အခန်း ၂၃၀
Vol. 23 Ch. 230
230 01
အပိုင်း (၂၃၀)
“သေစမ်း”
ထိုအမျိုးသားကြောင့် အများရှေ့တွင် ထပ်ခါတလဲလဲ ပြောဆိုခံရပြီးနောက်တွင် ချန်းရန်က နည်းနည်းရှက်သွားသည်။ ထို့ကြောင့် သူမက ဒေါသတကြီးဖြစ်သွားပြီး ဘေးနားမှ အပျော်ကြည့်နေသော ရှုရှင်းကို လှမ်း၍ တိုက်ခိုက်လိုက်သည်။
ရှုရှင်းက သူမဆီသို့ သဘာဝလွန်စွမ်းအားဖြင့် တိုက်ခိုက်လိုက်မှန်းလည်း သိသည်။ သို့သော် သူမ၏ မျက်နှာပေါ်တွင် ထိန့်လန့်မှု ကြောက်ရွံ့မှုများ မပေါ်လာပေ။ တုန့်ပင် မတုန့်ပြန်ပါပေ။
အခြားသော သူများက သူမ၏မျက်နှာကို မမြင်နိုင်ပါပေ။ ထို့ကြောင့် သူမက တိုက်ခိုက်မှုကို မတုန့်ပြန်နိုင်သောကြောင့်ဟုသာ ထင်လိုက်သည်။
ချန်းရန်၏ မျက်နှာတွင် ဝမ်းသာအားရဖြစ်သော အမူအရာမျိုးက ဖြတ်ပြေးသွားသည်။ တစ်ဖက်သူက ဒုက္ခရောက်မည့် အခြေအနေကို စောင့်နေသည်။
ကံဆိုးသည်မှာ သူမ၏ တိုက်ကွက်က ရှုရှင်း၏ အနားသို့ပင် မရောက်သေးခင် ရုတ်တရက် ပေါ်လာသော ကျားလက်တစ်ဖက်က ပျက်ပြယ်သွားစေလိုက်သည်။
အရှက်လွန်ပြီး ဒေါသထွက်သွားတာလား…အာ…ငါတောင်မှ ပျော်လို့ မရဘူးပဲ။
ရှုရှင်းက အပြုံးကို မချုပ်ထိန်းဘဲ ချန်းရန်ကို တည်ငြိမ်စွာ ကြည့်သည်။ သူမက လူသေကို ကြည့်သကဲ့သို့ တည်ငြိမ်နေသည်။
“နင်က လှုပ်ရှားပြီဆိုမှတော့ ငါကလည်း ယဉ်ကျေးမှုအရ ပြန်ပြီးလှုပ်ရှားပေးရမှာပေါ့”
ရှုရှင်းက လက်ကို မြောက်ကာ လက်ခုပ်တီးလိုက်သည်။
သူမ၏အနောက်ဖက်မှ စီတန်းကာ ရပ်နေသော အစောင့်များက သူတို့၏ သေနတ်များအား ချက်ချင်းဆိုသလို မြောက်လိုက်ပြီး မောင်းခလုတ်ကို နှိပ်လိုက်သည်။
ရှုရှင်းကသာ အမိန့်ပေးသမျှ ခလုတ်ကို ချက်ချင်း နှိပ်မည့် ပုံစံမျိုးရှိသည်။
အပြင်ဘက်မှ လူများကလည်း ခြေတစ်လှမ်းခန့် နောက်ဆုတ်ကြသည်။ သူတို့၏ ကြွက်သားများက တင်းကြပ်ပြီး မျက်လုံးများက သတိအပြည့်ကပ်သွားသည်။ အချို့သော သူများကလည်း ရန်လိုမှုများကို ဖော်ပြသည်။
အခြေအနေက မမျှော်လင့်ထားသော အနေအထားမျိုးသို့ ပြောင်းလဲသွားသောအခါ အနောက်ဖက်တွင် ပုန်းနေသော အစ်ကို ခုနှစ်ဟု ခေါ်သော သူက အခြားသော သူများကို ဖယ်၍ ရှေ့တက်လိုက်သည်။
“နားလည်မှုလွဲတာပါ နားလည်မှု လွဲတာပါ။ ငါတို့မှာ မကောင်းတဲ့ရည်ရွယ်ချက် မရှိပါဘူး။ ဒီမိန်းမအတွက်ကတော့ မင်းပဲ သူ့ကို ကိုင်တွယ်လိုက်ပါ”
ချန်းရန် “အစ်ကိုခုနှစ် ဘယ်လိုဖြစ်ပြီး နင်…”
အစ်ကိုခုနှစ် “ပါးစပ်ပိတ်စမ်း”
“ပေါက်ကရတွေ မပြောနဲ့။ ငါမင်းရဲ့ သရုပ်ဆောင်မှုတွေကို စောင့်ကြည့်ဖို့ အချိန်မရှိဘူး။ နင်တို့ရဲ ရည်ရွယ်ချက်က ဘာလဲ”
ရှုရှင်းကလည်း လက်ထဲတွင် သေနတ်တစ်လက်ဖြင့် ကစားနေခြင်းဖြစ်သည်။ သူမက ပဝါကိုပင် မြောက်ကာ မျက်နှာအပေါ်ပိုင်းကို ဖော်ပြီး အရှေ့မှ လူများကို အပြုံးတဝက်မျက်လုံးမျိုးဖြင့် ကြည့်သည်။
အစ်ကိုခုနှစ်၏ ဟန်ဆောင်ပြုံးနေသော မျက်နှာက တောင့်ခဲသွားပြီး သူမ၏ မျက်လုံးကို စိုက်ကြည့်သည်။
ထိုမျက်လုံးထဲတွင် မည်သည့် ကြောက်ရွံ့မှုမျှ မရှိဘဲ စနောက်မှုများသာ ရှိနေသည်။
တစ်ဖက်သူကလည်း သူတို့က ဒုက္ခသည်များ မဟုတ်ကြောင်းသူတို့၏ ရည်ရွယ်ချက်က မသန့်စင်မှန်း သိထားပြီးသားဖြစ်သည်။
အပြုံးတုက ကျသွားသည်။ သူ၏ မျက်နှာက တည်ကြည့်သွား၏။ သူဟာ တည်ငြိမ်စွာ ပြောသည်။
“ဒီလောက် ကြီးတဲ့အခြေစိုက်စခန်းကြီးက ဒီမြို့မှာ ရုတ်တရက် ပေါ်လာတယ်ဆိုတော့ ငါတို့က သိချင်တာ ပုံမှန်ပဲလေ။ ငါတို့ကလည်း ဒီအခြေစိုက်စခန်းထဲကို ပထမဦးဆုံး ဝင်ရောက်လည်ပတ်ခွင့်ရတဲ့ သူများ ဖြစ်နိုင်မလားလို့ပါ”
ရှုရှင်း “အို ဘုရားရေ နင်တို့ ကီလိုမီတာ ရာကျော်လောက်ကနေ အကျယ်ကြီး အော်ပြောနေတာကို ငါကြားပါတယ်။ ဘယ်လိုကြောင့် ဒီလို ပြောရဲတာလဲ ဟမ် သတင်းအချက်အလက်ကို စုံစမ်းဖို့ ကြိုးစားတာကို ဘာလို့ နားထောင်ကောင်းအောင် ပြောနေရတာလဲ။ အရှက်မဲ့လိုက်တာ”
230 02
“အိုး…ငါ မပြောမိဘူးလား။ ငါ ပြောဖို့ မေ့သွားတာထင်တယ်။ ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ပါရစေအုံး။ ငါတို့က T မြို့ တောင်ပိုင်း အခြေစိုက်စခန်းက အသင်းပါ မင်းတို့နဲ့ ရင်းနှီးမှုချင်း ဖလှယ်ရင်း မဟာမိတ်ဖွဲ့ဖို့အတွက် ရောက်လာခဲ့တာ”
အစ်ကိုခုနှစ်၏ အမူအရာကလည်း မပြောင်းလဲသေးပေ။ သို့သော် ရွေ့လျားမှုတွေကို မြင်နိုင်သည်။
“နင်လိမ်နေတာ နင်ပြောတာတော့ ကောင်းတယ်။ ဒါပေမဲ့ အဲဒီလောက် လျှို့ဝှက်ဆန်းကျယ်တဲ့ ဘာကို ကြံစည်နေတာလဲ။ နင်က ကိုယ့်ရဲ့နောက်ခံ အစစ်အမှန်ကိုတောင် မပြောနိုင်ဘူး။ အခြားသူတွေရဲ့နောက်ခံကိုတောင် သုံးသေးတယ် ဟုတ်လား”
ရှုရှင်းကလည်း လက်ထဲမှ သေနတ်ကို မြောက်ပြီး ထိုအစ်ကို ခုနှစ်ကို ချိန်ကာ ပြောသည်။
“ငါနင့်ကို ပြောပါအုံးမယ်။ နင်က အနောက်ဖက် အခြေစိုက်စခန်းက လာတာ ကျိုးလင်းချီ နင်ဘယ်သူ့ကို အရူးလုပ်နိုင်မယ်လို့ ထင်နေတာလဲ”
ကျိုးလင်းချီ “!!!”
ကျိုးလင်းချီ “မင်းက ငါ့ကို သိတာလား”
သူသည်လည်း အလွန်စိတ်ရှုပ်သွားသည်။ သူသည် T မြို့ထဲတွင် တစ်ဖက်သူနှင့် မဆုံဖူးပါပေ။ သူသည်လည်း သူဟာ အတော်လေး မှတ်ဉာဏ်ကောင်းသောကြောင့် တစ်ဖက်သူ၏ ဝတ်စုံက ထင်သာမြင်သာ ဖြစ်နေလွန်းသဖြင့် တစ်ကြိမ်ဆုံဖူးသည်နှင့် သေချာပေါက် မှတ်မိနေမည် သေချာသည်။
ရှုရှင်း၏ စိတ်ထဲမှအတွေး : ဒါပေါ့ ငါနင့်ကို မသိဘူးပေါ့။ ဒါပေမဲ့ scan ဖတ်လိုက်ရုံနဲ့ ပေါ်နေတယ်လေ
******