အခန်း ၂၂၆
Vol. 23 Ch. 226
226 01
အပိုင်း (၂၂၆) ကဝေမလေး
သူတို့သည် T မြို့တစ်မြို့လုံးကို ပတ်ပြီးသားဖြစ်ပြီး လုံလောက်သော ဇွန်ဘီအမြူအတေများကိုလည်း ပိုင်ဆိုင်ထားပြီးသား ဖြစ်ကာ ရှေ့ဆက် တက်နိုင်လေသည်။ ဒီနေကမူ သူတို့သည် အပြန်လမ်းတွင် ဖြစ်သည်။ မမျှော်လင့်ထားစွာပင် ထိုကဲ့သို့သော ကောလဟာလများကို ကြားလိုက်ရသည်။
ယန်မော့က လက်ကို မြောက်၍ စိတ်စွမ်းအားအကာအကွယ်လွှာကို ချခြင်းအားဖြင့် ထိုအသံအား အပြင်ဘက်မှ လူများ မကြားနိုင်အောင် လုပ်လိုက်ရသည်။
“အား”
“ငါ အရမ်းဒေါသထွက်တယ်။ ငါ အရမ်း…ဒေါသထွက်တာပဲ”
“ဘယ်သောက်ကျိုးနည်းကောင်က ငါ့ကို ဒီလိုနာမည်ပေးတာလဲ။ဟမ်…. ငါ သူ့ကို ရှာတွေ့လို့ကတော့ အစိတ်စိတ် အပိုင်းပိုင်း ဖြစ်အောင် လို့ ဆွဲဖြဲပစ်အုံးမယ်”
အသံလုံအကာအကွယ်မျိုးကြောင့် ရှုရှင်း၏အသံက မည်မျှပင် ကျယ်ကျယ် မည်သူကမှ မကြားနိုင်တော့ပေ။
သူမသည် နေရာလပ် နယ်မြေထဲမှ ချွန်ထက်လွန်းသော ဓားတစ်ချောင်းကို ဆွဲထုတ်လိုက်ပြီး ဆိုးယုတ်သော အကြံနှင့် ဓားကို သွေးနေလိုက်သည်။
“လိမ္မာတယ်နော်။ မင်းကို ဒီနာမည်ပြောင်ပေးတဲ့လူကို တွေ့တာနဲ့ မင်းယောက်ျားက မင်းကို ကူညီပြီး ဒေါသကို ဖောက်ထုတ်နိုင်အောင် လုပ်ပေးမယ်။ ဟုတ်ပြီလား ကိုယ့်ကိုယ်ကိုယ် နာကျင်အောင် မလုပ်နဲ့”
ယန်မော့က ထိုသို့ပြောပြီး မီးဖိုချောင်သုံးဓားကို ဆွဲယူကာ လွှင့်ပစ်လိုက်ပြီး ရင်ခွင်ထဲသို့ ဆွဲသွင်း၍ ချော့ရသည်။
“ဝူး…ဝူး…ငါ…နား…နားထောင်ရတာ အရမ်းဆိုးတာပဲ။ ငါ …အရမ်းကို ..နာကျင်သွားပြီ…နှစ်သိမ့်မှုကို လိုအပ်တယ်”
ရှုရှင်းက သူမ၏အမျိုးသားကို ပွေ့ဖက်ရင်း အချိန်တန်ကြာအောင် အော်နေသည်။ အမျိုးသား၏ နူးညံ့သော နှလုံးသားကို အခွင့်ကောင်းယူပြီး လိုအပ်ချက်ကို ဖော်ပြသည်။
“ရှင်းပေါင်က ဘယ်လိုနှစ်သိမ့်မှုမျိုး လိုတာလဲ”
ယန်မော့၏ နှလုံးသားက ရေအိုင်ကြီးအဖြစ် အရည်ပျော်ပြီးသားဖြစ်သည်။
“ဟေး ညဖက် ဘယ်သူမှ မရှိတဲ့အခါမှ ပြောပြမယ်”
သူမ မနေ့က နေရာလပ် နယ်မြေတွင် ရှာတွေ့ခဲ့သော အကြောင်းအရာကို တွေးမိသော် ရှုရှင်းက မျက်လုံးမှိတ်ပြလိုက်သည်။
ယန်မော့ “ကောင်းပြီ ငါမင်းပြောတာ နားထောင်မယ်။ မင်း ဒေါသမထွက်တော့ရင် ပြီးတာပဲ”
ရှင်းပေါင်၏ ရှေ့ပြန်နောက်ပြန် ရွေ့နေသော မျက်လုံးကို ကြည့်ခြင်းအားဖြင့် သူမ၏ စိတ်ထဲတွင် အကြံကောင်း ရှိမှန်းလည်း သိနိုင်သည်။
ဒါပေမဲ့ ဘယ်သူက ငါ့ကို ဒီကလေးမလေးကို အလိုလိုက်ခိုင်းလို့လဲ။ ဟင်.. ကံကြမ္မာကိုပဲ လက်ခံရမှာပေါ့။
အခြေစိုက်စခန်းကို ပြန်ပြီးနောက် ရှုရှင်းက သန့်စင်ပြီးသမျှ သလင်းအမြူအတေများကို ထုတ်ကာ အားလုံးကို ခွဲဝေပေးလိုက်သည်။ အထူးသဖြင့် သူတို့နှင့် ကိုက်ညီသော အခြေပြုစွမ်းအားများ ဖြစ်သည်။ သူမ၏ အထူးစွမ်းအားကလည်း အကန့်အသတ်နှင့် ဖြစ်သည်။ ထို့ကြောင့် အားလုံးကိုလိုက်ပြီး မသန့်စင်ပေးနိုင်ပေ။
သူတို့က အဆင့်အမြန်ဆုံးတက်နိုင်ရန်အလို့ငှာ သူတို့၏ အခြေပြုစွမ်းအားနှင့်ကိုက်ညီသည့် သလင်းအမြူအတေများထဲမှ အဆင့်မြင့်သော အရာများထဲမှ ရွေးချယ်ကာ သန့်စင်ပေးထားလေသည်။ သူတို့သည် ဒီတစ်ခေါက် ကံကောင်းသည်ဟု ပြောရပေမည်။ သူတို့ဟာ အဆင့်မြင့် မီးနှင့် လေအခြေပြုစွမ်းအား အမြောက်အများကို ရရှိခဲ့ရုံသာ မကသေးလေဘဲ စိတ်စွမ်းအား ရှိသော ဇွန်ဘီများနှင့်လည်း တွေ့ဆုံခဲ့သေးသည်။ ဇွန်ဘီလေးကောင်နှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ သူတို့၏ အဆင့်ကလည်း မနိမ့်ကျလေရာ အကျိုးသက်ရောက်မှု များလေသည်။
ထို့အပြင် ယန်ချွယ်နှင့် တုရွှယ်ဖုန်းတို့ဆီမှ ရထားသော အမြူအတေများတွင်လည်း စိတ်စွမ်းအား အမြူအတေ ဆယ့်သုံးလုံး ပါသေးလေသည်။
အဆင့်လေးက သုံးလုံး၊ အဆင့်သုံးက ခြောက်လုံးနှင့် အဆင့်နှစ်က လေးလုံး ဖြစ်လေသည်။
226 02
လေအခြေပြုစွမ်းအားကမူ ဆင့်ကဲပြောင်းလဲလာသည့် သဘာဝအခြေပြုစွမ်းအား ဖြစ်နေသည်။ သလင်းအမြူအတေမျိုးက စိတ်စွမ်းအားလောက် မရှားသော်လည်း ထင်သလောက်လည်း မပေါနေပါချေ။
H မြို့က မထွက်သေးခင် လူတိုင်းက သဘောတူညီမှုရသည်နှင့် မူချီမိုင်ကို ခေါ်ကာ အရာရှိရုံးခန်းသို့သွား၍ လဲလှယ်ခဲ့လေသည်။
ဒီတစ်ခေါက်တွင် သူတို့က သလင်းအမြူအတေများကို နောက်တစ်ဆင့်ကို ထပ်တက်ရန် ရည်ရွယ်၍ အထူးတလည် စုဆောင်းခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် လိုအပ်သော ပြင်ဆင်မှုများကို လုပ်ရပေမည်။
သလင်းအမြူအတေများကို ရပြီးသည်နှင့် အားလုံးကလည်း ကိုယ်ပိုင်အိမ် အသီးသီး သို့ပြန်ကြသည်။
“အချစ် နင်ငါ့ကို ကတိပေးထားတာ မှတ်မိသေးလား”
အခန်းထဲသို့ ပြန်ရောက်သည်နှင့် ရှုရှင်းကလည်း တစ်ဖက်သူကို စူးရှစွာကြည့်သည်။
ယန်မော့ “အင်း မှတ်မိတယ်။ ရှင်းပေါင်က ဘယ်လို လျှော်ကြေးများ လိုချင်တာလဲ”
“ဟေးဟေး ငါက နင့်ကို ဒါဝတ်စေချင်တာ”
ရှုရှင်းက လက်ကို တစ်ချက်ယမ်းလိုက်သည်နှင့် နှစ်ဆယ်ရာစု အရှေ့ပိုင်း ကာလမှ ငယ်ရွယ်သော မာရှယ်တစ်ယောက်၏ဝတ်စုံက ပေါ်လာသည်။ ယန်မော့က ဝတ်စုံကို ကြည့်ပြီး မျက်ခုံးကို ပင့်လိုက်သည်။ သူသည်လည်း နည်းနည်း သဘောကျသွားသည်။
အာ..သူ့ရဲ့ ကဝေမလေးက အသားစားချင်တာပဲ။
ဒီအချိန်ကာလတောအတွင်းတွင် သူသည်လည်း ရည်ရွှယ်ချက် ရှိရှိဖြင့် ရှင်းပေါင်ကို လေ့ကျင့်ပေးထားသည်။ သူမ၏တိုးတက်မှုကို မသက်ရောက်စေရန် အလို့ငှာ သူသည် သူမလိုချင်သော အခါတွင်ပင် အသားစားချင်စိတ်ကို ထိန်းခဲ့ရသည်။ ထို့အပြင် အပြင်ဘက်တွင်လည်း အလျှင်မသင့်သော အနေအထားမျိုးကလည်း ရှိနေသည်။ ထို့ကြောင့် သူသည် လဝက်လုံးလုံး မည်သည့်အသားမှ မစားခဲ့ရပေ။
လက်စသတ်တော့ တပ်မက်မှုဆိုတာမျိုးက အမျိုးသားတွေရဲ့ လိုအပ်ချက်ပဲ မဟုတ်ဘဲ အမျိုးသမီးတွေလည်း လိုချင်ကြတာပဲ။
ရှုရှင်းကလည်း ခင်ပွန်းဖြစ်သူက နားလည်သော အကြည့်မျိုးဖြင့် စိုက်ကြည့်လာသည်အား ခံရသောကြောင့် နည်းနည်း မျက်နှာပူသွားသည်။ သို့သော် စကားကို မပြောင်းခဲ့ချေ။ အမှန်တရားကမူ သူမသည်လည်း ခင်ပွန်းဖြစ်သူအား စစ်ယူနီဖောင်းဖြင့် မြင်ချင်၍ဖြစ်သည်။
ဘယ်သူက ယူနီဖောင်းရဲ့ လှုံ့ဆော်မှုကို ခံနိုင်လို့လဲ ဘယ်သူကမှ မရှိဘူး။
******