← Chapters

အခန်း ၂၂၉

Vol. 23 Ch. 229

အခန်း ၂၂၉

Vol. 23 Ch. 229

229 01

အပိုင်း (၂၂၉) အိမ်တော်ထိန်း 001 က ဖြားယောင်းခံနေရတယ်

ငါးမီတာဆိုသော အကွာအဝေးက မရှည်လွန်းသလို တိုလည်းမတိုချေ။ ကမ္ဘာကပ်ဘေးကာလမှ လမ်းများကလည်း ခရီးသွားရန်ခက်သည်။ တစ်ဖက်သူက ကားလည်း မရှိလေရာ အရှိန်နှုန်းက ထင်သလောက် မမြန်တော့ပေ။ ရှုရှင်းကလည်း အလျှင်မလိုသည့်တွက် အိမ်တော်ထိန်း 001 အား စက်ရုပ်များက ပြန်ပို့သော ဗီဒီရိုကို 2D ဗီဒီရိုအဖြစ် ပြောင်းလိုက်ပြီး တိုက်ရိုက်ထုတ်လွှင်းခိုင်းလိုက်သည်။

“အစ်ကို ခုနှစ်၊ ငါတို့ ဒီလောက် အဝေးကြီးကနေ စပြီး သရုပ်ဆောင်ရမှာလား”

ဘေးနားမှ အမျိုးသမီးက အသင်း၏အလယ်မှ အမျိုးသားအား မကျေနပ်သော အမူအရာမျိုးဖြင့် ပြောသည်။

“ပါးစပ်ပိတ်စမ်း မင်းသေချင်ရင် ငါတို့ကို ဆွဲမချနဲ့”

အစ်ကိုခုနှစ်ခုအခေါ်ခံရသော အမျိုးသားက သူမကို ခက်ထန်စွာစိုက်ကြည့်သည်။ ထိုအမျိုးသမီးက ပါးစပ်ကို ပိတ်သွားပြီး ခေါင်းကို လှည့်၍ မုန်းတီးမှုအပြည့်နှင့် ပတ်ဝန်းကျင်ကို ကြည့်သည်။ သို့သော် ထိုလူက အင်အားအကြီးဆုံးဖြစ်သောကြောင့် မငြင်းရဲပါပေ။

“နှမြောစရာကောင်းတာက ပေါ်သွားတာပဲ”

ရှုရှင်းကလည်း မေးစေ့ကို ထောက်သည်။ မျက်လုံးကလည်း ကွေးကောက်သွားသည်အထိ ပြုံးလိုက်သည်။

“ကယ်ကြပါ ကယ်ကြပါ။ တစ်ယောက်ယောက် လာပြီး ကယ်ကြပါ ဇွန်ဘီတွေ လိုက်လာနေတယ်”

သူတို့၏ အရှေ့မှ အခြေစိုက်စခန်းကို မြင်လိုက်သည်နှင့် အစ်ကိုခုနှစ်တို့အဖွဲ့ကလည်း အင်အားအပြည့်နှင့် သရုပ်ဆောင်မှုများကို ဖော်ပြကြပြီး စိတ်လှုပ်ရှားစွာ ပြေးလာသည်။

နဂိုက အပြေးထွက်ပြီး ကယ်ဆယ်မည်ဟု ထင်ရသော သူများက ပေါ်မလာပါပေ။ သူတို့ကလည်း ထိုအကာအကွယ်လွှာ၏ အပြင်ဘက်တွင်ရပ်ကာ ကျားဖြူပေါ်မှ ရှုရှင်းကို လှမ်းကြည့်သည်။ ရှုရှင်းက ရှောင်ပိုင်၏ ကိုယ်ပေါ်တွင် ထိုင်းပြီး အပြင်ဖက်မှ ဖရိုဖရဲနှင့် လူများကို ငုံ့ကြည့်သည်။ ထိုအမြင့်မျိုးကြောင်း တစ်ဖက်သူ၏ မျက်လုံးထဲမှ အံ့အားသင့်မှုကိုပင် မြင်လိုက်ရသည်။

အခြားတစ်ဖက်မှ လူက အမူအရာ ပြောင်းသွားပြီးနောက် ရှေ့သို့ တက်လာရန် ကြိုးစားသည်။

“ကယ်…”

ရှုရှင်း “မသေချင်ဘူးဆိုရင် အဲဒီနေရာကနေ ဝေးဝေးနေဖို့ အကြံပေးချင်တယ် အရှေ့မတိုးနဲ့”

တိုက်ရိုက်ထုတ်လွှင့်မှုထဲမှ စကားပြောခဲ့သော အမျိုးသမီးက ချန်းရန်ဖြစ်သည်။ သူမက သနားစဖွယ်ပုံစံမျိုး ဟန်ဆောင်သည်။ မျက်လုံးထဲတွင် မျက်ရည်များ ရှိနေသေးသည်။ ထို့နောက် အိမ်တော်ထိန်း 001 ရှိရာဖက်သို့ကြည့်သည်။

“ကိုကို ကျေးဇူးပြုပြီး ငါတို့ကို ကယ်ပါအုံး။ အနောက်မှာ ဇွန်ဘီတွေ လိုက်လာတယ်။ ငါတို့ကို အခြေစိုက်စခန်းထဲကို ဝင်ပြီး ပုန်းခိုင်းပါအုံး”

အိမ်တော်ထိန်း 001 က ထိုအမျိုးသမီး၏အပြုအမူအား သူ၏ဒေတာဘေ့စ်ထဲမှ အချက်အလက်များနှင့် နှိုင်းယှဉ်ကြည့်ပြီးနောက် ဆုံးဖြတ်ချက် ချသည်။

“မင်း ငါ့ကို ဖြားယောင်းနေတာလား”

ချန်းရန် “???”

ချန်းရန်ကလည်း ကိုယ့်ကိုယ်ကိုယ်ပင် သံသယဝင်သွားသည်။

နားကြားများ မှားတာလား။

သူမက အသက်ကို ပြင်းပြင်းရှူလိုက်ပြီးနောက် ဒေါသမထွက်အောင် ဖျောင်းဖျလိုက်သည်။ တစ်ဖက်သူက နည်းနည်းအဖြောင့်ကောင် ဆန်သောကြောင့် ဖြစ်လောက်သည်။

မည်သည့် အဖြောင့်ကောင်ကမှ ကြာပန်းဖြူလို့ လူမျိူးကို မတွန်းလှန်နိုင်ပါပေ။

အိမ်တော်ထိန်း 001 စက်ရုပ်ပုံက ရှုရှင်းက ပုံစံချထားသော သက်လတ်ပိုင်း လူပုံဖြစ်လေရာ သူက ရုပ်မချောသလို ဆိုးလည်း မဆိုးပါပေ။ ထို့အပြင် သူ၏ စက်ရုပ်ဆိုသော နောက်ခံကိုလည်း ပုံပန်းသွင်ပြင်ကို ကြည့်ပြီး မပြောနိုင်လောက်ပါပေ။ သို့သော် တစ်ရက်တွင် အမျိုးသမီးတစ်ယောက်က လာကြူခံရမည်ဟု မထင်ထား လောက်ပေ။

229 02

နံဘေးမှ ကြည့်နေသော ရှုရှင်းကလည်း စိတ်ဝင်တစားဖြစ်လာပြီး ထရယ်သည်။

ချန်းရန်က အိမ်တော်ထိန်း 001 ကို မုန်းသလို တစ်ချက် ကြည့်လိုက်ပြီးနောက် နံဘေးမှ ရှုရှင်းကို လျစ်လျူရှုလိုက်ကာ နှုတ်ခမ်းကို ကိုက်ပြီး ကြိုးစားသည်။

“ကိုကိုကြီး ငါ…ငါနင့်ကို ဖြားယောင်းတာ မဟုတ်ပါဘူး။ နားလည်မှု မလွဲပါနဲ့”

အိမ်တော်ထိန်း 001 “အို ဒါဆိုရင်လည်း အဲ့ဒီလို မျက်နှာထားမျိုး ထပ်မလုပ်နဲ့။ မင်း ပုံစံက လူကိုမြူစွယ်နေတဲ့ ပုံစံမျိုးနဲ့ တူတယ်။ တီဗီဒရမ်မာတွေထဲက ရက်စက်တဲ့ ကြာပန်းဖြူတွေကလည်း ဒီလို မျက်နှာထားမျိုးပဲ”

ရှုရှင်း “ဟားဟား စိတ်မရှိပါနဲ့။ ငါ ပုံမှန်အားဖြင့် မရယ်တတ်ပါဘူး။ မထိန်းနိုင်လို့ပါ”

အိမ်တော်ထိန်း 001 က ထိုသို့ပြောပြီးနောက် မျက်နှာသေကြီးနှင့် ထပ်ပြောသေးသည်။

“ငါက မင်းကောင်းဖို့အတွက် ပြောတာ”

တည်ကြည်တဲ့ပုံစံမျိုးနဲ့ အခြားသူကို နာကျင်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ သိနေတာပဲ။

ရှုရှင်းကလည်း တစ်ဖက်အမျိုးသမီး၏ သနားစရာကောင်းသော မျက်နှာက တစ်ခဏခန့်တွ န့်သွားကြောင်း မြင်လိုက်သေးသည်။ သူမ၏ နှာခေါင်းကပင် ဒေါသကြောင့် ကောက်တော့မည့် ပုံစံမျိုးဖြစ်သည်။

******

All Chapters