစီတိုင်းက စက်ရုပ် ငါးခုစီ ရရှိထားမည် ဖြစ်သည်။ အခြေစိုက်စခန်း ဒါရိုက်တာ၏စံအိမ်တွင် စက်ရုပ်က ပိုများသည်။ အခြားသော နေရာ အသီးသီးမှ နယ်မြေခံဒါရိုက်တာများ၏ စံအိမ်များသည်လည်း အလားတူသာလျှင်ဖြစ်သည်။
ဟုတ်တယ် နေရာအသီးသီးရဲ့ ဒါရိုက်တာတွေ ရှိတယ်။
ယန်မော့က အခြေစိုက်စခန်းကို လေ့လာခဲ့ပြီး အိမ်တော်ထိန်းစနစ်ကို နားလည်သွားပြီးနောက်တွင် သူဟာ အခြေစိုက် စခန်းကြီး တစ်ခုလုံးနှင့်အတူ ဝန်ထမ်းနေရာ ချထားမှုများအားလုံးကို နားလည်ရန် နောက်ထပ် လဝက်ခန့်ပင် အချိန်ယူခဲ့ရသည်။
အခြေစိုက်စခန်း၏ခေါင်းဆောင်နှင့် ဒုခေါင်းဆောင်တို့အပြင် နယ်မြေတစ်ခုချင်းစီတိုင်းတွင် အမြင့်ဆုံးသော အာဏာကို ကိုင်ဆောင်ထားသော ဌာန ခေါင်းဆောင် တစ်ယောက်စီ ရှိသည်။ အားလုံးကလည်း ဆွေးနွေးညှိနှိုင်းပြီးသည်နှင့် ယန်မော့ကလည်း ယခုအခါ ယေဘုဘျထိန်းချုပ်မှု နယ်မြေ၏ ဒါရိုက်တာဖြစ်သည်။ ပုရှန်းဝမ်က အေးဆေးသက်သာ နယ်မြေနှင့် စီမံရေးနယ်မြေတို့၏ ခေါင်းဆောင် ဒါရိုက်တာဖြစ်ပြီး မူချီမိုင်ကမူ တိုက်ခိုက်ခုခံရေးဌာန၏ ခေါင်းဆောင် ဒါရိုက်တာဖြစ်သည်။ ပုယွမ်ကျိုးကမူ စမ်းသပ်မှုနယ်မြေ၏ ခေါင်းဆောင် ဒါရိုက်တာ ဖြစ်သည်။
ကျန်သော စိုက်ပျိုးရေးနှင့် မွေးမြူရေး နယ်မြေများအပြင် နေရာထိုင်ခင်းနယ်မြေများအတွက်ကမူ ဒါရိုက်တာများ မရှိသေးပါပေ။
အခြေစိုက်စခန်းတွင် နေခဲ့သည့် ငါးရက်အတောအတွင်းတွင် သူတို့သည် ဘာကိုမှ မလုပ်ခဲ့ကြပေ။ သူတို့သည် နေ့တိုင်းလိုလို အမျိုးမျိုးသော နေရာများနှင့် ရင်းနှီးကျွမ်းဝင်အောင် လုပ်ပြီး ကိုယ့်အလုပ်ကိုယ်လုပ်ရင်း မအားလပ်ကြပေ။
ရှုရှင်းသည်လည်း အခြေစိုက်စခန်းပိုင်ရှင်၏ ယေဘုယျ ခွင့်ပြုချက်ကတဆင့် အခြေစိုက်စခန်း၏ ပုံပန်းသွင်ပြင်ကို ပြောင်းလိုက်သည်။ သူတို့ လုံးဝမမှတ်မနိုင်သော ပုံစံမျိုးကတဆင့် အများလက်ခံနိုင်သော ပုံစံအဖြစ် ပြောင်းလဲလိုက်သည်။
အခြေစိုက်စခန်း၏ ပုံစံက အပြင်ဘက်မှ ကြည့်သော် ကွာခြားသော လူဆောက်ထားသည့် ပုံစံမျိုးနှင့် မခြားနားတော့ပေ။ သို့သော် ပို၍ခိုင်ခံ့သော အနေအထားမျိုးနှင့်သာ တည်ရှိနေလေသည်။
******