← Chapters

အခန်း ၂၂၇

Vol. 23 Ch. 227

အခန်း ၂၂၇

Vol. 23 Ch. 227

227 01

အပိုင်း (၂၂၇)

“အင်း ရှင်းပေါင် ငါ့ကို ဒီဝတ်စုံဝတ်ခိုင်းတာ မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ တစ်ယောက်တည်း ဝတ်ရင်တော့ အရမ်းအထီးကျန်တယ်။ ဆိုတော့ ရှင်းပေါင်လည်း ဝတ်ရမယ်”

ယန်မော့က ကိုယ်ပိုင်အကြံအစည် ချလိုက်သည်။

ရှုရှင်း “ဟမ် ငါလည်း ဒီယူနီဖောင်း ဝတ်ရမှာလား”

“သေချာပေါက်က မဟုတ်ဘူးပေါ့။ စုံတွဲအနေနဲ့ ဒီမာရှယ်နဲ့လိုက်မယ် ချုံစန်းဝတ်စုံလေးတွေ ရှိတယ်လေ။ အလှလေးပုံစံမျိုးဝတ်ပေါ့။ ရှင်းပေါင်က ပူးပေါင်းပေးဖို့ မျှော်လင့်ပါတယ်”

ယန်မော့က အသံကို တိုးပြီး နားနားကပ်ကာ ချော့ရင်းပြောသည်။

ရှုရှင်းကလည်း ငါးစာမိသွားပြီး ချက်ချင်းဆိုသလို သဘောတူလိုက်သည်။ မည်သို့ပင်ဆိုစေ သူမကလည်း ယန်မော့ဆိုလျှင် မတွန်းလှန်နိုင်ပါပေ။

သူမက အသိပြန်ဝင်သောအခါ ယွဲ့ဟွားနီရှန်းချုံစန်းကို ဝတ်ဆင်ထားပြီးသားဖြစ်သည်။ ထိုချုံစန်းက ပိုးသားဖြင့် လုပ်ထားသည်။ လှပနုနယ်သော လနှင့်ပန်းပုံစံလေးများကိုလည်း ထိုးထားသည်။ ထိုဝတ်စုံကို ဝတ်လိုက်သောအခါ ပန်းပင်လယ်ထဲသို့ ရောက်သွားသလိုမျိုး ခံစားရစေသည်။ ပေါ့ပါးကာလည်း ချောမွေ့နေသေး၏။ ထို့အပြင် နုနယ်သော ကောက်ကြောင်းကလည်း အမျိုးသမီး၏ ခန္ဓာကိုယ် တည်ဆောက်ပုံကို ပြီးပြည်စုံစွာပင် ထင်ဟပ်ပြသနေစေလေရာ စိတ်နေသဘောထားကိုပင် ထင်းထွက်နေစေလေသည်။

သူမသည် ဆံပင်ကို ဆံထိုးတစ်ချောင်းဖြင့်အသာလေး ချည်နှောင်လိုက်ပြီး ဖြူဖွေးသော ကျောက်စိမ်းလည်တိုင်ကို ဖော်ထုတ်ပြသလိုက်ကာ ဖော်ပြရန် ခက်ခဲလောက်အောင် ဆွဲဆောင်မှု ပြင်းထန်သွားစေလေသည်။

နေရာလပ်နယ်မြေထဲတွင် ချုံစန်းကလည်း တော်တော်လေး နည်းသည်။ ချုံစန်းများကလည်း နေ့စဉ်လှုပ်ရှားမှုနှင့် မသင့်လျော်သောကြောင့် ရှုရှင်းက တစ်ခါမှ ဝတ်လေ့မရှိပေ။ ဒီနေ့က ပထမဦးဆုံးအကြိမ်ဖြစ်သည်။

သူမကိုယ် သူမ မှန်ထဲတွင် ကြည့်နေရင်းမှ ရှုရှင်းက နည်းနည်းငေးငိုင်သွားသည်။

မျက်နှာပေါ်မှ ကလေးဆန်သော အဆီပိုများက ပျောက်သွားသည်မှာ ကြာပြီဖြစ်သည်။ သူမက နည်းနည်း မရင့်ကျက်သော ရုပ်ရည်မျိုးကတဆင့် ရင့်ကျက်သွားလေသည်။ သူမသည် တစ်တိုင်းပြည်လုံးကို ဖြားယောင်းနိုင်သော အလှမျိုး သို့မဟုတ် မြင်မြင်ချင်း အံ့အားသင့်စရာကောင်းသော အလှမျိုး ဖြစ်သွားသည်။

မည်သည့် ရုပ်ရင်းကြမ်းတမ်းမှုမှ မပါဝင်သော ညင်သာသည့် အလှမျိုးလည်း ဖြစ်သည်။ ယခင်ကထက်ပို၍ပင် ချိုမြိန်သွားပြီး လူအများအား တစ်ချက် ကြည့်ရုံဖြင့် ချိုသွားစေသည်။

“ရှင်းပေါင်”

“ယောကျ်ား”

ယန်မော့က အဝတ်လဲခန်း၏ တံခါးကို တွန်းဖွင့်ကာ ဝင်လာသည်။ သူတို့အချင်းချင်း မြင်လိုက်သည်နှင့် မျက်လုံးများက တောက်ပသွားကြသည်။

နှစ်ယောက်လုံး၏ မျက်လုံးထဲတွင် တူညီသော စိတ်လှုပ်ရှားမှုနှင့် ဖုံးကွယ်ရန် ခက်ခဲသော အသိအမှတ်ပြုမှုနှင့် အချစ်များကို မြင်နိုင်သည်။

မည်သူကမှ ရှေ့တစ်လှမ်းတိုးမှန်း မည်သူက လှမ်းဖက်လိုက်မှန်း မသိလိုက်ပေ။ သို့သော် ရုတ်တရက် အခန်းထဲမှ အပူချိန်က မြင့်တက်လာကာ ရင်းနှီးကျွမ်းဝင်သော အသံများက ပြည့်နှက်သွားသည်။

နောက်တစ်နေ့တွင် ရှုရှင်းက နေ့လည်ရောက်သည်အထိ အိပ်သည်။ ခန္ဓာကိုယ်တစ်ခုလုံးကို ကျိမ်းကိုက်နေသလို ခံစားရ၏။ မျက်နှာကလည်း တင်းမာနေသည်။ သူမက တကယ်ကို တပ်မက်စိတ်ပြင်းထန်ခဲ့တာ အရမ်းကို အတင့်ရဲပြီး ပြင်းထန်ခဲ့တယ်။

X ကနေ အချိန်တန်ကြာအောင် ချုပ်ထိန်းထားတဲ့ အမျိုးသားကို သွားရှုပ်လို့ မရတာ အမှန်ပဲ။

ထိုနေ့ညက အိပ်ယာပေါ်တွင် မှောက်လိုက်လှန်လိုက် ဖြစ်နေခဲ့သည်။ နောက်ဆုံးတွင် စာမျက်နှာအသစ်တစ်ခုကို ဖွင့်နိုင်ခဲ့ပြီးနောက် အိပ်ခန်း…

ဖော်ပြရန်ခက်ခဲသော ကိစ္စများနှင့် ဟန်အမူအရာများအကြောင်း တွေးမိသောအခါ ရှုရှင်း၏ မျက်နှာက နီရဲသွားပြီး ခေါင်းကို ခပ်မြန်မြန် ရှင်းလိုက်သည်။

227 02

ယန်မော့က ဆန်ပြုတ်ပန်းကန်ဖြင့် အထဲသို့ ဝင်လာသောအခါ ဇနီးဖြစ်သူ၏ မျက်နှာက ရှက်ရွံ့ပြီး မျက်လုံးက ဗလာကျင်းနေကြောင်း မြင်ရသည်။ သူမ၏အဖြစ်ကိုလည်း ချက်ချင်းတန်းသိလိုက်ပြီး ပြုံးကာ လျှောက်သွားသည်။

“ရှင်းပေါင် နိုးပြီလား။ လာ ဆန်ပြုတ်လေးသောက်”

“အင်း …”

သူမ၏ ကိုယ်ပိုင် ဩရှနေသောအသံကို ကြားသည့်အခါ ရှုရှင်းကလည်း ပါးစပ်ကို ချက်ချင်း ပိတ်လိုက်ကာ တရားခံကို ခက်ထန်စွာ ကြည့်သည်။

ထိုတရားခံကမူ လန်းဆန်းနေ၏။ ဇနီးဖြစ်သူ၏ ခက်ထန်‌သောအကြည့်ကို ရင်ဆိုင်ရသည့်အခါ ယန်မော့၏နှလုံးသားက လှုပ်ရှားသွားသည် အဆုံးသတ်တွင်မူ သူသည်လည်း ဇနီးဖြစ်သူကို စိတ်မကောင်းဖြစ်သည့်အတွက် ဘာကိုမှမလုပ်ခဲ့ပါပေ။ ဆန်ပြုတ်ပန်းကန်ကိုသာ ကိုင်ပြီး ခပ်အေးအေးခွံ့လိုက်သည်။

နောက်ထပ် တစ်ရက်တာ အနားယူပြီးမှသာ ရှုရှင်းနှင့် ယန်မော့တို့က အခန်းတစ်ခန်းကို ရှာကာ အဆင့်တက်ရန် ကြိုးစားရတော့သည်။

အခြေစိုက်စခန်းတစ်ခုလုံးကို တိတ်ဆိတ်နေသည်။ ရှုရှင်းက တံခါးပိတ်မကျင့်ကြံသေးခင် အိမ်တော်ထိန်း 001 ကို ခေါ်ပြီး အခြေစိုက်စခန်း တစ်ခုလုံး၏ အကာအကွယ်ကို ဘက်စုံမှ မြှင့်တင်ထားလိုက်သည်။ စက်ရုပ်များအားလုံးကိုလည်း တိုက်ခိုက်ရေးဇုန်အနှံ့ လွှတ်ကာ ဖြန့်ကျက်ခိုင်းထားသည်။ အပြင်ဘက်တွင် ကင်းလှည့်နိုင်သော စက်ရုပ်များကိုလည်း အခြေစိုက်စခန်း၏ဝန်းကျင်နားတွင် နေ့တိုင်းလိုလို ကင်းလှည့်စေသည်။ အခြေစိုက်စခန်းထဲတွင် လူရှိချင်ဟန် ဆောင်ခိုင်းထားလိုက်သည်။

သို့ရာတွင် အိမ်တော်ထိန်း 001 က ရှိနေသေးသောကြောင့် သူမအနေဖြင့် မည်သူကမှ မခြိမ်းခြောက်နိုင်ဟု ယုံကြည်နေသည်။

ရှုရှင်း၏ကျင့်ကြံမှုက သိပ်မကြာရှည်ချေ။ သူမကလည်း မည်သည့်တိုးတက်မှုမှ မလုပ်နိုင်ခဲ့ပါပေ။ သို့သော် အဆင့်လေးအထွတ်အထိပ်တော့ဖြင့် တက်သွားသေးသည်။ သို့သော် ယန်မော့တို့နှင့် သူမက ခြားနား၏။ သူမက ဒုတိယတစ်ဖွဲ့မှသာ စွမ်းအားနိုးထခဲ့သူ ဖြစ်သည်။ ထို့ကြောင့် သူမ၏ အလားအလာနှင့် အရည်အချင်းများက အခြားသော သူများလောက် မကောင်းပါပေ။ သူမသည် အစောပိုင်းအဆင့်တွင် ဘာကိုမှ မပြသနိုင်ခဲ့လောက်သော်လည်း‌ နောက်ပိုင်းကြာလာသည်နှင့်အမျှ အဆင့်တက်နိုင်‌သော အနေအထားမျိုးအရ သိသာလာသည်။

ကံကောင်းသည်မျာ သူမ၏စိတ်အခြေအနေက အများကြီး သာလွန်လာသည်။ အထူးသဖြင့် ယန်မော့နှင့်အသင်းဖော်များကလည်း အင်အားကြီးသည်။ ထို့အပြင် လုံခြုံသော အခြေစိုက်စခန်းကိုလည်း အောင်မြင်စွာဖွင့်နိုင်ပြီးလေရာ ကိုယ်တိုင်ကလည်း ယုံကြည်မှုရှိနေပြီ ဖြစ်သည်။ ထို့ကြောင့် နောက်တစ်ဆင့်သို့ တက်ရန် စိတ်လောမနေတော့ပါချေ။

******

All Chapters