← Chapters

အပိုင်း(၈၁)-ပြဿနာဖြစ်ခြင်း ၁

Vol. 001 Ch. 81

အပိုင်း(၈၁)-ပြဿနာဖြစ်ခြင်း ၁

Vol. 001 Ch. 81

“ယူယူ မင်းမှာဘယ်လိုလုပ် ဒီချိုခါးအနံ့မြင်ပင်ရှိနေတာလဲ” ဝေကျိရွှီတအံ့တသြမေးလိုက်သည်။

“ပြီးခဲ့တဲ့တစ်ခေါက်က ငါခူးလာတာ လုပ်စရာမရှိတာနဲ့” ရှီမာယူယူရှင်းပြသည် “ငါတို့မှာ ချိုခါးအနံ့မြက်ပင်ရှိပြီဆိုတော့ ဘာဆက်လုပ်ကြမလဲ”

“ငါတို့ ချိုခါးအနံ့မြက်ပင်ကို မီးရှို့လိုက်ရင် အငွေ့တွေအဲဘက်သွားတဲ့အချိန်ကျရင် မေ့ဆေးအရှိန်ပျယ်သွားလိမ့်မယ်” ဝေကျိရွှီရှင်းပြသည်။

“အလုပ်ဖြစ်ပါ့မလား” ဖက်တီးကျူမေးလိုက်သည်။

“အလုပ်ဖြစ်မလား မဖြစ်ဘူးလား စမ်းကြည့်မှသိမှာပဲ” ရှီမာယူယူ ချိုခါးအနံ့မြက်ပင်ကို လက်တွင်တင်ကာ မီးရှို့လိုက်သည်။

ချိုခါးအနံ့မြက်ပင်သည် အမည်အရသာ ‘ခါး’ ဆိုသည် စကားလုံးပါသည်၊ ထွက်လာသော အငွေ့သည် မသိမသာ မွှေးသည်။ သူမလက်ထဲမှ အနံ့ထွက်လာသည်နှင့် စခန်းချရာနေရာသို့ပစ်လိုက်သည်။

“ဘုန်း….”

အချိန်တစ်ခုကြာအောင်မေ့နေသော ဝိညာဉ်သားရဲများသည် ထိုအနံ့အားရသောအခါတွင် မေ့ဆေးပျယ်သွားသည်ကို သူတို့သည် သတိမထားမိလိုက်ကြပေ။ သူတို့သည် ချိုခါးအနံ့မြက်ပင် အနံ့အားရသည်နှင့် ဒေါသထွက်သည့် အရိပ်အယောင်များဖြစ်လာတော့သည်။

“ဒီကောင်ကဘာဖြစ်နေတာလဲ” သူတို့သည် ထိုဝိညာဉ်သားရဲများ၏ တုန့်ပြန်မှုကိုမြင်သည်လိုက်သည်၊ ဟောင်ယူစီမှတ်ချက်ပေးလိုက်သည် “အဘိုးကြီးမူ ငါတို့ကိုပေးလိုက်တဲ့ ပစ္စည်းတွေက ဘာပြဿနာမှမရှိပါဘူးနော် ဟုတ်တယ်မလား”

“မဖြစ်နိုင်ပါဘူး” ဆရာကြီးမူက အခိုင်အမာပြောသည် “ပြီးခဲ့တဲ့ သားရဲတွေရော ဒီလိုမဖြစ်ဘူးမလား”

သူထိုစကားပြောရုံရှိသေးသည်၊ လူနှစ်ယောက်သည် စခန်းချရာနေရာသို့ စိုးရိမ်စွာ တဟုန်ထိုးပြေးလာပြီး စိတ်လှုပ်ရှားစွာပြောလိုက်ကြသည် “ဆရာ၊ အထဲက ဝိညာဉ်သားရဲတွေက အခြေအနေမကောင်းတော့ဘူး၊ မေ့ဆေးပျယ်သွားတဲ့ပုံပေါက်နေပြီ”

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ ငါသုံးတဲ့မေ့ဆေးက ပျယ်ဖို့အနည်းဆုံးတစ်လကြာတယ်” ဆရာကြီးမူက ယုံကြည်ချက်အပြည့်ဖြင့်ပြောသည်။

“ဟားဟား မင်းက မကောင်းတာတွေလုပ်လွန်းတော့ မေ့ဆေးကလည်း အလုပ်မဖြစ်တော့တာနေမှာပေါ့” ရှင်းဝူရာကျယ်လောင်စွာရယ်လိုက်သည်။

“မင်းမဖြစ်နိုင်တာပြောနေတာပဲ” ဟောင်ယူစီ ချက်ချင်းပင် ရှင်းဝူရာမျက်နှာအား လက်သီးဖြင့်ထိုးလိုက်လေသည်။

“ဒီလူက ငါတို့လုပ်နေတာတွေသိနေတယ်၊ ပြီးတော့ သူက ဝန်ထုတ်ဝန်ပိုးပဲ သူ့ကိုဒီမှာထားသွားရအောင်” ဆရာကြီးမူသည် ရှင်းဝူရာအားအေးစက်စွာကြည့်လိုက်သည်။

“ဆရာကြီးမူပြောတာဟုတ်တယ်၊ ဒီလူငယ်ဦးစီးမှူးကို ခရီးရောက်အောင်ပို့လိုက်ကြအောင်” ဟောင်ယူစီပြောလိုက်သည်။

“ဟုတ်ကဲ့ ဆရာ” လူနှစ်ယောက်သည် တုန့်ပြန်ကာ သူတို့၏ အဆင့်နှစ်းဓားရှည်များကိုထုတ်လိုက်ကြကာ ရှင်းဝူရာအားသတ်ရန်ပြင်လိုက်ကြသည်။

“ရပ်လိုက်” အသံတစ်သံသည် ပျံ့လွင့်လာပြီး လူနှစ်ယောက်အားရပ်တန့်စေသည်။ ထို့နောက် သူတို့သည် ရှေ့တွင် လျပ်တပြက်ပေါ်လာသောလူအား ထင်မြင်ချက်ပေးနေတုန်းမှာပင် လွင့်ထွက်သွားကြလေသည်။

ရှင်းဝူရာသည် အစပိုင်းတွင် မျက်စိမှိတ်ကာ တစ်ယောက်တည်းလာခဲ့သည့်အတွက် နောင်တရကာ သေရန်စောင့်ဆိုင်းနေခဲ့သည်။ သို့သော် သူမျှော်လင့်ထားသလို နာကျင်မှုမရောက်ရှိခဲ့ပါ။ ထို့နောက် လူနှစ်ယောက်အော်သံကိုကြားရာ မျက်စိဖွင့်လိုက်သောအခါ သူ့ရှေ့တွင် ပြတ်သားသော ပုံရိပ်ရပ်နေသည်ကို တွေ့လေသည်။

“ညီမလေး ဘေဂုံလား” ရှင်းဝူရာ စိတ်ချစွာပြောလိုက်သည်။

“အစ်ကိုကြီးရှင်း၊ အဆင်ပြေလား” ရှီမာယူယူနှင့် ဝူရန်ဖေတို့သည် ပုန်းရာမှထွက်လာကာ ရှင်းဝူရာအားကြည့်ပြီးပြောလိုက်သည်။

ရှင်းဝူရာခေါင်းခါလိုက်ပြီး ပြောလိုက်သည် “ငါအဆင်ပြေတယ်၊ မင်းတို့ဒီမှဘာလုပ်နေကြတာလဲ”

“ကျွန်တေ်တို့ဒီကနေဖြတ်သွားတာ သူတို့မင်းကိုသတ်ဖို့လုပ်နေတာတွေ့တာပဲ” ရှီမာယူယူပြောလိုက်သည်။

အစပိုင်းတွင် သူတို့အား လွင့်အောင်လုပ်သော မျိုးနွယ်ကြီးမှလူများဖြစ်သည်ဟု ထင်ခဲ့သည်။ သို့သော် ထိုသုံးယောက်သည် နို့နံ့မစင်သေးသော ကလေးများဖြစ်နေသည်။

“မင်းတို့သုံးယောက်က ငယ်သေးတယ်၊ ဒါပေမယ့်သူများကိစ္စကိုဝင်ပါတတ်တယ်၊ မင်းတို့သေသွားရင် ဘယ်သူ့ကိုမှအပြစ်မတင်နဲ့” ဟောင်ယူစီအေးစက်စွာပြောလိုက်သည်။

ရှီမာယူယူနှင့် ကျန်သုံးယောက်သည် သူတို့ဇာတ်လမ်းတွင် ဝင်ပါကာ အစီအစဉ်ကိုဖျက်ဆီးလိုက်သေးသည် ထို့အပြင် သူတို့သည် ရှင်းဝူရာနှင့် သိကျွမ်းနေကြသည်။ ထို့ကြောင့်သူတို့အား ဒီနေရာမှထွက်ခွာခွင့်မပြုနိုင်ပေ။

“နောက်ထပ်သုံးယောက်ကလည်း သေချင်နေတာပဲ” ဆရာကြီးမူသည် မျက်မှောင် ကြုတ်ကာပြောလိုက်သည် “ငါတို့အစီစဉ်ကို တခြားသူတွေအသိမခံနိုင်ဘူး၊ သူတို့ကတစ်ဖွဲ့တည်းဆိုတော့ ခရီးတစ်ခုထဲကိုပို့ပေးရမယ်”

ထိုအကြင်နာမဲ့သော စကားလုံးများကို ပြောပြီး သူတို့သည် တခြားသူများ၏အသက်တွေကို သဘောထားသည်မှာ ပုရွက်ဆိတ်တစ်ကောင်ထက်ပင်မပိုပေ။

“မင်းငါတို့ကိုသတ်ချင်ရင် မင်းတို့မှာ အရည်အချင်းရှိလားမရှိလားပေါ်မှာ မူတည်တယ်” ရှီမာယူယူပြုံးကာပြောလိုက်သည်။

“ဟားဟား မင်းတို့သုံးယောက်ကိုသတ်ဖို့ ငါတို့က ဘာအရည်အချင်းတွေလိုဦးမှာလဲ” ဟောင်ယူစီ ကျယ်လောင်စွာ ဟားတိုက်ရယ်လိုက်ကာ ပြောလိုက်သည် “ငါတို့လူနှစ်ယောက်ကပဲမင်းတို့ကို ဂရုစိုက်လိမ့်မယ်၊ အာစို၊ အာစီမင်းတို့နှစ်ယောက်သွား”

“ဟုတ်ကဲ့ဆရာ” ထိုလူထွားကြီးနှစ်ယောက်သည် အုပ်စုထဲမှထွက်လာကာ ရှီမာယူယူနှင့် ကျန်သောသူများကို အေးစက်စွာပြုံးပြလိုက်ပြီး ချည်းကပ်လာသည်။ “ကလေးတို့ မင်းတို့ဘယ်သူ့ကိုမှ အပြစ်မတင်ပါနဲ့ ငါတို့ အစီအစဉ်ကိုသိဖို့ စပ်စပ်စုစုဝင်ပါတတ်တဲ့မင်းတို့ကို မင်းတို့ပဲအပြစ်တင်ကြပါ၊ အချိန်တန်ရင် လူသေကပဲ သူတို့ပါးစပ်တွေပိတ်သွားလိမ့်မယ်”

“အာစို သူတို့ကိုဘာတွေပြောနေသေးတာလဲ၊ မြန်မြန်လှုပ်ရှားတော့” ဟောင်ယူစီ တိုက်တွန်းလိုက်သည်။

ရှီမာယူယူနှင့် ဝူရန်ဖေ အကြည့်ချင်းဖလှယ်လိုက်ကြပြီး သူတို့နှင့် နီးကပ်လာသော အာစိုနှင့် အာစီကိုကြည့်လိုက်ကြသည်။ သူတို့နှစ်ယောက်သည် တပြိုက်နက် ပြေးသွားကာ အသိလက်လွတ်ဖြစ်သွားသော နှစ်ယောက်အား လွင့်ထွက်အောင်ကန်လိုက်ကြသည်။

ဝူရန်ခြေတစ်လှမ်းဆုပ်လိုက်ပြီး သူလွင့်ထွက်အောင်ကန်လိုက်သော လူအားမကြည့်ပဲ ရှီမာယူယူအားကြည့်လိုက်သည်။

သူသည် ခန္ဓာကိုယ်ကို အမြဲလေ့ကျင့်နေသူဖြစ်သည။ အဆင့်နှစ်ဓားရှည်သခင်လောက်ကို သူ့ခန္ဓာကိုယ်သည် ခံနိုင်သည်။ ဝိညာဉ်သခင်ကို လွင့်အောင်လုပ်နိုင်ခြင်းသည် အလုပ်ကြီးတစ်ခုဖြစ်သည်။ လူကြီးတစ်ယောက်လွင့်ထွက်အောင် ကန်နိုင်သော ရှီ်မာယူယူ၏ သန်မာမှုကို သူအံ့သြမိသည်။

သူ့ခန္ဓာကိုယ်သည် ပေါ့ပါးနေရုံသာမက သူ့အားအင်သည်လည်း အံ့သြစရာပင်။

“သေစမ်း”

အာစိုနှင့် အာစီတို့သည် ကလေးနှစ်ယောက်ဆီမှ အကန်ခံလိုက်ရသဖြင့် သူတို့အသင်းသားများရှေ့တွင် အရှက်ရသွားကြသည်။ အထူးသဖြင့် ဆရာကြီးမူသည် ရပ်ကြည့်နေခဲ့သည်။

သို့သော် သူတို့သည် ယုံကြည်မှုလွန်ကဲနေပြီး ထိုကလေးနှစ်ကောင်သည် သူတို့သတိလွတ်သည်ကို အခွင့်ကောင်းယူသည်ဟု ထင်ခဲ့ကြသည်။ ထို့ကြောင့် သူတို့နှစ်ယောက်သည် မြေပေါ်မှ ကပျာကယာ ထလိုက်ကြပြီး ရှီမာယူယူနှင့် ကျန်သူများဆီသို့ ချည်းကပ်သွားလိုက်ကြသည်။

“ပြေး” ရှီမာယူယူ ကျယ်လောင်စွာ အော်လိုက်ကာ စခန်းချရာမြေမှ ပြေးထွက်လိုက်သည်။

သူမ အခုလေးတင် စကားဆုံးသည် ဝူရန်ဖေသည် သူမထက်ခြေတစ်လှမ်းစောနေသည်ကို သတိပြုမိလိုက်သည်။

“သေစမ်း”

တစ်ခုခုဖြစ်လျှင် အရင်တိုင်ပင်ထားသော်လည်း ဝူရန်ဖေသည် သူမထက်မြန်လိမ့်မည်ဟု ထင်မထားပေ။

သူတို့နှစ်ယောက်သည် တစ်နေရာလုံးအားစူးစမ်းပြီးဖြစ်သည်။ သူတို့သည် ဝေးဝေးမပြေးပါ။ စခန်းချရာနေရာအား ပတ်ပြေးခြင်းဖြစ်သည်။ အာစိုနှင့် အာစီသည် သူတို့အား အမောတကောပြေးလိုက်သော်လည်း ဖမ်းမမိချေ။

“သူတို့နောက်ကိုမြန်မြန်လိုက်၊ သူတို့ကိုအလွတ်မပေးနိုင်ဘူး” ဆရာကြီးမူသည် အော်လိုက်သည်။

“မြန်မြန် မြန်မြန်လိုက်၊ သူတို့လွတ်သွားရင် မင်းတို့ခေါင်းတွေ ပြုတ်ပြီသာမှတ်” ဟောင်ယူယူသည်လည်း ချိန်းခြောက်လိုက်သည်။

လူအနည်းငယ်သည်လည်း သူတို့အားလိုက်ရန်အားဖြည့်လိုက်ကြသည်။

အားလုံး၏ အာရုံသည် ရှီမာယူယူနှင့် ကျန်သူများဆီသို့ရောက်နေကြသည်ကို ရှင်းဝူရာမြင်လိုက်သည်။ သို့သော် သူထွက်ပြေးလျှင် ဘယ်သူမှသတိထားမိမည်မဟုတ်ပေ။

သူ ဘေဂုံထန်ဘေးသွားလိုက်ပြီး လေသံဖြင့်ပြောလိုက်သည် “ညီမလေးဘေဂုံ ခဏတော့ ငါသူတို့အာရုံကို ဆွဲထားလိုက်မယ်၊ မင်းအခွင့်အရေးယူပြီး မြန်မြန်ထွက်ပြေး”

“ငါ့တာဝန်က မင်းကိုကာကွယ်ဖို့ပဲ ပြေးဖို့မဟုတ်ဘူး” ဘေဂုံထန်အေးစက်စွာပြောလိုက်သည်။ “ငါတို့နည်းနည်း တောင့်ခံနိုင်ရင် အဆင်ပြေသွားမှာပါ”

ဘေဂုံထန် လုံးဝသေချာနေသည်ကို ရှင်းဝူရာမြင်ပြီးနောက် နောက်ထပ်လူနှစ်ယောက်ရှိမနေသည်ကို သတိထားမိလိုက်သည်။ သူတို့တွင် အစီအစဉ်ရှိနေပြီးဖြစ်သည်ကို ခန့်မှန်းမိလိုက်ပြီး သူမအားထွက်သွားရန် မတိုက်တွန်းတော့ပေ။

လူအနည်းငယ်သူတို့နှစ်ယောက်နောက်လိုက်နေသော်လည်း ရှီမာယူယူနှင့် ဝူရန်ဖေတို့၏ အရည်အချင်းသည် မဆိုးလှပေ၊ လေးယောက်နှစ်ယောက် တိုက်ခိုက်ရန်ခက်ခဲသည်။ အထူးသဖြင့် သူတို့ဘက်တွင် လူအများကြီးရှိနေသည်။ ကြေးစားအုပ်စုသည် သူတို့နှစ်ယောက်အား ဖိအားပေးကာ အလယ်တွင်ထားပြီး ဝိုင်းလိုက်ကြသည်။

“ဒီကောင်တွေ မင်းတို့အခုဘယ်ပြေးကြမလဲ” အာစိုသည် ဒီနှစ်ယောက်အတွက် အချိန်ဒီလောက်ကုန်လိမ့်မည်ဟု ထင်မထားခဲ့ပေ။ သူတို့နှစ်ယောက်သည် ရွံ့ထဲမှငါးလိုပင် အချိန်တိုင်းတွင်မိမလိုဖြစ်သော်လည်း လွတ်ထွက်သွားသည်သာ။

“ပြေးမလား” သူတို့အား ဝိုင်းထားသော လူများကို ရှီမာယူယူကြည့်ကာ ခေါင်းခါလိုက်ပြီးပြောလိုက်သည် “အခု ပြေးရမှာ ငါတို့မဟုတ်ဘူး မင်းတို့ပဲ”

“ဟားဟား အခုက ရာမငရဲမင်းကိုသွားတွေ့ရမှာက မင်းတို့လေ၊ ဒါပေမယ့် ငါတို့ကို လာခြောက်နေတယ်ဟုတ်လား…..”

ဟိန်းသံထွက်ပေါ်လာသည်။

တဲထဲမှ ဟိန်းသံထွက်လာသောအခါ အာစီစကားကိုဆက်မပြောနိုင်တော့ပေ။ ထို့နောက် ဝိညာဉ်သားရဲများသည် စတင်ဟိန်းဟောက်ကြသည်။ တစ်ကောင်ပြီးတစ်ကောင် ဟိန်းလိုက်ကြသည်။ စခန်းတွင်ရှိနေသောသူများသည် ကြောက်လန့်သွားကြလေသည်။

All Chapters