အခန်း ၂၂၃
Vol. 23 Ch. 223
223 01
အပိုင်း (၂၂၃) မွေးကတည်းက လူဆိုး
နောက်ပိုင်းတွင် ယန်မော့တို့က ဝမ်ကျုံးကို မေးခွန်းတွေ တစ်ခုပြီးတစ်ခု မေးကြသည်။ နောက်ဆုံးတွင် ဝမ်ကျုံးကလည်း ပါးစပ်ခြောက်သွေ့လာ၍ ရပ်တန့်သွားရသည်။
“သွားရအောင်”
ယန်မော့က လိုချင်သော အချက်အလက်များကို ခပ်အေးအေးရလိုက်သည်။ ထို့ကြောင့် သူသည် စိတ်အခြေအနေကောင်းသွားပြီး ရှင်းပေါင်ကို ပြန်ကြည့်သည်။ ရှုရှင်းကလည်း ချက်ချင်းနားလည်သွားပြီး သူမ၏ကျောဖက်သို့ ပိုထားသော လက်ကို အသာလှုပ်လိုက်သည်။ ထို့နောက် ခေါင်းအသာ ညိတ်ပြသည်။
“ပထမရုံးခန်းထဲက ပစ္စည်းတွေက မင်းရဲ့ဆုလာဘ်၊ မင်းရဲ့လူတွေကို ခေါ်ပြီး ရွေ့ခိုင်းလိုက်”
“အနာဂတ်မှာ နည်းလမ်းမရှိတော့ဘူးဆိုရင် T မြို့ အရှေ့မြောက်ဖက်ခြမ်းကို လာပြီး ငါ့ကို လာရှာနိုင်တယ်”
ကားထဲသို့ ဝင်ပြီးသည်နှင့် ယန်မော့က သူ၏ စွမ်းအားကိုသုံးကာ ဝမ်ကျုံးထံသို့သတင်းပေး ပို့လိုက်သည်။ အခုလေးတင် စကင်ဖတ်ခဲ့သော မကောင်းသော အတွေးများကို တွေးကြည့်သော် သူဟာ သတိပေးသည့်အနေဖြင့် စကားတစ်ခွန်း ထပ်ပြောလိုက်ခြင်း ဖြစ်သည်။
ဝမ်ကျုံးသည်လည်း ထိုစကားကိုနားထောင်ပြီး နည်းနည်းစိတ်ရှုပ်သွားသည်။ အထူးသဖြင့် နောက်ဆုံးစကားကို ဖြစ်သည်။ ဒီညက သူတို့ ပထမဦးဆုံး တွေ့ဖူးခြင်း ဖြစ်သည်။ နှစ်ဖက်အကြားတွင်လည်း အရှုပ်အထွေးမရှိပေ။ ထို့ကြောင့် တစ်ဖက်လူက ယခုလို အခြားစကားမျိုးကို အလကားနေရင်း ပြောစရာ အကြောင်းမရှိပါပေ။
သူ၏မျက်ဝန်းထောင့်က သူ့အနောက်ဖက်မှ လူများကို ကြည့်ပြီး အနည်းငယ် ပြောင်းလဲသွားသည်။ ဒီနေ့ သူနှင့် လိုက်ခဲ့သည်မှာ လူနှစ်ယောက်တည်းသာ ဖြစ်ပြီး လီဟုန်အာနှင့် ကျားပုတို့ဖြစ်သည်။ နှစ်ယောက်လုံးကလည်း သူ အလွန်အမင်း ယုံရသော လက်အောက်ငယ်သားများဖြစ်သည်။ သို့မဟုတ်ပါက သူသည် ထိုလူများကို ခေါ်ခဲ့လိမ့်မည် မဟုတ်ပေ။ ပြဿနာကသာ သူမဟုတ်ဘဲ ထိုနှစ်ယောက်ဆိုလျှင်…
“ခေါင်းဆောင် အားလုံး ထွက်သွားပြီလေ။ ငါတို့ အခု ပြန်တော့မှာလား”
ကျားပုက မျက်လုံးကို ကျဉ်းမြောင်းပြီး ရှေ့သို့ တစ်လှမ်းတိုးကာ မေးသည်။
“မစိုးရိမ်ပါနဲ့ ပြန်ပြီး ကြည့်ရအောင်”
ဝမ်ကျုံး၏အတွေးယာဉ်ကြောက အဖြတ်ခံရပြီးနောက် သူသည် တည်ငြိမ်သွားကာ တစ်ဖက်သူ ပြောသော နေရာသို့ သွားလိုက်သည်။
လီဟုန်အာနှင့် ကျားပုတို့က နောက်မှ လိုက်လာကြသည်။
ဝမ်ကျုံးက ပထမရုံးခန်းတံခါးကို ဖွင့်လိုက်သောအခါ ကြမ်းပြင်တွင် ပုံနေသော ရိက္ခာများကို မြင်လိုက်သည်။ မျက်ခုံးကို ပင့်သည်။ သတင်းပေးရသောဆုလာဘ်က အတော်လေး ရက်ရောသည်။
အသင့်စားခေါက်ဆွဲထုတ်များ အပြည့်ထည့်ထားသော ဘူးကြီးနှစ်ဗူး ဘီစကစ်များ အသီးသီးထည့်ထားသော ဖာနှစ်ဖာ၊ ကြက်အူချောင်း တစ်ဖာ၊ ဆားနှစ်ထုပ် သကြားဆယ်ထုပ်။
လီဟုန်အာနှင့် ကျားပုတို့က ပစ္စည်းများကိုမြင်ပြီး စိတ်လှုပ်ရှားသွားသည်။
“ခေါင်းဆောင် ဒါက ဘာလဲ”
“ဘာရပ်လုပ်နေတာလဲ။ ပစ္စည်းတွေ ရွှေ့လေ ဒါက ငါတို့ သတင်းအချက်အလက်တွေကို ပြောပြပေးလို့ ဆုလာဘ်တဲ့။ ဝမ်ကျုံးကလည်း ရှေ့သို့ အနည်းငယ် တိုးလိုက်ပြီး ပစ္စည်းများကို ယူသည်။ လီဟုန်အာနှင့် ကျားပုတို့ကလည်း ရှေ့သို့ အပြေးလာကာ ပစ္စည်းများကို ရွှေ့ကြသည်။
သူတို့သည်လည်း ဒီညတွင် တိုက်ပွဲဖြစ်မည်ဟု ထင်ထားသည်။ မမျှော်လင့်ထားစွာပင် မည်သည့်အန္တရာယ်မှ မကြုံတွေ့သည့်အပြင် ရိက္ခာများပင် ရလိုက်သေးသည်။ ထိုရိက္ခာများသည့် သူတို့အတွက် လဝက်စာလုံလောက်သည်။
ယန်မော့တို့ အဖွဲ့က အဝေးကြီး မရောက်သေးပေ။ သိပ်မဝေးသော တစ်နေရာရှိ အဆောက်အဦးထဲတွင် ပုန်းကာ ဝမ်ကျုံးတို့ အဖွဲ့၏ လှုပ်ရှားမှုကို ကြည့်နေသည်။
ပုရှန်းဝမ် “သူတို့မှာ မေးခွန်းမေးစရာ မရှိဘူးလား”
“သူတို့မှာ ပြဿနာရှိတာမဟုတ်ဘူး။ ဝမ်ကျုံးရဲ့ အနောက်ဖက်က လိုက်တဲ့ အဲဒီ အစိမ်းရောင်ဝတ်ထားတဲ့ တစ်ယောက်က ပြဿနာရှိတာ”
223 02
ရှုရှင်းက အဝေးကြည့်မှန်ပြောင်းဖြင့် ကြည့်နေပြီးနောက် စနစ်က တဆင့် scan ဖတ်၍ ရခဲ့သော မကောင်းသော မတွေးတန်ဖိုးကို ပြန်တွေးမိသည်။
“မျှော်လင့်ထားတဲ့အတိုင်းပဲ လူတစ်ယောက်ကို မျက်နှာကြည့်ပြီး အကျင့်စရိုက်ကို ဆုံးဖြတ်လို့ မရဘူးတဲ့။ အဲဒီကျားပုရဲ့ပုံစံက ဒီသုံးယောက်ထဲမှာ အရိုးသားဆုံးပုံစံပေါက်တယ်။ ဒါပေမဲ့ သူ့ရဲ့ မကောင်းတဲ့ အတွေးတွေက အဆင့်အမြင့်ဆုံးပဲ။ သူ့ရဲ့ အတွေးတန်ဖိုးက ဘယ်လောက်လဲ ခန့်မှန်းကြည့်ပါလား”
ပုရှန်းဝမ်က ခပ်အေးအေးပြောသည်။
“အမြင့်ဆုံး တန်ဖိုးလား”
“အင်း ဟုတ်တယ်.. အမြင့်ဆုံးတန်ဖိုး”
ရှုရှင်းက သူ့ကို အသိအမှတ်ပြုသလို ကြည့်သည်။
“ဝိုး တကယ်ကို အမြင့်ဆုံးတန်ဖိုးလား။ ဆိုတော့ မွေးရာပါ လူယုတ်မာပေါ့”
ပုရှန်းဝမ်က စိတ်ဝင်စားသွားသည်။
ရှုရှင်းကလည်း သူမက ပထမဦးဆုံး scan ဖတ်ခဲ့သည့် အချိန်တွင် ထိုကဲ့သို့သော အံ့ဩစရာ အကြီးကြီး ကြုံရလိမ့်မည်ဟု မထင်ထားမိပေ။
လူ၏ အကျင့်စရိုက် မွေးကတည်းက ကောင်းသည် ဆိုးသည်ဆိုသည့် အကြောင်းအရာက ခွဲခြား၍ ရသည်။
ဒီနေ့ကမူ သူတို့သည် မွေးရာပါ လူယုတ်မာနှင့် လာတိုးခြင်း ဖြစ်သည်။
******