အခန်း ၂၂၀
Vol. 22 Ch. 220
220 01
အပိုင်း (၂၂၀)
ဒီခရီးအတောအတွင်း သူတို့သည် တိတိကျကျ သတ်မှတ်ထားသော ပန်းတိုင် မရှိပေ။ သူတို့ T မြို့နှင့် ပတ်သက်ပြီးသိသော အကြောင်းအရာများကလည်း လက်ထဲမှ မြေပုံသာ ဖြစ်သည်။ ထို့ကြောင့်အ စစ်အမှန် အခြေအနေကို နားမလည်သေးပေ။
သူတို့က အနာဂတ်တွင် T မြို့တွင် နေထိုင်သွားမည် ဖြစ်သည်။ ထို့ကြောင့် T မြို့အကြောင်းကို သိထားလျှင် အကူအညီ ဖြစ်ပေလိမ့်မည်။
သူတို့ အခြေစိုက်စခန်းဘက်မှ မြို့ထဲဘက်သို့ တဖြည်းဖြည်း မောင်းနှင်လာနေချိန်တွင် ယန်မော့နှင့် ပုယွမ်ကျိုးတို့က စိတ်စွမ်းအားကို ထုတ်လွှတ်ကာ တောက်လျှောက် စစ်ဆေးလာခဲ့သည်။ သူတို့ဟာ ဒီနေရာကို မလာခင် အခြေစိုက်စခန်းဝန်းကျင် အနီးအနားကို စစ်ဆေးရှာဖွေပြီးသား ဖြစ်သည်။မည်သည့် အင်အားစုမှ ရှိမနေခဲ့ပါပေ။ ဒီတစ်ခေါက်တွင်မူ အခြေစိုက်စခန်းထဲမှ ထွက်လာခဲ့သည်မှာ ဇွန်ဘီများကို သတ်ဖြတ်ပြီး အမြူအတေများကို စုဆောင်းရန်တင် မဟုတ်ဘဲ ပိုင်နက်နယ်မြေကိုလည်း သိမ်းယူရန် ဖြစ်သည်။
အမှန်တကယ် ပြဿနာမရှိကြောင်း သေချာပြီးနောက် အသီးသီးသော အမှတ်အသားများကိုလည်း ချန်ထားရစ်ခဲ့ခြင်းအားဖြင့် အခြားသောသူများအား သူတို့၏ ကိုယ်ပိုင် နယ်မြေထဲသို့ ဝင်ရောက်လာခဲ့သော် သိရှိရန် ရည်ရွယ်သည်။
ကမ္ဘာအဆုံးသတ်ကာလပြီးနောက် အခြေစိုက်စခန်းများ တစ်ခုပြီးတစ်ခု တည်ထောင်လာကြသည်။ သို့သော် အခြေစိုက်စခန်းတစ်ခုချင်းစီ၏ ဆယ်မိုင်ဝန်းကျင်အတွင်းဟာ ထိုအခြေစိုက်စခန်း အပိုင်ဖြစ်သည်ဆိုသည့်အချက်က လူတိုင်း နားလည်ထားသည့် စည်းမျဉ်းဖြစ်လာသည်။ အခြေစိုက်စခန်းကို တည်ထောင်ပြီးနောက် ထိုကဲ့သို့ နယ်မြေရှင်းလင်းသည့် အမှတ်အသားများကိုလည်း တစ်ဆယ်မိုင်ဝန်းကျင်တွင် ထားသင့်သည်။
“အချစ် T မြို့က အခြားမြို့တွေကထက် ရှင်သန်နေထိုင်သူတွေ နည်းနေတယ်လို့ ဘာလို့ ခံစားမိနေတာလဲ။ ငါပဲ ထင်ယောင်ထင်မှား ဖြစ်တာလား”
ရှုရှင်းက ကားပြတင်းပေါက်ကို မှီနေရင်းဖြင့် အပြင်ဘက်မှ မြင်ကွင်းကို ကြည့်ကာ ပြောသည်။
“ထင်ယောင်ထင်မှား မဟုတ်ဘူး။ T မြို့ရဲ့ အခြေစိုက်စခန်းက ခပ်မြန်မြန် ဖျက်ဆီးခံလိုက်ရတာ။ သာမာန်လူတွေကို ကာကွယ်ပေးတာတွေက စွမ်းအင်ရှိတဲ့သူတွေနဲ့ လုံးဝမကိုက်ညီဘူး ဖြစ်သွားတယ် ထင်ပါတယ်။ အခြေအနေ တစ်ခုလုံးက လုံးဝကို ကစဉ့်ကလျားပဲ။ အခြေစိုက်စခန်းကြီးကလည်း လုံးဝ အသုံးမဝင်တော့ဘူးလေ။ နောက်ပြီး အခြားမြို့တွေကထက်တောင် လောင်ကျွမ်းမီးရှို့တာတွေ သိမ်းယူတာတွေက ပိုဆိုးခဲ့တာ။ သဘာဝကျကျပဲ တွန်းလှန်တဲ့ သူတွေက ပိုများတာပေါ့။ ဆိုတော့ လူနေဘယ်လောက်ပဲများများ ဒီလို အခြေအနေမျိုးကိုတော့ တောင့်မခံနိုင်ကြဘူးလေ”
ယန်မော့က လက်ကို မြောက်ပြီး ရှုရှင်း၏ကျောကို ပွတ်ပေးပြီး ခပ်အေးအေးရှင်းပြသည်။
“အလံတွေကို ဖြတ်နိုင်စွမ်းရည်ရှိတဲ့သူတွေကလည်း တောင်ရဲ့ဘုရင်တွေပဲ။ ဘာကိုမှ မဦးဆောင်နိုင်တဲ့သူ မလုပ်နိုင်တဲ့သူတွေကတော့ အခြားသူတွေကို မှီခိုရလိမ့်မယ် ဆိုတော့ အဆုံးသတ်ကာလမျိုးမှာအားနည်းတာက အပြစ်ပဲ”
အရှေ့တွင် ထိုင်နေသော ပုရှန်းဝမ်က သက်ပြင်းကို ချသည်။ ရှုရှင်း၏ မျက်လုံးက အပြင်ဘက် လမ်းပေါ်တွင်ဖြစ်သည်။ သို့သော် ထိုစကားကို ကြားပြီး စိတ်ထဲတွင်လည်း သဘောတူလိုက်သည်။ သူမသည် အခြားသောသူများကို ဖားရန် ရွေးချယ်နိုင်သည်။ သို့သော် သူမ၏ ကိုယ်ပိုင်အင်အားကို တိုးတက်အောင်လည်း လုပ်ရန် မမေ့ပါပေ။ သူမကိုယ်တိုင်ကလည်း နည်းနည်း အချစ်ရူးကြောင်း ဝန်ခံရပေမည်။ သို့သော် သူမက စိတ်ထွေပြားသော သူဟု ဝန်မခံနိုင်ပေ။
“ကားကို ရပ်”
ပုယွမ်ကျိုးက မျက်လုံးကို ဖွင့်သည်။
“အရှေ့မှာ လမ်းပိတ်ကျောက်တုံးတွေကို ကြိုတင်ချထားကြတယ်။ သဘာဝလွန်စွမ်းအားရှင် အယောက်နှစ်ဆယ်ထက် မနည်းပုန်းပြီး စောင့်ကြည့်နေတယ်”
ကျွီ…
မူချီမိုင်က ကားဘရိတ်ကို ဆောင့်အုပ်သည်။
220 02
နဂိုက ကားပြတင်းပေါက်ကို မှီပြီး ကားအပြင်ဘက်သို့ ပျင်းပျင်းဖြင့် ကြည့်နေသော ရှုရှင်းကလည်း ရုတ်တရက် မျက်လုံးထဲတွင် ကြောက်ရွံ့မှုများ ဖြစ်ပေါ်လာသည်။
“လာပြီ လာပြီ”
သူမသည်လည်း အခြေစိုက်စခန်းထဲမှ ထွက်ပြီး သိပ်မကြာခင်မှာတင် လမ်းကို လာပိတ်သည့် ဓားပြများနှင့် တွေ့ရမည်ဟု တွေးထားပြီးသား ဖြစ်သည်။ သို့သော် မြို့လယ်ခေါင်းနားသို့ ရောက်မှသာ တွေ့တော့သည်။
“ငါလုပ်မယ် ငါလုပ်မယ်”
ရှုရှင်းက ပြောသည်။
“အင်း ကောင်းပြီ ချီမိုင် မင်း ရှင်းပေါင်ကို အဖော်ပြုပြီး လေ့ကျင့်လိုက်ပါအုံး”
ယန်မော့၏လေသံကလည်း ကူကယ်ရာမဲ့နေသည်။ သို့သော် မျက်လုံးကမူ အလိုလိုက်စိတ်များ ပြည့်နှက်နေ၏။
ရှင်းပေါင်၏စွမ်းရည်က အရန်စွမ်းအားမျိုးသာ ဖြစ်သည်။ သို့သော် သူမ၏ ကိုယ်ပိုင်စွမ်းအားကလည်း အားမနည်းပါပေ။ သူ့လေ့ကျင့် သတ်မှတ်ပေးထားသော ပရိုဂရမ်အတိုင်း အထူးလေ့ကျင့်မှုကို လုပ်ဆောင်ပြီး နောက်ဆုံးတွင် အဆင့်နှစ်နှင့် ထိုထက်နည်းသောစွမ်းအားရှင်များကို သူမ၏ကိုယ်ပိုင်စွမ်းရည်ဖြင့် သတ်နိုင်ပြီးသား ဖြစ်သည်။ ချီမိုင်ကို လိုက်သွားစေခြင်းအားဖြင့် ပို၍ပင် လုံခြုံစေမည် ဖြစ်သည်။
သူသည်လည်း ထိုကောင်မလေးက အင်အားကြီးချင်နေမှန်း သိသည်။ သူမ၏ လိုချင်စိတ်ကိုလည်း သူနားလည်သည်။ သူသည်လည်း သူမ၏ အတွေးအကြံများကို ထောက်ပံ့အားပေးလိုစိတ် ရှိသည်။ သူမ လိုချင်သောအရာကို ရအောင် ယူပေးလိုစိတ် ရှိသည်။ ယန်မော့က ကားထဲတွင်သာ မျက်လွှာချရင်း ထိုင်နေလိုက်သည်။ သူ၏ စိတ်စွမ်းအားကို ဖြန့်ကျက်လိုက်သည်။
အထူးစွမ်းအင်ရှိသော သူများအတွက် စိတ်စွမ်းအားကို သုံးနိုင်ခြင်းအားဖြင့် သာမာန်မျက်စိဖြင့် မြင်ရသည်ထက် ပို၍ ရှင်းလင်းစွာမြင်နိုင်သည်။
ရှင်းပေါင်က ကားထဲမှ ထွက်သွားသည်နှင့် သူ၏စိတ်စွမ်းအားကို ထုတ်လွှတ်ပြီး သူမကို တင်းတင်းကြပ်ကြပ် ကာကွယ်လိုက်သည်။ ရှင်းပေါင်၏ အသက်ကသာ အန္တရာယ်မရှိသမျှ သူက လှုပ်ရှားလိမ့်မည် မဟုတ်ပေ။
******