← Chapters

အခန်း ၁၈၉၄

Vol. 127 Ch. 1894

အခန်း ၁၈၉၄

Vol. 127 Ch. 1894

အခန်း (၁၈၉၄ )

အကြံကြီးကြသူများ

နတ်သခင် လင်ရှုက ချောင်းတစ်ချက်ဟန့်ရင်း

“ခင်ဗျားက လုချန်းလား”

လုချန်းက

“ကျုပ်ပါပဲ”

နတ်သခင် လင်ရှုက

“ဧကရာဇ်မဲ့ခေတ်ရဲ့ ပါရမီအရှိဆုံးလို့ အမွှမ်းတင်ခံရတာ မဆန်းပါဘူး။ ကစဉ့်ကလျား ပင်လယ်ထဲ ဝင်သွားပြီးမှ အသက်ရှင်လျက် ပြန်ထွက်လာနိုင်တာကိုး။”

နတ်သခင် လင်ရှု ဆက်ပြောမည့် စကားကို ကြယ်မြစ် နတ်သခင်က ကြားဖြတ်နှောင့်ယှက်ကာ လုချန်းကို

“ကျုပ်တို့ အစီအစဉ် ချမှတ်ပြီးပါပြီ။ခင်ဗျား အနေနှင့် ငါးစာအဖြစ် ပါဝင်ပေးဖို့ မျှော်လင့်ပါတယ် လုချန်း။”

နတ်သခင် လင်ရှု မေးမြန်းလိုသည့် အကြောင်းအရာကို ကြယ်မြစ် နတ်သခင် သိပြီးသား ဖြစ်၏။ ကစဉ့်ကလျား ပင်လယ်အတွင်း မည်သည့်အရာများ ရှိနေသလဲနှင့် မည်သည့် အခွင့်အရေးများ ရရှိခဲ့သလဲ ဆိုသည်ထက် မပိုပေ။

သို့သော် ယခုအချိန်သည် ထိုအရာများကို ဆွေးနွေးနေရမည့် အချိန်မဟုတ်ပေ။

ကြယ်မြစ် နတ်သခင်က တိုက်ရိုက် စကားဖြတ်လိုက်သဖြင့် နတ်သခင် လင်ရှု စိတ်ထဲ အနည်းငယ် မကျေမနပ် ဖြစ်သွားသော်လည်း စကားထပ်မဆိုတော့ပေ။

မည်သို့ပင်ဖြစ်စေ လုချန်းကို ရှာဖွေတွေ့ရှိခဲ့ပြီ ဖြစ်၏။ အရိုင်းနယ်မြေသို့ သွားရာလမ်းတွင် လုချန်း ကစဉ့်ကလျား ပင်လယ်၌ ကံကောင်းခြင်းများ ရရှိခဲ့ခြင်း ရှိမရှိ သိနိုင်ရန် သူ၏ အတွေ့အကြုံများကို စုံစမ်းဖို့ အခွင့်အရေး ရှာရမည်ဖြစ်၏။

ထိုအခိုက်အတန့်တွင် လုချန်းက နတ်သခင် ကန်းယာနှင့် နတ်သခင် လင်ရှုတို့ကို

“စီနီယာတို့ နှစ်ယောက်လုံး အဲဒီ လျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအားရဲ့ မူလဇစ်မြစ်ကို သိပါသလား။”

နတ်သခင် လင်ရှုက လုချန်းကို မှတ်ဉာဏ်ပုလဲတစ်လုံး ချက်ချင်း ကမ်းပေးလျက်

“အထဲမှာ ကျုပ်တို့ ဘိုးဘေးရဲ့ ပေးထားတဲ့ အကြောင်းအရာတွေ ရှိတယ်။ ကြည့်လိုက်ပါဦး။”

နတ်သခင် လင်ရှု ဤမျှ တက်တက်ကြွကြွ ရှိနေသည်ကို မြင်လျှင် နတ်သခင် ကန်းယာလည်း သူ၏ ရည်ရွယ်ချက်ကို ချက်ချင်း ရိပ်မိသွား၏။ ကစဉ့်ကလျား ပင်လယ်နှင့်ပတ်သက်သော သတင်းအချက်အလက်များကို နှိုက်ထုတ်ရန် သူက လုချန်းနှင့် ရင်းနှီးမှု တည်ဆောက်ချင်ရုံသာ ဖြစ်သည်။

နတ်သခင် ကန်းယာကလည်း မှတ်ဉာဏ်ပုလဲတစ်လုံးကို အမြန် ဖန်တီးလိုက်ပြီး လုချန်းကို

“ကျုပ်တို့ သားရဲမဟာမိတ် ခေါင်းဆောင်ကလည်း အဲ့ဒီ လျှို့ဝှက်ဆန်းကြယ် သတ္တဝါတွေအကြောင်း တစ်ချို့ကို သိထားတယ်။”

လုချန်းက နတ်သခင် လင်ရှု ကမ်းပေးသော မှတ်ဉာဏ်ပုလဲကို တွေဝေခြင်းမရှိပဲ လှုံ့ဆော်လိုက်၏။ အကြောင်းအရာများကို စုပ်ယူပြီးနောက် လုန်းချန်း အနည်းငယ် မှင်တက်သွားရ၏။

လျှို့ဝှက်ဆန်းကြယ် သတ္တဝါများတဲ့လား။

မပျက်စီးနိုင်ဘဲ ထာဝရရှင်သန်နိုင်ကြတာလား။

ဒါက တကယ် ဖြစ်နိုင်ပါ့မလား။

ဤလျှို့ဝှက်ဆန်းကြယ် သတ္တဝါတွေက ထိုမျှအထိ ရင်ဆိုင်ရ ခက်ခဲလွန်းသလား။

လျှို့ဝှက်လဝန်း နန်းတော်နှင့် သူ၏ ချင်နိုင်ငံမှာ နေဝင်တောင်တန်းနှင့် ကပ်လျက် တည်ရှိနေကြခြင်း ဖြစ်၏။ အကယ်၍ နေဝင်တောင်တန်းအတွင်းရှိ ထိုလျှို့ဝှက်ဆန်းကြယ် သတ္တဝါများအားလုံး လွတ်မြောက်လာပါက ပထမဆုံး ဒုက္ခရောက်မည့်သူများက သူတို့ ဖြစ်လာပေလိမ့်မည်။

ထို့ပြင် ဤလျှို့ဝှက်ဆန်းကြယ် သတ္တဝါများသည် ချိပ်ပိတ်မှုကို ဖျက်ဆီးပြီးနောက် သူ့ထံသို့ ပထမဆုံး လာရောက်လိမ့်မည်ဟုလည်း သူ ကြိုတင်ခံစားနေရ၏။

မကြာမီ အတွေးထဲမှ လုချန်း သတိပြန်ဝင်လာကာ နတ်သခင် ကန်းယာ ဖန်တီးထားသော မှတ်ဉာဏ်ပုလဲ၏ အကြောင်းအရာကို ချက်ချင်း ဖတ်ရှုလိုက်၏။ နတ်သခင် ကန်းယာ၏ မှတ်ဉာဏ်ပုလဲထဲမှ လျှို့ဝှက်ဆန်းကြယ် သတ္တဝါများအကြောင်း အချက်အလက်များသည် နတ်သခင် လင်ရှု၏ သတင်းအချက်အလက်များနှင့် ဆင်တူသော်လည်း ထိုမျှတော့ အသေးစိတ် မကျလှပေ။

ချင်းယွမ်ကျောင်းတော်က လျှို့ဝှက်ဆန်းကြယ် သတ္တဝါများအကြောင်းကို ပို၍နက်နက်ရှိုင်းရှိုင်း နားလည်ထားပုံရ၏။

ထိုနှစ်ယောက်၏ မှတ်ဉာဏ်ပုလဲများကို ဖတ်ပြီးနောက် လုချန်းက ခမ်းနားသောကောင်းကင် ခန်းမသခင်ကို

“ ခန်းမသခင်က ဒီအစီအစဉ်ကို ဘယ်တော့ အကောင်အထည်ဖော်ဖို့ စိတ်ကူးထားလဲ။”

ကြယ်မြစ် နတ်သခင်က

“မြန်မြန်လုပ်နိုင်လေ ကောင်းလေပဲ။”

လုချန်းက

“ကျုပ်ရဲ့ ပင်မကိုယ်က အရိုင်းနယ်မြေမှာ ရှိနေတာ။ အကယ်၍ ခန်းမသခင်က စတင်ဖို့ ပြင်ဆင်ပြီးရင် ချင်နိုင်ငံဆီ လူလွှတ်ပြီး ကျုပ်ကို အကြောင်းကြားလို့ ရပါတယ်။ အခု ကျုပ်က ချင်နိုင်ငံရဲ့ အုပ်ချုပ်သူပါ။”

ထိုအရာကို ကြားလျှင် ကြယ်မြစ် နတ်သခင် မှင်တက်သွား၏။

လုချန်း၏ ပင်မကိုယ်က အရိုင်းနယ်မြေမှာ ရှိနေတာလား။

ဒါက အမှန်ပဲလား။

အကယ်၍ အမှန်ဖြစ်ပါက ဝူယာနတ်သခင်၏ ကိစ္စကို သူတို့ ဖြေရှင်းပြီးသည်နှင့် နောက်ထပ် ပြဿနာတစ်ခုကိုပါ တစ်ပါတည်း ရှင်းလင်းပစ်နိုင်မည် ဖြစ်၏။

လုချန်း ကိုယ်ပိုင်အင်အားစု တည်ထောင်ခြင်းက ကြယ်မြစ် နတ်သခင်အတွက် ကောင်းသော အရာမဟုတ်ပေ။ အကယ်၍ လုချန်း တကယ် အင်အားကြီးထွားလာပါက တစ်နေ့တွင် ခမ်းနားသော ကောင်းကင်ခန်းမထံသို့ ရန်ပြုရန် ရောက်ရှိလာနိုင်သည်။

အပေါ်ယံတွင် ပြန်လည်သင့်မြတ်သွားကြသော်လည်း သူက လူအ မဟုတ်သလို လုချန်းကလည်း လူအ မဟုတ်ကြောင်း သူ သိထား၏။ သူတို့၏ ခမ်းနားသော ကောင်းကင်ခန်းမက တစ်ချိန်က လုချန်းကို သတ်ရန် ကြံစည်ခဲ့ဖူးရာ လုချန်းအနေနှင့် အပြစ်အားလုံးကို ဝူယာနတ်သခင် တစ်ဦးတည်းအပေါ်၌သာ ပုံချထားမည် မဟုတ်ပေ။

သို့သော် ယခုက ထိုအရာများကို တွေးတောနေရမည့် အချိန်မဟုတ်သေးပေ။ ဝူယာနတ်သခင်နှင့် သူ၏ နောက်ကွယ်မှ လျှို့ဝှက်ဆန်းကြယ်သော နတ်သခင်ကို ချိပ်ပိတ်ပြီးသည်နှင့် လုချန်း၏ အသုံးဝင်မှု ‌ပြီးဆုံးသွားမည်ဖြစ်ရာ ထိုအချိန်ကျမှသာ သူ့ကို တိုက်ရိုက် ရှင်းလင်းနိုင်မည် ဖြစ်၏။

လုချန်း ကစဉ့်ကလျား ပင်လယ်မှ အခွင့်အရေးများ ရရှိခဲ့ခြင်း ရှိမရှိကို ချင်းယွမ်ကျောင်းတော်နှင့် သားရဲမဟာမိတ်တို့လည်း စိတ်ဝင်စားနေမည်ဟု ကြယ်မြစ် နတ်သခင် ယုံကြည်နေ၏။ ဤမျှ များပြားသော နတ်သခင်များ ပူးပေါင်းဆောင်ရွက်နေကြခြင်းဖြစ်သဖြင့် လုချန်း ထွက်ပြေး လွတ်မြောက်နိုင်မည်ဟု သူ မယုံကြည်ပေ။

ကြယ်မြစ် နတ်သခင်က

“ကောင်းပြီ။ လောလောဆယ် ဒီလောက်ပဲ ထားကြရအောင်။ ကျုပ် တောင်ပိုင်းနယ်ကို ပြန်ဦးမယ်။”

ကြယ်မြစ် နတ်သခင်က ဆက်လက်၍

“နတ်သခင် လင်ရှု... နတ်သခင် ကန်းယာ... ခင်ဗျားတို့ရဲ့ လူတွေကို အရိုင်းနယ်မြေဘက် ကြိုတင် ချီတက်ခိုင်းဖို့ အကူအညီ တောင်းရပါလိမ့်မယ်။”

ထို့နောက် ကြယ်မြစ် နတ်သခင်ကပင်

“လုချန်း... ခင်ဗျား ဒီနေ့ အရင် ပြန်နှင့်လိုက်ပါဦး”

လုချန်းက

“ကောင်းပါပြီ”

ထိုစကားများကို ပြောပြီးနောက် ကြယ်မြစ် နတ်သခင် ယာယီတည်းခိုရာ စံအိမ်မှ လုချန်း လှည့်ထွက်ခဲ့၏။ လုချန်း ထွက်ခွာသွားပြီးနောက် နတ်သခင် လင်ရှုနှင့် နတ်သခင် ကန်းယာတို့လည်း ပြင်ဆင်မှုများ ပြုလုပ်ဖို့ ပြန်ရန် ပြင်ကြ၏။

သူတို့ ထွက်ခွာခါနီးတွင် ကြယ်မြစ် နတ်သခင်က ရုတ်တရက်

“လုချန်းက ကစဉ့်ကလျား ပင်လယ်ထဲကနေ တကယ်ပဲ အခွင့်အရေး တစ်ခုခု ရခဲ့သလားဆိုတာ ခင်ဗျားတို့ နှစ်ယောက် သိချင်လား။”

ထိုအရာကို ကြားလျှင် ကြယ်မြစ် နတ်သခင်ထံသို့ နတ်သခင် ကန်းယာနှင့် နတ်သခင် လင်ရှုတို့ နှစ်ဦးလုံး အကြည့်များ လွှဲလိုက်ကြ၏။

နတ်သခင် လင်ရှုက ပြုံးလျက်

“ကြယ်မြစ် ခန်းမသခင်... လုချန်းက ကစဉ့်ကလျား ပင်လယ်ထဲကနေ ဘာအခွင့်အရေးမှ မရခဲ့ဘူးလို့ ခင်ဗျား ပြောခဲ့တယ် မဟုတ်လား။”

ကြယ်မြစ် နတ်သခင်က

“ဒါက သူ ပြောခဲ့တာလေ။ ပြီးတော့ သူ ကျုပ်ကို သူ့ရဲ့ မှတ်ဉာဏ် တစ်ချို့လည်း ပြခဲ့သေးတယ်။ ဒါပေမဲ့...”

ကြယ်မြစ် နတ်သခင်က

“မှတ်ဉာဏ်တွေကို လုပ်ကြံ ဖန်တီးလို့ ရတယ်။ ပြီးတော့ သူ ကျုပ်ကို ပြခဲ့တာတွေကလည်း မပြည့်စုံဘူး။ နောက်ပြီး ကောင်းကင်နတ်ဆိုးကို နှိမ်နင်းပေးတဲ့ နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာ ဘယ်ကနေ ရလာသလဲဆိုတာကို သူ ကျုပ်ကို ဘယ်တော့မှ မပြောခဲ့ဘူး။”

နတ်သခင် ကန်းယာက သူ၏ သွားစွယ်များပေါ်အောင် ပြုံးရင်း

“ဒါဆို... ကြယ်မြစ် ခန်းမသခင်ရဲ့ ရည်ရွယ်ချက်က...”

ကြယ်မြစ် နတ်သခင်က

“သူ့ရဲ့ ပင်မကိုယ်က အရိုင်းနယ်မြေမှာ ရှိနေတာ မဟုတ်လား။ ကျုပ်တို့ အဲဒီ လျှို့ဝှက်ဆန်းကြယ် သတ္တဝါတွေကို ချိပ်ပိတ်ပြီးတာနဲ့ သူ့ကို ဖမ်းဆီးပြီး ဝိညာဉ်ရှာဖွေခြင်း ပြုလုပ်လို့ ရတယ်။ အဲ့ဒီလိုဆိုရင် ကစဉ့်ကလျား ပင်လယ်ထဲမှာ သူ ကြုံတွေ့ခဲ့ရသမျှ အရာအားလုံးကို ကျုပ်တို့ သိရလိမ့်မယ်။”

နတ်သခင် ကန်းယာက

“ကြယ်မြစ် ခန်းမသခင်... လုချန်းက လျှို့ဝှက်လဝန်း ကျောင်းတော်နဲ့ တစ်စုံတစ်ရာ ပတ်သက်မှု ရှိနေပုံရတယ်နော်။”

ကြယ်မြစ် နတ်သခင်က လှောင်ပြုံး ပြုံးလိုက်ပြီး

“ဘာပဲဖြစ်ဖြစ် လျှို့ဝှက်လဝန်း ကျောင်းတော်က ဒီကိစ္စမှာ ပါဝင်ပတ်သက်မှာ မဟုတ်ပါဘူး။ လျှို့ဝှက်ဆန်းကြယ် သတ္တဝါတွေကို ချိပ်ပိတ်ပြီးသွားရင် သူ့ကို အဲဒီ သတ္တဝါက သတ်ပစ်လိုက်တယ်လို့ပဲ အကြောင်းပြလိုက်ရုံပဲ။”

ကြယ်မြစ် နတ်သခင်က

“ဒါ့အပြင် ကျုပ်တို့ လုပ်ခဲ့တာကို လျှို့ဝှက်လဝန်း ကျောင်းတော်က သိသွားရင်တောင် ဘာဖြစ်လဲ။ ကျုပ်တို့ရဲ့ မဟာအင်အားကြီးအုပ်စု သုံးခုက သူတို့ကို ရှင်းပြနေဖို့ လိုအပ်လို့လား။”

နတ်သခင် ကန်းယာက

“ကြယ်မြစ် ခန်းမသခင် ပြောတာ အဓိပ္ပာယ် ရှိပါတယ်။ ဒါပေမဲ့ လုချန်းက အခွင့်အရေး တစ်ခုခု တကယ် ရှာတွေ့ခဲ့ရင်ကော။”

ကြယ်မြစ် နတ်သခင်က

“ကျုပ်တို့ သုံးဦး အညီအမျှ ခွဲဝေယူကြတာပေါ့။”

ကြယ်မြစ် နတ်သခင်၏ စကား ဆုံးသွားလျှင် မည်သူမှ စကားထပ်မဆိုကြတော့ပေ။ သူတို့သည် တစ်ဦးကိုတစ်ဦး ကြည့်ကာ ပြုံးရွှင်သော မျက်နှာများ ပြသလိုက်ကြသည်။ အဆောင်အတွင်း၌လည်း ကျေနပ်အားရမှု လေထုတစ်ခု ဖုံးလွှမ်းသွားတော့၏။

……

တစ်ချိန်တည်းမှာပင်။

အရိုင်းနယ်မြေ။

လျှို့ဝှက်လဝန်း နန်းတော်။

ရေခဲနန်းတော်အတွင်း။

ယွမ်ယုတိနှင့်အတူ လုချန်း လဲလျောင်းနေပြီး သူ၏ လည်ပင်းသည် သူမ၏ မွှေးပျံ့လှသော ပုခုံးသားပေါ်သို့ တင်မှီထားကာ နှစ်ဦးသား ပူးကပ်နေကြ၏။

ထိုအခိုက်အတန့်တွင် ယွမ်ယုတိက လုချန်းကို အေးစက်လှသော အသံဖြင့်

“ရှင် အခုထိ နားမလည်သေးတဲ့ ပုံပဲ။ ကျွန်မ ရှင်နဲ့ ရင်သွေး ယူချင်တယ် ဆိုတာက ကျွန်မရဲ့ သဘောတူညီချက်အပေါ်မှာပဲ မူတည်တယ်။ ဒီလို ပုံစံမျိုးနဲ့ ပြုမူလိုက်ရုံနဲ့ ကျွန်မကို သတိလက်လွတ် ဖြစ်သွားစေမယ်လို့ ရှင် တကယ် ထင်နေတာလား။”

လုချန်း၏ ရုတ်တရက် ပြင်းထန်လှသော စုံတွဲကျင့်စဉ် ကျင့်ကြံမှုက သူမကို ခဏခန့် ကိုယ့်ကိုယ်ကို မထိန်းချုပ်နိုင်အောင် ဖြစ်သွားစေပြီး သူမအား သတိလက်လွတ် ဖြစ်စေ၏။ သူက ထိုအခွင့်အရေးကို အသုံးချပြီး အခွင့်အရေးကို သိမ်းပိုက်ရန် ရှင်းလင်းစွာ ရည်ရွယ်နေခြင်း ဖြစ်၏။

ယခုအခါ ဖန်တီးခြင်း လမ်းစဉ်အပေါ် သူမ၏ နားလည်မှု ပိုမိုနက်ရှိုင်းလာခဲ့ပြီး သူမ၏ ခန္ဓာကိုယ်အတွင်းရှိ သက်စောင့်စွမ်းအားမှာလည်း ရင်သွေး ရရှိရန် ပို သင့်လျော်လာ၏။

သို့သော် ကြီးမားသော ပြဿနာတစ်ခုမှာ သူမ သဘောမတူပါက စိတ်ကူးတစ်ချက်တည်းဖြင့်ပင် ခွင့်မပြုထားသော မည်သည့်အရာကိုမဆို လုံးဝ ဖယ်ရှားပစ်နိုင်ခြင်း ဖြစ်သည်။

ထို့ကြောင့် လုချန်း ဤကဲ့သို့ ကြိုးပမ်းအားထုတ်မှုမှာ သူမ၏ အာရုံကို လွှဲပြောင်းရန် လှည့်ကွက်တစ်ခု ဖြစ်၏။ သူမ သတိပြန်ဝင်လာချိန်တွင် နောက်ကျသွားစေရန် ဖြစ်သည်။

ဆန်ကို ထမင်းဖြစ် ပြောင်းလဲပြီးပါက သူမ နောက်ကြောင်းပြန်၍ မရနိုင်တော့ပေ။ ထိုနည်းဖြင့် သူ၏ ရည်ရွယ်ချက်များကို အောင်မြင်စေရန် လုချန်း ကြံရွယ်နေခြင်းဖြစ်မည်ဟု ယွမ်ယုတိ သံသယဝင်နေမိတော့၏။

--

…………..

All Chapters