အခန်း (၁၄၃၅-၁၄၃၆)
Vol. 144 Ch. 1435-1436
အခန်း (၁၄၃၅) လွတ်မြောက်ခြင်း ဗုဒ္ဓရောက်ရှိလာခြင်း
ကျယ်ပြောလှသော အသိစိတ်ပင်လယ် အတွင်း၌
ရွှေရောင်ဆံထိုးနှင့် အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့်ချောမောသော လူငယ်လေးတစ်ဦးက တင်ပျဉ်ခွေထိုင်လျက် သူ၏ဝိညာဉ်ကိုအားဖြည့်ကာမျက်လုံးများကို မှိတ်ထားပြီး၊ သူ၏မျက်ခုံးများကြားတွင် ဧကရာဇ်တစ်ပါးအတွက်သာ သီးသန့်ဖြစ်သော မြင့်မြတ်သည့်အငွေ့အသက်များ ရှိနေခဲ့သည်။
သူ၏ဘယ်ဘက်အနောက်တွင် ကောင်းကင်ကန့်လန့်ကာ အလားမြင့်မားလှသော အနက်ရောင်ဧရာမဗုဒ္ဓကြီး ရပ်တည်နေပြီး၊အရပ်လေးမျက်နှာကို ဖိနှိပ်ကာ ဤလောက၏တည်ငြိမ်မှုကို ထိန်းသိမ်းထားခဲ့၏။
၎င်း၏ညာဘက်တွင် အလားတူခမ်းနားကြီးကျယ်သောခန္ဓာကိုယ်ဖြင့် ရွှေရောင်ဧရာမပုံရိပ်ကြီးတစ်ခုက တဖြည်းဖြည်းပုံသဏ္ဌာန်ဖြစ်ပေါ်လာနေပြီး၊ ၎င်းထံမှ မိုးကောင်းကင်နှင့် မြေပြင်၏ဓာတ်ကြီးငါးပါး နှင့် ယင်ယန်၊ ရှင်သန်ခြင်း နှင့် သေဆုံးခြင်းတို့ကိုကိုယ်စားပြုသော မဟာ အသက်သွေးကြောကြီးကိုးခု ထွက်ပေါ်လာခဲ့သည်။
မသေမျိုး ၊ ဗုဒ္ဓ နှင့် အစစ်အမှန်နတ်ဘုရား
ထိုကြီးမြတ်သော လမ်းကြောင်းသုံးခုက မျဉ်းပြိုင်အဖြစ်စီးဆင်းနေပြီး၊ ဖမ်းဆုပ်ရခက်သော တစ်ဘက်အခြားကမ်းခြေတစ်ဖက်ဆီသို့ တိုက်ရိုက် ဦးတည်နေခဲ့၏။
တောင်ပိုင်းဍုမေဏုတွင်၊ ဟိုထူဧကရီက သူမ၏ဘေးရှိ ရှန်းယီကို မှင်သက်စွာ စိုက်ကြည့်နေခဲ့သည်။
ကျင့်ကြံသူများကို စွဲမက်စေသော ရနံ့တစ်ခု၊ လွတ်မြောက်ခြင်းအတွက်သီးသန့်ဖြစ်သော ရနံ့တစ်ခုကို သူ၏ထံမှ သူမရူရှိုက်မိလိုက်သည်။
ထိုအခိုက်အတန့်တွင် သူမက ရုတ်တရက်သတိဝင်လာပြီးအနောက်သို့ ရုတ်ချည်းလှည့်ကြည့်လိုက်၏။
ဗုဒ္ဓကမ်းပါးတစ်ရာ အကြားတွင် အစစ်အမှန်နတ်ဘုရားများက သူတို့၏နှလုံးသားထဲ၌လှုပ်ခတ်မှု တစ်ခုကို ခံစားလိုက်ရပြီး၊သူတို့၏မျက်လုံးများတွင် ထိတ်လန့်မှုအရိပ်အယောင်တစ်ခု ထွက်ပေါ်လာကာ ကောင်းကင်ယံသို့မော့ကြည့်လိုက်ကြသည်။
ကြာပန်းဖြူက ညင်သာစွာလှုပ်ခတ်သွားပြီး၊ ပန်းပွင့်၏အလယ်ဗဟိုမှ ရွှေရောင်အရည်များ ပန်းထွက်လာကာ အချိန်မြစ်တစ်စင်းအဖြစ်သို့ နောက်တစ်ကြိမ်ပြောင်းလဲသွားပြီး၊ ကောင်းကင် ကန့်လန့်ကာကို ဖြတ်သန်းစီးဆင်းသွားသည်ကို သူတို့ မြင်တွေ့လိုက်ရ၏။
တစ်ချိန်တည်းမှာပင် ထိုင်းမှိုင်းသောခြေသံတစ်ခုက နတ်ဘုရားများ၏နားထဲတွင် ပဲ့တင်ထပ်လာခဲ့ပါသည်။
ရှပ်....ရှပ်...
တစ်စုံတစ်ယောက်က အချိန်ကိုဖြတ်ကျော်ကာ၊ မြစ်ရှည်ကြီးပေါ်သို့ခြေချ၍ ပစ္စုပ္ပန်မှ ဤအတိတ်ဆီသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
ခြေသံများက ပိုမိုလေးလံလာပြီး၊ အသံတစ်ချက်စီတိုင်းနှင့်အတူ နတ်ဘုရားများ၏နှလုံးသားများအား ပြင်းထန်စွာတုန်လှုပ်သွားစေသည်။
ထိုဆူညံသံက ယခင် အစစ်အမှန်ဗုဒ္ဓများ၏စုပေါင်းရွတ်ဆိုသံများထက် ကျော်လွန်နေပြီး၊ သူတို့၏နတ်ဝိညာဉ်များကို တုန်ခါသွားစေကာ အနည်းငယ်မျှသောခုခံမှုကိုပင် မပြုလုပ်နိုင်တော့ပေ။
"..."
ဟိုထူဧကရီက ဧည့်သည်၏အမှတ်အသားကို သိရှိထားပြီးဖြစ်ရာ၊သူမ၏လက်ထဲရှိ သန့်စင်ခြင်းကျောက်စိမ်းပုလင်းကို တိတ်ဆိတ်စွာကြည့်လိုက်ပြီး၊နောက်တစ်ခဏတွင် သူမ၏စွမ်းအင် အားလုံးကိုချန်လှပ်ထားခြင်းမရှိဘဲ ကျောက်စိမ်းပုလင်းထဲသို့ လောင်းထည့်ကာ ရုတ်တရက်ပစ်ပေါက်လိုက်၏။
ဧကရီတစ်ပါးအဖြစ် တက်လှမ်းပြီးကတည်းက စုဆောင်းထားမှုအားလုံးက၊ မွေးရာပါဝိညာဉ် ရတနာတစ်ခုနှင့် ပေါင်းစပ်သွားပြီး၊ အတူတကွ စုဆုံသွားခဲ့ကြသည်။
၎င်းမှာ သတ်ဖြတ်ရန် မဟုတ်ဘဲ၊ ဧည့်သည်ကို ခေတ္တမျှအချိန်ဆွဲထားရန် သက်သက်သာဖြစ်သည်။
ဒေါသတကြီးစီးဆင်းနေသော ရေလှိုင်းလုံးများက တွဲလွဲခိုနေသောကန့်လန့်ကာရှည်ကြီး တစ်ခုအဖြစ် ပြောင်းလဲသွားပြီး၊ အချိန်မြစ်၏အထက်တွင် လွင့်မျှောနေကာဖြတ်ကျော်၍မရနိုင်သော အတားအဆီးတစ်ခုအလားပင်။
သို့သော် ဟိုထူဧကရီ၏မျက်နှာက သွေးဆုတ်ဖြူရော်နေခဲ့ပြီး၊ သူမ၏အမူအရာတွင် မည်သည့် သက်သာမှုမျှမရှိခဲ့ပေ။
သူမက အချိန်မြစ်ကို တည့်တည့်စိုက်ကြည့်နေပြီး၊ သူမ၏မျက်လုံးသူငယ်အိမ်များအနည်းငယ်တုန်ခါနေကာ၊ သူမ၏အသက်ရှူသံမှာ ရပ်တန့်လုနီးပါး ဖြစ်နေခဲ့သည်။
မျက်တောင်တစ်ခတ်အတွင်း၊ ရေကန့်လန့်ကာ၏ အနောက်တွင်မြင့်မားပြီး ကျယ်ပြန့်သောပုံရိပ်တစ်ခု ထွက်ပေါ်လာကာ၊ကန့်လန့်ကာရှည်ကြီးဆီသို့ တည်ငြိမ်စွာချဉ်းကပ်လာခဲ့၏။
ထို့နောက် လက်လှမ်းလိုက်ရာ ရွှေရောင်အလင်းတန်းများဖြာထွက်နေသော ၎င်း၏လက်ချောင်းထိပ်များက ရေကန့်လန့်ကာ ကို အလွယ်တကူထိုးဖောက်သွားတော့သည်။
ချက်ချင်းပင်။ အသာအယာဆွဲဖြဲလိုက်မှုနှင့်အတူ ဟိုထူဧကရီ နှင့် အစစ်အမှန်နတ်ဘုရားများစွာ၏ မျက်လုံးများထဲတွင် အဆုံးအစမရှိသော ရွှေရောင် အလင်းတန်းများသာ ကျန်ရစ်ခဲ့တော့သည်။
ဖရိုဖရဲဖြစ်နေသော နေရာလွတ်တစ်ခုကမျက်တောင်တစ်ခတ်အတွင်းတောက်ပသော ဗုဒ္ဓနယ်မြေတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့၏။
ထိုပုံရိပ်က ပျံ့နှံ့နေသော ရွှေရောင်အလင်းတန်းထက်ပင် ပို၍တောက်ပနေပြီး၊ သူ၏ဦးခေါင်းထိပ်တွင်အဖုအထစ်များရှိကာ၊ကျယ်ဝန်းပြီး တောက်ပသောအနီရောင်သင်္ကန်းကို ဝတ်ဆင်ထားပြီး ခြေဗလာဖြင့်ရှိနေသော်လည်း အချိန် မြစ်၏ လွှမ်းမိုးမှုကို လုံးဝမခံရပေ။
(ဝူခုန်းတွေဘာတွေကြည့်ဖူးရင်သိပါမယ်၊ ခေါင်းပေါ်က အဖုအထစ်ဆိုတာ )
ဧကရာဇ်၏ တာအိုခန္ဓာကိုယ်ပင်လျှင် မခုခံဝံ့သော ကျောက်စိမ်းပုလင်း ရေစွမ်းအင်က သူ၏ခန္ဓာကိုယ်ပေါ်သို့ကြည်လင်သောမိုးရေစက်များအလား စီးဆင်းသွားပြီး၊ ဗုဒ္ဓအလင်းတန်း ကြောင့် အလားတူတောက်ပသော ရွှေရောင်မြစ် တစ်စင်းအဖြစ် ထင်ဟပ်သွားခဲ့သည်။
"ဒီလိုကိုး။"
ဗုဒ္ဓ၏အသံတစ်သံမှာ ကြေးနီခေါင်းလောင်းတစ်လုံး၏ နက်ရှိုင်းသော အသံအလားပဲ့တင်ထပ်သွားခဲ့သည်။
နူးညံ့ပြီးနက်ရှိုင်းသောအသံတစ်သံက အစစ်မှန် နတ်ဘုရားများ၏နားထဲသို့ ကျဆင်းလာရာ၊ သူတို့ကိုအလိုအလျောက်မြေကြီးပေါ်သို့ နောက်ဆုတ်သွားစေ၏။
၎င်းတို့က ဝမ်းနည်းဖွယ်ညည်းတွားသံများ ထုတ်ဖော်ကာ၊မူလက အနည်းငယ်ကြမ်းကြုတ်နေသော သူတို့၏မျက်နှာသွင်ပြင်များက ယခုအခါ အကြောက်တရားကြောင့် ပိုမိုတွန့်လိမ်လာပြီး၊ အစစ်အမှန်နတ်ဆိုးများအဖြစ်သို့ ပြောင်းလဲသွားသည့်အလား၊ ထို ဗုဒ္ဓ၏ခန္ဓာကိုယ်ရှေ့တွင် ဦးညွှတ်နေကြသည်။
ပစ္စုပ္ပန် ဗုဒ္ဓက သနားကရုဏာအားဖြင့် အောက်သို့ ငုံ့ကြည့်လိုက်၏။
သူက အတိတ်မြစ်ထဲမှ ထွက်လာခဲ့ပြီးနောက် ဖြစ်ပျက်ခဲ့သောအဖြစ်အပျက်များအားလုံးကို သိမြင်သွားခဲ့ရကာ၊သွေးများစွန်းထင်းနေသော ထိုကျောက်သားလှံရှည် ကျဆင်းလာမှု နှင့် ဖြစ်ပျက်ခဲ့သမျှအရာအားလုံးကို ကိုယ်တိုင်ကိုယ်ကျ မျက်မြင်တွေ့ရှိခဲ့သည်။
"သူက နတ်ဆိုးဧကရာဇ်ဖြစ်နေတာ မဆန်းတော့ပါဘူးလေ။"
"ဧကရာဇ် ၊ အစစ်အမှန်ဗုဒ္ဓတို့ဟာ မိုးကောင်းကင်နဲ့ မြေပြင်ရဲ့ မိနဲ့ဖမဟုတ်ရင်တောင်၊ ကောင်းကင်နိယာမရဲ့ ထင်ရှားတဲ့ပြယုဒ် ဘိုးဘေးနတ်ဘုရားတောင်မှ မင်းရဲ့ခြယ်လှယ်မှုကနေမလွတ်မြောက်နိုင်ခဲ့ပါလား။"
"ကံကောင်းထောက်မစွာနဲ့။ ဒီဘုန်းကြီးအိုက အချိန်မီရောက်လာခဲ့လို့ပေါ့။ မင်းအတွက်ကယ်တင်ခြင်းအခွင့်အရေးကို ပေးစွမ်းနိုင်ခဲ့တယ်။"
ပစ္စုပ္ပန်ဗုဒ္ဓက မြစ်၏အထက်တွင် တင်ပျဉ်ခွေထိုင်လိုက်ပြီး၊ အကြောက်တရားနှင့် ဒေါသများ ပြည့်နှက်နေသော ဟိုထူဧကရီကို တည်ငြိမ်စွာစောင့်ကြည့်လိုက်သည်။ "မင်းက နတ်ဆိုးတွေနဲ့ရောနှောနေပြီး၊ ဧကရီရဲ့ဂုဏ်သိက္ခာ ကင်းမဲ့နေတယ်။ ဗုဒ္ဓကို ကပ်ဘေးသုံးသောင်းတိုင်တိုင် စိတ်ရင်းမှန်နဲ့ ဒူးထောက်ပါ။ ဒါဆိုရင် မင်းရဲ့ဧကရီ အမည်ကို ငါ ပြန်လည်ပေးအပ်မယ်။"
သူက ညင်သာစွာ လက်ဖြောက်တီးလိုက်ရာ၊ သန့်စင်ခြင်းကျောက်စိမ်းပုလင်းက ၎င်း၏တောက်ပမှုကို ဆုံးရှုံးသွားပြီး၊ တိုက်ရိုက် ပြုတ်ကျသွားခဲ့၏။
သူ၏စကားများ ဆုံးသွားသည်နှင့်အမျှ ဟိုထူဧကရီက ဗုဒ္ဓ၏စွမ်းအားဖြာဆင်းလာသည်ကို ခံစားလိုက်ရ၏။
သူမက အံများကိုကြိတ်လိုက်ပြီး မျက်လုံးမှိတ်ကာ ရပ်နေဆဲဖြစ်သော ရှန်းယီကို လှမ်းကြည့်လိုက်သည်။
နောက်တစ်ခဏတွင်၊ ဧကရီက ကောင်းကင်တာအို အတွင်းရှိ ဧကရာဇ်တာအိုအသီးအပွင့်ကို အသည်းအသန် အသက်သွင်းလိုက်တော့သည်။
သိပ်သည်းသော ဧကရာဇ်အလင်းတန်းတစ်ခုက သူမထံမှပေါက်ကွဲထွက်လာပြီး၊ ဤဗုဒ္ဓစွမ်းအားများကို တွန်းလှန်ရန်ရည်ရွယ်လိုက်၏။
သို့သော် မျက်တောင်တစ်ခတ်အတွင်း၊ ဧကရာဇ် တာအိုအသီးအပွင့်က အနည်းငယ်အက်ကွဲစပြုလာပြီး ဧကရာဇ်အလင်းတန်းက ထိန်းချုပ်၍မရနိုင်အောင်လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။
ဟိုထူဧကရီ၏မျက်လုံးများက မျက်တောင်တစ်ခတ်အတွင်းလစ်ဟာသွားပြီး သူမသတိပြန်လည်လာသောအခါ သူမ၏ ဧကရာဇ်အလင်းတန်းအားဖယ်ရှားခံလိုက်ရပြီဖြစ်ကာ၊ သူမ၏တစ်ကိုယ်လုံးက မြေကြီးပေါ်တွင် တိတ်ဆိတ်စွာဒူးထောက်နေခဲ့ပြီ ဖြစ်သည်။
"..."
လွတ်မြောက်ခြင်းက ပထမအဆင့်အထက်တွင် ရှိနေကြောင်းကို သူမသိထားသော်လည်း၊ ကွာဟချက်က ဤမျှကြီးမားလိမ့်မည်ဟု ဘယ်သောအခါမှ မထင်မှတ်ထားခဲ့ပေ။
ဧကရာဇ်ဆိုသည်မှာ မသေမျိုးသစ္စာကို ပြီးမြောက်ပြီးနောက် ကောင်းကင်တာအို၏ခန့်အပ်ခံခြင်း ဖြစ်သည်။
ယခုအခါ ပစ္စုပ္ပန်ဗုဒ္ဓက သူမကိုတိုက်ရိုက်ရိုက်ချလိုက်သော်လည်း ကောင်းကင်တာအိုကိုလျစ်လျူရှုထားပုံရပြီး၊ ကောင်းကင်ဘုံ၏ဆုပေးဒဏ်ပေးမှုအတွက် ကိုယ်စားပြုဆောင်ရွက်နေပုံရ၏။
သို့သော် နောက်တစ်ခဏတွင်၊ ဟိုထူဧကရီ၏မျက်နှာက နောက်တစ်ကြိမ် ပြောင်းလဲသွားခဲ့ပြန်သည်။
သိပ်သည်းသော အကြောက်တရားတစ်ခုက သူမ၏မျက်လုံးများထဲတွင် ပေါ်လာခဲ့၏။
အဘယ်ကြောင့်ဆိုသော် မြင့်မားလှသော ထိုဗုဒ္ဓ၏ပုံရိပ်က သူ၏အကြည့်ကို ရှန်းယီအပေါ်သို့ဖြည်းညှင်းစွာရွှေ့လိုက်သောကြောင့်ပင်။
ဧကရီ နှင့် ဘိုးဘေးနတ်ဘုရားတို့က ခြယ်လှယ်ခြင်းကိုခံခဲ့ရသဖြင့် ခွင့်လွှတ်ပေးနိုင်ပြီး ကယ်တင်လမ်းပြခြင်းခံရပါလိမ့်သည်။
သို့သော် ခြယ်လှယ်ခြင်း၏အရင်းအမြစ်နှင့် ပတ်သက်၍မူ သဘာဝကျကျပင် ၎င်းကိုဖယ်ရှားပစ်ရန်တွက် သူ၏အားထုတ်မှုအားလုံးကိုအသုံးပြုရပါလိမ့်မည်။
"..."
ပစ္စုပ္ပန် ဗုဒ္ဓ၏အကြည့်က အနည်းငယ်တဖျပ်ဖျပ် လင်းလက်သွားခဲ့၏။
သူ၏အတွင်းစိတ် အခြေအနေက အပြင်ပန်းမြင်ရသကဲ့သို့ တည်ငြိမ်မနေခဲ့ပေ။ အချိန်မြစ်ကို ဖြတ်သန်းလာစဉ်က အတိတ်ဗုဒ္ဓ နှင့် ယှဉ်ပြိုင် တိုက်ခိုက်ရာတွင် ဤကလေးက ရင်တုန်ဖွယ်ကောင်းသောအရာများစွာကို ဖော်ပြနေသည်ကို သူ မြင်တွေ့ခဲ့ရသည်။
သူ၏အစွမ်းကုန်အားထုတ်မှုဖြင့် သူက ခန္ဓာကိုယ် သုံးခုအဖြစ်ခွဲထွက်ကာ၊ လွတ်မြောက်ခြင်း လမ်းကြောင်းပေါ်သို့တက်လှမ်းရန် ၎င်းကိုအသုံးပြုဖို့ ရည်ရွယ်ထားခဲ့၏။
အခန်း (၁၄၃၆) အနာဂတ်ဆိုတာရောက်မလာခဲ့ရင်၊ ငါကပဲ တထာဂတလုပ်လိုက်မယ်
ဤသည်မှာ အတိတ်ဗုဒ္ဓ နှင့် ယွီချင်းတို့ နှစ်ဦးစလုံး ဘယ်သောအခါမှ ထည့်မစဉ်းစားခဲ့ဖူးသောအရာ ဖြစ်သည်။
ဤကဲ့သို့သော လုပ်ရပ်၏ဖြစ်နိုင်ခြေကို မဆိုထားနှင့် ကျင့်ကြံသူများကို မျောက်များအဖြစ်သာ မြင်သော မောက်မာသည့် ဘိုးဘေးနတ်ဘုရားများက ၎င်း၏အတွင်း၌နေထိုင်ရန် အမှန်တကယ် သဘောတူခဲ့ကြ၏။
ထို့အပြင် ရှန်းယီက ဤရည်ရွယ်ချက်အတွက် ကမ္မကုသိုလ်မသေမျိုးခန္ဓာကိုယ်ကို အထူးတလည် ပြင်ဆင်ထားပါသည်။
ဤတိုက်ဆိုင်မှုက အလွန်ထူးခြားလွန်းလှပေ၏။
အာဟတ်တစ်ပါး ဖြစ်လာရန်ပင်လျှင် ဗောဓိဂိုဏ်း၏နည်းလမ်းကို ခိုးယူခဲ့ရသော မြေရိုင်းနယ်မြေမှ ပုရွက်ဆိတ်တစ်ကောင်က ဤမျှထိကြိုတင်၍သေချာစွာ စီစဉ်နိုင်လိမ့်မည်ဟု သူ မယုံကြည်နိုင်ခဲ့ပေ။
ဤအရာများအားလုံးပေါင်းစပ်သွားမှုက ပစ္စုပ္ပန် ဗုဒ္ဓ၏စိတ်ထဲသို့ စကားလုံးနှစ်လုံးကို မလွဲမသွေ သယ်ဆောင်လာခဲ့၏။
ကံကြမ္မာ။
ဂိုဏ်းနှစ်ခုစလုံးက ကောင်းကင်ကိုခိုးယူပြီး နေ့ရက်များကို ပြောင်းလဲခြင်းကိစ္စတွင် ပါဝင်နေကြပြီး၊ ဤစကားလုံးနှစ်လုံးက ဗုဒ္ဓ၏နှလုံးသားကို အလွန်အမင်းထိခိုက်သွားစေခဲ့သည်မှာ သေချာလှပါသည်။
'ဗုဒ္ဓဟာကောင်းကင်ပဲ... သူ့ရဲ့ကိုယ်ပိုင်အတွေးတွေက ကံကြမ္မာပဲ။'
ဤအရာကို တွေးမိသောအခါ သေချာစွာဟန်လုပ်ဖန်တီးထားသော သနားကရုဏာအကြည့်က ငြင်းဆို၍မရနိုင်သော အေးစက်သည့်သတ်ဖြတ်လိုသောရည်ရွယ်ချက်တစ်ခုအဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲသွားခဲ့၏။
"ကျေးဇူးပြုပြီး နတ်ဆိုးဧကရာဇ်ကို ဖိနှိပ်ပေးပါ!"
ပဲ့တင်ထပ်နေသော ဗုဒ္ဓ၏အသံနှင့်အတူ ဤ ဗုဒ္ဓက သူ၏ညာဘက်လက်ဖဝါးကို ရုတ်တရက် ဆန့်ထုတ်လိုက်သည်။
လွင့်ခတ်နေသောကျယ်ဝန်းသည့် သင်္ကန်းစများက ကောင်းကင်ကိုလွှမ်းခြုံထားသော ပိုက်ကွန်တစ်ခုအဖြစ်ပြောင်းလဲသွားပြီး၊ ပန်းရောင်လက်ဖဝါးတစ်ဖက်က သေမျိုးလောကကို ဖုံးကွယ်သွားကာ၊ လက်ချောင်းငါးချောင်းကလည်း ဧရာမတိုင်လုံးကြီးများအလား သေမျိုးလောကအလယ်ရှိ မိစ္ဆာနတ်ဆိုးများကို ဖျက်ဆီးပစ်ရန်ခြိမ်းခြောက်လာခဲ့သည်။
လွတ်မြောက်ခြင်းက သတ်ဖြတ်လိုသည့် အတွေးများ ထားရှိလာသည့်အချိန်တွင်...
ဤလက်ဖဝါးတစ်ခုတည်းကပင် ကောင်းကင်တာအိုကိုပင် မိုးခြိမ်းသံကဲ့သို့မြည်ဟည်းသွားစေနိုင်ပြီး၊ရေတွက်၍မရနိုင်သည့် ဝိညာဉ်များကို မျှော်လင့်ချက်မဲ့သွားစေနိုင်ပါသည်။
"ဟား"
ချီဖုန်းက မှင်သက်ပြူးကျယ်စွာကြည့်နေပြီး၊ ဟိုထူဧကရီ၏မျက်လုံးများထဲမှ အလင်းရောင်ကမှေးမှိန်သွားကာ၊ အစစ်အမှန်နတ်ဘုရားများကတော့ ဖိနှိပ်လာသော ဧရာမလက်ဖဝါးကြီးကို တိုက်ရိုက်ပင် မကြည့်ဝံ့ကြတော့ပေ။
ဤအခိုက်အတန့်တွင်၊ နက်မှောင်သောဧရာမလက်တစ်စုံက ကောင်းကင်ယံကိုရုတ်တရက် ထိုးဖောက်ဝင်လာပြီး ထိုလက်ဖဝါး၏ လက်ကောက်ဝတ်ကို ပြင်းထန်စွာ ဆုပ်ကိုင်လိုက်၏။
ခမ်းနားကြီးကျယ်သော နက်မှောင်သည့်ဧရာမဗုဒ္ဓက သေမျိုးလောကတွင် နောက်တစ်ကြိမ် ထွက်ပေါ်လာခဲ့သည်။
မယိုင်းမယိုင်လှုပ်ရှားခြင်းမဲ့ဧကရာဇ်ဗုဒ္ဓ
ဧရာမလက်ဖဝါး၏အောက်သို့ ဖိချလာသော ဖိအားက အနည်းငယ်သက်သာသွားသလို၊ ပစ္စုပ္ပန် ဗုဒ္ဓ၏အမူအရာကလည်း အနည်းငယ်တင်းမာသွားသော်လည်း၊ လက်ချောင်းငါးချောင်းက ပြင်းထန်စွာဖိချနေဆဲပင်။
သို့သော်၊သူက ခုခံမှုအရိပ်အယောင်တစ်ခုကို မမျှော်လင့်ဘဲ ခံစားလိုက်ရ၏။
ဤသည်မှာ လွတ်မြောက်ခြင်းကို ရရှိပြီးကတည်းက ဗုဒ္ဓမကြုံတွေ့ခဲ့ရဖူးသော ခံစားချက်တစ်ခုပင်။
ရွှေရောင်ဧရာမလက်ဖဝါးတစ်ခုက လေထုကိုထိုးဖောက်ဝင်လာပြီး၊ အသားလက်ဖဝါးကို တိုက်ရိုက် ရင်ဆိုင်လိုက်ရာ၊နားကန်းမတတ် ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ၊ ထိုနှစ်ခုက ကောင်းကင်ကန့်လန့်ကာတွင် အချင်းချင်း အားပြိုင်နေခဲ့ကြသည်။
မယိုင်းမယိုင်လှုပ်ရှားခြင်းမဲ့ဧကရာဇ်ဗုဒ္ဓက ကောင်းကင်ကန့်လန့်ကာအလား မြင့်မားစွာ တစ်ဦးထဲရပ်တည်နေခဲ့ရာမှ ယခုအခါ ၎င်း၏အနောက်တွင် အဆပေါင်းများစွာပိုမိုကြီးမားသော ရွှေရောင်ခန္ဓာဓမ္မကိုယ်ထည်တစ်ခု ထွက်ပေါ်လာပြီး၊ ၎င်း၏တစ်ကိုယ်လုံးက နက်နဲသောတာအိုသင်္ကေတများဖြင့် ပြည့်နှက်နေကာ၊ မဟာအသက်သွေးကြောကိုးခုက ၎င်း၏ကိုယ်ထည်ကို အရိုးများအလား ထောက်ပံ့ပေးထားခဲ့၏။
ထို့အတူ ထိုနှစ်ခုစလုံး၏အောက်ခြေတွင်တော့
အနက်ရောင်တာအိုဝတ်ရုံက မည်သို့မသိတိတ်ဆိတ်စွာသန့်စင်သွားပြီး၊ အစွန်းအထင်းတစ်စက်မျှမရှိသော စင်ကြယ်သည့်အဖြူရောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
လူငယ်လေး၏မျက်နှာက သတ်ဖြတ်ခြင်းတိုက်ပွဲကြောင့် ကျန်ရစ်ခဲ့သောကြမ်းကြုတ်မှုအချို့မှာ ယခုပျောက်ကွယ်သွားပြီး၊ဖော်ပြ၍မရနိုင်သောခမ်းနားကြီးကျယ်မှုတစ်ခုသာကျန်ရစ်ကာ၊ ဤမသေမျိုးများ နှင့် ဗုဒ္ဓများ၏အရှေ့တွင် သူက ထိုကလေးဆန်သောအပြစ်ကင်းစင်မှုအရိပ်အယောင်ကို နောက်ဆုံးတွင်ဖယ်ရှားလိုက်ပြီဖြစ်ပြီး၊ လောကကြီးကို အုပ်စိုးသောတော်ဝင်ဂုဏ်သိက္ခာတစ်ခုဖြင့် အစားထိုးလိုက်ပြီဖြစ်သည်။
ရှန်းယီ၏အကြည့်က တိတ်ဆိတ်နေသော ရေကန်တစ်ခုအလားတည်ငြိမ်နေပြီး၊၎င်းကို မမြင်တွေ့ရသည့်အလားအထက်ရှိ ဧရာမလက်ဖဝါးကို ကြည့်နေခဲ့သည်။
"မင်း..."
ပစ္စုပ္ပန်ဗုဒ္ဓ၏တုံ့ပြန်မှုက ပို၍ပင်ကြီးမားနေခဲ့၏။ ရှန်းယီပြသခဲ့သော စွမ်းအားကြောင့် သူ အံ့အားသင့်သွားခြင်း မဟုတ်ဘဲ၊ တစ်စုံတစ်ယောက်က ခန္ဓာကိုယ်သုံးခုကိုဖွဲ့စည်းလိုက်ခြင်းကြောင့် သူ အမှန်တကယ် အနှောင့်အယှက်ဖြစ်သွားခဲ့ခြင်းပင်။
ယွီချင်းဂိုဏ်းချုပ်က အကူအညီအဖြစ် အခြား ဂိုဏ်းချုပ်နှစ်ဦးလိုအပ်ခဲ့ပြီး၊ သူကိုယ်တိုင်က အခြား ဗုဒ္ဓနှစ်ပါးနှင့်အတူ လွတ်မြောက်ခြင်းကို အလှည့်ကျရယူရန်လိုအပ်ခဲ့၏။
သို့သော် ဤလူငယ်လေးက ခန္ဓာကိုယ်သုံးခုကို ပေါင်းစည်းလိုက်မည်ဆိုပါက၊ သူတစ်ဦးတည်းဖြင့် လွတ်မြောက်ခြင်း၏ကြီးမားလှသောစွမ်းအားကို အသုံးပြုနိုင်လိမ့်မည်။
ဟိုထူဧကရီက အချိန်အတော်ကြာတိတ်ဆိတ်နေခဲ့ပြီး၊ နောက်ဆုံးတွင် အသံတိတ်ရယ်မောလိုက်၏။
ရှန်းယီက လွတ်မြောက်ခြင်းသို့ မရောက်ရှိသေးဘဲ လက်ဖဝါးတစ်ချက်ကိုခုခံရန်ပင် လွန်စွာအားစိုက်ထုတ်နေရကြောင်း သူမမြင်တွေ့နိုင်ပါသည်။ ထို့အတူ တစ်ဖက်လူက ရှုံးနိမ့်၍မရနိုင်သော အနေအထားတွင် ရှိနေပြီဖြစ်ကြောင်းကိုလည်း သူမနားလည်ထား၏။
အတိတ်ဗုဒ္ဓကဲ့သို့ပင် သူ့ကိုအမှန်တကယ်သတ်ဖြတ်ရန်အတွက် သူ့ကိုကျော်လွန်ရုံဖြင့် မလုံလောက်ပေ။ ဦးဆောင်သူအဖြစ် ပစ္စုပ္ပန်ဗုဒ္ဓကို ဖြေရှင်းရပါလိမ့်မည်။
ရှန်းယီက ခန္ဓာကိုယ်သုံးခုအဖြစ် ခွဲထွက်သွားပြီဖြစ်ရာ၊ သူ့ကို အမှန်တကယ်ရင်ဆိုင်ရန်အတွက်၊ထို ရွှေရောင်ခန္ဓာဓမ္မကိုယ်ထည်ကို အရင်ဆုံး ကျော်လွှားရမည်ဖြစ်သည်။
အကယ်၍ ဓမ္မကိုယ်ထည်က မပျက်စီးပါက၊ သူသည် ထာဝရတည်ရှိနေပါလိမ့်မည်။
ထို့အတူ နားလည်ထားရမည်မှာ... ဤဓမ္မကိုယ်ထည်ထဲတွင် မဟာအသက်သွေးကြော ကိုးခု ရှိနေပေ၏။ တခြားနည်းဖြင့် ပြောရလျှင် ရှန်းယီ ဟာ ယခုအချိန်တွင် မိုးကောင်းကင် နှင့် မြေပြင်ဆိုလျှင်လည်းမမှားတော့ပေ။
သူ့ကို မည်သူကများ အမှန်တကယ်ဒုက္ခပေးရဲမည်နည်း။
အကောင်းဆုံးအနေအထားမှာ ဖိနှိပ်ခြင်းသာလျှင် လုပ်ဆောင်နိုင်သောအရာဖြစ်ပြီး၊သူ အသက်ရှင်နေသရွေ့၊တွေ့မြင်ကြားသိရသမျှက အောင်ပွဲကို သံသယကင်းစွာ အာမခံပေးနေလိမ့်မည်။
ထို့အပြင် အကယ်၍ ခန္ဓာကိုယ်သုံးခုက သီးခြား လမ်းကြောင်းများမှ ထွက်သွားခဲ့မည်ဆိုလျှင် သူ၏ကန့်သတ်ချက်များအောက်တွင်၊ ပစ္စုပ္ပန် ဗုဒ္ဓက ရှန်းယီကို ထိန်းသိမ်းထားရန်ပင် စွမ်းဆောင်နိုင်မည် မဟုတ်ပေ။
"ဟား"
ဟိုထူဧကရီက တွေးတောနိုင်သောအရာများကို၊ ပစ္စုပ္ပန်ဗုဒ္ဓကလည်း သဘာဝကျကျပင် တုံ့ပြန်နိုင်စွမ်းရှိပါသည်။
သူ၏မျက်နှာက တဖြည်းဖြည်းမှိုင်းညို့လာပြီး၊ အသက်ပြင်းပြင်းရှူကာ၊ သူ၏စိတ်ခံစားချက်များကို တည်ငြိမ်စေရန်အားထုတ်လိုက်၏။
မကြာမီတွင် သူ၏နှုတ်ခမ်းထောင့်၌ လှောင်ပြောင်မှုတစ်ခု ထွက်ပေါ်လာခဲ့သည်။ "မင်းကိုသတ်လို့မရရင်တောင်မှ ဒီဘုန်းကြီးအိုက မင်းကိုထွက်ပြေးခွင့်ပြုမှာ မဟုတ်ဘူး။ ယွီချင်းရဲ့ တာအိုက အသက်သွေးကြောကိုးခုကို ဖိနှိပ်နိုင်တယ်၊ ဒီဘုန်းကြီးကလည်း မင်းရဲ့အခြား ဓမ္မကိုယ်ထည်နှစ်ခုကို အလားတူဖိနှိပ်နိုင်တယ်။"
"ဒီနေ့ မင်းဒီမှာရိုးရိုးသားသားနေလိုက်တာက ပိုကောင်းလိမ့်မယ်။"
ပစ္စုပ္ပန် ဗုဒ္ဓက အနည်းငယ် ကြောက်ရွံ့နေပြီဖြစ်သည်။ ဤလူငယ်လေးက အခြား ထူးဆန်းသောလှည့်ကွက်တစ်ခုကို ထပ်မံထုတ်သုံးလာမည်ကို သူ အမှန်တကယ်ကြောက်ရွံ့နေခဲ့၏။
ယနေ့ သေမျိုးလောကပြိုကျပျက်စီးသွားမည်ဆိုလျှင်ပင် သူက ဤဓမ္မကိုယ်ထည်သုံးခုကို ဤနေရာတွင် အတင်းအကျပ်ထိန်းသိမ်းထားမည်ဖြစ်ပြီး၊ သူတို့ကိုထာဝရဖိနှိပ်ရန် လွတ်မြောက်ခြင်းသို့ ရောက်ရှိနေသူ နှစ်ဦး၏စွမ်းအားကို အသုံးပြုမည် ဖြစ်သည်။
ဧရာမ ဗုဒ္ဓလက်ဖဝါးက ရုတ်တရက် နောက်ဆုတ်သွားခဲ့၏။
သင်္ကန်းစလွင့်ခတ်သွားသည်နှင့်အမျှ အချိန်မြစ်က ရုတ်တရက်မြင့်တက်လာပြီး၊ အဆုံးမဲ့ကောင်းကင် ကန့်လန့်ကာဆီသို့ ရှည်ထွက်သွားခဲ့သည်။ တစ်ဝက်သာပြီးပြည့်စုံသောမြစ်က ယခုအခါ အပြည့်အဝပြင်ဆင်ပြီးသွားပြီဖြစ်ကာ၊ အတိတ်မှ ပစ္စုပ္ပန်အထိ ထို့နောက် အနာဂတ်ဆီသို့ ရောက်ရှိကာ အရာအားလုံးကိုလွှမ်းခြုံပြီး ဖုံးကွယ်ထားသည့်အလားပင်။
ပစ္စုပ္ပန် ဗုဒ္ဓက အချိန်မြစ်၏ ဗဟိုတွင် တည်ငြိမ်စွာ ထိုင်နေပြီး၊သူ၏အောက်တွင် ကျယ်ပြန့်သောကြာပန်းပလ္လင်တစ်ခု ဖွဲ့စည်းလာခဲ့သည်။
ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်တစ်ခုပျံ့နှံ့သွားပြီး၊ လွတ်လမ်းအားလုံးကိုဖြတ်တောက်လိုက်သည့်အလားပင်။
ဤသည်မှာ လွတ်မြောက်ခြင်း၏ အစစ်အမှန် အသွင်အပြင်ဖြစ်ပါသည်။
သို့သော်၊ ပစ္စုပ္ပန်ဗုဒ္ဓက လွတ်မြောက်ခြင်း၏စွမ်းအားကို ထုတ်လွှတ်လိုက်သောအခါ၊ သူ၏မျက်လုံးများတွင် ဇဝေဇဝါဖြစ်မှုအရိပ်အယောင်တစ်ခု လင်းလက်သွားခဲ့၏။
အဘယ်ကြောင့်ဆိုသော် ရှန်းယီက ထွက်ပြေးရန် ရည်ရွယ်ချက်မရှိပုံရကြောင်းကို သူ ရုတ်တရက် တွေ့ရှိလိုက်ရသောကြောင့်ပင်။
ပြိုင်ဘက်က ပတ်ဝန်းကျင်ရှိ အပြောင်းအလဲများကို မသိရှိသည့်အလား တိတ်ဆိတ်စွာရှိနေခဲ့သည်။
"ကပ်ဘေးတစ်သောင်းကို ဖြတ်သန်းရရင်တောင်မှ၊ ဒီဘုန်းကြီးအိုက မင်းကိုတိုက်ပွဲမှာအဖော်ပြုပေးမယ်။"
ဗုဒ္ဓ၏မျက်လုံးများထဲတွင် ပိုမိုအေးစက်သော အလင်းတန်းတစ်ခု ပေါ်လာခဲ့၏။ ပြိုင်ဘက်က ရှုံးနိမ့်၍မရနိုင်သော အနေအထားတွင် ရှိနေသော်လည်း၊ ရှုံးနိမ့်၍မရနိုင်ခြင်းဆိုသည်မှာ အနိုင်ရရှိခြင်းကို ဆိုလိုခြင်း မဟုတ်ပေ။
ဂိုဏ်းနှစ်ခုစလုံးက ဘိုးဘေးနတ်ဘုရားကို ဖိနှိပ်နိုင်သကဲ့သို့ သူတို့က ရှန်းယီကိုလည်း သေချာပေါက် ဖိနှိပ်နိုင်ပါသည်။
ဤစကားကို ကြားသောအခါ၊ ရှန်းယီက ခေတ္တမျှ တိတ်ဆိတ်သွား၏။ ထို့နောက် ခေါင်းကိုညင်သာစွာ ခါယမ်းလိုက်ပါသည်။ "ကပ်ဘေးတစ်သောင်းက အရမ်း ကြာလွန်းပါတယ်။"
စကားမဆုံးမီမှာပင်။ ပစ္စုပ္ပန်ဗုဒ္ဓသာမက ဟိုထူ သခင်မ၏မျက်လုံးများထဲတွင်ပါ ဇဝေဇဝါဖြစ်မှုများ လင်းလက်သွားခဲ့သည်။
ခန္ဓာကိုယ်သုံးခုကို ပေါင်းစည်းရန် အချိန်လိုအပ်သော်လည်း၊ ဂိုဏ်းနှစ်ခုစလုံးက သူ့ကို ထိုအချိန် ပေးမည်မဟုတ်ကြောင်း ထင်ရှားလှသည်။
လူတိုင်း၏အကြည့်အောက်တွင် ရှန်းယီက ရုတ်တရက်မျက်လုံးများကိုပင့်ကြည့်လိုက်ပြီး၊ လေဟာနယ်ဆီသို့ ကြည့်ကာတည်ငြိမ်စွာ ပြောလိုက်၏။ "ဒီ မိစ္ဆာကို သတ်ပေးပါ။ ကျုပ်ခင်ဗျားကို သန့်စင်တဲ့နယ်မြေတစ်ခုဖြစ်တဲ့ ဝိညာဉ်တောင်ရတနာနယ်မြေကို ပေးသနားနိုင်တယ်။"
အကယ်၍ ပစ္စုပ္ပန်ဗုဒ္ဓက ဟိုထူဧကရီ၏ရာထူးကို ဖိနှိပ်ခဲ့ပါက၊ ၎င်းသည် ကောင်းကင်ဘုံ၏အာဏာဖြင့် ကြားဝင်ဆုံးဖြတ်ခြင်းနှင့် အတူတူပင်ဖြစ်သွားပြီး၊ နယ်နိမိတ်များကို ကျော်လွန်သွားပြီဖြစ်သည်။
လက်ရှိအခိုက်အတန့်မှာတော့ ရှန်းယီ၏ဟန်ပန်က မိမိကိုယ်ကို ကောင်းကင်တာအိုအဖြစ် လုံးဝနေရာယူထားပြီး၊ ရိုးရှင်းသောစကားတစ်ခွန်းဖြင့် မြင့်မြတ်သောဗုဒ္ဓကို နတ်ဆိုး တစ်ကောင်အဖြစ်သို့ လျှော့ချပစ်လိုက်သည်။
"ဒီ မိစ္ဆာ..." ပစ္စုပ္ပန်ဗုဒ္ဓက မယုံကြည်နိုင်စွာဖြင့် ကြည့်လိုက်ပြီး၊ သူ၏နားများကို စတင်သံသယဝင်လာခဲ့သည်။
လောကတွင် ဤကဲ့သို့သောဂုဏ်ပုဒ်မျိုးကို ကိုယ့်ကိုယ်ကိုယ်ပေးအပ်ရန်ရဲဝံ့သော သတ္တဝါမည်သို့ ရှိနိုင်မည်နည်း။
သူ့ကို ပို၍ဇဝေဇဝါဖြစ်စေခဲ့သောအရာမှာ၊ နတ်ဆိုးဧကရာဇ်က အတိအကျမည်သူ့ကို ပြောနေသနည်း။
ထိုနေရာရှိ လူတိုင်းက ထိုအရပ်မျက်နှာဆီသို့ လှည့်ကြည့်လိုက်ကြ၏။
ရှည်လျားသော တိတ်ဆိတ်မှုအပြီးတွင်၊ အချိန် မြစ်ဖြင့် ဖုံးလွှမ်းထားသောနယ်မြေအတွင်းမှ နက်ရှိုင်းသောတုံ့ပြန်မှုတစ်ခု အမှန်တကယ်ပင်ထွက်ပေါ်လာခဲ့သည်။
"ဒီနွမ်းပါးတဲ့ဘုန်းကြီးက ကျောက်စိမ်းဧကရာဇ်ရဲ့ မြင့်မြတ်တဲ့အမိန့်တော်ကို နာခံပါတယ်။"
အချိန် မြစ်၏ အဆုံးတွင်၊ ပုံရိပ်နှစ်ခု ဖြည်းညှင်းစွာ ပေါ်လာခဲ့၏။
အရှေ့တွင် ရပ်နေသူက အောက်သို့လေးစားစွာ ဦးညွှတ်လိုက်သည်။ "ပေးသနားတော်မူတဲ့ကျေးဇူးတော်အတွက် ကျောက်စိမ်းဧကရာဇ်ကို ကျေးဇူးတင်ပါတယ်။"
အခြားသူများ၏အံ့အားသင့်မှုများနှင့် နှိုင်းယှဉ်ပါက ရှန်းယီက ၎င်းကိုတုံ့ပြန်သည့်အနေဖြင့် ညင်သာစွာ ခေါင်းညိတ်ရုံသာပြုလုပ်ခဲ့သည်။
ဟိုထူဧကရီကို ကယ်တင်သည့် ကိစ္စမှစ၍၊ ဤ ဧရာမ ပုဂ္ဂိုလ်ကြီး၏ ရည်ရွယ်ချက်များကို သူ အကြမ်းဖျင်း ခန့်မှန်းမိခဲ့ပြီး၊ သူတို့အတွက် သူ မည်မျှအရေးပါကြောင်းကိုလည်း နားလည်ခဲ့၏။
ဤကဲ့သို့သော အခြေအနေမျိုးတွင်၊ တစ်ဖက်လူက သူ့ကို အချိန်တိုင်းစောင့်ကြည့်နေမည်မှာ သေချာလှပါသည်။
ရှန်းယီက ၎င်းကိုဖွင့်ချခြင်းမရှိခဲ့သလို၊ ဤသူ့ထံသို့ သူ၏နက်ရှိုင်းမှုကို အဆက်မပြတ်ဖော်ပြရန် အတိတ်ဗုဒ္ဓ၏ ရပ်တည်ချက်ကို ဆက်လက် အသုံးချခဲ့သည်။
အရေးအကြီးဆုံးအချက်မှာ နတ်ဆိုးတစ်သောင်းခန်းမတွင် မသေမျိုးဗုဒ္ဓများကို ရှင်သန်လာစေရန်နှင့် သူတို့ကိုထိန်းချုပ်ရန်စွမ်းရည်ရှိနေခြင်းပင်။
အနာဂတ်ဗုဒ္ဓလိုချင်သောအရာမှာ လွတ်မြောက်ခြင်းမှလွဲ၍အခြားအရာမရှိကြောင်း လူတိုင်း သိကြ၏။
သို့သော် သူကြောက်ရွံ့သောအရာကိုမူ၊ ရှန်းယီ တစ်ဦးတည်းသာ သတိပြုမိနိုင်ပေလိမ့်မည်။
ပြိုင်ဘက်က အခြား ဗုဒ္ဓနှစ်ပါးကို သစ္စာဖောက်ရန် မဝံ့ရဲခြင်းမှာ အဓိကအားဖြင့် ၎င်းက အဓိပ္ပာယ်မဲ့သောကြောင့်ဖြစ်သည်။ မည်သို့ပင်ဆိုစေ သူရှာဖွေနေသောအရာမှာ လွတ်မြောက်ခြင်းဖြစ်ပြီး၊အကယ်၍ သူက ပစ္စုပ္ပန်ဗုဒ္ဓကို ဆွဲချလိုက်လျှင်ပင် အခြားဗုဒ္ဓနှစ်ပါးက သူ၏လွတ်မြောက်ခြင်းကို ဆက်လက် ထောက်ပံ့နိုင်ပါဦးမည်လော။
သို့သော် ယခုအခါ၊ ရှန်းယီက ဤပြဿနာကို ဖြေရှင်းပေးလိုက်ပြီ ဖြစ်သည်။
ရွှင်ပျော်ဗုဒ္ဓက ဆေးလုံးဗုဒ္ဓကို သေစေလောက်သောတိုက်ခိုက်မှုတစ်ခု ပြုလုပ်နိုင်ခဲ့၏။ အလားတူ နည်းလမ်းများကို အသုံးပြု၍ ဗုဒ္ဓနှစ်ပါးကို ခြယ်လှယ်ခြင်းဖြင့်၊ လွတ်မြောက်ခြင်းဆိုသည်မှာ သူ၏စကားတစ်ခွန်းပေါ်တွင်သာ မူတည်နေပြီ ဖြစ်သည်။
အနာဂတ် ဗုဒ္ဓက ဤအရာကိုမြင်တွေ့ခဲ့ပြီး ဟိုထူ၏ အဖြစ်ဆိုးကိုလည်း လေ့လာခဲ့၏။
ဟိုထူက နတ်ဆိုးဧကရာဇ်နောက်သို့ လိုက်ခဲ့ယုံဖြင့် ဗုဒ္ဓကိုကပ်ဘေးသုံးသောင်းတိုင်တိုင်ဒူးထောက်ရမည် ဖြစ်သည်။
ထို့ဆိုလျှင် ရှန်းယီကို ဟိုထူအားကယ်တင်ခွင့်ပြုခဲ့ပြီး၊ ရှန်းယီကို အခြားသူများ၏အမြင်တွင် မြင့်တက်လာစေရန်ပင်ကူညီပေးခဲ့သော တောင်ပိုင်း ဍုမေဏု၏ဗုဒ္ဓက မည်မျှကြာအောင် ဒူးထောက်ရမည်နည်း။
"အနာဂတ် မင်းဘာလုပ်ဖို့ ရည်ရွယ်ထားတာလဲ။"
ပစ္စုပ္ပန်ဗုဒ္ဓက စိတ်အတွင်းရှိ ထိုစိုးရိမ်ပူပန်မှု၏အရင်းအမြစ်ကို နောက်ဆုံးတွင် နားလည်သွားခဲ့သည်။
"တကယ်ကို နားညှီးစရာပဲ။"
ဝဝဖိုင့်ဖိုင့်ဗုဒ္ဓက ထရပ်ကာ သူ၏နားများကို အားကုန်ပုတ်လိုက်ပြီး၊ သနားကရုဏာရှိပုံရသော သူ၏မျက်နှာတွင် အေးစက်မှုရောယှက်နေသည့် အပြုံးတစ်ခုကို ဆင်မြန်းထားခဲ့၏။ "မင်းငါ့ကို ကတိပေးထားတဲ့ အနာဂတ်က၊ တကယ်ပဲ ရောက်လာနိုင်ပါ့မလား။"
"တကယ်လို့ တထာဂတဆိုရင်တော့..."
ဗုဒ္ဓ၏ရယ်မောသံပျံ့နှံ့သွားသည်နှင့်အမျှ ပြီးပြည့်စုံသောအချိန်မြစ်က ရုတ်တရက်ပြင်းထန်စွာတုန်ခါသွားပြီး၊ အစွန်ဆုံးအပိုင်းက အဓိက မြစ်ကြောင်းမှ သိမ်မွေ့စွာခွဲထွက်သွားခဲ့သည်။
"ဒါဆိုရင် ငါကပဲ ဒီတထာဂတဗုဒ္ဓဖြစ်လိုက်တာက ပိုကောင်းမယ်။"