← Chapters

အခန်း ၂၂၂

Vol. 23 Ch. 222

အခန်း ၂၂၂

Vol. 23 Ch. 222

222 01

အပိုင်း (၂၂၂) အချက်အလက် စုံစမ်းမေးမြန်းခြင်း

“ဘယ်သူလဲ”

သူ၏ လက်အောက်ငယ်သားများအား မနက်ဖြန်ဆိုလျှင်မည်သည့် နေရာကိုခြုံခိုတိုက်ခိုက် မည်သည့်နေရာမှ ရိက္ခာများကို ယူမည်ဟု ဆွေးနွေးနေသောဝမ်းကျုံးက ရုတ်တရက် သတိပေးချက်အလျှင်းမရှိဘဲ ထွက်လာသော အသံကြောင့် ကြောင်သွားသည်။

ဝမ်ကျုံးက ရုတ်တရက် ထရပ်လိုက်သည်။ သူ၏ လက်ထဲတွင်လည်း သဘာဝလွန်စွမ်းအားများက စုစည်းလာကာ ထွက်သွားပြီး ဘေးဘက်ကို သတိအပြည့်ကပ်ကာ ကြည့်လိုက်သည်။

“ကြည့်ဖို့ မလိုဘူး။ ငါ့မှာ မကောင်းတဲ့ ရည်ရွယ်ချက် မရှိဘူး။ ငါ ဒီအတိုင်း မင်းကို သတင်းနည်းနည်း မေးချင်လို့ ငါ မင်းတို့ကို အဲဒီ စွန့်ပစ် အဆောက်အဦးရဲ့ အပြင်ဘက်မှာ စောင့်နေမယ်”

ဝမ်ကျုံးက နောက်ပိုင်းမည်သည့် စကားကို ပြောပြော အသံက တိတ်သွားပြီ ဖြစ်သည်။

“ခေါင်းဆောင် ဘယ်သူက စကားပြောလို့လဲ”

သူနှင့်အနီးဆုံး လီဟုန်အာကလည်း သူဟာ စိတ်ပြန်ငြိမ်သွားကြော င်းမြင်လိုက်သဖြင့် မေးလိုက်သည်။

“အင်း ဟုန်အာ စန်းအာ မင်းတို့ နှစ်ယောက်ညီအစ်ကိုနည်းနည်း ခေါ်ပြီး ငါနဲ့အတူ လိုက်ခဲ့။ ရှောင်ဝူကတော့ ဒီအိမ်ကို စောင့်ကြပ်ဖို့အတွက် ခုခံအားမြင့်ပြီး သတိထားနေခဲ့”

ဝမ်ကျုံးက အရာအားလုံးကို စီစဉ်ပြီးနောက် သူ့လူများကို ခေါ်ကာ အသံပိုင်ရှင်ပြောသော နေရာသို့သွားလိုက်သည်။

အခြားသော သူများကမူ ဘာဖြစ်သွားမှန်း မသိသေးပေ။ သူတို့က တစ်ယောက်ကို တစ်ယောက်သာ ကြည့်နေကြပြီး သံသယများကို နှလုံးသားထဲတွင် မြုတ်နှံ၍ အမိန့်အတိုင်း လိုက်နာကြသည်။

“ဒါပဲလား သူ တကယ် ထွက်လာတာလား”

ရှုရှင်းကလည်း ရှောင်ပိုင်၏ ရင်ခွင်ထဲတွင် ဝင်တိုးနေရင်း ပြောသည်။

ရှောင်ပိုင်ကိုယ်မှ အမွှေးများက အကောင်သေးသွားသည်နှင့် နူးညံ့သွားသည်။ ထို့ကြောင့် ပို၍ပင်ပွတ်သပ်၍ ကောင်းသွားသည်။ ထို့ကြောင့် သူမသည် မလွှတ်နိုင်တော့ပေ။

“အင်း ငါတို့က မခြိမ်းခြောက်နိုင်ဘူးဆိုတာ သေချာရင် သူ သေချာပေါက် လာလိမ့်မယ်”

ယန်မော့ကလည်း လက်ကို ဆန့်ထုတ်ပြီး ရှောင်ပိုင်ကို လာပွတ်သည်။ သေချာစွာပင် အမွှေးဖွားလေးများ၏ ဆွဲဆောင်မှုကို မည်သူကမှ မတွန်းလှန်နိုင်‌ပေ။

ဝမ်ကျုံးနှင့်အဖွဲ့က ခပ်မြန်မြန်ရောက်လာသည်။ ရင်းနှီးကျွမ်းဝင်သော ပုံရိပ်နှစ်ခုကို လှမ်းမြင်လိုက်သည်နှင့် အခြေအနေအားလုံးကို နားလည်လိုက်သည်။ သူတို့သည် နေ့အချိန်က ထိုလူများကိုခြုံခိုတိုက်ခိုက်ရန် ကြိုးစားခဲ့သည်။ ယခုအခါ အိမ်တံခါးသို့ လာခေါက်သည်။

ဝမ်ကျုံး “ငါ့ကို ရှာတာ မင်းလား”

ဝမ်ကျုံး၏မျက်လုံးက ကုလားထိုင်ပေါ်တွင် ထိုင်နေသော ယန်မော့ဆီသို့ တိုက်ရိုက်ရောက်သည်။ သူ၏ ကိုယ်ပေါ်မှ ကြွက်သားများက တောင့်တင်းသွားသည်။ သူသည် တစ်ဖက်သူထံမှ သဘာဝလွန်စွမ်းအား လှုပ်ခတ်မှုကို မခံစားမိပေ။

မည်သူကမှ သတိမထားမိဘဲ သူ့ထံသို သတင်းစကား ပေးပို့နိုင်သော သူက သာမာန် မဟုတ်ပါပေ။

တတိယအဆင့် စွမ်းအားရှင် တစ်ယောက်အနေနှင့် သူသည်လည်း တစ်ဖက်သူထံမှ သဘာဝလွန်စွမ်းအားကို အာရုံမခံမိကတည်းက ဖြစ်နိုင်ချေတစ်ခုသာ ရှိတော့သည်။ တစ်ဖက်သူက သူ့ထက် အဆင့်မြင့်သည်။ တစ်ဆင့်ပင် မကလောက်ချေ။

“ထိုင်ပါအုံး မစိုးရိမ်ပါနဲ့။ ဘာပဲဖြစ်ဖြစ် ငါတို့ကသာ မင်းတို့ကို တစ်ခုခုလုပ်ချင်ရင် ငါတို့ကိုလည်း မတားနိုင်ဘူး ဟုတ်တယ်မလား”

ယန်မော့ကလည်း အရှေ့မှ မီးပုံကို ခပ်အေးအေးမွှေနေရင်း တစ်ဖက်မှ ခုံအလွတ်ကို ပြလိုက်သည်။

ဝမ်ကျုံး “…”

သူသည် တစ်စုံတစ်ရာကို ပြောလိုသည်။ သို့သော် မည်သို့ပင် ပြောပြော မှန်နေလေသည်။

222 02

တစ်ဖက်သူ၏ အင်အားအရ သူတို့ကသာ သူတို့ကို တစ်စုံတစ်ရာ လုပ်လိုလျှင် သူသည်ပင် မတွန်းလှန်နိုင်လောက်ပါပေ။ ထို့ကြောင့် သူ၏ခန္ဓာကိုယ်ကိုသာ ဖြေလျော့လိုက်ပြီး သူ၏ အနောက်မှ သူခေါ်လာသော လီဟုန်အာနှင့် ကျားပုတို့ကို လက်တစ်ချက် ယမ်းပြကာ ထိုင်လိုက်သည်။

ဝမ်ကျုံး “မင်းငါ့ကို သတင်းမေးချင်တယ်လို့ ပြောထားတယ်နော်။ ငါ့ဆီက ဘာသိချင်တာလဲ”

“ပထမဦးဆုံးအနေနဲ့ T မြို့က မင်းသိထားတဲ့ အင်အားစုတွေ အခြေအနေ အကြောင်းကို သိချင်တယ်”

ယန်မော့၏ အသံက အလွန်ပြတ်သားသည်။

“ငါက လိမ်မှာ မကြောက်ဘူးလား”

ဝမ်ကျုံးက ပြောသည်။

“လိမ်နိုင်လို့လား”

ယန်မော့ကလည်း မေးခွန်းကို တိုက်ရိုက်မဖြေဘဲ ပြန်ကြည့်သည်။

ဝမ်ကျုံးက နင်သွားသည်။ ထို့နောက် ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်အောင် ထိန်းပြီး ခပ်တိုးတိုးပြောသည်။

“T မြို့ရဲ့ တရားဝင် အခြေစိုက်စခန်းက ဇွန်ဘီတွေ ပေါ်လာပြီး နှစ်ဝက်လောက်အတွင်းမှာပဲ ကျသွားတာ။ အဲဒီအချိန်က အခြေစိုက်စခန်းအတွင်းက အင်အားအကြီးဆုံး သဘာဝလွန်စွမ်းအား အသင်းတွေက အချင်းချင်း ယှဉ်ပြိုင်ကြတယ်။ သူတို့က သူတို့ဘာသာဦးဆောင်ပြီး T မြို့ရဲ့ နေရာအသီးသီးမျာ အင်အားစုတွေ အဖြစ် ပေါင်းခွဲလို့ နယ်မြေတွေကို အုပ်ချုပ်ပြီး နေကြတယ်”

“သူတို့က T မြို့ရဲ့ မြောက်ပိုင်း၊ တောင်ပိုင်း၊ အနောက်ပိုင်းတွေကို သိမ်းယူထားတယ်။ အခြားတကွတပြားရှိနေတဲ့ အင်အားစု အများစုကတော့ အရှေ့ဘက်ပိုင်းမှာပေါ့။ ဒါပေမဲ့ လွန်ခဲ့တဲ့ တစ်နှစ်လောက်က မြောက်ပိုင်းမှာ ဇွန်ဘီ အလုံးအရင်းနဲ့ ရင်ဆိုင်ခဲ့ရသေးတယ်။ ဆိုတော့ အဲဒီ အခြေစိုက်စခန်းကို အခုဆို ဇွန်ဘီတွေက အုပ်သွားပြီ။ ဘယ်သူမှ မရှင်တော့ဘူး”

“ဒီဇွန်ဘီ တစ်သုတ်ပြီးသွားရင်တောင်မှ အခြားအင်အားစုနဲ့ အင်အားစုအသစ်တွေက မြောက်ပိုင်းကို သိမ်းယူထားတယ်။ အခု T မြို့က စည်းလုံးနေတဲ့ အင်အားစုတွေက တောင်ပိုင်းနဲ့အနောက်ပိုင်းပဲ။ အရှေ့ပိုင်းနဲ့ မြောက်ပိုင်းကတော့ အခြားတကွဲတပြားစီ ဖြစ်နေတဲ့ အင်အားစု‌တွေ ပေါင်းစည်းနေတဲ့ နေရာပေါ့။ နောက်ပြီး ဒီအဖွဲ့အတွေအကြား မကြာခဏဆိုသလို ကတောက်ကဆ အခြေအနေမျိုးတွေက ရှိတယ်။ နောက်ပြီး ထင်သလောက်လည်း တည်ငြိမ်တာ မဟုတ်ဘူး ဆိုတော့ လူနည်းတယ်”

ယန်မော့တို့က တိတ်တဆိတ် နားထောင်နေပြီး တစ်ဖက်သူ၏ စကားကို ခွဲခြမ်းစိတ်ဖြာနေကြသည်။

သူတို့၏ အခြေစိုက်စခန်း ရှိနေသော နေရာကလည်း T မြို့၏ အရှေ့မြောက်ဖက် စွန်းပိုင်းဖြစ်နေသည်။ ကံကောင်းသည်မှာ သူတို့သည် လူများသော တောင်ပိုင်းနှင့် အနောက်ပိုင်းကို ရှောင်ဖြစ်ခဲ့သည်။

ရှုရှင်းက သူမ၏ စိတ်ထဲကတဆင့် အိမ်တော်ထိန်း 001 က ဖော်ပြလာသည့် scanဖတ်သည့် ဇယားကို ကြည့်လိုက်လေရာ ဝမ်ကျုံးနှင့် အခြားသော နှစ်ယောက်၏ မကောင်းသော အတွေးတန်ဖိုးကို မြင်လိုက်ရသည်။ သူမသည် ပထမဦးဆုံးအကြိမ်အဖြစ် ထိုကဲ့သို့သောစစ်ဆေးမှု ဝန်ဆောင်မှုအပိုင်းကို သုံးဖူးခြင်းဖြစ်သည်။ ထို့ကြောင့် အတော်လေး သိချင်နေသည်။

နာမည် : ဝမ်ကျုံး (ခေါင်းအထက်မှာ ပေါ်လာ)

တည်ရှိပြီးသား မကောင်းသော အတွေး : 50

မကောင်းသော အတွေး : 100

(မှတ်ချက် : မကောင်းသော အတွေးတန်ဖိုး 0-100 ဝန်းကျင်က ပုံမှန်ပါပဲ။ 100 ကနေ 150 ကတော့ အန္တရာယ်များတဲ့ အဆင့်ဖြစ်ပြီး လူအပေါ် ပစ္စည်းတွေအပေါ် မကောင်းတဲ့ ဆန္ဒတွေ ရှိနေပါတယ်။ ဒါပေမဲ့ စိတ်ထဲမှာ‌တော့ ကြင်နာမှုကတော့ ရှိနေပါသေးတယ်။ 151 ကနေ 200 အတွင်းကတော့ အကျိုးအကြောင်းသိစိတ်တောင် ပျောက်နေပြီး တစ်လောကလုံးက အရာအားလုံးကို ဖျက်ဆီးလိုစိတ်အပြည့်ပါပဲ။ 200+ ကတော့ ပေါက်ကွဲနိုင်ပါတယ်။ ဆိုတော့ အဲဒီလို လူမျိုးတွေနဲ့ သခင်အနေနဲ့ ဝေးဝေးနေသင့်ပါတယ်)

ရှုရှင်းက စိတ်ထဲတွင် တွေးတောသည်။

“001..001”

“သခင်မ ငါ ဒီမှာပါ”

222 03

“တကယ်လို့ လူတစ်ယောက်ရဲ့ အဲဒီမကောင်းတဲ့အတွေး တန်ဖိုးကသာ သူ့ရဲ့ကိုယ်ပိုင် အတွေ့အကြုံကြောင့် ပြောင်းလဲသွားမယ်ဆိုရင် နောက်ပြီး အဲဒီတန်ဖိုးကလည်း အခြေစိုက်စခန်းကို မဝင်သေးခင် ပုံမှန်ဖြစ်နေပြီ။ အချို့ကိစ္စတွေကြောင့် ပြောင်းသွားမယ်ဆိုရင် ငါတို့ဘယ်လို လုပ်ရမလဲ”

အိမ်တော်ထိန်း 001 “သခင်မ မစိုးရိမ်ပါနဲ့ နေထိုင်သူတွေက နေထိုင်သူ မှတ်ပုံတင် ကတ်ပြားကို ရရှိမှာ ဖြစ်ပါတယ်။ စနစ်ကလည်း ဝတ်ဆင်ထားသူတွေရဲ့ မကောင်းတဲ့ အတွေးတွေကို အချိန်မရွေး စစ်ဆေးနိုင်ပါတယ်။ ဒါကြောင့်သတ်မှတ်ထားတဲ့ ဝန်းကျင်ကို ကျော်လွန်သွားတာနဲ့ စနစ်ကလည်း အနီရောင် သတိပေးချက်ကို ထုတ်လွှတ်မှာဖြစ်ပါတယ်။ ဒီမကောင်းတဲ့ အတွေးတွေကသာ သတိပေးချက်ကို ရပြီး မပြောင်းသေးဘူးဆိုရင်တော့ မှတ်ပုံတင်ကတ်ကို ဖျက်ဆီးလိုက်ပြီး အဲဒီလူကို တိုက်ရိုက်ထုတ်ပယ်လိုက်မှာပါ”

ယန်မော့ကလည်း စကားပြောခန်းကို ကြားသည်။ သူသည်လည်း အိမ်တော်ထိန်း 001 က ဖြစ်ပေါ်လာနိုင်သော ရန်စွယ်များကို ကြိုတင် ဖြေရှင်းနိုင်သည့်အချက်ကို အမှန်တကယ် သဘောကျမိသွားသည်။

ယန်မော့က ဝမ်ကျုံး၏အနောက်ဖက်မှ လူနှစ်ယောက်စီ အကြည့်ရောက်သွားသည်။ ထိုလူနှစ်ယောက်၏ မကောင်းသော အတွေးတန်ဖိုးက အမှန်တကယ် စိတ်ဝင်စားစရာ ကောင်းလေသည်။

ဝမ်ကျုံး၏ စကားက ရပ်တန့်သွားသောအခါ မူချီမိုင်ကလည်း ဝင်မေးသည်။

“ဒါဆိုရင် တောင်ပိုင်းနဲ့ အနောက်ပိုင်းက အင်အားစုက ဘယ်လောက်ထိ အင်အားကြီးလဲ ဘယ်ဘက်က ပိုပြီး အားသာချက်များလဲ”

“တောင်ပိုင်းအဖွဲ့ရဲ့ခေါင်းဆောင်က မီးအခြေပြုစွမ်းအားရှင် ရွှယ်ဖေးချန်တဲ့။ နောက်ဆုံးတစ်ခေါက် ငါတို့ သူ့အကြောင်းကို ကြားတုန်းက သူ လှုပ်ရှားခဲ့တဲ့အချိန်ကပေါ့။ အဲ့ဒီတုန်းက သူက အဆင့်လေး အလယ်အလတ် အဆင့်ကို ရောက်နေလောက်ပြီ။ အနောက်ဖက်ခြမ်းက ခေါင်းဆောင်က လျိုဟုန်တဲ့။ သူက ရွှေစွမ်းအားရှင်လေ။ လွန်ခဲ့တဲ့ ခြောက်လတုန်းက သူက ကောလဟာလတွေ အရတော့ သူက အဆင့်လေးရဲ့အထွပ်အထိပ်ကို တက်သွားပြီ”

“သူတို့က သူတို့ရဲ့ အမိန့်အောက်မှာ သဘာဝလွန်စွမ်းအားရှိတဲ့လူ အမြောက်အများကို စုစည်းထားတယ်။ နှစ်ဖက်လုံးကလည်း အရည်အသွေးနဲ့ အရေအတွက်အားဖြင့် လက်ရည်ညီတယ်။ ဆိုတော့ တစ်ဖက်က တစ်ဖက်ကို သာလွန်တဲ့အနေအထားမျိုးတော့ မရှိဘူး”

ဝမ်ကျုံးက ရိုးရိုးသားသား ဖြေသည်။

******

All Chapters