← Chapters

အခန်း ၁၈၉၂

Vol. 127 Ch. 1892

အခန်း ၁၈၉၂

Vol. 127 Ch. 1892

အခန်း( ၁၈၉၂ )

ရှီယွဲ့ နတ်သခင်

သားရဲမဟာမိတ်။

ချိုင့်ဝှမ်းတစ်ခုကို ပန်းရောင်မြူခိုးများက လွှမ်းခြုံထားသဖြင့် ထိုနေရာသို့ ဝင်ရောက်လာသူတိုင်း သူတို့၏ ရှေ့တည့်တည့်ရှိ လက်ချောင်းများကိုပင် မြင်နိုင်စွမ်း မရှိပေ။ ချိုင့်ဝှမ်းမြေပြင်ပေါ်တွင် ဆေးဖက်ဝင်နတ်အပင်များနှင့် ပန်းမန်များ ဖုံးလွှမ်းနေပြီး တစ်ချိုင့်ဝှမ်းလုံးတွင် ပန်းရနံ့များနှင့် နတ်အငွေ့အသက်များ သင်းပျံ့ထုံမွှန်းနေ၏။

ချိုင့်ဝှမ်း၏ ဗဟိုချက်တွင် နတ်ရေကန်တစ်ခု ရှိနေပြီး ထိုအခိုက်အတန့်တွင် ဖြူဖွေးဝင်းပသော ပုံရိပ်တစ်ခု ရေချိုးသန့်စင်နေသည်။

ရေချိုးသန့်စင်နေသည့် ထိုအမျိုးသမီးက နတ်ရေကန်ထဲမှ ဖြည်းညှင်းစွာ ထရပ်လိုက်ရာ ချောမွေ့လှသော သူမ၏ အသားအရေပေါ်မှ ရေစက်ရေပေါက်များ စီးကျလာ၏။ နတ်စွမ်းအားကို အနည်းငယ်မှ လှုံ့ဆော်လိုက်ရုံဖြင့် ငွေဖြူရောင် ဆံနွယ်များက ချက်ချင်းပင် ချောမွေ့နူးညံ့သွားသည်။

ထိုအခိုက်အတန့်တွင် အမျိုးသမီးတစ်ဦး၏ အသံက နတ်ရေကန်ဘေး၌ ပျံ့လွင့်လာ၏။

အမျိုးသမီးက

“မဟာမိတ်ခေါင်းဆောင်... ဒုတိယမဟာမိတ်ခေါင်းဆောင် ကန်းယာက သတင်းစကား ပေးပို့လာပါတယ်။”

ထိုအရာကို ကြားလျှင် ရှီယွဲ့ နတ်သခင်က တွန့်ဆုတ်ခြင်းမရှိပဲ နတ်ရေကန်ထဲမှ လှမ်းထွက်လိုက်ရာ လှပသော သူမ၏ ကိုယ်လုံးကို ဖြူစင်သော လက်ရှည်ဝတ်စုံတစ်စုံက ဖုံးလွှမ်းသွား၏။

နောက်တစ်ခဏ၌ တောက်ပနေသော အလင်းလုံးတစ်ခု ရှီယွဲ့ နတ်သခင်၏ လက်ထဲသို့ ပျံသန်းဝင်ရောက်လာ၏။

အလင်းလုံးအတွင်းရှိ ထောက်လှမ်းရေး အစီရင်ခံစာကို ဖတ်ရှုပြီးနောက် အတုမရှိ လှပချောမောလှသော ရှီယွဲ့ နတ်သခင်၏ မျက်နှာထက်တွင် စိုးရိမ်ရိပ် အနည်းငယ် ဖြတ်ပြေးသွားသည်။

ရှီယွဲ့ နတ်သခင်က

“လျှို့ဝှက်ဆန်းကြယ် စွမ်းအားလား...”

ခဏခန့် တွေးတောပြီးနောက် ရှီယွဲ့ နတ်သခင် ရေရွတ်လိုက်၏။

“ထျန်းရန် နတ်ဘုရား နယ်မြေရဲ့ တကယ့် ကပ်ဘေးက ဆိုက်ရောက်လာတော့မှာပဲ...”

ထူးဆန်းသော သတ္တဝါများ ဆိုက်ရောက်ခဲ့သည့် ခေတ်ကာလကို သူမ မကြုံတွေ့ခဲ့ဖူးသော်လည်း ထူးခြားသော သွေးမျိုးဆက်ရှိသည့် သားရဲမျိုးနွယ်စုများကတော့ မျိုးရိုးလိုက်မှတ်ဉာဏ်များကို ပိုင်ဆိုင်ထားကြ၏။ အမြီးကိုးခု ကောင်းကင်မြေခွေးတစ်ကောင် အနေနှင့် သူမသည် ထိုထူးဆန်းသော သတ္တဝါများနှင့် ပတ်သက်သည့် မျိုးရိုးလိုက်မှတ်ဉာဏ်အချို့ကို မွေးရာပါ ပိုင်ဆိုင်ထားရာ ထိုအရာများ မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းကြောင်းကိုလည်း ကောင်းကောင်းသိသည်။

နတ်သခင် ကန်းယာ ပေးပို့လာသော သတင်း မှန်ကန်ပါက ထိုကပ်ဘေးမှ လွတ်မြောက်နိုင်ရန်အတွက် ထျန်းရန် နတ်ဘုရား နယ်မြေအနေနှင့် အခြားသော အင်အားစုများနှင့် ထပ်မံ၍ မဟာမိတ်ဖွဲ့ရမည်ဖြစ်ကြောင်း ရှီယွဲ့ နတ်သခင် နားလည်လိုက်၏။

စစ်ပွဲတစ်ပွဲ ပြီးဆုံးသွားကာစဖြစ်သည့် အချိန်၌ ရန်သူ နဝမကောင်းကင်တက္ကသိုလ်နှင့်ပင် မဟာမိတ်ဖွဲ့ရန် လိုအပ်လာနိုင်သည့် အခြေအနေတစ်ရပ် ဖြစ်လာခဲ့ခြင်းဖြစ်သည်။ အဆုံးတွင်တော့ နတ်ဆိုးဧကရာဇ်သည်လည်း ဤလောကမှ လူတစ်ဦးသာဖြစ်ပြီး သူမသည် ဤနေရာကို အုပ်စိုးလိုရုံသာ ဖြစ်နိုင်ရာ အကယ်၍ သူတို့သာ လက်နက်ချရန် ရွေးချယ်ခဲ့လျှင် နတ်ဆိုးဧကရာဇ်က အင်အားစုအသီးသီးကို အသက်ချမ်းသာပေးနိုင်ကောင်း ပေးနိုင်လိမ့်မည်။

သို့သော် ထိုထူးဆန်းသော သတ္တဝါများကတော့ ထိုအရာများကို ဂရုစိုက်လိမ့်မည် မဟုတ်ပေ။ ဤလောကကြီးကို ဖျက်ဆီးပစ်ရန်ကသာ သူတို့၏ စစ်မှန်သော ရည်မှန်းချက် ဖြစ်ပုံရ၏။

ရှီယွဲ့ နတ်သခင် ခဏခန့် တွေးတောပြီးနောက် နောက်ဆုံးတွင် နတ်သခင် ဝမ်ကျဲကဲ့သို့ပင် ထူးဆန်းသော သတ္တဝါများ၏ ကျူးကျော်မှုကို မည်သို့ ခုခံရမည်ကို တိုင်ပင်ရန်အတွက် နဝမကောင်းကင်တက္ကသိုလ်ရှိရာ မြောက်ပိုင်းနယ်သို့ သံတမန်များ စေလွှတ်ရန် ဆုံးဖြတ်လိုက်၏။

မဟာမိတ်ဖွဲ့ခြင်းမှာ စောလေ ကောင်းလေပင် ဖြစ်သည်။ ထိုထူးဆန်းသော စစ်တပ်က တောင်ပိုင်းနယ်ကို သိမ်းပိုက်ပြီးသည်အထိ စောင့်ဆိုင်းနေမည်ဆိုပါက ၎င်းတို့ကို တားဆီးရန် ပို၍ခက်ခဲသွားလိမ့်မည် ဖြစ်၏။

……

အလယ်ပိုင်းနယ်။

ချင်းယွဲ့ နတ်မြို့။

စံအိမ်တစ်ခု။

မည်သည့်အသံမှ အတွင်းအပြင် ဖြတ်သန်းမသွားနိုင်စေရန် ထိုစံအိမ်တွင် သီးခြားခွဲထုတ်ခြင်း နည်းဗျူဟာတစ်ခုကို ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်၏။

ထိုအခိုက်အတန့်တွင် စံအိမ်၏ ဧည့်ခန်းမဆောင်အတွင်း၌ ကြယ်မြစ် နတ်သခင်၊ နတ်သခင် ကန်းယာနှင့် နတ်သခင် လင်ရှုတို့ တစ်ဖန်ပြန်လည် ဆုံတွေ့နေကြ၏။

ကြယ်မြစ် နတ်သခင်က

“သားရဲမဟာမိတ်နဲ့ ချင်းယွမ်ကျောင်းတော်က ဘာလုပ်ဖို့ ရည်ရွယ်ထားလဲဆိုတာ ကျုပ် သိချင်မိပါတယ်။”

ထိုမေးခွန်းကို ကြားသောအခါ နတ်သခင် လင်ရှုနှင့် နတ်သခင် ကန်းယာတို့က ချက်ချင်း မတုံ့ပြန်ပဲ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး တစ်ဖက် အင်အားစုက မည်သည့်ဆုံးဖြတ်ချက် ချမည်ကို သိချင်နေပုံရ၏။

အဆုံးတွင်တော့ သားရဲမဟာမိတ်နှင့် ချင်းယွမ်ကျောင်းတော်တို့မှာ အရှေ့ပိုင်းနယ်၏ အထွတ်အထိပ် အုပ်စိုးရှင်အဆင့် အင်အားစုများ ဖြစ်ကြပြီး ထိုနေရာတွင် နှစ်ပေါင်းကုဋေချီ၍ တိုက်ခိုက်လာခဲ့ကြသဖြင့် တစ်ဖက်လူ၏ ဆုံးဖြတ်ချက်ကို အလွန်ပင် သတိပြုကြသည်။

နတ်သခင် ကန်းယာနှင့် နတ်သခင် လင်ရှုတို့ နှစ်ဦးစလုံး တိတ်ဆိတ်နေသည်ကို မြင်သောအခါ ကြယ်မြစ် နတ်သခင်က နတ်သခင် လင်ရှုကို

“မိတ်ဆွေ လင်ရှု... ချင်းယွမ်ကျောင်းတော်က တောင်ပိုင်းနယ်ကို ကူညီမှာလား။”

နတ်သခင် လင်ရှုက

“ကူညီမှ သဘာဝကျမှာပေါ့... ထူးဆန်းတဲ့ သတ္တဝါတွေက ထျန်းရန် နတ်ဘုရား နယ်မြေတစ်ခုလုံးအတွက် အန္တရာယ်ပဲ... သူတို့ကို အမြန်ဆုံး ချိပ်ပိတ်ရမယ်။”

နတ်သခင် လင်ရှု၏ တုံ့ပြန်မှုကို ကြားရသောအခါ ကြယ်မြစ် နတ်သခင်လည်း အထွတ်အထိပ် အုပ်စိုးရှင်အဆင့် အင်အားစုတစ်ခုက ကူညီရန် ဆန္ဒရှိသည့်အတွက် နောက်ဆုံးတွင် သက်ပြင်းချနိုင်သွား၏။

ထို့နောက် သူက နတ်သခင် ကန်းယာထံ အကြည့်ကို လွှဲပြောင်းလိုက်ပြီး နတ်သခင် ကန်းယာကို

“မိတ်ဆွေ ကန်းယာ... ခင်ဗျားတို့ရဲ့ မဟာမိတ်ခေါင်းဆောင်ကရော ဘာရည်ရွယ်ချက် ရှိလဲ။”

နတ်သခင် လင်ရှု၏ တုံ့ပြန်မှုကို မြင်ပြီးနောက် သားရဲမဟာမိတ်၏ ဆုံးဖြတ်ချက်မှာလည်း ချင်းယွမ်ကျောင်းတော်နှင့် တူညီနေသဖြင့် နတ်သခင် ကန်းယာလည်း မည်သည့်အရာကိုမှ ထပ်မံ ဖုံးကွယ်မထားတော့ပေ။

နတ်သခင် ကန်းယာက

“ကျုပ်တို့ မဟာမိတ်ခေါင်းဆောင်ကလည်း ခမ်းနားသော ကောင်းကင်ခန်းမကို ကူညီဖို့ ဆုံးဖြတ်ထားပါတယ်။”

ကြယ်မြစ် နတ်သခင် နောက်တစ်ကြိမ် သက်ပြင်းချလိုက်ပြန်၏။ ဤအထွတ်အထိပ် အုပ်စိုးရှင်အဆင့် အင်အားစုနှစ်ခု၏ အကူအညီဖြင့် လျှို့ဝှက်ဆန်းကြယ် စွမ်းအား၏ ဝါးမြိုခြင်းကို ခံထားရသော ဝူယာနတ်သခင်၏ ကိစ္စကို သူတို့ ဖြေရှင်းနိုင်လိမ့်မည် ဖြစ်သည်။

တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားပုံရသော နတ်သခင် လင်ရှုက

“ကျုပ်တို့ ကျောင်းအုပ်ကြီးရဲ့ အဆိုအရ ထူးဆန်းတဲ့ သတ္တဝါတွေကို ချိပ်ပိတ်လို့ပဲ ရနိုင်ပြီး သတ်ပစ်လို့ မရဘူး။”

ထိုစကားများကို ကြားလျှင် ကြယ်မြစ် နတ်သခင် မှင်တက်သွား၏။

ချိပ်ပိတ်ရုံသာ တတ်နိုင်သည်ဟူသော အချက်က သူ့ကို အံ့အားသင့်စေခြင်းဖြစ်၏။

နတ်သခင် လင်ရှုက

“ဒါ့အပြင်... အကယ်လို့ ထူးဆန်းတဲ့ စွမ်းအားတစ်ခုက နတ်သခင်တစ်ယောက်ကို ဝါးမြိုနိုင်ခဲ့တယ်ဆိုရင် ဒါက ဒုတိယမြောက် နတ်သခင်အဆင့် ထူးဆန်းတဲ့ သတ္တဝါ ရှိနေနိုင်တာကို ပြနေတာပဲ... ဘာလို့လဲဆိုတော့ နတ်သခင်တစ်ယောက်ကပဲ အခြားနတ်သခင်တစ်ယောက်ကို ထူးဆန်းတဲ့ သတ္တဝါအဖြစ် ပြောင်းလဲပစ်နိုင်လို့ပဲ။”

နတ်သခင် လင်ရှုက

“ဒါကြောင့် ဒီတစ်ကြိမ်မှာ ခမ်းနားသော ကောင်းကင်ခန်းမက နတ်သခင်ကို ချိပ်ပိတ်ဖို့တင် မကပဲ ပုန်းအောင်းနေတဲ့ ထူးဆန်းတဲ့ နတ်သခင်ကိုပါ ဆွဲထုတ်ဖို့ အရေးကြီးတယ်။”

နတ်သခင် လင်ရှုက

“တကယ်လို့ ဒီအတိုင်း လွှတ်ထားမယ်ဆိုရင် ထျန်းရန် နတ်ဘုရား နယ်မြေထဲက ထူးဆန်းတဲ့ သတ္တဝါတွေက ပွားများလာရုံပဲ ရှိလိမ့်မယ်။”

ကြယ်မြစ် နတ်သခင် ခဏခန့် တိတ်ဆိတ်သွား၏။ ထူးဆန်းသော သတ္တဝါများနှင့် ပတ်သက်၍ သူ၏ နားလည်မှုက အကန့်အသတ် ရှိနေသည်။

သူ၏ ကြယ်နတ်ကိုယ်ထည်ကြောင့် ဝူယာနတ်သခင်ဆီမှ ဖြစ်ပေါ်လာမည့် အန္တရာယ်ကိုသာ ကြိုတင်မြင်ခဲ့သော်လည်း ထူးဆန်းသော သတ္တဝါများ ဤမျှအထိ ကြောက်မက်ဖွယ်ကောင်းလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ထို့ပြင် ဝူယာနတ်သခင် တစ်ဦးတည်းနှင့်ပင် သူ့ကို ကြောက်ရွံ့ထိတ်လန့်စေခဲ့ပြီး ဖြစ်၏။

ယခုတော့ ဝူယာနတ်သခင်ကိုပင် ထူးဆန်းသော သတ္တဝါအဖြစ် ပြောင်းလဲပစ်နိုင်သည့် တည်ရှိမှုတစ်ခု ရှိနေကြောင်း နတ်သခင် လင်ရှုက ပြောလာသည်။ နတ်သခင်တစ်ဦးကို ထူးဆန်းသော သတ္တဝါအဖြစ် ပြောင်းလဲပစ်နိုင်စွမ်းရှိသည့် သတ္တဝါမှာ ပိုအစွမ်းထက်ပြီး အမှောင်ထဲတွင် ပုန်းအောင်းနေသည် မဟုတ်ပါလား။

နတ်သခင် လင်ရှု၏ စကားများကို ကြားသောအခါ နတ်သခင် ကန်းယာက

“ဒါဆိုရင် အဲဒီပုန်းအောင်းနေတဲ့ ထူးဆန်းတဲ့ နတ်သခင်ကို ဘယ်လို ဆွဲထုတ်မလဲ။”

နတ်သခင် ကန်းယာ၏ မေးခွန်းကြောင့် အတွေးထဲမှ နိုးထလာသော ကြယ်မြစ် နတ်သခင်က လုချန်း၏ ကိစ္စကို ရုတ်တရက် သတိရသွားကာ

“ကျုပ် သတိပြုမိသလောက်တော့ ဝူယာနတ်သခင်က လုချန်းကို အထူးတလည် အာရုံစိုက်နေပုံရပြီး သူ့ကို ကြောက်ရွံ့နေတဲ့ ပုံစံမျိုးတောင် ရှိတယ်... လုချန်းမှာ ထူးဆန်းတဲ့ သတ္တဝါတွေကို ကြောက်လန့်စေတဲ့ အရာတစ်ခုခု ရှိနေပုံရတာမို့ လုချန်းကို ငါးစာအဖြစ် သုံးပြီး သူတို့ကို ဆွဲထုတ်နိုင်ကောင်း ဆွဲထုတ်နိုင်လိမ့်မယ်။”

ကြယ်မြစ် နတ်သခင်က

“ဒါကတော့ ကျုပ်ရဲ့ ခန့်မှန်းချက်သက်သက်ပါပဲ”

နတ်သခင် လင်ရှုက ဇဝေဇဝါဖြစ်စွာဖြင့်

“လုချန်းလား... ကစဉ့်ကလျား ပင်လယ်ထဲကနေ အသက်ရှင်လွတ်မြောက်လာတဲ့ နတ်ဘုရင်ကို ပြောတာလား... ကျုပ် မမှားဘူးဆိုရင် ခမ်းနားသော ကောင်းကင်ခန်းမက သူ့ကို လိုက်ရှာနေတာ မဟုတ်ဘူးလား။”

ကြယ်မြစ် နတ်သခင်က

“သူ့ရဲ့ တည်နေရာကို ကျုပ် သိပါတယ်... ပြီးတော့ သူကလည်း ငါးစာအဖြစ် ဟန်ဆောင်ပြီး ကျုပ်တို့ကို ကူညီဖို့ သဘောတူထားတယ်။”

နတ်သခင် ကန်းယာက သူ၏ သွားစွယ်များ ပေါ်သည်အထိ ရုတ်တရက် ပြုံးလိုက်ပြီး

“ဒါဆိုရင် ကြယ်မြစ် ခန်းမသခင်က လုချန်းကို ဖမ်းမိထားတာပေါ့... လုချန်း ကစဉ့်ကလျား ပင်လယ်ထဲကို ဝင်တုန်းက အခွင့်အရေးတွေ အမြောက်အမြား ရခဲ့တာ ဖြစ်ရမယ်... ကြယ်မြစ် ခန်းမသခင်အနေနှင့် လုချန်းကို ဖမ်းဆီးထားပြီးပြီဆိုတော့ ဒီအခွင့်အရေးတွေကို မျှဝေခံစားပြီးလောက်ပြီ ထင်တယ်... အဲဒီအထဲမှာ ဧကရာဇ်အဆင့် ဖြစ်လာမည့် အခွင့်အရေးများ ပါဝင်နေမလားဆိုတာ ကျုပ် သိချင်မိတယ်။”

လုချန်း၏ တည်နေရာကို အခြားအင်အားစုများ သိသွားပါက ဤကဲ့သို့ အတွေးမျိုး ရှိလာမည်ကို ကြယ်မြစ် နတ်သခင် ကြိုတင်သိထားသဖြင့် အချိန်ဆွဲမနေတော့ပဲ လျှို့ဝှက်လဝန်း ကျောင်းတော်တွင် လုချန်းနှင့် စကားပြောခဲ့သည့် မှတ်ဉာဏ်များကို မှတ်ဉာဏ်ပုလဲလုံးတစ်ခုအဖြစ် စုစည်းလိုက်၏။

ကြယ်မြစ် နတ်သခင်က မှတ်ဉာဏ်ပုလဲလုံးတစ်ခုကို ဖန်တီးနေသည်ကို မြင်သောအခါ နတ်သခင် လင်ရှုက စူးစမ်းလိုစိတ်ဖြင့်

“ကြယ်မြစ် ခန်းမသခင်... ဒါက ဘာအတွက်လဲ”

ကြယ်မြစ် နတ်သခင်က

“ဒါက လုချန်းနဲ့ ကျုပ် စကားပြောခဲ့တဲ့ မှတ်ဉာဏ်ပဲ... ခင်ဗျားတို့ ကြည့်ကြည့်နိုင်ပါတယ်။”

ကြယ်မြစ် နတ်သခင်၏ စကား ဆုံးသည်နှင့်တစ်ပြိုင်နက် ထိုနှစ်ဦးစလုံးသည် အချိန်ဆွဲမနေပဲ နတ်စွမ်းအားများကို အသုံးပြုကာ မှတ်ဉာဏ်ပုလဲလုံးကို လှုံ့ဆော်၍ ၎င်းအတွင်းရှိ အကြောင်းအရာများကို ဖတ်ရှုကြ၏။ ကစဉ့်ကလျား ပင်လယ်၏ အခွင့်အရေးများ၊ အထူးသဖြင့် ဧကရာဇ်အဆင့်သို့ တက်လှမ်းနိုင်မည့် အခွင့်အရေးများနှင့် ပတ်သက်၍ မည်သူမှ စိတ်မဝင်စားပဲ မနေနိုင်ကြပေ။

သို့သော် ကြယ်မြစ် နတ်သခင်၏ မှတ်ဉာဏ်ကို ဖတ်ရှုပြီးနောက် စိတ်ပျက်မှုများဖြင့်သာ ပြည့်နှက်သွားရ၏။ လုချန်းနှင့် ကြယ်မြစ် နတ်သခင်တို့၏ စကားပြောဆိုမှုအရ လုချန်းသည် ကစဉ့်ကလျား ပင်လယ်ထဲမှ ဘာမှ ထူးထူးခြားခြား ရရှိခဲ့ပုံ မရပေ။

သို့သော် အနည်းဆုံးတော့ လုချန်းသည် အဆင့်မြင့် နတ်ကျင့်စဉ်ဖြစ်သည့် နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာကိုတော့ ရရှိခဲ့သည်ဟု ဆိုရမည်။

နတ်သခင် လင်ရှုက

“နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာက လျှို့ဝှက်လဝန်း ကျောင်းတော်ရဲ့ မျိုးရိုးစဉ်ဆက် နတ်ကျင့်စဉ်လို့ ကျုပ် ထင်ခဲ့တာ... ဒါပေမဲ့ ဒါက လုချန်း ကစဉ့်ကလျား ပင်လယ်ထဲကနေ သယ်ဆောင်လာခဲ့တာ ဖြစ်နေတာပဲ။”

--

……………

All Chapters