အခန်း ၂၂၈
Vol. 23 Ch. 228
228 01
အပိုင်း (၂၂၈)
ရှုရှင်းသည်လည်း နေ့တိုင်းလိုလို အခြေစိုက်စခန်းထဲတွင် သူမ၏လေ့ကျင့်မှု အကြံအစည်များကို ပြီးမြောက်အောင် လုပ်တတ်သည်။ အနားယူသောအခါတွင်လည်း အေးဆေးအနားယူသော နေရာသို့သွားကာ ကစားတတ်ပြီး ထိုနေရာမှ ထွက်ပြေးရေးလုပ်ဆောင်မှုများကို တွေ့ကြုံခံစားလေသည်။
အဆင့်မြင့် နည်းပညာဂိမ်းများက ပို၍ပင် ပျော်စရာကောင်းသည်။ ပို၍ပင် ကောင်းသော အတွေ့အကြုံကို ပေးစွမ်းနိုင်ကြသည်ဟု ဝန်ခံရပေမည်။
နေ့ရက်များက ကုန်လွန်လာသည်။ သို့သော် လူလေးယောက်လုံးက ထွက်လာမည့် လက္ခဏာမပြသသေးပေ။ ရှောင်ပိုင်တို့ကလည်း ပိုင်နက်နယ်မြေအသစ်ကို အလွန်အမင်း သဘောကျကြသည်။ ထို့ကြောင့် နေ့တိုင်းလိုလို ကင်းလှည့်ကြသည်။
အိမ်တော်ထိန်း 001 “သခင် အခြေစိုက်စခန်းရဲ့ အပြင်ဘက် ငါးကီလိုမီတာအတွင်းကို လူစိမ်းတွေ ချည်းကပ်လာပါတယ်။ သူတို့က အခု အခြေစိုက်စခန်းရဲ့ ဂိတ်နားကို ဦးတည်နေကြတယ်။ အားလုံးပေါင်း ဆယ့်သုံးယောက်ပါ။ အချိန်နဲ့ တပြေးညီ ကြည့်ရှုနိုင်တဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ချင်ပါသလား”
ယခုလေးတင် လေ့ကျင့်ပြီးကာစ ဖြစ်သော တက်ကြွနေသော ရှုရှင်း “ဖွင့်လိုက် ဖွင့်လိုက်”
အိမ်တော်ထိန်း 001 “ဟုတ်ကဲ့ ဖွင့်လိုက်ပါပြီ”
အလွန်အမင်း ဖရိုဖရဖြစ်နေသောပုံစံနှင့် အမျိုးသား၊အမျိုးသမီးများက ပုံထဲတွင် ပေါ်လာသည်။ အားလုံးကလည်း အသက်ရှူနှုန်း ပြင်းထန်နေကြပြီး ဆက်တိုက်ဆိုသလို အနောက်ဖက်သို့ လှည့်ကြည့်နေကြသည်။ သို့သော် လွန်ကဲလွန်းသော ကြောက်ရွံ့မှု ထိန့်လန့်မှုများကို မပြသကြပါပေ။
“ဟင်”
ရှုရှင်းကပင် ထိုမြင်ကွင်းကြောင့် ကြောင်သွားသည်။
“001 ဒီလိုမျိုး ကြည့်လိုရတယ်လို့ ငါ့ကို အရင်က ဘာလို့ မပြောတာလဲ”
အိမ်တော်ထိန်း 001 “အာ စိတ်မရှိပါနဲ့။ သခင်မက အခြေစိုက်စခန်းရဲ့ အသုံးပြုပုံ စည်းမျဉ်းတွေကို ဖတ်ပြီး အားလုံးကို နားလည်နေတယ်လို့ ထင်လိုက်လို့ပါ”
ရှုရှင်း “…”
ဘယ်သူက ဒီလောက် စည်းမျဉ်းတွေ အများကြီးကို မှတ်မိနေမှာလဲ…
နောက်ပြီး…
ဘာလို့ ဒီလိုရိုးရှင်းတဲ့ မေးခွန်းကိုတောင် မသိဘူးဆိုတဲ့ ပုံစံမျိုးနဲ့ မျက်နှာထားမျိုး ပြနေတာလဲ…
သူမ၏ လက်ကယားလာပြီး တစ်စုံတစ်ယောက်ကို ရိုက်ချင်လာသည်။
ရှုရှင်းက 001 ကို လျစ်လျူရှုလိုက်ပြီး ထိုပုံရိပ်ကိုသာ ဆက်ကြည့်သည်။
ပြောရမယ်ဆိုရင် ဒီပုံရိပ်ရဲ့ အရည်အသွေးက လုံးဝကို ကြည်လင် ပြတ်သားမှု အပြည့်ပဲ တစ်ရာရာခိုင်နှုန်း အပြည့်စစ်မှန်တယ်။
စက်ရုပ်များက အခြေစိုက်စခန်း၏ မီတာတစ်ရာဝန်းကျင်အတွင်းလှုပ်ရှားနိုင်ကြသည်။ ထိုစက်ရုပ်များကတဆင့် သူမက မြင်နိုင်ခြင်းဖြစ်သည်။ ထိုသို့စောင့်ကြည့်သောစက်ရုပ်များက အလွန်သေးသော ပိုးကောင်အရွယ်အစားလေးများသာ ရှိသည်။ သို့မဟုတ်လျှင်လည်း အပင် သို့မဟုတ် ငှက်များ ပုံစံမျိုးဖြင့် သွားလာနေကြလေရာ မည်သူကမှ သိကြလိမ့်မည် မဟုတ်ပေ။
သူတို့သည် လူများနောက်သို့လိုက်ကာ စောင့်ကြည့်နိုင်သည်။ ထို့အပြင် ထိုပုံရိပ်များကိုလည်း အချိန်နဲ့ တပြေးညီပြသနိုင်သည်။
“သူတို့က သိသိသာသာကိုပဲ အသက်ဘေးက ထွက်ပြေးနေတာ။ 001 သူ့တို့ရဲ့ အနောက်ဖက်ကို စစ်ကြည့်ပါအုံး။ ဘာကများ လိုက်နေလဲလို့”
ရှုရှင်းကလည်း နည်းနည်းထူးဆန်းနေသလို ခံစားရသည်။ မည်သို့ပင်ဆိုစေ ထိုမြင်ကွင်းထဲတွင် လိုက်ဖမ်းသူများကို မမြင်ရပေ။
အိမ်တော်ထိန်း 001 “ဟုတ်ကဲ့ သခင်မ ခဏစောင့်ပါ”
“အခြားပြသတဲ့ ပုံရိပ်တွေထဲမှာ ဇွန်ဘီအပြင် အခြားခြိမ်းခြောက်နိုင်တယ်လို့ ထင်ရတဲ့ ဘာပုံရိပ်မှ ပေါ်မလာပါဘူး”
ရှုရှင်း၏မျက်လုံးက ကျဉ်းမြောင်းသွားသည်။
228 02
“မရှိဘူး ဟုတ်လား ။စိတ်ဝင်စားစရာပဲ”
ရှုရှင်းကလည်း မတ်တပ်ထရပ်လိုက်ပြီး အိပ်ခန်းထဲသို့ လျှောက်သွားရင်းမှ ညွှန်ကြားလိုက်သည်။
“အသံချဲ့စက်ကို သုံးပြီး ရှောင်ပိုင်တို့အားလုံးကို ပြန်ခေါ်လိုက်အုံး နင် ခဏနေရင် ငါနဲ့လိုက်ခဲ့ တိုက်ပွဲ ခုခံရေးနယ်မြေကလည်း အစောင့်တွေကို ခေါ်လာခဲ့လိုက်”
အိမ်တော်ထိန်း 001 “ဟုတ်ကဲ့”
ရှုရှင်းက တံခါးနားတွင် ပေါ်လာသောအခါ သူမ၏ အဝတ်အစားများကို ဟန်ဖုဂါဝန်အဖြစ် လဲထားပြီး မျက်နှာတွင်လည်း အဖြူရောင် ပိတ်ကျဲကို ကာထားသည်။ သူမက ရှောင်ပိုင်ကို စီး၍ အခြားသော သုံးကောင်နှင့်အတူ မြို့ဂိတ်နားသို့ သွားလိုက်သည်။
အိမ်တော်ထိန်း 001 ကလည်း အစောင့်အသင်းနှင့်အတူ မြို့ဂိတ်တွင် လာရောက် စုစည်းနေပြီ ဖြစ်သည်။
အခြားသော သူ၏ရည်ရွယ်ချက်က မရှင်းလင်းချေ။ ထို့ကြောင့် ရှုရှင်းကလည်း ရှောင်ပိုင်ကို အကာအကွယ်လွှာ၏ အတွင်းဘက်ပိုင်းတွင် နေခိုင်းထားသည်။ ထိုသို့ဖြင့် တစ်ဖက်မှ ရောက်လာမည့် အချိန်ကို စောင့်လိုက်သည်။
သူမသည် ပြဿနာ မရှာတတ်ပေ။ ဒီအကာအကွယ်လွှာအတွင်းတွင် မည်သည့် တိုက်ကွက်ကမှ ရောက်လိမ့်မည် မဟုတ်ပေ။ အကာကွယ်လွှာအတွင်းတွင် ရှိနေသေးသမျှ တိုက်ကွက်များအားလုံးကို အခြေစိုက်စခန်းကသာ တောင့်ခံပေးမည် ဖြစ်သည်။ ထို့ကြောင့် သူမဆီမရောက်နိုင်ပါပေ။ သူမတွင် အကျွင်းမဲ့ထိန်းချုပ်မှု စွမ်းအားရှိလေသည်။
ထို့ကြောင့် သူမသည့် အတွင်းဘက်တွင် ပြိုင်ဘက်ကင်းသည်ဟု ပြောရပေမည်။ သူမကိုယ်တိုင်ကလည်း ရန်သူ၏အင်အားကို သေချာမသိသေးဘဲ ကိုယ့်ကိုယ်ကိုယ် အရင်တိုက်ခိုက်ရန်အလို့ငှာ အကာအကွယ်လွှာ၏ အပြင်ဘက်သို့ပြေးထွက်သွားမည့် ငတုံးမဟုတ်ပါပေ။
******