အမျိုးသမီး အဝတ်အစားတွေက ငါ့ကံကောင်းမှုကို တိုးမြင့်ပေးနိုင်တာလား
Vol. 6-10 Ch. 150
အခန်း (၁၅၀) : အမျိုးသမီး အဝတ်အစားတွေက ငါ့ကံကောင်းမှုကို တိုးမြင့်ပေးနိုင်တာလား
အမျိုးသမီး အဝတ်အစားများက ရှန်ထျန်းတစ်ယောက် နတ်ရေစင် ဝိညာဉ်အသျှင်ဆီ သွားရောက်စဉ် သေတ္တာသုံးလုံးထဲအနက်မှ ရရှိလာသော ရတနာတစ်ခု ဖြစ်၏။
သေတ္တာသုံးလုံးအနက် ပထမသေတ္တာထဲတွင် ဝိညာဉ်ကျောက်တုံး သန်းချီ ပါဝင်သော ခန်းမင်လက်စွပ် ရှိနေခဲ့သည်။
တတိယမြောက် သေတ္တာထဲ၌ အကြွင်းမဲ့ရေစင်ထဲ၌ ၁၁ ဆင့်မြောက် လေးလံအဆီအနှစ် ရေစင် ရှိနေခဲ့လေသည်။ ဤအရာက အလွန်လေးလံသော်လည်း ရှန်ထျန်းအတွက် အကျိုးမြတ် အများစု ရရှိလိုက်သည်။
ဒုတိယသေတ္တာထဲ၌မူ ယခု ရှန်ထျန်း ကိုင်ဆောင်ထားသည့် အပြာဖျော့ရောင် အမျိုးသမီး ချပ်ဝတ်နှင့်အတူ အပြာရောင် ကြာပွတ်တစ်ချောင်း ရှိနေခဲ့သည်။
ထိုကြာပွတ်မှာ အဆင့်မြင့် ပစ္စည်းဖြစ်ကာ ရှန်ထျန်းတစ်ယောက် အခြေတည်အဆင့် ရောက်လာသော်လည်း သူ့သွေးဖြင့် ပိုင်ဆိုင်မှု အမှတ်အသား မလုပ်နိုင်သေးပေ။
သို့သော်လည်း အပြာဖျော့ ချပ်ဝတ်၏ အဆင့်မှာ ဝိညာဉ်ပစ္စည်းအဆင့်အတွင်း ရှိနေသောကြောင့် ရှန်ထျန်း အသုံးပြုနိုင်ပေသည်။
တကယ်တော့ ထိုဝတ်စုံ၏ ကာကွယ်နိုင်စွမ်းက လိပ်နက်ခေါင်းဆောင်းထက် ပို၍ အဆင့်မြင့်နေသေးသည်။
အကယ်၍ ရှန်ထျန်းသာ ဤချပ်ဝတ်ကို ဝတ်ဆင်ထားလိုက်ပါက သူ့အသက်ရှင်နိုင်ခြေ အခွင့်အလမ်း ပိုမို မြင့်မားလာလိမ့်မည်။
ပြဿနာကား ရှန်ထျန်းက သူ့ကိုယ်သူ အာဂယောကျ်ားဟု အမြဲတွေးထားသည့်အပြင် အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၏ သူတော်စင်လည်း ဖြစ်နေသေးသည် မဟုတ်ပါလော။
ဘယ်လိုလုပ် မိန်းကလေး ချပ်ဝတ်ကို ဝတ်နိုင်မည်နည်း။
အကယ်၍ သူ့ကို မိန်းကလေး ဝတ်စုံနှင့် အခြားသူများ မြင်တွေ့သွားခဲ့လျှင် ဒါမှမဟုတ် သိသွားခဲ့ကြလျှင် အရှေ့ပိုင်းလွင်ပြင်၌ မည်သည့်မျက်နှာနှင့် ဆက်နေနေရမည်နည်း။
အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ ဂိုဏ်းချုပ်နှင့် အကြီးအကဲများလည်း အရှက်ရပြီး ရှန်ထျန်းအား နေရာမှာပင် ထုရိုက်ပစ်ကြလိမ့်မည်။
ရှန်ထျန်း မြင်ကွင်းကို စိတ်ကူးကြည့်ရင်း ကျောရိုးတစ်လျှောက် တုန်တုန်ယင်ယင် ဖြစ်လာမိသည်။
မဟုတ်သေးဘူး … ငါက လိင်ကွဲ အဝတ်အစားတွေ ဝတ်တဲ့သူ မဟုတ်ဘူးလေကွာ …
ဒီလိုဟာမျိုးတော့ မလုပ်ဘူးနော် … ဝတ်မဲ့အစား အသေခံပစ်လိုက်မယ် …
ရှန်ထျန်းက စိတ်ဆုံးဖြတ်လိုက်စဉ် လုကျီထံ ထပ်မံကျရောက်လာသော မိုးကြိုးသွားများကို မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရပြန်သည်။
အကြွင်းအကျန် မိုးကြိုးများက တောင်ကြားတစ်လျှောက် တဖြတ်ဖြတ်လက်နေသည်။
ကံဆိုးစွာဖြင့် ထို အကြွင်းအကျန် မိုးကြိုးလျှပ်စီးများက ရှန်ထျန်း ပုန်းနေသည့်နေရာဆီ ကွက်တိ ကျရောက်လာကြသည်။
ရှန်ထျန်းတစ်ယောက် သူ့တည်ရှိမှုကို ပြန်မေးခွန်းထုတ်မိသွားသည်။
ငါ့ခေါင်းပေါ်က အစိမ်းရောင်က အတုကြီးလား …
အနက်ရောင် စက်ဝန်းလည်း မဟုတ်တော့ဘဲနဲ့ ဘာလို့ ကံဆိုးနေရတာလဲ …
ဝုန်း …
ရှန်ထျန်း ပုန်းအောင်းနေသည့် နေရာဆီ မိုးကြိုးများ ကျရောက်လာကာ စွမ်းအားများက မြေပြင်တစ်လျှောက် ပြန့်နှံ့သွားလေ၏။
ရှန်ထျန်းက သူ့ခန္ဓာကိုယ်ထဲ ဖြတ်စီးသွားသော မိုးကြိုးများမှတဆင့် မည်မျှ အားကောင်းကြောင်း ရှင်းရှင်းလင်းလင်း ခံစားမိလိုက်သည်။ သူ့အသက်လေးကိုပင် ယူတော့မည့်အထိ ဗို့အားပြင်းလွန်းလှသည်။
သူက မီးစာကျမ်းနှင့် နတ်မိုးကြိုးငါးပါး ကျင့်စဉ်တို့ကို အသက်သွင်းလိုက်ကာ ကောင်းကင်မိုးကြိုးစမ်းသပ်ချက်၏ အကြွင်းအကျန် မိုးကြိုးများကို စုပ်ယူဖို့ ကြိုးစားလိုက်သည်။
ထိုစဉ် နတ်မိုးကြိုးများ သူ့ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားသောကြောင့် အားဖြည့်ပေးလိုက်သည့်အလား သူ့မျက်ခုံးစပ်ရှိ ဓာတ်နှော နတ်မိုးကြိုး အမှတ်အသားက တောက်ပလာလေသည်။
ရှန်ထျန်းက မိုးကြိုးများကို မည်မျှပင် မြန်မြန်ဆန်ဆန် စုပ်ယူစေကာမူ လုံးဝ မချေဖျက်နိုင်သေးပေ။ ဤသည်မှာ သူတော်စင်နယ်ပယ်အဆင့် တည်ရှိမှုကို ဆုံးဖြတ်ပေးမည့် နတ်မိုးကြိုး မဟုတ်ပါလော။
ဤအခြေအနေသာ ဆက်ဖြစ်နေပါက ရှန်ထျန်းအနေနှင့် လုကျီ၏ အဆင့်တက်လှမ်းမှုအပြီးတွင် သူ သူတော်စင်အကင် ဖြစ်သွားနိုင်ကြောင်း ခံစားမိလာသည်။
ထိုစဉ် လုကျီက ဒေါသတကြီး အော်ပြောလိုက်သည် “ သေစမ်း … ဒါက မိုးကြိုးကိုးသွယ်ထဲက ၄ ချက် မဟုတ်ဘဲ ၆ ချက် ဖြစ်နေတာပဲ ”
လုကျီက တစ်ကမ္ဘာလုံး၌ အထူးခြားဆုံး နွယ်ပင်အမျိုးအစိတ် ဖြစ်ကာ သူမ စွမ်းဆောင်ရည်တို့က သာမန်ကနဦး ဝိညာဉ်အဆင့် ကျင့်ကြံသူများကို ကျော်လွန်နေသော်လည်း ကောင်းကင်ဘုံက သူမအား မိုးကြိုးစမ်းသပ်ချက် ၄ ချက်အထက် ချီးမြင့်ပေးဖို့ ဆုံးဖြတ်ထားဟန်ပေါ်သည်။
ဤသည်မှာ မိုးကြိုးခြောက်ချက် ဖြစ်နေသည်။
သူမက သတ္တု၊ မီး၊ သစ်သားနှင့် ရေ မိုးကြိုးအမျိုးအစားလေးမျိုးကို ဖြတ်ကျော်ပြီးသွားသော်လည်း ယခုအခါ ငါးကြိမ်မြောက် မြေ နတ်မိုးကြိုးကို ဆက်လက် ခံယူရပေဦးမည်။
ငါးကြိမ်မြောက် နတ်မိုးကြိုးသည် မီတာရာချီ မြင့်မားသော ချီလင်အဖြစ် အသွင်ပြောင်းလဲသွားလေ၏။ ဤသည်မှာ လုကျီ ယခင်ရင်ဆိုင်ခဲ့ရသော နတ်မိုးကြိုးများထက်ပင် ပို၍ အားကောင်းနေသေးသည်။
နေအလင်းရောင်အောက်၌ ကြေးခွံတစ်ခုချင်းစီက တောက်ပြောင်နေကာ အသက်ဝင်လွန်းလှ၍ ဤသတ္တဝါကား နတ်မိုးကြိုးမှ ဖြစ်တည်လာသော သဏ္ဌာန်မှန်း ပြောနိုင်မည် မဟုတ်လောက်ပေ။
အကယ်၍ မိုးကြိုးစမ်းသပ်ချက်သာ ကျရောက်နေဆဲ ဖြစ်သည့်အချက်ကြောင့်သာ မဟုတ်လျှင် လူများစွာက တကယ့်အစစ်အမှန် ချီလင်အဖြစ် မှတ်ယူကြပေမည်။
“ ဒီမိုးကြိုးစမ်းသပ်ချက်က အရင်က မိုးကြိုးတွေထက်တောင် ပိုအားကောင်းနေသေးတယ်။ ကျွန်မအတွက် မတရားဘူး ”
လုကျီက မျက်လုံးမှေးကြည့်လိုက်ပြီး နွယ်ချောင်းများစွာကို ချီလင်ဆီ ပစ်လွှတ်လိုက်သည်။
မည်သို့ပင်ဆိုစေကာမူ ဤချီလင်ကား ငါးကြိမ်မြောက် နတ်မိုးကြိုးမှ ပြုလုပ်ထားသောကြောင့် တော်ဝင်သားရဲတစ်ကောင်၏ စွမ်းအား ပိုင်ဆိုင်ထားလေသည်။ ထို့ကြောင့် အံ့မခန်း အားကောင်းလွန်းလှသည်။
လူသားမျိုးနွယ်မှ သူတော်စင်တစ်ယောက်အနေနှင့် ဤသို့သော သားရဲမျိုးနှင့် ရင်ဆိုင်ရပါက သေကြေပျက်စီးသွားပေမည်။ သို့သော် အံ့ဖွယ်ဝါးမျိုနွယ်ပင်အတွက် ဤကဲ့သို့ မဟုတ်ပေ။ ဤမျိုးစိတ်မှာ ဝိညာဉ်သစ်သားဇယားတွင် အဆင့် ၉ ဖြစ်သောကြောင့် လုကျီသည် ဤချီလင်နှင့် ရင်ဆိုင်နိုင်စွမ်း ရှိ၏။
ထို့အပြင် သဘာဝဓာတ်ငါးမျိုးအနက် သစ်သားသည် မြေဓာတ်ကို ကျော်လွန်နိုင်သည် မဟုတ်ပါလော။ လုကျီက ချီလင်နှင့် လက်ရည်တူ ဖြစ်သည်မှာ မထူးဆန်းလှပေ။
တိုက်ပွဲအတွင်း ချီလင်ကြောင့် နွယ်ကိုင်းများစွာ ကိုက်ဖြတ်ခံလိုက်ရသည်။ ထို့ကြောင့် အဖြူနို့နှစ်ရည်တို့သည်လည်း တောင်ကြားတစ်ဝိုက် ဖြာကျကုန်သည်။
ရှန်ထျန်းက အရည်တချို့ကို ခံယူကာ သန့်စင်ပြီး သူ့ခန္ဓာကိုယ်ထဲ စုပ်ယူလိုက်သည်။ သူ့ဒဏ်ရာများကား အလျှင်အမြန် ပြန်လည် ကောင်းမွန်လာလေ၏။
ဤအရည်ကား ဒဏ်ရာပျောက်ကင်းနိုင်သည့်အတွက် အဖိုးမဖြတ်နိုင်သည့် ရတနာဖြစ်သည်မှာ သိသာလှသည်။
သို့သော် တိုက်ပွဲ၌ လုကျီက သားရဲကြီးကို ကြာပွတ်တစ်ခုပြီး တစ်ခုဖြင့် ရိုက်နှက်နေသည့်အတွက် စွမ်းအားကြီး ချီလင်ကို ရှုံးနိမ့်ပုံ မပေါ်ပေ။
နွယ်ပင်များက ချီလင်ကို ရိုက်မိသွားသည့်အချိန်အတိုင်း နေရာကို ဖောက်ခွဲမည့်တော့အလား ရွှေရောင်အလင်းတန်းများ လင်းလက်သွားသည်။
သို့သော်လည်း ရှန်ထျန်းအား အကြွင်းမဲ့ လက်ခံသွားစေသည်က ဤချီလင်၏ ငါးကြိမ်မြောက် နတ်မိုးကြိုးသည် ယခင်မိုးကြိုးများထက် လျှပ်စီးဓာတ် ပိုပြင်းသည့်အချက် ဖြစ်၏။
နတ်မိုးကြိုး ဆင်းသက်လာသည်နှင့် သူ တုန်တက်သွားတော့သည်။ တကယ်တော့ ရှန်ထျန်း၏ ဆံပင်များက လျှပ်စီးဓာတ်နှင့်အတူ ထောင်မတ်သွားလေသည်။
ရှန်ထျန်းက သူ့ကန့်သတ်ချက် ရောက်သွားကြောင်း ခံစားလိုက်ရသည်။ ဤအခြေအနေသာ ဆက်ဖြစ်နေပါက တောင့်မခံထားနိုင်လောက်တော့ပေ။
ထိုစဉ် လုကျီက နောက်ဆုံးရိုက်ချက်ကို ထုတ်လိုက်သည်။ ထိုရိုက်ချက်က ချီလင်၏ လည်မျိုကို ထိုးစိုက်သွားလေ၏။
အားပြင်းပြင်းနှင့် ဆွဲချလိုက်သည့်အခါ နွယ်ပင်က ချီလင် ခေါင်းတစ်ခုလုံးကို ပြုတ်ထွက်သွားအောင် လုပ်နိုင်လိုက်သည်။ ချီလင် ပေးခဲ့သော မိုးကြိုးသွားက ရုတ်ချည်း အသံမြည်ကာ လှံတစ်စင်းသဖွယ် ပြောင်းလဲသွားပြီး လုကျီ၏ ဧရာမ အဓိကနွယ်ပင်ဆီ စိုက်ဝင်သွားသည်။
ဝုန်း …
အံ့ဖွယ်ဝါးမျိုနွယ်ပင်ကြီး၏ အဓိက ကိုယ်ထည်ကား အက်လာလေ၏။ ဒဏ်ရာမှာ ပြင်းထန်လွန်းသည့်အတွက် ခါးကိုပင် ပြတ်လုနီးပါး ဖြစ်သွားလေသည်။
ထိုစဉ် ချီလင်၏ ဦးခေါင်းကား ရွှေရောင်အလင်းတန်းအဖြစ် ပြောင်းလဲသွားကာ တောင်ကြားဆီ ရောက်ရှိလာသည်။
ထိုအခိုက်အတန့်၌ ရှန်ထျန်းက ပြောစရာ စကားပင် ရှာမတွေ့တော့ချေ။
သူ့စိတ်ထဲ အတွေးတစ်ခုသာ ပေါ်လာလေသည်။
ဒီနတ်ဆိုးက ငါ့ကို သတ်ချင်နေတာပဲ …
ရှန်ထျန်းက သူ့ဆီ ကျရောက်လာနေသည့် ကြောက်ခမန်းလိလိ မိုးကြိုးကို ကြည့်ကာ အံ့ကြိတ်လိုက်ပြီး ဆုံးဖြတ်ချက် ချလိုက်တော့သည်။
ရွေးချယ်စရာ မရှိတော့ဘူး …
သူက အပြာဖျော့ဖျော့ ချပ်ဝတ်ကို ထုတ်ကာ အားအပြည့် အသက်သွင်းချလိုက်သည်။
ရှန်ထျန်း ရှေ့မှောက်၌ အပြာဖျော့ဖျော့ အကာအရံတစ်ခု ချက်ချင်း ပေါ်လာလေ၏။
အပြာဖျော့ချပ်ဝတ်နှင့် ဇာမဏီငှက်မွှေး မျက်နှာဖုံးကို ဝတ်ဆင်ထားသော ရှန်ထျန်းက ကြော့ရှင်းသပ်ရပ်စွာဖြင့် အကာအကွယ်နောက်မှ မတ်တတ်ရပ်လိုက်သည်။
သူက ကာကွယ်ရေးကို အားအပြည့် အသက်သွင်းထားပြီးလေပြီ။
သူ့လက်ထဲ၌ အလယ်အလတ် ဝိညာဉ်အဆင့် လိပ်နက်ဒိုင်းကို ကိုင်ဆောင်ထားသည်။ ဤလိပ်နက်ဒိုင်းမှ အစိမ်းဖျော့ဖျော့ အကာအကွယ် ထွက်ပေါ်နေပြီး ရှန်ထျန်းအား အပြင်ဘက်ဆုံးမှ ကာကွယ်ပေးထားသည်။ ဤသည်မှာ ပထမ အကာအကွယ် ဖြစ်ပြီး တောင်ကြားသို့ ကျရောက်လာသော မိုးကြိုးအကြွင်းအကျန်များကို ရှောင်ရှားဖို့ ဖြစ်၏။
ဒုတိယမြောက် အကာအကွယ်မှာ ရေလိပ်နက် ချပ်ဝတ်ဖြစ်ပြီး နတ်မိုးကြိုးငါးပါး ကျင့်စဉ်မှ ရရှိလာခြင်း ဖြစ်ပြီး ထိုချပ်ဝတ်နောက်ကွယ်တွင်ထိပ်တန်း ဝိညာဉ်အဆင့် နတ်ရေစင် ချပ်ဝတ်ကို ဝတ်ဆင်ထားသည်။ ဤသည်မှ အလင်းရောင် ခပ်ဖျော့ဖျော့ ထုတ်လွှင့်နေသော်ငြား နတ်မိုးကြိုးအများစုကို တားဆီးပေးနိုင်စွမ်း ရှိပေသည်။
အကယ်၍ ဤကာကွယ်ရေး သုံးခုလုံးက သူ့အား မကာကွယ်နိုင်ခဲ့လျှင် လေးခုမြောက် အကာအကွယ်ဖြစ်သည့် လိပ်နက်ခေါင်းဆောင်း ရှိနေသေး၏။
ကျင့်ကြံရေးလောကရှိ မည်သူကမှ ဤမျှလောက် ချပ်ဝတ်များကို ဝတ်ဆင်ကြမည် မဟုတ်ပေ။
အကြောင်းမှာ ကျင့်ကြံသူများတွင် ချီ ပမာဏ ကန့်သတ်ချက်ရှိနေ၍ ဖြစ်၏။ မည်သူကများ ကာကွယ်ဖို့ တစ်ခုတည်းအတွက် စွမ်းအားအကုန် သုံးပစ်မည်နည်း။
ထို့အပြင် ကာကွယ်ရေး အမျိုးအစား ဝိညာဉ်ပစ္စည်းများက သာမန် ဟင်းသီးဟင်းရွက်၊ ဂေါ်ဖီထုပ်များကဲ့သို့ မဟုတ်ချေ။ ကာကွယ်ရေး အမျိုးအစား ပြုလုပ်ဖို့အတွက် ပါဝင်ပစ္စည်း အမျိုးအစား များစွာ လိုအပ်ပေသည်။
ဆိုလိုသည်မှာ သူတို့က တိုက်ခိုက်ရေး လက်နက်များထက် ပို၍ ဈေးကြီး၏။
သူတို့တွင် လိုအပ်သော ပါဝင်ပစ္စည်းများ ရှိမနေသရွေ့ မည်သူကများ ကာကွယ်ရေးအတွက် အရင်းအမြစ်အားလုံးကို ကုန်ကျခံမည်နည်း။
မည်သို့ပင်ဆိုစေကာမူ ရှန်ထျန်းတစ်ယောက် စိတ်ခံစားချက်ကို ထည့်မတွက်တော့ဘဲ ချပ်ဝတ်ကို ဝတ်ဆင်သွားသည့်အတွက် ချီးကျူးရပေမည်။
သူက ကာကွယ်ရေးကို အဆုံးအစွန်အထိ မြင့်တင်လိုက်သောကြောင့် မိုးကြိုးစမ်းသပ်ချက်နှင့် ရင်ဆိုင်ဖို့ ယုံကြည်ချက် ရှိလာမိသည်။
သူ့ကို အံ့ဩသွားစေသည်က ရွှေရောင် နတ်မိုးကြိုးသည် သူ ရပ်နေသည့် နေရအနားပင် ကျရောက်မလာတော့ချေ။ အများစုက သူနှင့် ဆယ်မီတာအကွာလောက်ရှိ နေရာပေါ် ကျရောက်သွားသည်။ အမှုန်အမွှားတချို့သာ လာစင်လေ၏။
ဤသို့သော အမှုန်အမွှားလောက်ကို ရင်ဆိုင်ဖို့ရာကား အသေးအဖွဲ့သာ ဖြစ်သည်။
ရှန်ထျန်းက သူ့အား အမျိုးသမီး အဝတ်အစား ဝတ်စေဖို့ ဉာဏ်ဆင်ခံလိုက်ရသလို ခံစားလာရသည်။
ထို့နောက် လေပေါ်ရောက်သွားသကဲ့သို့ စိတ်သက်သာရာရမိသွားလေသည်။
ဘာလဲ … ဒါက အမျိုးသမီး အဝတ်အစား ဝတ်ရတဲ့ ခံစားချက်မျိုးလား …
ရှန်ထျန်းက သူ့အတွေးသူ ရပ်တန့်လိုက်သည်။
မဟုတ်သေးဘူး … တစ်ခုခုတော့ လွဲနေပြီ …
ရှန်ထျန်း တစ်ယောက် အတွေးတစ်ခု တွေးမိသွားသည်။ နောက်ဆုံးတွင် သူ မှတ်မိသွားလေပြီ။ စိတ်သက်သာရာရပြီး ပေါ့ပါးသွားသည့် ခံစားချက်မျိုးကို ပထမဆုံး တွေ့ကြုံခံစားဖူးခြင်း မဟုတ်ချေ။
တကယ်တော့ သူ့ကံကောင်းမှု တိုးမြင့်လာသည့်အခါတိုင်း ဤသို့သော ခံစားချက်မျိုးကို ရလေ့ရှိသည်။ ထိုအတွေးဖြင့် ရှန်ထျန်းက အိတ်ကပ်ထဲမှ ကြေးမုံကို မြန်မြန် ထုတ်ကြည့်လိုက်သည်။ သူ့ခေါင်းအထက်ရှိ ရောင်ဝါကို မြင်လိုက်ရသည့်အခါ ကြောင်အမ်းသွားတော့သည်။
မဖြစ်နိုင်တာ …
ယခင် သူ တခြားသူများကို ကံကြမ္မာအပြောင်းအလဲ အခွင့်အရေး ခန့်မှန်းပေးစဉ်အခါက ရောင်ဝါစက်ဝန်းမှာ အစိမ်းပုတ်ရောင် ဖြစ်သွားပြီးသား ဖြစ်၏။
သို့သော် ဘာလို့ ပြန်စိမ်းသွားရတာလဲ … ငါ့ကံကြမ္မာ ဆိုးရွားနေသေးတယ်ဆိုတဲ့ အဓိပ္ပါယ်လား …
ရှန်ထျန်း သတိထားမိလိုက်သည်မှာ ဤဖြစ်နိုင်ခြေကား သူ့မီးစာကျမ်း၌ အဆင့်တက်သွား၍သာ ဖြစ်ရမည်။
ကျင့်ကြံရေးလောက၌ မီးစာကျမ်းသည် ကျိန်စာတိုက်ခံထားရသော ကျင့်စဉ်တစ်ခုအဖြစ် နာမည်ကျော်ကြားပေသည်။ ထိုကျင့်စဉ်ကို ကျင့်ကြံသူတိုင်းက ကံဆိုးလာတတ်ကြသည်။
ရှန်ထျန်းက ကြာပြာ ကောင်းကင်အသျှင်၏ မည်းနက်နေသော ရောင်ဝါစက်ဝန်းကို မြင်ထားသော်လည်း ဤကောလဟာလအပေါ် သံသယရှိနေဆဲ ဖြစ်၏။
ယခုတွင် ထိုကောလဟာလသည် အမှန်တရား ပါဝင်နေကြောင်း ယုံကြည်သွားတော့သည်။ မဟုတ်လျှင် သူ့ကံကြမ္မာ ပိုဆိုးရွားသွားသည့် အခြားအကြောင်းအရင်း မရှိချေ။
ငါက မြို့တော်ဆီ ပြန်ပေမဲ့ ဒီတောင်ကြားထဲ ရောက်လာတာ မထူးဆန်းတော့ပါဘူး …
ဒါတွေအားလုံးက မီးစာကျမ်းကြောင့်ပဲ … ဟူး ငါ့ရောင်ဝါက သိပ်မစိမ်းပြန်တော့ဘူး …
သို့သော်လည်း သူ့ကံကြမ္မာက ဆိုးရွားနေလျှင် စောစောလေးက ခံစားချက်ကား ရှန်ထျန်းအား အတွေးများသွားစေသည်။
သူ့အား အံ့ဩသွားစေသည်က သူ့ကံကြမ္မာရောင်ဝါစက်ဝန်းသည် တဖန်ပြောင်းလဲသွားခြင်း ဖြစ်၏။
အစိမ်းရောင်မှ အစိမ်းပုတ်ရောင်အဖြစ် စတင် ကူးပြောင်းလာလေသည်။
တကယ််တော့ ယခင်ကထက်ပင် ပို၍ အစိမ်းပုတ်ရောင် ဖြစ်သွားသေးသည်။ ယခု အစိမ်းပုတ်ရောင်က အုပ်မှိုင်းနေသောကြောင့် ပိုမို အသက်ဝင်လာသည်။
ငါ့ရောင်ဝါစက်ဝန်း ဆိုးရွားသွားတာက မီးစာကျမ်းကြောင့်ဆိုရင် ဘယ်လိုပြန်ပြီးတော့ အဆင့်မြင့်လာတာလဲ …
အမျိုးသမီး အဝတ်အစားတွေက ငါ့ကံကောင်းမှု ကံကြမ္မာကို တိုးတက်လာစေတာများလား …