← Chapters

ဓာတ်ငါးပါး ယန်နတ်မိုးကြိုးငယ် ပညာရပ်ခွဲ

Vol. 11-16 Ch. 152

ဓာတ်ငါးပါး ယန်နတ်မိုးကြိုးငယ် ပညာရပ်ခွဲ

Vol. 11-16 Ch. 152

အခန်း (၁၅၂)  :  ဓာတ်ငါးပါး ယန်နတ်မိုးကြိုးငယ် ပညာရပ်ခွဲ

ဧရာမ အံ့ဖွယ်ဝါးမျိုနွယ်ပင်ကြီးက အလွန်လျှင်မြန်စွာ ညိုးနွမ်းလာကာ အဆီအနှစ်တို့မှာလည်း ငွေဖြူရောင် အလင်းတန်းအဖြစ် ပြောင်းလဲသွားကြ၏။

သိပ်မကြာခင် အလင်းရောင်မှ အမည်မသိ အရည်အဖြစ် ဖွဲ့တည်လာလေသည်။

အရောင်အားဖြင့် လေးလံအဆီအနှစ် ရေစင်နှင့် ဆင်တူသော်လည်း ခံစားချက်ချင်း လုံးဝ မတူပေ။

ရှန်ထျန်းက လေးလံအဆီအနှစ် ရေစင်ကို စုပ်ယူ၍ မသန့်စင်ခင်အထိ အားပြင်းကာ ကြမ်းကြုတ်ဟန် ရှိခဲ့သည်။ သို့သော် ဤအရည်ကား အသက်ဓာတ်အပြည့် ဖြစ်နေပြီး ကြည့်ရသည်မှာ မျက်စိပသာဓ ဖြစ်လွန်းလှသည်။

ထိုအရည်ကို မြင်လိုက်ပြီးနောက် ရှန်ထျန်း၏ မီးစာကျမ်းက အလွန်အမင်း စိတ်လှုပ်ရှားကာ လိုချင်တပ်မက်စိတ်ကြီးလာပြန်သည်။

ရှန်ထျန်း ကြုံတွေ့ရသော ပထမအခေါက်ထက် တုံ့ပြန်မှု ပိုအားကောင်းလာသည်။

ရှန်ထျန်းက စိတ်ကို မလွတ်လိုက်ပေ။

လုကျီက မသေသေးလေရာ ထိုအရည်ကို သွားယူပါက ကိုယ့်သေတွင်းကို တူးသလို ဖြစ်ပေမည်။

ဤအခြေအနေမျိုး၌ သူ့အနေနှင့် စိတ်တည်တည်ငြိမ်ငြိမ် ထားဖို့ လိုအပ်နေသည်။

ရှန်ထျန်းက ကျောက်တုံးနောက်တွင် ပုန်းနေရင်း သူ့တည်ရှိမှုကို အပြည့်အဝ ဖုံးကွယ်ထားသည်။  သူ့တွင် ဇာမဏီငှက်မွှေး မျက်နှာဖုံးလည်း ဝတ်ဆင်ထားသလို လုကျီကလည်း ပတ်ဝန်းကျင်ကို စစ်ဆေးမကြည့်တော့ချေ။ ထို့ကြောင့် ရှန်ထျန်းက ယခုအချိန်အထိ ပုန်းအောင်းနေနိုင်ခြင်း ဖြစ်၏။ ရွံ့တွေ၊ ကျောက်တုံးတွေ အကူအညီဖြင့် သူ့ကို သတိပြုမိဖို့ အတော်ခက်ခဲလှပေမည်။

နောက်ဆုံးတွင် အံ့ဖွယ်ဝါးမျိုနွယ်ပင် တစ်ခုလုံး ခြောက်သွေ့သွားပြီး နောက်ဆုံးသော နွယ်ပင်တစ်ခုသာ ကျန်ရှိခဲ့သည်။ ထိုအရာက အရောင်တောက်တောက် တောက်ပနေဆဲ ဖြစ်၏။

နွယ်ပင်ကြီးက ဖြည်းဖြည်းချင်း ပုံပြောင်းလာကာ လုကျီ၏ ဝိညာဉ်နှင့် နှောင်ဖွဲ့သွားလေသည်။ ဤသည်မှာ လုကျီ၏ တကယ့်သွင်ပြင် အစစ်အမှန် ဖြစ်ပြီး ယခုထက် များစွာ အားကောင်းခဲ့သည်။

သူမက နတ်မိုးကြိုး ပုံရိပ်ငါးခုဆီ ခုန်ဝင်လိုက်သည်။ သူမအောက်ရှိ မြေကြီးမှာ အက်ကွဲလာပြီး လှိုင်းလုံးများသဖွယ် ထွက်ပေါ်လာကာ ဘေးနား မီတာရာချီ ပျက်စီးသွားစေသည်။

ဝုန်း …

ဖုန်မှုန့်တွေကြားမှ မြစိမ်းရောင် အလင်းတန်းက နတ်မိုးကြိုး သဏ္ဍာန်ငါးခုဆီ တိုးဝင်သွားကာ ပေါက်ကွဲထွက်သွားသည်။

လုကျီက သူမအသက်ကို အဆုံးသတ်ပစ်ဖို့ ရွေးချယ်ခဲ့သည်။ မည်သို့ အဆုံးသတ်ပစ်ရမည်ကိုလည်း ရွေးချယ်သွားခဲ့သည်။ သူမက ဂုဏ်ရှိရှိ သေလို၏။

လုကျီ၏ သေကြောင်းကြံစည်မှု တိုက်ခိုက်မှုက အားပြင်းလွန်းသောကြောင့် ဘယ်အရာမှ နှိုင်း၍ ရမည် မဟုတ်ပေ။ ပေါက်ကွဲမှုအပြီး အစိမ်းရောင် အလင်းတန်းက နတ်မိုးကြိုးအလင်းတန်းများထက် ပို၍ပင် တောက်ပလာသည်။

ကောင်းကင်ယံရှိ သဏ္ဌာန်ကြီးက စတင် အက်ကွဲလာကာ ဓာတ်နှော နတ်မိုးကြိုးလည်း မြေပြင်ပေါ်သို့ ကျောက်တုံးသဖွယ် ကျဆင်းလာသည်။ တောင်ကြားတစ်ခုလုံး လျှပ်စီးများ ပြည့်နှက်သွားပြီး နေရာအနှံ့ ရွှေရောင်အလင်းများ တောက်ပနေလေ၏။

“ ကောင်းကင်ဘုံက ဘက်မလိုက်ဘူးလို့ ပြောကြပေမဲ့ လူသားတွေကို ဘာလို့ မျက်နှာသာပေးရတာလဲ … လုံးဝကို မတရားဘူး။ ဒီရလဒ်ကို လုံးဝ လက်မခံနိုင်ဘူး။ ကျွန်မ ဒီနေ့ သေဆုံးသွားရပေမဲ့ ပြန်လာခဲ့မယ်။ ကျွန်မကို ဘယ်သူမှ မတားဆီးနိုင်စေရဘူး ”

လုကျီ၏ ရယ်မောသံက တောင်ကြားတခွင် ပဲ့တင်ထပ်သွားလေ၏။

ရှန်ထျန်းက အဖြစ်အပျက်ကို သိဖို့ အချိန်မရှိလိုက်ပေ။ သူ နတ်မိုးကြိုး သဏ္ဌာန်ငါးခု အက်ကွဲလာသည့်အခါ အများကြီး ခံစားလိုက်မိသည်။

အစပိုင်းတွင် သူက ကောင်းကောင်း နားမလည်နိုင်ခဲ့သော်ငြား ပေါက်ကွဲမှုအပြီးတွင် ရှန်ထျန်းက ကပ်ဘေးတဖန် ကျင့်စဉ်ဖြင့် ထိုပုံရိပ်ပေါ် အများကြီး လေ့လာနိုင်ခဲ့သည်။

သူက ကောင်းကင်မိုးကြိုးစမ်းသပ်ချက်၏ တစိတ်တပိုင်း ဖြစ်သွားသလိုမျိုး ခံစားလိုက်ရသည်။

သူ့ဓမ္မအခြေခံအုတ်မြစ်သည်လည်း ကောင်းကင်က အရာနှင့် လုံးဝကို ဆင်တူနေကြောင်း ခံစားမိလိုက်သည်။ ထို့နောက် အံ့ဖွယ်သင်္ကေတများက စတင်ပြောင်းလဲလာကာ နဂါးပြာ၊ ကျားဖြူ၊ ကြက်သွေးရောင် ဇာမဏီ၊ လိပ်နက်နှင့် စွမ်းပကား ချီလင် သဏ္ဌာန်တို့ ပေါ်လာသည်။

ရှန်ထျန်းက လေထုထဲ မျှောလွှင့်နေသည့် မိုးကြိုးအမှုန့်အမွားများက သူနှင့် အလွန်နီးစပ်ကြောင်း ခံစားနေမိပြီး သူ့အား ထိခိုက်အောင် လုံးဝမလုပ်ကြောင်း ယုံကြည်ထားသည်။ သူက ကောင်းကင်မိုးကြိုးစမ်းသပ်ချက်မှ စွမ်းအားတစိတ်တပိုင်းကို အသုံးပြုနိုင်လိမ့်မည်ဟုပင် ထင်နေမိသည်။

ခံစားချက်ကား အလွန်ထူးဆန်းလှသည်။ ရှန်ထျန်းက အတွေးများဖြင့် ယောက်ယက်ခတ်နေလေသည်။

သူက အပျက်အစီးများကြား ထိုင်ကာ မျက်လုံးကို မှိတ်ထားလိုက်သည်။

တိမ်များ ကင်းစင်သွားသော်လည်း မိုးကြိုးအမှုန်အမွားများက ကျန်ရှိနေဆဲ ဖြစ်၏။ ထို့နောက် ရှန်ထျန်းက အသံအကျယ်ကြီး အော်ကာ ထိုအမှုန်အမွှားများကို သူ့ဆီ ဆွဲယူလိုက်သည်။

မိုးကြိုးအမှုန်အမွားများက ရှန်ထျန်း ခန္ဓာကိုယ်ထဲ ဝင်သွားလေလေ သူ့နဖူးအထက်ရှိ နတ်မိုးကြိုး သင်္ကေတအမှတ်အသားသည်လည်း ယခင်ထက် ပို၍ တောက်ပလာလေ၏။

မကြာခင် ရှန်ထျန်း မျက်ခုံးစပ်ရှိ အမှတ်အသားက နေမင်းသဖွယ် တောက်ပနေလေပြီ။

ဆန်းကြယ်အမှတ်အသားများက ရှန်ထျန်း ခန္ဓာကိုယ်ဆီ စီးဆင်းသွားလေ၏။ ထိုအမှတ်အသားများ၏ အရောင်မှာ ရွှေရောင် ဖြစ်နေသောကြောင့် သူ့ကို ကြည့်ရသည်မှာ ရွှေချပ်ဝတ် ဝတ်ဆင်ထားသလို ဖြစ်နေသည်။

အမှတ်အသားများ ပေါ်လာသည့်အခါ ရှန်ထျန်း၏ ခန္ဓာကိုယ်မှာ ဓာတ်နှောနတ်မိုးကြိုးကြောင့် အနည်းငယ် ပြောင်းလဲခံလိုက်ရသည်။

……………...

အံ့ဖွယ်မိုးကောင်းကင်၏ မိုးကြိုးဧကရာဇ်ကျမ်းတွင် အခြေခံအပြင် ပင်မကျင့်စဉ် သုံးမျိုး ပါရှိ၏။

အရင်ဦးစွာ နတ်မိုးကြိုးငါးပါး ကျင့်စဉ် ဖြစ်၏။ ဤသည်မှာ နတ်မိုးကြိုးမှ ပြုလုပ်ထားသော အဝေး တိုက်ခိုက်မှုမျိုးအတွက် ဖြစ်သည်။

ဒုတိယအနေနှင့် မိုးကြိုးဧကရာဇ် ကိုယ်ထည်မာ ကျင့်စဉ် ဖြစ်ပြီး ဤသည်မှာ ရုပ်ပိုင်းဆိုင်ရာ တိုးတက်လာစေကာ အနီးကပ်တိုက်ခိုက်မှုများအတွက် ဖြစ်၏။ သို့သော်လည်း ထိုအရာနှစ်ခုက တစ်ခုနှင့် တစ်ခု အလွန်အသုံးတည့်လှသည်။

မိုးကြိုးဧကရာဇ် ကိုယ်ထည်မာကျင့်စဉ်ကို အောင်မြင်သွားသည့်အခါ နတ်မိုးကြိုးငါးပါး ဖွဲ့စည်းပုံကို ဖွဲ့နိုင်လိမ့်မည်။ ဤအရာက ကျင့်ကြံသူများကို တူညီသော တိုက်ကွက် ထုတ်သုံးကြသည့်အခါ ပို၍ အားကောင်းစေလေ၏။

နမူနာအားဖြင့် ကျန်းယွင်ရှီး၏ သတ္တမ နတ်မိုးကြိုး ဖွဲ့စည်းပုံနှင့် ကျန်းယွင်ထင်၏ ပထမ နတ်မိုးကြိုး ဖွဲ့စည်းပုံမျိုးတို့မှာ အလွန်အသုံးဝင်လှသည်။

ဖန်ချန်းက ဖွဲ့စည်းပုံ နှစ်မျိုး ပြုလုပ်နိုင်သောကြောင့် သူ့ရွယ်တူများအတွင်း သူ့စွမ်းရည်ကို မေးခွန်းထုတ်စရာပင် မလိုချေ။

သို့သော်လည်း ယင်ယန် နတ်မိုးကြိုးငါးပါး ဖွဲ့စည်းပုံမှာ မိုးကြိုးဧကရာဇ် ကိုယ်ထည်မာ ကျင့်စဉ်၏ ပြိုင်ဖက်ကင်း ဖွဲ့စည်းပုံ မဟုတ်သေးဘဲ အခြေခံမျှသာ ဖြစ်နေသေးသည်။

ကပ်ဘေးတဖန် ကျင့်စဉ်၏ အကူအညီဖြင့် ဓာတ်နှော နတ်မိုးကြိုးကို ဖွဲ့စည်းနိုင်ခြင်းက မိုးကြိုးဧကရာဇ် ကိုယ်ထည်မာကျင့်စဉ်ကို များစွာ အားကောင်းလာစေလိမ့်မည်။

ထို့နောက် ဓာတ်ငါးပါး ယင်နတ်မိုးကြိုးငယ်နှင့် ဓာတ်ငါးပါး ယန်နတ်မိုးကြိုးငယ်တို့ကို ကျင့်ကြံနိုင်လိမ့်မည်။ အင်မတန် အားကောင်းသော ဓာတ်နှော နတ်မိုးကြိုးအကြောင်းကိုတော့ ပြောဖို့ပင် မလိုတော့ပေ။

အကယ်၍ မဟာနတ်မိုးကြိုးငါးပါး ကျင့်စဉ်ကို ကျွမ်းကျင်သွားခဲ့လျှင် သူတို့က မိုးကြိုးဧကရာဇ်အသစ် ဖြစ်လာကာ မိုးကြိုးများ၏ အရှင်သခင် ဖြစ်လာနိုင်သည်။

မိုးကြိုးများက သူ့ကို ထိခိုက်ဒဏ်ရာရအောင် လုပ်မည် မဟုတ်တော့ဘဲ မိုးကြိုးအားလုံးက သူ့ဆန္ဒအတိုင်း လိုက်နာကြလိမ့်မည်။

ကောလဟာလများအရ မိုးကြိုးဧကရာဇ်သည် ထိုအဆင့် ရောက်သည့်အခါ ကမ္ဘာမြေရှိ မိုးကြိုးအားလုံးကို ထိန်းချုပ်သွားနိုင်သည်ဟု ဆိုကြသည်။

သို့သော်လည်း မဟာနတ်မိုးကြိုးငါးပါး ကျင့်စဉ်ကို ကျင့်ကြံဖို့ အမှန်တကယ် ခက်ခဲလှပေသည်။ ကျွမ်းကျင်ဖို့ရာကား ဝေးလာဝေး ဖြစ်နေသည်။

အံ့ဖွယ်မိုးကောင်းကင် အလွန်အားကောင်းခဲ့စဉ်အခါကပင် မဟာနတ်မိုးကြိုးငါးပါး ကျင့်စဉ်ကို ကျင့်ကြံနိုင်သူ သိပ်မများခဲ့ပေ။ ထို့နောက် နောက်ဆုံးအခန်းဆက် ပျောက်ဆုံးသွားသည့်အခါ ကပ်ဘေးတဖန် ကျင့်စဉ် မပါရှိဘဲ နတ်မိုးကြိုးငါးပါး ကျင့်စဉ်ခွဲပင် အလွန်ရှားပါးသွားလေသည်။

ကျန်းလုံယွမ်က ထိုနတ်မိုးကြိုးငါးပါး ကျင့်စဉ်ခွဲဖြင့် ဂိုဏ်းချုပ် ဖြစ်လာခဲ့ပြီး သူ့ခေတ်အခါက အားအကောင်းဆုံးထဲမှ တစ်ယောက် ဖြစ်ခဲ့သည်။

ထို့ကြောင့် ဓာတ်နှော နတ်မိုးကြိုး ကျင့်စဉ်သည် အလွန်တရာ အရေးပါလှသည်။

………....

ရှန်ထျန်းက အံ့ဖွယ်မိုးကောင်းကင် ကျားနဂါးဆွဲပြားမှ နတ်မိုးကြိုးဇစ်မြစ်ကို စုပ်ယူခဲ့သောကြောင့် မဟာနတ်မိုးကြိုးငါးပါး ဖန်တီးရာ၌ အလွန်အသုံးဝင်နေသည်။

ယခု သူ့ဓမ္မအခြေခံအုတ်မြစ်က ကောင်းကင်မိုးကြိုးစမ်းသပ်ချက်ကို အပြင်းအထန် တုံ့ပြန်နေပြီး ယန်ဓာတ်စွမ်းအားကို ပိုမို စုပ်ယူနေသည်။

ထို့နောက် ရှန်ထျန်းက သူ့မီးစာကျမ်းသည် ကပ်ဘေးတဖန် ကျင့်စဉ်နှင့် ပေါင်းစပ်သွားကြောင်း သတိပြုမိလိုက်၏။ ထိုအရာက မိုးကြိုးဧကရာဇ် ကိုယ်ထည်မာ ကျင့်စဉ် အသွင်ဆောင်နေသည်။

သူ့ခန္ဓာကိုယ်က … ဓာတ်ငါးပါး ယန်နတ်မိုးကြိုးငယ် ပညာရပ်ကို သင်ယူနေလေ၏။

All Chapters