← Chapters

အခန်း ၂၃၁

Vol. 24 Ch. 231

အခန်း ၂၃၁

Vol. 24 Ch. 231

231 01

အပိုင်း (၂၃၁) စကားပြောခြင်း အနုပညာ

“မင်းက ငါ့ကို သိလို့လား”

ကျိုးလင်းချီ၏အသံက အံ့အားသင့်သံ ပေါက်သည်။

“ဘယ်လိုထင်လဲ”

ရှုရှင်းကလည်း တိုက်ရိုက်မဖြေပေ။

စကားပြောခြင်း အနုပညာ အဟမ်း အဟမ်း…

တစ်ခါတစ်ရံတွင် ရည်မှန်းချက်ကြီးသော ပုံစံမျိုးဖြင့် စကားပြောလိုက်ခြင်းအားဖြင့် တစ်ဖက်လူကို အများကြီး တွေးတောရန် အခွင့်အရေး ပေးလိုက်နိုင်သည်။ ထို့ကြောင့် တိတိကျကျပြောလိုက်ခြင်းထက် ပို၍ပင်သက်ရောက်မှု ရှိသေးသည်။

ကျန်းရန်က အိမ်တော်ထိန်း 001 ကို နှုတ်ဆက်စကား ပြောနေချိန်ကတည်းက ရှုရှင်းကလည်း သူတို့၏ နံဘေးနားတွင် ရပ်နေပြီး သူတို့၏ မကောင်းသော အတွေးများကို scan ဖတ်ထားခြင်းအားဖြင့် အားလုံး၏နောက်ခံကို သိထားပြီးသားဖြစ်သည်။

သူတို့သည် T မြို့အနောက်ဖက် အခြေစိုက်စခန်းတွင်လည်း ရက်အနည်းငယ်ခန့် သွားရောက်နေခဲ့ဖူးသည်။ ထို့ကြောင့် ကျိုးလင်းချီ၏နာမည်ကို မရင်းနှီးစရာ အကြောင်းမရှိပေ။

အနောက်ပိုင်း အခြေစိုက်စခန်းထံမှ စုံစမ်းစစ်ဆေးထားသော ရလဒ်များအရ ကျိုးလင်းချီဆိုသော နာမည်က မကြာခဏဆိုသလို ပေါ်လာသည်။

အနောက်ပိုင်း အခြေစိုက်စခန်းမှ တတိယအဆင့် အာဏာရှိသူ ကျိုးလင်းချီက တတိယအဆင့် သစ်သားစွမ်းအားရှိသော စွမ်းအားရှင်ဖြစ်သည်။ သူသည်လည်း ကမ္ဘာအဆုံးသတ်ကာလ ရောက်လာမည်ဖြစ်ကြောင်း ကြားပြီးချိန်ကတည်းက လျိုဟုန်နောက်သို့ လိုက်လာခဲ့ခြင်း ဖြစ်ပြီး ဒုတိယမြောက် အမိန့်အာဏာ အရှိဆုံး‌သော ဖုန်းဝမ်ချန်နှင့်အတူ ဆက်ဆံရေးကောင်းမွန်လေသည်။ သူတို့ကလည်း ညာလက်ရုံးနှင့် ဘယ်လက်ရုံးတို့ ဖြစ်သည်။ အနောက်ပိုင်း အခြေစိုက်စခန်းက လက်ရှိအနေအထားသို့ ရောက်လာသည်မှာ ထိုနှစ်ယောက်ကြောင့်လည်း ဖြစ်သည်။

“မင်းက ငါ့ရဲ့ နောက်ခံကိုသိပြီး ငါ ကိုယ်စားပြုတဲ့ အင်းအားကိုလည်း သိနေတယ်။ ဒါကို ဘာလို့ မင်းရဲ့ အခြေစိုက်စခန်းက တာဝန်ခံပုဂ္ဂိုလ်ကို ခေါ်လိုက်ပြီး ငါတို့ အေးအေးဆေးဆေးထိုင်ပြီး စကားမပြောတာလဲ”

သေချာစွာပင် ကျိုးလင်းချီ၏မျက်နှာအမူအရာက ပြန်ပြီး ပြောင်းသွားပြန်သည်။ မျက်လုံးထဲမှ လှောင်ပြုံးများက ပျောက်ကွယ်သွားကာ အမျိုးသမီးကို တိုက်ရိုက်စိုက်ကြည့်သည်။

“အေးအေးဆေးဆေး စကားပြောမယ် ဟုတ်လား။ နင် နောက်နေတာပဲဖြစ်ရမယ်။ အခုလေးတင် နင်ငါ့ကို တိုက်ခိုက်ခဲ့တဲ့ အမျိုးသမီးက ဒီမှာ ရှိနေသေးတယ်လေ။ ဒါကို နင်က သူနဲ့ ထိုက်တန်တဲ့ အပြစ်ကို မပေးဘဲနဲ့ လွှတ်ပေးခိုင်းတော့မလို့လား။ ဒီလိုကိစ္စမျိုးက ရှိမှာတဲ့လား”

ရှုရှင်းက လှောင်သည်။

ကျိုးလင်းချီ “ငါ ကျန်းရန်ကို မင်းကိုင်တွယ်ဖို့ လွှတ်ထားပေးနိုင်တယ်။ မင်းဘာကိုပဲ လုပ်လုပ် ငါ ဝင်မပါဘူး”

ရှုရှင်းက မည်သည့် စကားကိုမှ မပြောတော့ဘဲ လက်ကို သေနတ်ကို မြောက်ကာ ကျန်းရန်ကို ပစ်သည်။

ကမ္ဘာအဆုံးသတ်ကာလ၏ အေးစက်မှုကြောင့် သူမ၏ နှလုံးသားက ပြောင်းလဲသွားပြီးသား ဖြစ်သည်။ ထို့ကြောင့် သူမသည်လည်း သူမအပေါ် မကောင်းသော ရည်ရွယ်ချက်ရှိသော စွမ်းအားရှင်မျိုးကို ဘယ်သောအခါမှ စိတ်ထားမနူးညံ့တတ်ပေ။ ထိုကဲ့သို့သော ဖုန်းကွယ်နေသည့် အမြင်မျိုးကိုလည်း မချန်ထားတတ်ပါပေ။

ကျန်းရန်ကလည်း ကျိုးလင်းချီက သူမ၏ သေရေးရှင်ရေးကို ဂရုမစိုက်မှန်းလည်း သိသည်။ သူမနှင့်အတူ ပါလာသောသူများကလည်း သူ့စကားကို နားထောင်ကြသည်။ ထို့ကြောင့် သူမကိုလည်း ဂရုစိုက်မည် မဟုတ်ပေ။ သူမကလည်း ဒီအတိုင်း ငြိမ်ငြိမ်နေပြီး အသေခံလိမ့်မည် မဟုတ်ပေ။

တတိယအဆင့် စွမ်းအားရှင်တစ်ယောက်အနေဖြင့် သူမအနေဖြင့် ကျည်ဆံကို ရှောင်ရန် မခက်ပါပေ။ သူမကလည်း တစ်ဖက်သူ ပစ်လိုက်သော ကျည်ဆန်ကို ဆက်တိုက်ရှောင်ရန် ကြိုးစားလိုက်သည်။ သူမ၏ မျက်လုံးကလည်း ခက်ထန်နေ၏။ သူမက နောက်ဆုတ်ရမည့်အစား အရှေ့သို့အ ပြေးတက်သွားလိုက်သည်။

231 02

သူမ၏ အပြုအမူကို မြင်သည့်အခါ ရှုရှင်းက ပြုံးသည်။ အောင်မြင်သော အလင်းက လက်သွားသည်။

ကျန်းရန်သည် မျက်လုံးထဲမှ အလင်းကိုမလွဲချော်လိုက်ဘဲ ဦးတည်ရာဘက်ကို ပြောင်းလိုသည်။ သို့သော် သူမက အပြေးထွက်သည်မှာ မြန်ဆန်သွားသဖြင့် ခန္ဓာကိုယ်ကို မထိန်းချုပ်လိုက်နိုင်ပေ။

ထို့နောက် သူမ၏ ညာဖက်ခြေထောက်က နာကျင်မှုကို ခံစားလိုက်ရသည်။ နောက်ကျသွားပြီ ဖြစ်သည်။

မရေမတွက်နိုင်သော ဆတိုးအားမြင့်မားလွန်းသော လျှပ်စီးကြောင်း တစ်ခုက သူမ၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွားသည်။ သူမက ကြောက်လန့်သံကို မထုတ်နိုင်သေးခင် လူတိုင်း၏အရှေ့မှ ပျောက်သွားသည်။

တစ်စက္ကန့်…

တစ်စက္ကန့်တည်းနှင့် သက်ရှိ လူတစ်ယောက်က ပြာဖြစ်သွားသည်။

လေက တိုက်ခိုက်သောအခါ ပြာကပင် မကျန်တော့ပေ။

လေထုအခြေအနေက တိတ်ဆိတ်သွားသည်။

“နောက်ဆုတ်”

ကျိုးလင်းချီတို့အဖွဲ့ကလည်း ခြေလှမ်းဆယ်လှမ်းခန့်အထိ ဆုတ်လိုက်ကြသည်။

သူဟာ ထိုလူများအကြားတွင် အရှေ့ဆုံးတွင် ရပ်နေသော သူဖြစ်သည်။ ထို့ကြောင့် အခြားသူများထက် ပို၍ ရှင်းလင်းစွာ မြင်လိုက်ရသည်။

ကျန်းရန်၏ကိုယ်က အထိမှန်ခံလိုက်ရချိန်တွင် အပြာရောင်အလင်းက တစ်ချက် လက်သွားသည်။ အပြာရောင်အလင်းက ဖျော့တော့လွန်းသဖြင့် မမြင်နိုင်လုနီးပါးဖြစ်သည်။ သူကပင် ထိုနေရာမှ တဆင့် ခရမ်းရောင် လျှပ်စီးကြောင်းကို ကောင်းကောင်းမြင်လိုက်သည်။

ဟုတ်တယ် လျှပ်စီး

ရှုရှင်းကပင် မနေနိုင်ဘဲ နည်းနည်းအံ့ဩသွားသည်။

သူမသည် ပထမဦးဆုံးအကြိမ်အဖြစ် အခြေစိုက်စခန်း၏ အကာအကွယ်စွမ်းအားကို ကောင်းကောင်းနားလည်လိုက်ခြင်းဖြစ်သည်။

အာ…အံ့ဩစရာပဲ

******

All Chapters