အခန်း ၂၂၁
Vol. 23 Ch. 221
221 01
အပိုင်း (၂၂၁) ညပိုင်းသွားရောက် လည်ပတ်မှု
“ကားထဲမှ အခြားလူတွေ ရှိသေးလား”
အမှောင်ထဲတွင် ပုန်းနေသော ဝမ်ကျုံးက ကားထဲမှ ထွက်လာသော ရှုရှင်းနှင့် မူချီမိုင်ကို မြင်လိုက်သည်နှင့် သူ၏ နှလုံးသားက တစ်ချက်တင်းကြပ်သွားပြီး တုံ့ဆိုင်းမှုများ ဖြတ်ပေးသွားသည်။
“လူသုံးယောက်ပဲ အားလုံးက စွမ်းအားရှင်တွေ”
သူ၏ အနောက်ဖက်မှ လီဟုန်အာက သူ၏လေသံထဲမှ တစ်စုံတစ်ရာက မှားယွင်းနေကြောင်း ခံစားမိလိုက်ပြီး ခပ်တိုးတိုး ပြန်မေးသည်။
“ခေါင်းဆောင် တစ်ခုခုမှားနေလို့လား”
ဝမ်ကျုံး “အင်း ညီအစ်ကိုတို့ ကျေးဇူးပြုပြီး စိတ်ရှည်ရှည်ထားကြအုံး။ အလျှင်စလို မလှုပ်ရှားနဲ့ မလှုပ်ရှားကြနဲ့အုံး”
ကမ္ဘာအဆုံးသတ်ကာလတွင် နှစ်အနည်းငယ် ရှင်သန်လာပြီးနောက် ဝမ်ကျုံးသည် ယခုအချိန်အထိ ရှင်သန်နေထိုင်နိုင်ခဲ့ပြီး တရားဝင် အခြေစိုက်စခန်း၏ အကာအကွယ်ကိုပင် ယူဆောင်ရန် မလိုအပ်ခဲ့သည်မှာလည်း ဉာဏ်ကောင်းပြီး ခေါင်းကြည်သောကြောင့် ဖြစ်သည်။
ကားထဲမှ ထွက်လာသော အမျိုးသားနှင့် အမျိုးသမီးတို့က တောက်ပပြီး သစ်လွင်သော ဝတ်စုံများကို ဝတ်ဆင်ထားကြသည်မှာအခြားသော စွမ်းအားရှင်များကဲ့သို့ အိုဟောင်းကာ မတော်သော အဝတ်အစားများ သို့မဟုတ် ဟိုပေဒီပေ အဝတ်အစားများနှင့် မတူညီပါပေ။ သူတို့ အဝတ်အစားများက သန့်ရှင်းနေသည်။ ထို့အပြင် လမ်းတွင် ရပ်ထားသော ကားကလည်း သစ်လွင်နေသည်။ သူ၏မိသားစုက အတော်လေး ငွေရေးကြေးရေး အခြေအနေ ကောင်းမွန်သောကြောင့် ထိုလမ်းဘေးတွင် ရပ်ထားသော ကားက အဆင့်မြင့်တင်ထားသော ကားဖြစ်ကြောင်း တန်း၍သိနိုင်သည်။ သူ့အနေဖြင့် တစ်ဖက်သူက ကိုင်တွယ်၍ မလွယ်မှန်း တန်းသိလိုက်သည်။ ကမ္ဘာအဆုံးသတ်ကာလ မတိုင်ခင်က အလွန်အမင်း ပုံမှန်ဖြစ်လွန်းသော အရာများက အဆုံးသတ်ကာလပြီးနောက် အလွန်အမင်း အဖိုးတန်သွားလေသည်။ မည်သို့ပင်ဆိုစေ ကမ္ဘာအဆုံးသတ်ကာလတွင် လူတိုင်းက ယခုလို ဆီစားသော ကားမျိုး သို့မဟုတ် သန့်ရှင်းလွန်းသော ကားမျိုး အဝတ်အစား သစ်မျိုးကို သုံးနိုင်စီးနိုင်ကြခြင်း မရှိပါပေ။
“ညီအစ်ကိုတွေကို နောက်ဆုတ်လို့ပြောလိုက်၊ ငါတို့ ဒီလူတွေကို ရင်ဆိုင်လို့မရဘူး”
ဝမ်ကျိုးက တစ်ခဏခန့် တုံ့ဆိုင်းပြီးနောက် ဆုံးဖြတ်ချက်ကို ချလိုက်သည်။
လီဟုန်အာက သူ၏အမိန့်အတိုင်း ချက်ချင်းလုပ်ကာ အခြားသော သူများကို အကြောင်းကြားသည်။
ကားထဲမှ စိတ်စွမ်းအားကို သုံးကာ ထောက်လှမ်းနေသော ယန်မော့က ထိုစကားပြောခန်းကို ကြားလိုက်ပြီး မျက်နှာအမူအရာတိုင်းကို မြင်သည်။ သူက မျက်ခုံးကိုပင် ပင့်လိုက်သည်။
ကြည့်ရသည်မှာ ရှင်းပေါင်၏ ဒီနေ့ပန်းတိုင်က မဖြစ်နိုင်လောက်တော့ပါပေ။
သို့သော် သူသည်လည်း ထွက်သွားသော သူတို့ကို မတားလိုက်ပေ။ ခေါင်းဆောင်၏ ကိုယ်ပေါ်တွင် စိတ်စွမ်းအား တစ်မျှင်ကို ချန်ထားရစ်ခဲ့လိုက်ပြီး ကားပြတင်းပေါက်မှ မှန်ကို ချပြီး လှမ်းပြောသည်။
“ရှင်းပေါင် ပြန်လာတော့ အဲဒီလူတွေ မရှိတော့ဘူး”
“အာ…”
တိုက်ပွဲကြီး ရင်ဆိုင်ရန် အသင့်ပြင်နေသော ရှုရှင်းကလည်း ရုတ်တရက် စိတ်ပျက်သွားသည်။
“ဘာလို့ သူတို့က ရုတ်တရက် ထွက်သွားတာလဲ။ အရမ်းကြောက်တာပဲလား”
“သိသိသာသာကိုပဲ အမိန့်ပေးလိုက်တဲ့ ခေါင်းဆောင်က လုံလောက်အောင် ဉာဏ်ကောင်းတယ်။ ငါတို့ ဝတ်ထားတဲ့အဝတ်အစားနဲ့ ငါတို့မောင်းတဲ့ ကားကို ကြည့်ရုံနဲ့တင် ငါတို့က ကိုင်တွယ်ရမလွယ်မှန်းသိလို့ ထွက်သွားတာလေ”
“အာ…ငါ နောက်ဆုံးမှ လူတစ်ယောက်နဲ့တွေ့တာကို သူတို့က ဒီလို ထွက်သွားတယ်။ ပျင်းစရာကောင်းလိုက်တာ”
ရှုရှင်းကလည်း ကားတံခါးကို ပြန်ဖွင့်၍ ဝင်လိုက်သည်။
221 02
ယန်မော့က သူမ၏ မျက်နှာကို နှစ်သိမ့်သလို အသာညှစ်လိုက်ရင်း ပြောသည်။
“ငါ သူတို့ရဲ့ကိုယ်ပေါ်မှာ စိတ်စွမ်းအားမျှင် ချန်ထားရစ်ခဲ့လိုက်တယ်။ ဒါကြောင့် ငါတို့ အချိန်ယူပြီး သူတို့ဆီကို သွားလည်လို့ ရတယ်။ ဘာပဲဖြစ်ဖြစ် T မြို့က နယ်ခံတစ်ယောက်အနေနဲ့ ဒီနယ်မြေက အခြေအနေတွေကို အခြားလူတွေထက် ပိုပြီးသိမှာပဲလေ ဟုတ်တယ်မလား”
“အင်း….ဒါက အကြံကောင်းလိုပဲ”
ကားထဲမှ လူတိုင်းကလည်း အဓိပ္ပာယ်ကို နားလည်သည်။ အခြားသော သူမှ တိုက်ရိုက်မေးလိုက်ခြင်းအားဖြင့် ကိစ္စများကို တန်း၍ သိနိုင်သည်။ သူတို့ကလည်း တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး ပြုံးလိုက်ကြသည်။
ထိုည စွန့်ပစ် အဆောက်အဦးတစ်ခုတွင်…
ယန်မော့နှင့် အပေါင်းအဖော်များက တစ်ညနေလုံး ဇွန်ဘီများကို သတ်ပြီး ညစာကို ခပ်အေးအေးစားပြီးသည်နှင့် နဂိုချန်ထားခဲ့သော စိတ်စွမ်းအားမျှင်နောက်လိုက်ကာ ထိုလူများ နေရာသို့ သွားလိုက်သည်။
“ဒီမှာ ကင်းလှည့်နေတဲ့ သူတွေ ရှိတယ်။ ဒီအဆောက်အဦးထဲမှ သဘာဝလွန်စွမ်းအားရှင်နဲ့ အခြား သာမာန် လူအားလုံးပေါင်း အယောက်ငါးဆယ်ကျော်လောက် ရှိတယ်”
“ငါတို့ နောက်ထပ် ဘာဆက်လုပ်ကြမှာလဲ။ ဒီအတိုင်း ဖောက်ဝင်မှာလား ဒါမှမဟုတ် ထွက်လာခိုင်းမှာလား”
ရှုရှင်းက အဝေးကြည့်မှန်ပြောင်းဖြင့် ကြည့်နေရင်း လှမ်းမေးသည်။
“ငါ စိတ်စွမ်းအားမျှင်ကိုသုံးပြီး ဒီနေ့ဦးဆောင်လာတဲ့လူကို လှမ်းပြီး သတင်းပို့ထားတယ်။ သူတို့ကို ထွက်လာခိုင်းထားတယ်။ ဘာပဲဖြစ်ဖြစ် အခြားသူရဲ့ ပိုင်နက်ထဲကို စိတ်ထင်တိုင်း ဝင်သွားတာက ဉာဏ်ရှိတဲ့ လုပ်ရပ်မျိုးမဟုတ်ဘူးလေ။ ဆိုတော့ မတော်တဆ တွင်းထဲမှ မဖမ်းမိအောင် ကြိုးစားရမှာပေါ့”
ယန်မော့က မျက်လုံးကို မှိတ်လိုက်ပြီး သူ၏ စိတ်စွမ်းအား ကြိုးမျှင်ကို ခံစားကြည့်သည်။
******