အခန်း (၁၄၃၃-၁၄၃၄)
Vol. 144 Ch. 1433-1434
အခန်း (၁၄၃၃) ရှန်းယီ၏ ကတိသစ္စာ
စိတ်ကူးထားသည့် သစ္စာဖောက်ခံရမှုကြောင့်ဒေါသတကြီးဖြစ်နေခြင်းမျိုး မရှိဘဲ၊ လူငယ်လေး၏မျက်နှာက ယခင်ကအတိုင်းတည်ငြိမ်နေဆဲဖြစ်ပြီး၊ဤအရာအားလုံးကိုကြိုတင်မြင်ထားသည့်အလား သူ၏မျက်လုံးများက ကြည်လင်နေဆဲဖြစ်သည်။
"တကယ်လို့ ငါဒီလိုဖြစ်မယ်ဆိုတာကို မင်းကြိုသိနေခဲ့တယ်ဆိုရင်... ဘာလို့များ..." မီးဘိုးဘေးနတ်ဘုရားက သူ၏စကားများကို တစ်ဝက်တစ်ပျက်ဖြင့် ပြန်လည်မြိုချလိုက်၏။
"ကိုယ်တိုင်မကြုံတွေ့ရသရွေ့တော့၊ ခင်ဗျားမှာ ဆုတ်စရာလမ်းမရှိတော့ဘူးဆိုတာကို ခင်ဗျားဘယ်လိုလုပ် ယုံကြည်မှာလဲ။"
ရှန်းယီက ဘိုးဘေးနတ်ဘုရားများ၏အသိစိတ်များ ကိုယ်ထင်ပြမှုဆီသို့ ပေါ့ပေါ့ပါးပါးကြည့်လိုက်ပြီး၊ ဆရာတော် ကျစ်ခုန်းထံမှ သူရရှိခဲ့သော သတင်းစကားကို ပြန်လည်အမှတ်ရလိုက်သည်။
ထို လွတ်မြောက်ခြင်းသို့ ရောက်ရှိနေသူ နှစ်ဦးက နတ်ဆိုးဧကရာဇ်ကို ယာယီဘေးဖယ်ထားပြီး၊ ဘိုးဘေးနတ်ဘုရားကြီးကိုးပါးအပေါ် သူတို့၏ဖိနှိပ်မှုကို အရင်ဆုံးခိုင်မာအောင် လုပ်ဆောင်လိုကြ၏။
ဆိုလိုသည်မှာ မည်သည့်အခြေအနေမျိုးတွင်မဆို၊ ဘိုးဘေးနတ်ဘုရားများလွတ်မြောက်နိုင်မည် မဟုတ်ကြောင်းပင်ဖြစ်သည်။
"ဒါပေမယ့် အခု သူတို့သတိထားမိသွားပြီလေ။မင်း ထွက်သွားဖို့ အခွင့်အရေးရှိသေးလို့လား။"
မီးဘိုးဘေးနတ်ဘုရား၏ မျက်နှာတွင် ဇဝေဇဝါဖြစ်မှုများ ပြည့်နှက်နေခဲ့၏။ လွတ်မြောက်ခြင်း ၏ တည်ရှိမှုကို သူတို့ယုံကြည်လာစေရန် သက်သက်အတွက်၊ တစ်ဖက်လူက အမှန်တကယ်ပင် ဤကဲ့သို့ ခံစားချက်ကင်းမဲ့စွာ စောင့်ကြည့်နေခဲ့သည်လော။
ဤစကားကို ကြားသောအခါ ရှန်းယီက ခေတ္တမျှ တိတ်ဆိတ်သွားပြီး သူ၏အကြည့်ကို ရုပ်သိမ်းကာ တိုးညှင်းစွာ ပြောလိုက်၏။ "မျှတအောင်ပြောရရင်၊ ကျုပ်မှာလည်း ဆုတ်စရာလမ်းမရှိသင့်ပါဘူး။"
အကယ်၍ တစ်စုံတစ်ယောက်က အခြားသူများကို သူနှင့်အတူအသက်စွန့်ပြီး အဆင်ခြင်မဲ့လောင်းကြေးထပ်စေလိုပါက၊ သူကိုယ်တိုင် ဦးစွာသူ၏အသက်ကို လောင်းကြေးထပ်ရမည်။
ဤသည်မှာ လူသားဧကရာဇ်က သူ့ကို သင်ကြားပေးခဲ့သော မူဝါဒပင်ဖြစ်သည်။
"အာ.."
ဤစကားတစ်ခွန်းကို ကြားသောအခါ ဘိုးဘေး နတ်ဘုရား၏ဦးနှောက် တုန်ခါသွားခဲ့သည်။ ဤလူငယ်လေးက တောင်ပိုင်း ဍုမေဏုသို့ ရောက်ရှိလာချိန်ကတည်းက နောက်တစ်ကြိမ်ထွက်ခွာရန် ဘယ်သောအခါမှ မစီစဉ်ထားခဲ့ကြောင်းထင်ရှားလှသည်။
ထို့ကြောင့် သူ၏တည်ငြိမ်မှုမှာ ထွက်ပြေးနေရသူ တစ်ဦး၏ထူးခြားသော ရူးသွပ်မှုတစ်ခုသာဖြစ်နေ၏။
"ငါ့ကို... ငါ့ကိုထပ်ပြီး စဉ်းစားခွင့်ပြုပါဦး..."
တောင်ပိုင်း ဍုမေဏုအတွင်း၌ ဘိုးဘေးနတ်ဘုရားက မျှော်လင့်ချက်ကင်းမဲ့သော အကြည့်ဖြင့် သူ၏မျက်လုံးများကို ဖွင့်လိုက်ပြီး၊ သူ၏လက်ကို ဇဝေဇဝါဖြင့် ဝှေ့ယမ်းလိုက်သည်။
အစောပိုင်းက မိုးကောင်းကင်နှင့် မြေပြင်၏အပြောင်းအလဲများနှင့်တကွ၊ ၎င်း၏ လက်ရှိအမူအရာကိုပါ ပေါင်းစပ် ကြည့်ရှုလိုက်သောအခါ အစစ်အမှန် နတ်ဘုရားများက ဘာဖြစ်သွားသည်ကို နားလည်သွားကြပြီး တင်းမာစွာဖြင့် တိတ်ဆိတ်သွားခဲ့ကြသည်။
ချီဖုန်းက တိတ်ဆိတ်စွာထိုင်နေသော ရွှေရောင် ခန္ဓာဓမ္မကိုယ်ထည်ကို တစ်ချက် လှမ်းကြည့်လိုက်ပြီး၊ ယိမ်းယိုင်နေသော ဘိုးဘေးနတ်ဘုရား၏ ပုံရိပ်ကိုရှုပ်ထွေးသော အကြည့်ဖြင့် ကြည့်လိုက်သည်။
သူက ရုတ်တရက်ညင်သာစွာရှေ့သို့ တက်သွားပြီး ထို မြင့်မားသောပုံရိပ်ကြီး၏ဘေးတွင် လျှောက်သွားလိုက်၏။ "ဘိုးဘေး နတ်ဘုရား။ ကျွန်တော် စကားတစ်ခွန်းလောက်..."
"ပြောလေ။"
ဘိုးဘေး နတ်ဘုရားက သူ၏ညီအစ်ကို မြောက်မြားစွာ မည်သည့်ခုခံနိုင်စွမ်းမျှမရှိဘဲ ဖိနှိပ်ခံလိုက်ရသည့်မြင်ကွင်းထဲတွင် နစ်မြုပ်နေဆဲဖြစ်သည်။
ဤသည်မှာ ဂိုဏ်းနှစ်ခုစလုံး၏ကာလရှည်ကြာ အစီအစဉ် ဖြစ်ရမည်။
လူငယ်လေး ပြောသကဲ့သို့ပင်၊ အစစ်အမှန် နတ်ဘုရားဂိုဏ်းက မမျှော်လင့်ဘဲ အလစ်အငိုက် မိသွားခဲ့ပြီး၊ပြန်လည် ထိုးဖောက်ရန်ဖြစ်နိုင်ခြေကို အချိန်အတော်ကြာကတည်းက ဆုံးရှုံးခဲ့ရပြီ ဖြစ်သည်။
"ဟူး..." ချီဖုန်း သူ၏လက်ငါးချောင်းကို ဆုပ်ကိုင်လိုက်ပြီး၊ခေါင်းမော့ကာ ပြောလိုက်၏။
"တကယ်လို့နှစ်ခုထဲက တစ်ခုကို မဖြစ်မနေ ရွေးချယ်ရမယ် ဆိုရင်တော့ ချန်ချင်း... အနည်းဆုံးတော့ ကျောက်စိမ်းဧကရာဇ်က ငါတို့ထဲက တစ်ယောက်ဖြစ်နေဆဲပါပဲ။ အစစ်အမှန်နတ်ဘုရား ဂိုဏ်းရဲ့ လူတစ်ယောက်ပါ၊ သေခြင်းရှင်ခြင်းကို ဘယ်တော့မှ မကြောက်ရွံ့ဘဲ လောကကြီးကို သစ္စာရှိရှိကာကွယ်ပေးခဲ့တယ်။ တစ်ခဏလေးတောင်မှ မယိမ်းယိုင်ခဲ့ဘူး ဒီကိစ္စအတွက် ကျွန်တော် သက်သေခံနိုင်ပါတယ်။"
သူက ရှန်းယီ နှင့် သိပ်ပြီး မရင်းနှီးသလို၊ အကြိမ်အနည်းငယ်သာ တွေ့ဖူးသော်လည်း၊ ထိုရွှေရောင် ခန္ဓာဓမ္မကိုယ်ထည် နှင့် ပတ်သက်၍ အစမှယခုအထိ၊တစ်ဖက်လူတွင် မည်သည့်အားနည်းချက်ကိုမျှ သူမတွေ့ရှိခဲ့ဘဲ၊ နက်နက်ရှိုင်းရှိုင်းပင်လေးစားမိခဲ့သည်။
ဤကဲ့သို့သော ကမ္မကုသိုလ်မသေမျိုးက အနည်းဆုံးတော့ ဂိုဏ်းနှစ်ခုစလုံး၏မသေမျိုးများ နှင့် ဗုဒ္ဓများထက် များစွာ ပို၍ယုံကြည်စိတ်ချရပါသည်။
"အစစ်အမှန်နတ်ဘုရား တစ်ပါးအနေနဲ့ မင်းက ကောင်းကင်နိယာမရဲ့ အရေးပါမှုကို မသိဘူးလား။"
အပြစ်ရှိသလို ခံစားနေရပြီဖြစ်သော ဘိုးဘေး နတ်ဘုရားက အနည်းငယ်စိတ်အနှောင့်အယှက်ဖြစ်စွာဖြင့် မလွဲမသွေပြောလိုက်၏။
၎င်းကို မိုးကောင်းကင်နှင့် မြေပြင်၏အသက်သွေးကြောများအနက်မှ တစ်ခုအဖြစ် လေးစားကြ၏။ အကယ်၍ ကြီးကျယ်သော အရေးပါသည့် ကိစ္စရပ်တစ်ခုသာ မဟုတ်ခဲ့လျှင်၊ ၎င်းက အဘယ်ကြောင့် ထိုယုတ်မာသောလုပ်ရပ်ကို လုပ်ဆောင်ရန်နှိမ့်ချနေမည်နည်း။
ကောင်းကင်နိယာမက လောကကြီးကို တည်ငြိမ်စေသော အခြေခံအုတ်မြစ်ဖြစ်သည်။ တစ်ကြိမ် လွှဲပြောင်းပေးလိုက်သည်နှင့် ပြန်လည် ရယူရန် အခွင့်အရေး မရှိတော့ပေ။
အကယ်၍ ကျင့်ကြံသူတစ်ဦးက ဤအရာကို ကိုင်တွယ်ပါက၊နောင်အနာဂတ်တွင် သူကအခြားသောအတွေးများကို မွေးဖွားလာမည် မဟုတ်ကြောင်းကို မည်သူက အာမခံနိုင်မည်နည်း။
"မမေ့နဲ့ ဒီ ကမ္မကုသိုလ်ရွှေခန္ဓာကိုယ်ကလွဲရင်၊ သူနဲ့ ဗုဒ္ဓတို့ဟာလည်း ကျင့်ကြံသူတွေပဲဆိုတာ။ ဘာကွာခြားလို့လဲ။" (ရှန်းယီရဲ့ မသေမျိုးနဲ့ဗုဒ္ဓလမ်းစဉ်ကိုဆိုလိုချင်တာ)
၎င်း၏ယခင်လုပ်ရပ်များကို ရှင်းပြနေသည့်အလားပင်။ သို့သော်လည်း ဤတစ်ကြိမ်တွင်တော့ ဒေါသကိုထုတ်လွှတ်နေသည့်အလား ဘိုးဘေးနတ်ဘုရားက မည်သည့်ဖုံးကွယ်မှုကိုမျှမပြုလုပ်တော့ဘဲ ရှန်းယီကို စိုက်ကြည့်ကာ တိုးညှင်းစွာဟိန်းဟောက်လိုက်၏။
"ကျွန်တော်..."
ချီဖုန်း၏တစ်ကိုယ်လုံး တုန်ယင်သွားခဲ့သည်။ ချန်ချင်း၏စိတ်ရင်းမှန်ကို သူအာမခံနိုင်သော်လည်း၊လောကကြီးတစ်ခုလုံးအတွက်အာမခံရန်တော့ အရည်အချင်း မပြည့်မီခဲ့ပေ။
"သေချာတာပေါ့ ကွာခြားမှု ရှိပါတယ်။"
ထိုအခိုက်အတန့်တွင်၊ မှိုင်းညို့နေသော မျက်နှာဖြင့် ဟိုထူဧကရီက သန့်စင်ခြင်းကျောက်စိမ်းပုလင်းကို သိမ်းဆည်းလိုက်ပြီး၊ဘိုးဘေးနတ်ဘုရားကို ခံစားချက်ကင်းမဲ့စွာကြည့်လိုက်၏။
"အဲဒီနှစ်ယောက်က ကောင်းကင်ယံရဲ့ထိပ်ဆုံးမှာ ထာဝရလွှမ်းမိုးထားဖို့ အတွေးတွေ ရှိနေကြတယ်၊ ရှင်ရဲ့ရှေ့မှာရှိတဲ့ တစ်ယောက်ကတော့ သေမျိုးလောကီလောကထဲမှာ ရောနှောနေဖို့ပဲစိတ်နှလုံးရှိနေတာ။"
"သူ သေမျိုးလောကီလောကထဲမှာ ရောနှောနေဖို့အတွက် ကြိုတင်လိုအပ်ချက်က၊ ဒီသေမျိုးလောကကြီး အချိန်ကြာကြာတည်တံ့နေဖို့ပဲ။"
"ဒီရှုထောင့်ကနေ ကြည့်ရင်တော့ သူ့ရဲ့ရည်ရွယ်ချက်တွေက ရှင်ရဲ့ရည်ရွယ်ချက်တွေနဲ့ကိုက်ညီနေတယ်။"
ဧကရီက ထိုသို့ပြောဆိုလိုက်သည်နှင့်အမျှ ဘိုးဘေးနတ်ဘုရားက တဖြည်းဖြည်းတည်ငြိမ်သွားခဲ့သည်။
မည်သို့ပင်ဆိုစေ ဟိုထူဧကရီဖြစ်လာခဲ့ပုံကို အစစ်အမှန်နတ်ဘုရားဂိုဏ်းကပင် ကြားသိထားခဲ့ပြီး ဖြစ်သည်။
"ဒါတွေ အားလုံးက မင်းရဲ့စကားသက်သက်ပဲလေ၊ ဘယ်လို သက်သေပြမလဲ။" ၎င်းက လှည့်ကြည့်လိုက်သည်။
"တကယ်လို့ သူသာပိုမြင့်တဲ့ရာထူးကို လိုချင်ခဲ့မယ်ဆိုရင်၊သူ လုပ်ဖို့လိုအပ်တာက ဂိုဏ်းနှစ်ခုစလုံးနဲ့ပူးပေါင်းဖို့ပဲ၊ ရှင်က တုံ့ပြန်ဖို့အခွင့်အရေးတောင် ရလိုက်မှာ မဟုတ်ဘူး။"
ဟိုထူဧကရီက ရှားရှားပါးပါးပင်အေးစက်စွာ ရယ်မောလိုက်၏။ "တကယ်လို့ သက်သေပြဖို့ လိုအပ်တယ်ဆိုရင်။ ကောင်းကင်တာအိုရဲ့အသက်သွေးကြောတွေထဲက တစ်ခုအနေနဲ့ ရှင့်ရဲ့ မျက်လုံးတွေကိုဖွင့်ပြီး သူဧကရာဇ်ဖြစ်လာဖို့ ကျိန်ဆိုခဲ့တဲ့ မသေမျိုးသစ္စာက ဘာလဲဆိုတာကို ဘာလို့မကြည့်တာလဲ။"
"..."
ဘိုးဘေးနတ်ဘုရားက ခေတ္တမျှမှင်သက်သွားပြီး၊ အလိုအလျောက်အထက်သို့ မော့ကြည့်လိုက်သည်။
ထိုတောက်ပသောအနီရောင်စကားလုံး ဆယ်လုံး ထွက်ပေါ်လာသည့် အခိုက်အတန့်တွင်၊ပတ်ဝန်းကျင်ရှိများစွာသော အစစ်အမှန်နတ်ဘုရားများပင်လျှင် အံ့အားသင့်စွာဖြင့် သူတို့၏ပါးစပ်များ ပွင့်ဟသွားခဲ့ကြ၏။
*လောကအတွက်ငြိမ်းချမ်းရေး၊ သတ္တဝါအားလုံးအတွက်ကယ်တင်ခြင်း၊ သေမျိုးလောကအလယ်တာအိုကို ကာကွယ်ခြင်း။*
ဂိုဏ်းနှစ်ခုစလုံးက သေမျိုးလောကကို ဝါးမျိုနေသည့် အခြေအနေမျိုးအောက်တွင်၊တစ်စုံတစ်ဦးက ဤကဲ့သို့သောမသေမျိုးသစ္စာကို ပြုလုပ်ခဲ့ရာ၊ သူ၏စိတ်နှလုံး မည်သည့်နေရာတွင်ရှိနေသနည်း ဆိုသည်ကို နောက်ထပ် မေးခွန်းထုတ်နေရန် မလိုအပ်တော့ပေ။
အချိန်မည်မျှကြာမြင့်သွားသည်ကို မသိပြီးနောက်၊ ဘိုးဘေးနတ်ဘုရားက ရုတ်တရက်ခါးသီးစွာ ရယ်မောလိုက်ပြီး၊ကံကြမ္မာကို လက်ခံလိုက်သည့်အလား၊ ၎င်း၏ခေါင်းကို ဖြည်းညှင်းစွာငုံ့လိုက်ကာ၊ ရှည်လျားပြီးညင်သာသော သက်ပြင်းတစ်ချက် ချလိုက်၏။
"ပြောပါ ငါတို့ကို ဘာလုပ်စေချင်တာလဲ။"
"ဒီ မဟာအသက်သွေးကြောကိုးခုကို ထိန်းသိမ်းဖို့ ဒီကမ္မကုသိုလ်မသေမျိုးခန္ဓာကိုယ်ကို အသုံးပြုလိုက်ပါ။"
ဧကရာဇ်ဖြစ်လာပြီးနောက်၊ ကောင်းကင်တာအို အပေါ် ရှန်းယီ၏နားလည်မှုက ပိုမို ရှင်းလင်းလာခဲ့သည်။
ဤအဓိက အသက်သွေးကြောကိုးခုက ကောင်းကင်တာအို၏အရိုးစု ဖြစ်ရာ၊ အခြားအရာများဖြင့် ၎င်းတို့ကိုသယ်ဆောင်ရန် ခက်ခဲလှပါသည်။
သို့သော် ချင်းဟွာက ထိန်းချုပ်ခဲ့သော ဤခန္ဓာကိုယ်မှာမူ ချွင်းချက်တစ်ခုဖြစ်ပြီး၊ ၎င်းကိုအမွှေးတိုင်ပူဇော်မှုများမှ ရရှိသော ကမ္မကုသိုလ်ဖြင့် စုစည်းထားခြင်းဖြစ်သည်။
ထို့အပြင် ကမ္မကုသိုလ်၏စွမ်းအားက အခြေခံအားဖြင့် ကောင်းကင်တာအိုမှ ပေးအပ်ထားသော ခွန်အားပင်။
တိုက်ဆိုင်စွာပင်။ ဤခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်ကတည်းက ချင်းဟွာက ရှန်းယီအတွက် အမြဲတစေ ပြေးလွှားနေခဲ့ရရာ၊ သူမအတွက် မသေမျိုး နှင့် ဗုဒ္ဓလမ်းကြောင်းတို့ကို ကျင့်ကြံရန် အခွင့်အရေးမရရှိစေခဲ့ဘဲ၊ ယာယီအားဖြင့် တိုက်ပွဲဝင်ရန်အတွက် မသေမျိုးတံဆိပ်ကိုသာ အားကိုးခဲ့ရသဖြင့်၊ ဤစင်ကြယ်သော ကမ္မကုသိုလ်စွမ်းအား ညစ်ညမ်းသွားခြင်းမှ ရှောင်ရှားနိုင်ခဲ့ခြင်း ဖြစ်သည်။
အခန်း (၁၄၃၄) လွတ်မြောက်ခြင်းရရှိသူထားသူများ၏ မတူညီသောအမြင်
မရေမတွက်နိုင်သောအခြေအနေများအနက် မည်သည့်အရာကိုမျှချန်လှပ်ထား၍ မရနိုင်သော်လည်း လက်ရှိအချိန်မှာတော့ အောင်မြင်စွာပြည့်စုံသွားခဲ့ပြီ ဖြစ်သည်။
မီးဘိုးဘေးနတ်ဘုရားက မျက်လုံးများကို မှိတ်လိုက်ပြီး၊ သူ၏ခန္ဓာကိုယ်မှာ နောက်တစ်ကြိမ် ကျောက်ရုပ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့၏။
ရွှေရောင်ခန္ဓာဓမ္မကိုယ်ထည်အတွင်း၌ဘိုးဘေး နတ်ဘုရားကိုးပါးစလုံး စုဝေးနေကြ၏။ လွတ်မြောက်ခြင်းသို့ရောက်ရှိနေသူ နှစ်ဦး၏ဖိနှိပ်မှုအောက်တွင်၊သူတို့က သေမျိုးလောကတွင် ကိုယ်ထင်ပြနိုင်ခြင်းမရှိသော်လည်း၊ ဤကမ္မကုသိုလ်မသေမျိုးခန္ဓာကိုယ်က ထို အသက်သွေးကြောကိုးခုအား ဝင်ရောက်လာစေရန်ကူညီပေးနိုင်ပါသည်။
"..."
ဟိုထူဧကရီက သူမ၏ဘေးရှိ လူငယ်လေးကို လှမ်းကြည့်လိုက်ရင်း သူမ၏အသက်ရှူသံ အနည်းငယ် မြန်ဆန်နေခဲ့၏။
တစ်စုံတစ်ယောက်က သူတို့၏ကိုယ်ပိုင် စွမ်းအားဖြင့် ခန္ဓာကိုယ်သုံးခုကို စုစည်းနိုင်လိမ့်မည်ဟု ထို လွတ်မြောက်ခြင်းဂိုဏ်းချုပ် နှစ်ပါးပင်လျှင် ကြိုတင်သိထားကြမည်မဟုတ်ပေ။
ဘိုးဘေးနတ်ဘုရားများက လွတ်မြောက်ခြင်းကို စိတ်ကူးမယဉ်နိုင်သကဲ့သို့ပင်။ ဂိုဏ်းချုပ်နှစ်ပါးအနေဖြင့်လည်း သူတို့ရောက်ရှိနေသောနယ်ပယ်သို့ ရောက်ရှိရန်လောကတွင် ဤကဲ့သို့သော နည်းလမ်းမျိုး ရှိနေလိမ့်မည်ဟု တွေးတောမိရန် ခက်ခဲလှပါသည်။
ယခုအခါ လုံးဝအသစ်စက်စက်လွတ်မြောက်ခြင်း လမ်းကြောင်းတစ်ခု ပုံသဏ္ဌာန်ပေါ်လာနေသည်ကို ကိုယ်တိုင်ကိုယ်ကျမျက်မြင်တွေ့ရှိရမည့် အခွင့်အရေး ပေါ်ပေါက်လာခဲ့ပြီဖြစ်သည်။
…
မြောက်ပိုင်းတိုက်ကြီး တိမ်ပင်လယ်
ပစ္စုပ္ပန် ဗုဒ္ဓ၏နဖူးပေါ်တွင် ချွေးစေးများထွက်ပေါ်လာခဲ့၏။ သူက သူ၏အသက်ရှူသံကို ထိန်းညှိလိုက်သော်လည်း သူ၏နှလုံးသားထဲတွင် အကြောက်တရား အချို့ကျန်ရစ်နေခဲ့သေး၏။
တကယ်ကို ကပ်သီလေး အောင်မြင်သွားခြင်းပင်။
အကယ်၍ သူနှင့် သူ၏အဖော်များက နတ်ဆိုးဧကရာဇ်၏ရန်စခြင်းခံရကာ အဆင်ခြင်မဲ့စွာ သွားရောက်ရှာဖွေခဲ့မည်ဆိုပါက၊ ၎င်းက မဟာ ကပ်ဘေးကြီး တစ်ခု၏အစပြုခြင်းဖြစ်လာပါလိမ့်မည်။
ကံကောင်းထောက်မစွာဖြင့်၊ ဂိုဏ်းနှစ်ခုစလုံးက အခြေအနေ၏အရေးပါမှုကိုသိရှိကာ သူတို့၏တွေးတောဆင်ခြင်နိုင်စွမ်းကို ထိန်းသိမ်းထားနိုင်ခဲ့ကြ၏။
သူတို့၏အားထုတ်မှုများကို ထိုမဟာ အသက်သွေးကြောကိုးခုအပေါ် စုစည်းလိုက်ခြင်းဖြင့်၊ ထို ဘိုးဘေးနတ်ဘုရားများအုပ်စုကို ပြန်လည် ဖိနှိပ်နိုင်ခဲ့ကြသည်။
သို့သော် ဘိုးဘေးနတ်ဘုရားများ၏ဆန့်ကျင်မှုက အချက်တစ်ခုကိုညွှန်ပြနေပါသည်။ ဤကိစ္စအားတာဝန်ယူခဲ့သော အတိတ်ဗုဒ္ဓမှာ တစ်ခုခုဖြစ်သွားခဲ့ခြင်း ဖြစ်ရမည်။
ဤကိစ္စအတွက် ဗောဓိဂိုဏ်းက ကျန်ရှိနေသော အစစ်အမှန်ဗုဒ္ဓများအားလုံးကို စေလွှတ်ခဲ့ကြောင်းကို သိထားရမည်။
ထိုအရာကို တွေးမိသောအခါ ပစ္စုပ္ပန်ဗုဒ္ဓက ရင်ဘက်မှ ထိုးဆောင့်တက်လာသောနာကျင်မှုကို မထိန်းချုပ်နိုင်ခဲ့ပေ။
မူလက ဟိုထူတစ်ဦးတည်းကို ဖိနှိပ်ပြီးနောက် ကပ်ဘေးအပြီးတွင် အနည်းငယ်သောအကျိုးအမြတ် အချို့ကိုရရှိရန် သူတို့ရည်ရွယ်ခဲ့ကြ၏။
ဗောဓိဂိုဏ်းက ဤကဲ့သို့သောကြီးမားသည့် အလေးချိန်ကိုထမ်းပိုးခဲ့ရရာ၊ယခုအခါ သူတို့က ကြီးမားသောဆုံးရှုံးမှုတစ်ခုကို ခံစားလိုက်ရပုံပေါ်နေသည်။
"ဂိုဏ်းချုပ်ညီအစ်ကို။ ကျန်တဲ့ကိစ္စတွေကို ခင်ဗျားဆီ အပ်နှံခဲ့ပါတယ်"
ပစ္စုပ္ပန် ဗုဒ္ဓက သူ၏ခံစားချက်များကို အတင်းအကျပ် ဖိနှိပ်လိုက်၏။ အကြောင်းပြချက် တစ်ခုခုကြောင့် အမြင့်မြတ်ဆုံးသော ဧရာမပုဂ္ဂိုလ်ကြီး တစ်ပါးဖြစ်သော်လည်း၊ သူက ထူးဆန်းသော စိုးရိမ်ပူပန်မှုတစ်ခုကို ခံစားနေရသည်။
"ကျေးဇူးပြုပြီး စိတ်ချပါ ဗုဒ္ဓ။ ကောင်းကင်တာအို အသက်သွေးကြောတွေဟာ ကျုပ်ရဲ့စောင့်ကြည့်မှုအောက်မှာ ရှိပါတယ်။"
ယွီချင်းဂိုဏ်းချုပ်က သူ၏မြင်းမြီးယပ်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်၏။ မည်သည့် ဘိုးဘေးနတ်ဘုရားမဆို အစစ်အမှန်ဗုဒ္ဓများထက်များစွာ သာလွန်သောခွန်အားကို ပိုင်ဆိုင်ထားကြပါသည်။
သို့သော် သူက စုစုပေါင်းရှစ်ပါးကို ဖိနှိပ်ထားရသော်ငြားလည်း၊တည်ငြိမ်သော ဟန်ပန်ကိုထိန်းသိမ်းထားနိုင်ရာ၊ လွတ်မြောက်ခြင်း၏ ကြောက်မက်ဖွယ်ကောင်းသောစွမ်းအားကို သက်ပြနေပေသည်။
တာအိုဂိုဏ်းချုပ်သုံးဦးက ဗုဒ္ဓကြာပန်းတောင်ဘက်သို့လွင့်မျောသွားသည်ကို စောင့်ကြည့်နေခဲ့ကြ၏။
နတ်ဆိုးများကို နှိမ်နင်းပြီး မိစ္ဆာများကိုသိမ်းသွင်းခြင်းက အမြဲတစေ ဗောဓိဂိုဏ်း၏ အားသာချက် ဖြစ်ခဲ့ပြီး၊ ဗုဒ္ဓကိုယ်တိုင်ရှေ့ထွက်လာချိန်မှာတော့ ပို၍ပင်ဆိုဖွယ်ရာ မရှိတော့ပေ။
သူ၏အရှေ့တွင် နတ်ဆိုးဧကရာဇ်ကလည်း နတ်ဆိုးတစ်ကောင်မျှသာဖြစ်ပြီး၊ ကွဲပြားခြားနားမှု မရှိပေ။
သို့သော် အခြား ဂိုဏ်းချုပ်နှစ်ဦး၏မျက်နှာများပေါ်တွင် စိုးရိမ်ပူပန်မှုအရိပ်အယောင်တစ်ခု ပေါ်လာခဲ့၏။
အဘယ်ကြောင့်ဆိုသော် ဗုဒ္ဓ၏မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုအရိပ်အယောင်တစ်ခုကို သူတို့ တွေ့ရှိခဲ့သောကြောင့်ပင်။ လွတ်မြောက်ခြင်းသို့ ရောက်ရှိနေသူများအနေဖြင့် သူတို့က ကျင့်ကြံသူများစွာ၏အမြင်အာရုံထက် ကျော်လွန်သောအရာများကို သိမြင်နိုင်စွမ်းရှိကြရာ၊ သူတို့၏စိတ်နှလုံးများက မည်သို့တုန်လှုပ်သွားနိုင်မည်နည်း။
"ကံကြမ္မာက ပြောင်းလဲသွားတာများလား။" ဆန်းချင်းဂိုဏ်းချုပ်က လှည့်ကြည့်လိုက်သည်။
၎င်းတို့နှစ်ဦး မမျှော်လင့်ထားသောအရာမှာ ဗုဒ္ဓ ထွက်ခွာသွားပြီးနောက်၊ ယွီချင်းဂိုဏ်းချုပ်၏တည်ငြိမ်သော မျက်နှာပေါ်တွင် သိမ်မွေ့သောအပြုံးတစ်ခုပေါ်လာခြင်းပင်။
"လွတ်မြောက်ခြင်းထဲက ဗုဒ္ဓသုံးပါးရဲ့အလှည့်ကျ လည်ပတ်မှုဟာ သူတို့ရဲ့အမြင်အာရုံတွေမှာ ချို့ယွင်းချက်တွေကို မလွဲမသွေရှိလာစေလိမ့်မယ်။"
"ငါမြင်ရတာက အခြေခံအားဖြင့် သူနဲ့တူတူပါပဲ။ မသေမျိုးဧကရာဇ်က သူ့ရဲ့မှန်ကန်တဲ့နေရာကိုပြန်ရောက်လာပြီး၊နယ်မြေတွေကို ပေါင်းစည်းမယ်၊ဂိုဏ်းနှစ်ခုစလုံးက တပည့်တွေက ကြယ်တာရာအစွန်းနန်းတော်မှာ တန်းစီနေကြပြီး၊ လောကကြီး တည်ငြိမ်သွားလိမ့်မယ်။"
ယွီချင်းဂိုဏ်းချုပ်က သူလွတ်မြောက်ခြင်းသို့ ရောက်ရှိပြီးနောက်မြင်တွေ့ခဲ့ရသော မြင်ကွင်းကို ထပ်မံ ပြောပြလိုက်သည်။
သူက ခေတ္တမျှရပ်တန့်လိုက်ပြီးနောက် သူ၏အပြုံးထဲရှိအဓိပ္ပာယ်မှာ ပိုမိုနက်ရှိုင်းလာခဲ့သည်။ "ဒါပေမယ့် မသေမျိုးခုံရုံးမှာ၊ ဗုဒ္ဓတစ်ပါးမှ ဘယ်တုန်းကမှ မရှိခဲ့ဘူး။"
အရာအားလုံးက သူ တစ်ချိန်ကမြင်တွေ့ခဲ့ရသည့်အတိုင်း အစီအစဉ်တကျရှေ့ဆက်သွားနေပြီး၊ မည်သည့် အပြောင်းအလဲမျှမရှိခဲ့ပေ။
"ကျုပ်တို့ နားလည်ပါပြီ။" အခြားဂိုဏ်းချုပ် နှစ်ဦးက အနည်းငယ်ခေါင်းညိတ်လိုက်ကြပြီးနောက် အနည်းငယ် ဇဝေဇဝါဖြစ်သွားကြ၏။
"ငါတို့ကရော။"
"ငါတို့က..." ယွီချင်းဂိုဏ်းချုပ်က ထိပ်ဆုံးအထက်စီးမှ ကြည့်ရှုနေသောမြင်ကွင်းကို ပြန်လည် အမှတ်ရလိုက်သည်။
တိမ်ပင်လယ်အတွင်း၌ သူ၏တည်ငြိမ်သော အသံပဲ့တင်ထပ်သွားခဲ့၏။
"မသေမျိုးခုံရုံးကိုတောင် ကျော်လွန်သွားလိမ့်မယ်။"