အခန်း ၁၈၉၅
Vol. 127 Ch. 1895
အခန်း (၁၈၉၅ )
ကျွန်မကို မေ့နေတာလား
ယခုတင်လေးတင် ဖြစ်ပျက်ခဲ့သည့် အရာများကို ယွမ်ယုတိ ပြန်လည်တွေးတောမိရာ လုချန်း၏ နည်းလမ်း တကယ်ပင် ပါးနပ်လှသည်ကို သူမ ဝန်ခံရပေမည်။
အစကတော့ သူမ၌ ထိုကဲ့သို့သော ကိစ္စရပ်များအပေါ် မည်သည့်အတွေးမှ မရှိခဲ့ချေ။ လုချန်းက သူမအပေါ် အတင်းအဓမ္မ ပြုမူလာသည့်တိုင်အောင် သူမ ဘာကိုမှ မခံစားခဲ့ရပေ။
သို့သော် လုချန်းက နတ်နိယာမကို လှုံ့ဆော်လိုက်ပြီးနောက်တွင်တော့ သူမ ကိုယ့်ကိုယ်ကို မထိန်းချုပ်နိုင်တော့ပဲ စိတ်အာရုံတစ်ခုလုံး ထိုကိစ္စဆီသို့သာ လုံးဝ ရောက်ရှိသွားခဲ့ရ၏။
အကယ်၍ သူမ၏ စိတ်အာရုံကို ဆက်တိုက် လွှဲပြောင်းပေးရင်း လုချန်းက ထိုအခြေအနေကို အချိန်အတော်ကြာအောင် ထိန်းထားနိုင်ခဲ့လျှင် သူ တကယ်ပင် အောင်မြင်သွားနိုင်ပေသည်။
နှမြောစရာကောင်းသည်မှာ လုချန်း၌ ထိုမျှအထိ အစွမ်းရှိပုံ မရပေ။
ယွမ်ယုတိ၏ စကားကို ကြားသောအခါ လုချန်း အော်ဟစ်ရယ်မောလိုက်မိ၏။ ကျင့်စဉ်တစ်ခုကို အမြန်ဆုံး အဆုံးသတ်ရန်အတွက်သာ နတ်နိယာမ အသုံးပြုမှုကို သူ ရုတ်တရက် အရှိန်မြှင့်လိုက်ခြင်းသာ ဖြစ်၏။ ယွမ်ယုတိက ယင်းကို သူမ၏ သတိကို လျှော့ချရန် လှည့်ကွက်တစ်ခုအဖြစ် အဓိပ္ပာယ်ကောက်လိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။
သို့သော် ပြန်တွေးကြည့်လျှင် စောစောက ယွမ်ယုတိ သတိလက်လွတ် ဖြစ်သွားခဲ့သည်မှာ အမှန်ပင်ဖြစ်၏။ သို့သော် လျှို့ဝှက်လဝန်း ကျောင်းတော်ရှိ အခြားကိုယ်ထည်တစ်ခုကို ထိန်းချုပ်ဖို့ နတ်အာရုံအချို့ကို လွှဲပြောင်းပေးရန် မလိုအပ်ခဲ့လျှင် သူမ ယခုအချိန်ထိ သတိပြန်ဝင်လာနိုင်ဦးမည် မဟုတ် ပေ။
လုချန်း ရုတ်တရက် ရယ်မောလိုက်သည်ကို မြင်လျှင် ယွမ်ယုတိ မျက်မှောင် အနည်းငယ် ကြုတ်လိုက်၏။ လုချန်း၏ ခါးအထက်သို့ သူမ၏ လက်မောင်များကို သိုင်းဖက်လိုက်ပြီး သူ့ကို တစ်ပတ်လှန်ကာ သူမ၏ အောက်တွင် ဖိနှိပ်ထားလိုက်၏။
ထို့နောက် သူမ မတ်မတ်ထိုင်ကာ သူ့ကို အေးစက်စွာ စိုက်ကြည့်လိုက်၏။
ယွမ်ယုတိက
“ရှင် ဘာကို ရယ်နေတာလဲ”
မျက်နှာထက်တွင် အပြုံးတစ်ခုနှင့်အတူ လုချန်းက
“ခင်ဗျား ကျုပ်ကို သတိပေးလိုက်တာပဲ။ ကျုပ် အစွမ်းထုတ်တဲ့အခါ ပိုပြီးတော့ အလေးအနက်ထားဖို့ လိုပုံရတယ်။ ဒါမှ ခင်ဗျားရဲ့ သတိဝီရိယတွေ လျော့ကျသွားမှာ။”
လုချန်း၏ စကားကို ကြားသောအခါ ယွမ်ယုတိ မျက်မှောင် အနည်းငယ် ကြုတ်မိပြန်၏။ စောစောက လုချန်းသည် သူမအား အာရုံလွှဲရန် ကြိုးစားနေခြင်း မဟုတ်ဘူးလားဟူ၍ သူမ တွေးမိ၏။
သက်စောင့်စွမ်းအားနှင့် မျိုးပွားခြင်း နိယာမတို့ ရောယှက်နေသည်ကို သတိပေးမိခဲ့သည့် ပြီးခဲ့သည့်အကြိမ်ကကဲ့သို့ပင် သူမ ထပ်မံ၍ အတွေးလွန်ကာ လုချန်းကို မရည်ရွယ်ပဲ ကူညီမိသွားပြန်ပြီလား။
ဤလူရှုပ်၏ ရှေ့တွင် နောက်နောင် မည်သည့်အခါမှ စကားကို မဆင်မခြင် မပြောတော့ဟု ယွမ်ယုတိ စိတ်ထဲတွင် တွေးလိုက်မိ၏။ သူမသည် လုချန်းကို အမြဲတစေ မရည်ရွယ်ပဲ သတိပေးမိနေပုံရပြီး ဤအတိုင်းသာ ဆက်သွားပါက တစ်နေ့တွင် ဤလူရှုပ်လေးနှင့် တကယ်ပင် တစ်ခုခု ဖြစ်သွားနိုင်သည်။
လွန်ခဲ့သည့် ရက်ပိုင်းအတွင်းက အဖြစ်အပျက်များကို ပြန်ပြောင်းသုံးသပ်ကြည့်လျှင် သူမအား ကိုယ်ဝန်ရအောင် မည်သို့လုပ်ရမည်ကို လုချန်းအား သူမကိုယ်တိုင် သင်ကြားပေးနေသကဲ့သို့ ခံစားရပြီး ယင်းမှာ သူမဘာသာသူမ ပြုလုပ်မိခြင်းပင် ဖြစ်၏။ မိမိ၏ မိုက်မဲသော လုပ်ရပ်များကို တွေးတောမိရင်း ယွမ်ယုတိ၏ ဖြူစင်သော အသားအရေထက်တွင် အေးစက်မှုများ ထွက်ပေါ်လာ၏။
ယွမ်ယုတိ သူမ ပြောခဲ့သည့် စကားများအတွက် နောင်တရနေစဉ်မှာပင် လုချန်းက
“ခမ်းနားသော ကောင်းကင်ခန်းမ၊ ချင်းယွမ်ကျောင်းတော်နဲ့ သားရဲမဟာမိတ်တို့ ပူးပေါင်းပြီး အစီအစဉ်တစ်ခု လုပ်ထားတယ်။ သူတို့က ကျုပ်ကို ငါးစာအဖြစ် သုံးပြီး ဝူယာနတ်သခင်နဲ့ သူ့နောက်က ထူးဆန်းတဲ့ သတ္တဝါတွေကို ချိပ်ပိတ်ဖို့အတွက် အရိုင်းနယ်မြေဆီ မျှားခေါ်ကြမယ်။”
လုချန်းထံမှ ရုတ်တရက် ထွက်ပေါ်လာသော စကားကြောင့် ယွမ်ယုတိ၏ အေးစက်လှပသော မျက်နှာထက်တွင် နားမလည်နိုင် ဖြစ်သွားသည့် အရိပ်အယောင်တစ်ခု ပေါ်လာ၏။
လုချန်း ဆက်လက်၍ ရှင်းမပြတော့ပေ။ စောစောက မှတ်ဉာဏ်များကို မှတ်ဉာဏ်ပုလဲတစ်ခုအဖြစ် သူ တိုက်ရိုက် ပေါင်းစည်းလိုက်ပြီး ယွမ်ယုတိ၏ ဖြူစင်သော နဖူးပြင်ဆီသို့ ပို့လွှတ်လိုက်၏။
ထိုမှတ်ဉာဏ်ပုလဲအတွင်းရှိ မှတ်ဉာဏ်များကို ဖတ်ရှုရန် ယွမ်ယုတိက နတ်စွမ်းအားအနည်းငယ်ကို ချက်ချင်း အသုံးပြုလိုက်၏။ ထိုမှတ်ဉာဏ်များကို ဖတ်ပြီးနောက်တွင် လုချန်း အဘယ်ကြောင့် ရုတ်တရက် နတ်နိယာမကို အရူးအမူး လှုံ့ဆော်ခဲ့သည်ကို ယွမ်ယုတိ နောက်ဆုံးတွင် နားလည်သွားခဲ့ရ၏။
ဤလူရှုပ်သည် အခြားကိုယ်ထည်ကို ထိန်းချုပ်ရန် သူ၏ နတ်အာရုံကို မလွှဲပြောင်းမီ အနည်းငယ် ပျော်ပါးချင်ရုံသာ ဖြစ်သည်။
ယခုတော့ သူမ ထိုစကားများကို ပြောခဲ့မိသည့်အတွက် ပို၍ပင် နောင်တရမိသော်လည်း ဤအချိန်က နောင်တရနေရမည့် အချိန်မဟုတ်ချေ။ ထို့နောက် သူမ၏ စိတ်တွင်း ခံစားချက်များကို တည်ငြိမ်အောင် ယွမ်ယုတိ ကြိုးစားလိုက်၏။
လောလောဆယ်တွင် အကြီးမားဆုံး ပြဿနာမှာ ထူးဆန်း သတ္တဝါများ ဖြစ်၏။ သို့သော် ထူးဆန်း သတ္တဝါများအပြင် ယွမ်ယုတိ၌ အခြားသော စိုးရိမ်ပူပန်မှုတစ်ခု ရှိနေသေး၏။
ယွမ်ယုတိက
“အဲဒီလူတွေ အရိုင်းနယ်မြေကို ရောက်လာတဲ့အခါ ရှင်နဲ့ ရန်သူဖြစ်သွားမှာကို မကြောက်ဘူးလား။”
အထူးသဖြင့် ခမ်းနားသော ကောင်းကင်ခန်းမ အပါအဝင် လူအမြောက်အမြားသည် လုချန်း ကစဉ့်ကလျား ပင်လယ်မှ မည်သည့် အခွင့်အရေးကို ရရှိခဲ့သည်ကို သိလိုကြ၏။ လက်ရှိတွင် လုချန်းကို သူတို့ လိုအပ်နေသေး၍သာ သူ့အပေါ် တိုက်ရိုက် အရေးယူဆောင်ရွက်ခြင်း မရှိသေးခြင်းဖြစ်သည်။
သို့သော် ထူးဆန်းသော သတ္တဝါများကို ချိပ်ပိတ်ပြီးသွားပါက မည်သို့ဖြစ်မည်နည်း။
ထူးဆန်းသော သတ္တဝါများကို ချိပ်ပိတ်ပြီးပါက ကြယ်မြစ် နတ်သခင်သည် လုချန်း ကစဉ့်ကလျား ပင်လယ်မှ ရရှိခဲ့သော အခွင့်အရေးကို မက်မောလာပြီး သူ့ကို အရေးယူ ဆောင်ရွက်လာမှာလား။
ဤအကြိမ်တွင် ခမ်းနားသော ကောင်းကင်ခန်းမသည် အရှေ့ပိုင်းနယ်မြေမှ အုပ်ချုပ်သူအဆင့် အင်အားစု နှစ်ခုကို ဆွဲဆောင်ထားခဲ့၏။
ထိုအင်အားစု သုံးခု အရိုင်းနယ်မြေသို့ ရောက်ရှိလာပါက အနည်းဆုံး နတ်သခင် ငါးပါး ရှိလာလိမ့်မည် ဖြစ်၏။
သူတို့ဘက်တွင်တော့ နတ်သခင်ဝမ်ရှု အပါအဝင် နတ်သခင် နှစ်ပါးသာ ရှိပေသည်။ အကယ်၍ ထိုအင်အားစုများက လုချန်းကို တကယ် အရေးယူ ဆောင်ရွက်လာပါက သူမ သူ့ကို ကာကွယ်ပေးနိုင်လိမ့်မည်ဟု ယွမ်ယုတိ ယုံကြည်မှု မရှိပေ။
တည်ငြိမ်စွာဖြင့် လုချန်းက
“ကျုပ်ရဲ့ ပင်မကိုယ်က အရိုင်းနယ်မြေမှာ ရှိနေတယ်လို့ သူတို့ကို တမင် ပြောခဲ့တာ။ ဘာလို့လဲဆိုတော့ ထူးဆန်း သတ္တဝါတွေကို ချိပ်ပိတ်ပြီးတာနဲ့ ခမ်းနားသော ကောင်းကင်ခန်းမက ကျုပ်ကို ရန်သူလို ဆက်ဆံလာမလားဆိုတာ ကြည့်ချင်လို့ပဲ။”
လုချန်း၏ စကားကို ကြားသောအခါ ယွမ်ယုတိ အနည်းငယ် ဇဝေဇဝါ ဖြစ်သွား၏။
မည်သည့်အဓိပ္ပာယ်နည်း။
လုချန်းက
“ဒါက ကျုပ်ရဲ့ ကိုယ်ပွားတစ်ခုပဲ။ သေသွားလည်း သေသွားတာပေါ့”
ယွမ်ယုတိ၏ မျက်ခုံးများ ကွေးညွှတ်သွားရင်း အေးစက်စွာဖြင့်
“ရှင် ကျွန်မကို လုံးဝ ထည့်မတွေးထားပုံပဲနော်။”
လုချန်းသည် ကိုယ်ပွားတစ်ခုသာ ဖြစ်သဖြင့် သူ သေဆုံးသွားပါက ကြီးမားသော ကိစ္စမဟုတ်ပေ။ သို့သော် ထိုအင်အားစု သုံးခုမှ နတ်သခင်များက သူမအား လုချန်းနှင့် နီးကပ်သော ဆက်ဆံရေး ရှိသည်ဟု ယူဆကာ သူမကို အရေးယူ ဆောင်ရွက်လာပါက မည်သို့ဖြစ်မည်နည်း။
ထို့ပြင် လျှို့ဝှက်လဝန်း နန်းတော်တွင် လုချန်း၏ အခြား ဇနီးများ ရှိနေသေး၏။
လုချန်းက ပြုံးလျက်
“အကယ်၍ သူတို့က ခင်ဗျားကို အရေးယူဝံ့ရင် နေဝင်တောင်တန်းဆီ ပြေးသွားပြီး သူတို့ကို ခြိမ်းခြောက်လိုက်ရုံပဲ။”
ယွမ်ယုတိက ဇဝေဇဝါဖြင့်
“ရှင် ဘာကို ဆိုလိုတာလဲ”
လုချန်းက
“ထူးဆန်းတဲ့ သတ္တဝါတွေကို နေဝင်တောင်တန်းမှာ ချိပ်ပိတ်ထားတာ။ ပြီးတော့ လျှို့ဝှက်လဝန်း နန်းတော်ကလည်း အဲဒီဘေးတင်ပဲလေ။ သူတို့ ဒီနေရာမှာ ခင်ဗျားကို အရေးမယူ ရဲကြပါဘူး။ တကယ်လို့ ခင်ဗျားက နေဝင်တောင်တန်းက ချိပ်ပိတ်မှုတွေကို ဖျက်ဆီးပြီး ချိပ်ပိတ်ထားတဲ့ ထူးဆန်းတဲ့ သတ္တဝါတွေကို လွှတ်ပေးလိုက်ရင် လူတိုင်း သေကုန်ကြမှာ။”
နတ်သခင်အဆင့်များအကြား တိုက်ပွဲများတွင် ပျက်စီးဆုံးရှုံးမှုက ကျယ်ပြန့်လှပေသည်။ နေဝင်တောင်တန်းတွင် အကြီးအကျယ် တိုက်ပွဲဖြစ်ပွားပါက ထိုချိပ်ပိတ်မှုများ ပျက်စီးသွားနိုင်ပြီး ထူးဆန်းသော သတ္တဝါများ လွတ်မြောက်လာမည်ဖြစ်သည်။
ထိုအခါ တောင်ပိုင်းနယ်မြေက ပထမဆုံး ဒုက္ခရောက်ရပေလိမ့်မည်။ ထို့ကြောင့် ကြယ်မြစ် နတ်သခင်က လျှို့ဝှက်လဝန်း နန်းတော်ကို အရေးယူ ဆောင်ရွက်လာမည့် အရေးကို လုချန်း လုံးဝ စိုးရိမ်ခြင်း မရှိချေ။
ယွမ်ယုတိအနေနှင့် နဂါးနယ်မြေမှ မထွက်ခွာပါက ကြယ်မြစ် နတ်သခင်နှင့် အခြားသူများ မဆင်မခြင် လှုပ်ရှားဝံ့ကြမည် မဟုတ်ပေ။
လုချန်း၏ စကားကို ကြားပြီးနောက် ယွမ်ယုတိ နောက်ဆုံးတွင် သဘောပေါက်သွားခဲ့ရသော်လည်း ရိုးရိုးသားသား ပြောရလျှင် နေဝင်တောင်တန်းရှိ ချိပ်ပိတ်မှုများကို သူမ တစ်ဦးတည်းနှင့် ဖျက်ဆီးနိုင်ပါ့မလားဟူ၍ သံသယဖြစ်မိသည်။
သေချာသည်မှာ ကြယ်မြစ် နတ်သခင်သည် ထိုချိပ်ပိတ်မှုများကို သူမ ဖျက်ဆီးနိုင်မနိုင်ဟူသော အချက်အပေါ် လောင်းကြေးမထပ်လိုဟု သူမ ယုံကြည်၏။ နောင်တရရမည့်အစား ဘေးကင်းအောင် နေခြင်းက ပို၍ ကောင်းလှသည်။
အကယ်၍ သူမက တကယ်အသက်စွန့်ရုန်းကန်မည့် စိတ်ပိုင်းဖြတ်မှုဖြင့် ထူးဆန်း သတ္တဝါများ၏ ချိပ်ပိတ်မှုများကို ဖျက်ဆီးနိုင်ခဲ့လျှင် ယင်းမှာ ဤလောကအတွက် ကပ်ဘေးတစ်ခု ဖြစ်လာပေလိမ့်မည်။
ယွမ်ယုတိက
“ ထူးဆန်းတဲ့ သတ္တဝါတွေကို ချိပ်ပိတ်ပြီးတဲ့နောက် သူတို့က ရှင်ကို တကယ် အရေးယူလာရင် ရှင် ဘာလုပ်ဖို့ ရည်ရွယ်ထားလဲ။”
လုချန်းက
“ဒါဆိုရင်တော့ ကပ်ဘေးပြီးတဲ့အထိ ကျုပ် စောင့်ဆိုင်းပြီး သူတို့ကို ကလဲ့စားချေမှာပေါ့။”
သူသည် လုံလောက်စွာ အင်အား မကြီးထွားသေးသဖြင့် အုပ်ချုပ်သူအဆင့် အင်အားစု သုံးခုကို ရင်ဆိုင်ရန် အခွင့်အရေး မရှိသေးချေ။ သို့သော် သူ့၌ စနစ် ရှိနေသဖြင့် သူ ဧကန်မုချ ပိုစွမ်းအားကြီးလာမှာတော့ မလွဲမသွေ ဖြစ်၏။
ယခုတော့ သူ၏ ဇနီးများ လျင်မြန်စွာ ရင်သွေး ရရှိစေရမည့် နည်းလမ်းကို သူ သိသွားပြီဖြစ်ရာ နောင်တွင် စနစ်၏ ဆုလာဘ်များကို ရရှိရန် ပို လွယ်ကူလာပေလိမ့်မည်။
ဤအကြောင်းကို ပြောရင်း ယွမ်ယုတိ၏ ခရမ်းရောင် မျက်ဝန်းများကို လုချန်း စိုက်ကြည့်လိုက်မိ၏။ သူမ၏ သတိပေးချက်သာ မရှိခဲ့လျှင် သက်စောင့်စွမ်းအားကို အသုံးပြု၍ နတ်၏ ကိုယ်ထည်ကို ပြုပြင်ပြောင်းလဲကာ ကိုယ်ဝန်ရရှိရန် ပို လွယ်ကူအောင် ပြုလုပ်နိုင်သည့် အချက်ကို သူ သိလိမ့်မည် မဟုတ်ကြောင်း တွေးတောနေမိ၏။
လုချန်း စိုက်ကြည့်နေသည့် အရှိန်အဝါကို ခံစားမိရုံမျှဖြင့် ယွမ်ယုတိလည်း သူ၏ ရည်ရွယ်ချက်ကို ချက်ချင်းပင် ထပ်မံ၍ ရိပ်မိသွားခဲ့ရ၏။ သူမ၏ သတိပေးချက်ကို အခြေခံ၍ လုချန်း သူ၏ အစီအစဉ်များကို ဆက်လက် အကောင်အထည်ဖော်နိုင်သည်ကို သူမ သိသော်လည်း ယွမ်ယုတိ ထမသွားခဲ့ပေ။
ယွမ်ယုတိ သူမကိုယ်သူမ ယုံကြည်မှု ရှိနေ၏။ သူမသည် သတိတရား အနည်းငယ်ကို ထိန်းသိမ်းထားပြီး သူမ၏ ခန္ဓာကိုယ်ကို ဂရုပြုနေပါက လုချန်း အောင်မြင်မည် မဟုတ်ပေ။
တကယ်တွင်တော့ ယွမ်ယုတိအပေါ် ဆက်လက်၍ သူ၏ စွမ်းအင်များကို ကုန်ဆုံးရန် ရည်ရွယ်ချက် လုချန်း၌ မရှိတော့ပေ။ သူမ၌ သူ၏ ရင်သွေးကို လွယ်ထားရန် အတွေးပင် မရှိသေးသည်ကို သူ သိထား၏။
ယွမ်ယုတိကို မည်သို့အာရုံပြောင်းရမည်ကို သူ သိနေသည့်တိုင်အောင် သူမအနေနှင့် အနည်းငယ် သတိရှိနေပါက ကိုယ်ဝန် ရရှိနိုင်မည် မဟုတ်ချေ။
ယွမ်ယုတိနှင့် စိတ္တဇကစားပွဲများ ဆင်နွှဲနေမည့်အစား ရှောင်ရွှီရင်နှင့် ကောက်ရှီယွမ်တို့အပေါ်တွင်သာ အာရုံစိုက်ရန် သူ ဆုံးဖြတ်လိုက်၏။
သေချာသည်မှာ ဤကိုယ်ထည်သည် ယွမ်ယုတိ၏ ကစားစရာအဖြစ် သူမနှင့်အတူ ဤနေရာ၌ ဆက်လက် တည်ရှိနေနိုင်သေး၏။ သူမအား ကိုယ်ဝန် ရအောင် ပြုလုပ်နိုင်မနိုင်က တစ်ပိုင်းဖြစ်၏။ မည်သို့ပင်ဆိုစေ အေးစက်သော နတ်သမီးလေး ဖြစ်သည့် ယွမ်ယုတိသည် တကယ်တမ်း သူ့ကို မခုခံနိုင်ခဲ့ချေ။
--
………….