← Chapters

အခန်း ၂၁၉

Vol. 22 Ch. 219

အခန်း ၂၁၉

Vol. 22 Ch. 219

219 01

အပိုင်း (၂၁၉) သလင်းအမြူအတေများ စုဆောင်းခြင်း

“အာ…ငြိမ်းအေးတဲ့ ဘဝဆိုတာ လူတွေကို စိတ်အေးစေတယ်။ 001 ရှောင်းစစ်ကိုလည်း စတော်ဘယ်ရီ တစ်ပန်းကန်စာလောက် ဆေးပြီး ပို့ပေးခိုင်းလိုက်ပါအုံး”

ရှုရှင်းက စာကြည့်ခန်းထဲရှိ ဆိုဖာပေါ်တွင် ခပ်အေးအေးလှဲနေပြီး စိတ်ထဲမှ 001 ကို လှမ်းခေါ်လိုက်သည်။

အိမ်တော်ထိန်း 001 ကလည်း ကိုယ်ပိုင် စက်ရုပ်ကိုယ်ထည်မျိုး ရှိသည်။ 179 စင်တီမီတာ မြင့်သည့်သက်လတ်ပိုင်းအရွယ် အမျိုးသားအိမ်တော်ထိန်း ပုံစံမျိုးရှိသည်။ သို့ရာတွင် စိတ်ထဲမှတဆင့် ဆက်သွယ်လိုက်ပြီး စံအိမ်ထဲမှ ကျွန်များကို အကြောင်းကြားရန် ပြောဆိုလိုက်သည်။ ထိုအခါ လက်ကောက်ဝတ်ကို ကိုယ်တိုင်တတောက်တောက် လုပ်နေရသည်ထက် ပို၍ အဆင်ပြေသေးသည်။

အင်း ဒီအတိုင်း ပျင်းချင်တာ…

ယန်မော့က အခြေစိုက်စခန်းရဲ့အဓိက ထိန်းချုပ်ခန်းအကြောင်း နားလည်သွားသည်နှင့် ခုခံရေး စနစ်ကို အသက်သွင်းလိုက်သည်။

ထိုအချိန်တွင် ရှုရှင်းနှင့်ပုရှန်းဝမ်တို့ကလည်း အလွန်သိချင်နေကြသည်။ ထို့ကြောင့် အခြားသော သူများကိုလည်း ခေါ်ကာ အပြင်ထွက်၍ ကြည့်ကြသည်။ ထိုစနစ်ကို အသက်မသွင်းခင်နှင့် သွင်းပြီးနောက်ပိုင်း ကွာဟချက်ကို အားလုံးက သိချင်နေကြသည်။

ယန်မော့က စတင်သည်ဆိုသော ခလုတ်ကို ဖိနှိပ်လိုက်သည်နှင့် အားလုံးကလည်း တစ်ဖန်ထပ်ပြီး သိပ္ပံနည်းပညာကို မြင်တွေ့ရပြန်သည်။

အကြောင်းမူကား အခြေစိုက်စခန်း၏ အလယ်ခေါင် နေရာတွင် တည်ရှိသော အဓိက ထိန်းချုပ်အခန်းမှ စတင်၍ အပြာရင့်ရောင် အလင်းက စတင်ကာ ဖြာထွက်လာခြင်း ဖြစ်သည်။ အရပ်မျက်နှာအနှံ့ပျံ့နှံ့လာပြီး ထိုနေရာကို ဗဟိုပြုကာ ဖြာထွက်သွားခြင်းဖြစ်သည်။ ပုရှန်းဝမ်နှင့် မူချီမိုင်တို့က နီးကပ်နေသောကြောင့် ထိုဂိတ်တွင် တောက်လျှောက် ဖြတ်စီးသွားသော အလင်းရောင်ကို ခံစားမိလိုက်သည်။ ဒါဟာ လျှပ်စီးစီးကြောင်းများ ဖြစ်သည်။ နှစ်ယောက်လုံးက ပင့်သက်ရှိုက်လိုက်ကြသည်။

အလင်းအားအနည်းငယ်ကတင် သူတို့၏ကျောကို စိမ့်တက်စေသည်။ သူတို့သည် ထိလိုက်မိသည်နှင့် ချက်ချင်း ပြာဖြစ်နိုင်သည်။

ထို့အပြင် ဒါဟာ ပထမဦးဆုံး ဒိုင်းကာတစ်လွှာသာ ဖြစ်သည်။

ထို့အပြင် အကာအကွယ်များက အလွှာအမျိုးမျိုးရှိသည်။ အမျိုးမျိုးသော အခြေပြုစွမ်းအား မျိုးလည်း ပြောင်းလဲနိုင်သေး၏။ အကာအကွယ်အလွှာကို အသက်သွင်းလိုက်သည်နှင့် အပြာဖျော့ရောင် အလွှာကို မြင်နိုင်တော့မည် မဟုတ်ဘဲ လုံးဝအုပ်သွားမည် ဖြစ်သည်။ ထို့ကြောင့် ထိုအခြေအနေကို မသိသော သူက မတော်တဆ ထိလိုက်မိပါက ချက်ချင်း ပြာဖြစ်သွားလောက်သည်။ ထိုသို့ဖြင့် မလိုအပ်သောသူများက မတော်တဆ မထိခိုက်စေရန်အလို့ငှာ ယန်မော့သည် စက်ရုပ်များကို ပြောပြီး ဒီအကာအကွယ်အလွှာ၏ အပြင်ဘက် အနီးအနားဝန်းကျင်မှ စတင်၍ အခြေစိုက်စခန်းကြီးတစ်ခုလုံးကို ပတ်ကာ အမျိုးမျိုးသော တားမြစ်သော ဆိုင်းဘုတ်များကို လုပ်ခိုင်းထားလိုက်သည်။

ထိုအရာက အခြားသော သူများကို ကြင်နာစွာဖြင့် သတိပေးခြင်းဖြစ်သည်။

ဒီနေရာကို မကျော်ဖြတ်ရန် သတိပေးထားပြီးသား ဖြစ်သည်။ ကျော်ဖြတ်ပြီး တစ်ခုခုဖြစ်သွားပါက သူတို့နှင့်မသက်ဆိုင်တော့ပေ။ သူတို့က ပြောင်းရွေ့ဝင်ရောက်လာပြီးနောက် အခြေစိုက်စခန်းတစ်ခုလုံးက ပုံမှန်အတိုင်း လည်ပတ်နေပြီ ဖြစ်သည်။ သို့သော် စက်ရုပ်တိုင်းက လူသားပုံစံမျိုးမဟုတ်ဘဲ အမျိုးမျိုးသော ရည်ရွယ်ချက်နှင့် စက်ရုပ်များက အမျိုးမျိုးသော ပုံစံများနှင့် ဖြစ်သည်။ ဥပမာအနေဖြင့် သူတို့ နေ့စဉ်သွားလာရန် အသုံးပြုသော ကားများကလည်း စက်ရုပ်များ ဖြစ်သည်။ စိုက်ခင်းမြေနှင့် စားကျက်မြေတွင် သိုးကျောင်းနေသော သိုးကျောင်းခွေးနှင့် တူသောအရာများကလည်း စက်ရုပ်များသာဖြစ်သည်။ သို့သော် ထိုနေရာမှ သိုးများကိုမူ ရှုရှင်းက နေရာလပ်နယ်မြေထဲမှ လွှတ်ထားခြင်း ဖြစ်သည်။ ကင်းလှည့်သော စက်ရုပ်များကလည်း ခြေထောက်အစား ဘီးများနှင့် ဖြစ်သည်။ တိုက်ခိုက်ရေးနှင့် ခုခံရေးနယ်မြေမှ စက်ရုပ်များက ခြေလက်များတွင် အမြှောက်များ တပ်ထားသည်။

“အချစ် တိုက်ခိုက်ခုခံရေးနယ်မြေက လူသားပုံစံ တိုက်ခိုက်ရေးစက်ရုပ်တွေ ရှိတယ်မလား။ အခြေစိုက်စခန်းထဲက လူတွေကို မခန့်ဘဲနဲ့ စက်ရုပ်တွေကိုပဲ အပြင်ထွက်တိုင်း ခေါ်သွားရင် ဘယ်လိုလဲ”

ရှုရှင်းက ရေဆေးထားပြီးသား စတော်ဘယ်ရီကို ခပ်အေးအေးစားနေရင်း တွေးမိသည့် အကြောင်းအရာကို ပြောလိုက်သည်။

“မရဘူး။ ငါ လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက ဒီအကြောင်းအရာကို စဉ်းစားပြီးသွားပြီ။ ဒါပေမဲ့ သူတို့က ဒီအခြေစိုက်စခန်းရဲ့ အပြင်ဘက်ကို ထွက်သွားပြီဆိုတာနဲ့ အကွာအဝေးတစ်ခုကို ရောက်သွားတာနဲ့တင် လုပ်ဆောင်မှုက ပြတ်တောက်ပြီး သတ္ထုအပုံပဲ ဖြစ်သွားမှာ”

219 02

စားပွဲပေါ်တွင် ကိစ္စများကို ကိုင်တွယ်ဆောင်ရွက်နေသောယန်မော့က ခေါင်းမော့ကြည့်ရင်း ပြောလိုက်သည်။

“အာ အဲဒီလို့လား”

ရှုရှင်းကလည်း နည်းနည်း နောင်တရသွားသည်။

အားလုံးက ညစာအတူစားချိန်တွင် ယန်မော့က လူခန့်မည့် အကြောင်းကို ပြောပြသည်။

“အားလုံးပဲ အခုတလောအခြေစိုက်စခန်းရဲ့ ဝန်ဆောင်မှုတွေကိုနား လည်နေကြပြီမလား။ ရှန်းဝမ်၊ ချီမိုင်၊ ယွမ်ကျိုး မင်းတို့တွေ မင်းတို့ တာဝန်ယူထားတဲ့ နေရာတွေကို ကိုင်တွယ်ပြီးပြီလား”

“အင်း ပြဿနာ ကြီးကြီးမားမားတော့ မရှိပါဘူး။ ဒီအတိုင်း ကိစ္စအဟောင်းတွေပဲ”

ပုရှန်းဝမ်က ဘဲလည်ပင်းကို ကိုက်နေရင်း ပြောသည်။

“ငါလည်း ဒီလိုပဲ”

မူချီမိုင်က ခေါင်းညိတ်သည်။

ပုယွမ်ကျိုးက နောက်ဆုံးမှ ဖြေသည်။

“ငါက အရင်က ဒီစီမံကိန်းနယ်မြေက ကိစ္စတွေနဲ့အဆက်အသွယ်မရှိဘူး။ ဆိုတော့ အားလုံးကို နားလည်ဖို့ ရက်အနည်းငယ်လောက် အချိန်ယူရတယ်”

“အင်း မစိုးရိမ်နဲ့။ အနာဂတ်မှာ အချိန်အများကြီး ရှိသေးတာပဲ။ မင်းရဲ့ ဦးနှောက်နဲ့ဆိုရင် ပြဿနာမရှိပါဘူး”

“အခုက အခြေစိုက်စခန်းက တည်ငြိမ်သွားပြီဆိုတော့ ငါတို့ အပြင်ကို ထွက်ပြီး ဇွန်ဘီတွေကို သတ်ပြီး သလင်းအမြူအတေ နည်းနည်း ယူရအောင်။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီအနက်ရောင်ဝတ်စုံနဲ့ဇွန်ဘီက ဘယ်အချိန် ပြန်ပေါ်လာမလဲဆိုတာကို မသိနိုင်သေးဘူးလေ။ ငါတို့ရဲ့ အင်အားကိုမြင့်ထားရမယ်”

ယန်မော့ကလည်း ပုယွမ်ကျိုးက ထိုအုပ်ချုပ်မှုအပိုင်းတွင် မတော်မှန်း သိသည်။ ထို့ကြောင့် သူသည်လည်း တစ်ဖက်သူကို ဒုက္ခမပေးတော့ဘဲ အကြောင်းအရာကို ပြောင်းလိုက်သည်။

“ကောင်းတာပေါ့”

အားလုံးကလည်း ငြင်းစရာ မရှိပေ။ သူတို့သည်လည်း သူတို့၏ အင်အားကို တိုးတက်ချင်ကြသည်။ တစ်ဖက်တွင်မူ သူတို့သည်လည်း သူတို့၏ အင်အားကို မြင့်တင်ခြင်းအားဖြင့် ထိုအခြေစိုက်စခန်းကို ကာကွယ်နိုင်ရန်အတွက် ဖြစ်သည်။ အခြားတစ်ဖက်ကမူ အနက်ရောင်ဝတ်စုံနှင့် ဇွန်ဘီ၏ကိစ္စက မသေးငယ်ကြောင်း နားလည်နေ၍ ဖြစ်သည်။ ယခင်တစ်ခေါက်က သူတို့သည် အရေအတွက် အားသာချက်ကို အသုံးပြုပြီးမှသာ တစ်ကောင်ကို မနည်းသတ်ခဲ့ရသည်။ ယခုလို လေးယောက်တည်းဆိုပါက ဒုက္ခရောက်ပေလိမ့်မည်။

သူတို့တွင်လည်း သိုလှောင်ထားသော သလင်းအမြူအတေ အများကြီး မရှိတော့ပေ။ ကျန်ရှိနေသော သလင်းအမြူအတေများကလည်း T မြို့သို့ လာသည့် လမ်းတွင် တိုက်ခိုက်ခဲ့‌သော အရာများဖြစ်သည်။ သို့သော် သူတို့သည် အလျှင်လိုနေသောကြောင့် အများကြီး မသတ်ခဲ့ရပေ။

ပုရှန်းဝမ်တို့ကလည်း နဂိုက ရှုရှင်းကို‌ ပေးခဲ့သောသလင်းအမြူအတေများအားလုံးက ဒီအခြေစိုက်စခန်းထဲတွင် ထည့်ထားမှန်း သိသည်။ ထို့ကြောင့် ထိုအကြောင်းအရာကို ထပ်မတောင်းတော့ပါပေ။ ယန်မော့ကလည်း သူတို့၏အကျင့်စရိုက်ကို သိသည်။ သူတို့၏ စိတ်ရင်းကိုလည်း နားလည်သည်။ ထို့ကြောင့် ထိုကိစ္စကို ဒီအတိုင်းထားလိုက်သည်။

သူတို့သည် နောက်တစ်ရက်တွင် အခြေစိုက်စခန်းမှ ထွက်ခွာသည်။ သို့သော် အခြေစိုက်စခန်း အနီးအနားမှ ဇွန်ဘီများကို မရှင်းလင်းထားကြပေ။ ထိုဇွန်ဘီများ ရှိနေခြင်းအားဖြင့် အကာအကွယ်တစ်လွှာ ဖြစ်လေသည်။

******

All Chapters