← Chapters

အခန်း ၂၂၄

Vol. 23 Ch. 224

အခန်း ၂၂၄

Vol. 23 Ch. 224

224 01

အပိုင်း (၂၂၄) ဖော်ပြဖို့ခက်တယ်

မွေးရာပါ လူယုတ်မာ

ပုယွမ်ကျိုးက မျက်နှာသေနှင့်ဝင်ပြောသည်။

“သူ့ရဲ့ အစပိုင်းမကောင်းတဲ့ အတွေးတန်ဖိုးက ပြည့်နေပြီဆိုရင် သဘက်ခါလောက်ဆိုရင်ရော”

“ဝိုး ဒါဆိုရင်တော့ စာရင်းထဲကနေ ပျောက်သွားလောက်တယ်”

ရှုရှင်းက တအံ့တဩ ပြောသည်။

စိတ်အဝင်စားဆုံးအပိုင်းက ထိုအပိုင်းဖြစ်သည်။ သူသည်လည်း သိသာစွာပင် မွေးရာပါ လူယုတ်မာဖြစ်သည်။ သူ၏ မကောင်းသော အတွေးများက စာရင်းထဲကပင် ထွက်လုနီးပါး ဖြစ်နေသည်။ သို့သော် သူသည် သူ၏ အတွင်းစိတ်ဆန္ဒကို အလိုလိုက်ပြီး ဆိုးယုတ်သော ကိစ္စများကိုမလုပ်ဘဲ အခြားသော မသိသာ မထင်ရှားသော စိတ်စွမ်းအားပညာရှင်တစ်ယောက်၏ အနောက်ဖက်တွင် ပုန်းကွယ်ပြီး လက်အောက်ငယ်သား လုပ်နေသည်။ ထိုကဲ့သို့သော သည်းခံနိုင်စွမ်းရည်က ရစရာကြီးကြီးမားမား ဖြစ်ရပေမည်။

“သူက ဘာကိုပဲ ကြံစည် ကြံစည် ဒါက ငါတို့နဲ့ မဆိုင်ဘူးလေ။ ဒါပေမဲ့ သူ့ရဲ့ အပြုအမူက မကောင်းတဲ့ အတွေးရှိတဲ့လူတွေက တိုက်ရိုက် ဖော်ထုတ် မပြသတတ်ဘူးဆိုတာ ငါတို့ကို တိုက်ရိုက်နားလည်သွားစေတယ်။ သူတို့က ပိုပြီးရူးလေလေ အပေါ်ယံမှာ ဖုံးကွယ်ထားပုံက ကောင်းလေလေပဲ”

ပုရှန်းဝမ်က မေးစေ့ကို ပွတ်နေပြီး တစ်ပတ်လည် နက်နဲသော ပုံစံမျိုးဖြင့် ခွဲခြမ်းစိတ်ဖြာပြနေသည်။ တစ်ချိန်လုံး တိတ်နေသော ယန်မော့က အမှောင်ထဲ ရောက်နေသောကြောင့် သူ၏ မျက်နှာအမူအရာကို မမြင်နိုင်ပေ။

“အချစ် ငါတို့ ဒီတစ်ခေါက် အပြင်မှာဘယ်လောက် ကြာကြာ နေမှာလဲ”

ရှုရှင်းသည်လည်း ယန်မော့၏မျက်နှာအမူအရာကို မမြင်သည့်တိုင်အောင် အနည်းနှင့်အများဆိုသလို သူက စိတ်အခြေအနေ မကောင်းကြောင်း ခံစားမိလိုက်သည်။ ထို့ကြောင့် သူမက အရင်စကာ အနားကပ်သွားပြီး သူ့ကို အမှောင်ထဲမှ ဆွဲထုတ်လိုက်ကာ အကြောင်းအရာကို‌ ပြောင်းမေးသည်။

“တစ်ပတ်လောက်ပေါ့။ T မြို့ရဲ့ အခြားနေရာတွေကိုလည်း လိုက်ပတ်ကြည့်ပြီး အခြားအင်အားစုတွေရဲ့ လမ်းကြောင်းနဲ့ အသေးစိတ်အင်အားကို စုံစမ်းကြည့်ကြတာပေါ့။ အချက်အလက်တစ်ခုကတင် မလုံလောက်ဘူး။ ငါတို့ အစစ်အမှန်နဲ့ ပေါင်းစပ်ပြီး သိဖို့လိုအပ်တယ်”

သူ၏ချိုမြိန်ကာ နူးညံ့သော ဇနီးဖြစ်သူကို ပွေ့ဖက်လိုက်သောအခါမှသာ ယန်မော့၏ စိတ်ထဲမှ ရှုပ်ထွေးသော အတွေးများက ပျောက်သွားသည်။ သူသည်လည်း သူ၏ နှလုံးသားက ပြည့်နှက်သွားသလို ခံစားလိုက်ရသည်။

ရှုရှင်း “အင်း ငါလည်း T မြို့က လမ်းတွေက မောင်းရခက်တယ်လို့ ထင်တယ်။ ဒီလမ်းတွေပေါ်မှာ ကားမောင်းတာက တာယာတောင် ပျက်စီးစေသလိုပဲ။ ငါတို့ လျှပ်စစ် စက်ဘီးပြောင်းစီးရင် ဘယ်လိုလဲ ဒါမှမဟုတ် ဘတ္ထရီဘီးလည်း ရတာပဲ”

“အင်း ငါ့မိန်းမပြောတာ နားထောင်မယ်”

ယန်မော့က ထိုသို့ပြောသည်။

T မြို့တွင် တရားဝင် အခြေစိုက်စခန်း မရှိသည့်အတွက် အစစ်အမှန်အခြေအနေက အများကြီး ရှုပ်ထွေးနေသည်။ ဝမ်ကျုံးပြောသည်ထက်ပင် ပိုဆိုး၏။ ထိုသို့ဖြင့် သူတို့ဟာ နဂို တစ်ပတ်ခန့် ရည်ရွယ်ထားရာမှ နှစ်ပတ်ခန့်ပင် အချိန်သုံးကာ T မြို့တစ်မြို့လုံးကို လိုက်သွားပြီး စုံစမ်းလိုက်ရသည်။

T မြို့၏ အခြေအနေကို စကားလုံး တစ်လုံးတည်းဖြင့် ဖော်ပြ၍ရသည်။

ဝရုန်းသုန်းကား…

အမှန်ပင် ဝရုန်းသုန်းကား ဖြစ်နေသည်။

တောင်ပိုင်းမှာ အကြီးဆုံးသော အခြေစိုက်စခန်း၏ ခေါင်းဆောင်ရွှယ်ဖေးချန်က အဆင့်လေး အထွတ်အထိပ်သို့ ရောက်နေပြီး အနောက်ပိုင်းမှ အင်အားအကြီးဆုံး အခြေစိုက်စခန်း၏ ခေါင်းဆောင်လျိုဟုန်က အဆင့်လေး အထွတ်အထိပ်တွင်သာ တစ်နေသေးသည်။ သူသည် အဆင့်ငါးသို့မတက်နိုင်သေးပေ။ သူ၏ နောက်မှ စွမ်းအားရှင် အများစုက အဆင့်နှစ်များသာ ဖြစ်သည်။ အနည်းငယ်ကသာ အဆင့်သုံးဖြစ်သည်။

နဂိုမူလ အခြေစိုက်စခန်း အနေအထားမျိုးကြောင့် နှစ်ဖက်အကြား ကတောက်ကဆ အခြေအနေများ ရှိလောက်သည်။ နှစ်ဖက်လုံးကလည်း ကိုယ်ပိုင်အင်အားစုများ ဖွဲ့စည်းပြီးနောက်တွင် အောက်ဖက်မှ လူများကလည်း အချင်းချင်းသဘောမကျဘဲ တွေ့ဆုံသည်နှင့် ကတောက်တဆဖြစ်ကြသည်။

224 02

ကျန်သော အင်အားစုများကမူ ထိုအင်အားစု နှစ်ခုသို့ မပူးပေါင်းသည့် အင်အားစုများဖြစ်သည်။ ထို့ကြောင့်သိပ်ပြီး အင်အားမကြီးချေ။ သူတို့ ခေါင်းဆောင်များ၏ အဆင့်က အများဆုံးမှ အဆင့်သုံး သို့မဟုတ် အဆင့်သုံးထက် နိမ့်သော အနေအထားမျိုးသာ ဖြစ်သည်။ ဝမ်ကျုံးကဲ့သို့ အဆင့်လေးအဆင့်မှခေါင်းဆောင်မျိုး မရှိပါပေ။

ရှင်သန်ရေးအရင်းအမြစ်အချို့အတွက် ယှဉ်ပြိုင်နိုင်ရန်အလို့ငှာ အားလုံးအကြားဆက်ဆံရေးက အတော်လေး ဆိုးသည်။ ရှင်သန်ခြင်း အရင်းအမြစ်များကိုရရှိရန် အလို့ငှာ တိုက်ခိုက်ပြီး လုယက်ရန် လိုအပ်လေသည်။

မည်သို့ပင်ဆိုစေ ကမ္ဘာအဆုံးသတ်ကာလပြီးနောက် နှစ်အနည်းငယ်ပင် ကြာသွားခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် မြို့ထဲတွင် ကျန်ရစ်သောအ ရင်းအမြစ်များကလည်း ကုန်လာလေပြီး ထို့အပြင် ရေအရင်းအမြစ်နှင့် နေများကလည်း ပျက်ဆီးနေသောကြောင့် စိုက်ပျိုးရန် သောက်သုံးရန် ခက်လေသည်။

သောက်ရေအတွက်ကမူ ရေကို ထောက်ပံ့ပေးနိုင်သော ရေစွမ်းအားပညာရှင်မျိုး ရှိနေသေးသည်။ ထို့ကြောင့်ပြဿနာ မရှိသေးပေ။ သို့သော် စကားစရာ အတွက်ကမူ ထိုသို့ မရှိနေပါပေ။

လူသားမျိုးနွယ်၏ စားစရာပြဿနာကို ဖြေရှင်းရန်အလို့ငှာ မြို့တော်မှ တရားဝင် အခြေစိုက်စခန်းများကလည်း စားစရာများအား ဆင့်ကဲပြောင်းလဲထားသော ပိုးကောင်များကို အဓိက ပါဝင်ပစ္စည်းအဖြစ် အသုံးပြု၍ လူသားများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းရန် လိုအပ်နေကြသည်။

ပို၍နားထောင်ကောင်းအောင် ပြောရသော် ဒီအတိုင်း ပိုးကောင်သာ ဖြစ်သည်။

ပြောရမည်ဆိုလျှင် အသစ်စက်စက် ထုတ်လုတ်ထားသော စားစရာ အဓိက ပါဝင်ပစ္စည်းက ကမ္ဘာအဆုံးသတ်ကာလ မတိုင်က လူအများစု မုန်းကြသောပိုးဟပ်သာဖြစ်သည်။

သုတေသန ပညာရှင်များကလည်း ထိုဆင့်ကဲပြောင်းလဲထားသောပိုးဟပ် အသားထဲတွင် အဆိပ်ဓာတ်မပါဝင်ကြောင်း အစာအဟာရဓာတ်မြင့်ကြောင်း ရှာဖွေထားကြသည့်အပြင် ထိုပိုးဟပ်များ၏ မျိူးပွားနိုင်စွမ်းရည်ကလည်း အလွန်အမင်း ကောင်းမွန်လေသည်။ ထို့ကြောင့် မစားပါက ပိုးကောင်ကပ်ဘေးပင် ဖြစ်နိုင်သည်။

ထိုသို့ဖြင့် ထိုပိုးဟပ်သားဖြင့် လုပ်ထားသော စားစရာများကို အင်တိုက်အားတိုက် စားသုံးရန် မြင့်တင်ခြင်းအားဖြင့် လူသားများအတွက် စားစရာ ပြဿနာကိုလည်း ဖြေရှင်းနိုင်သည်။ ဖြစ်လာနိုင်ချေများသော ပိုးကောင် ကပ်ဘေးကိုလည်း ဖြေရှင်းနိုင်သည်။ ထို့ကြောင့် နှစ်ဖက်လုံး အနိုင်ရသော အနေအထားမျိုးဖြစ်သည်။ ထို့ကြောင့် အာဏာပိုင်များကလည်း အပြည့်အဝ အားပေးကြလေသည်။

ရှုရှင်းသည် ထိုပိုးကောင်သားဖြင့် လုပ်ထားသော စားစရာကို မြင်ဖူးသည်။ အထူးသဖြင့် Hမြို့အ ခြေစိုက်စခန်းတွင် ရှိနေခဲ့ချိန်က ဖြစ်သည်။ ထိုအချိန် သူမသည်လည်း တွေးကြည့်ရုံနှင့်တင် လက်ခံရခက်ခဲခဲ့သည်။

ဘယ်လိုပြောရမလဲ…

အဲဒီ စားစရာက အရောင်အားဖြင့် အစိမ်းရင့်ရောင် အနံ့ကလည်း သံဗူးထဲမှာ ကြာရှည်ထားထားတဲ့ အနံ့လိုပဲ… ဖော်ပြဖို့တောင် ခက်တယ်။

******

All Chapters