← Chapters

အခန်း ၂၃၂

Vol. 24 Ch. 232

အခန်း ၂၃၂

Vol. 24 Ch. 232

232 01

အပိုင်း (၂၃၂)

ရှုရှင်းကလည်း အကာအကွယ်အင်အားကြောင့် မလန့်သွားပါချေ။ မည်သို့ပင် ဆိုစေ ထိုအကာအကွယ်လွှာက သူမတို့ကို ကာကွယ်ထားခြင်းဖြစ်သည်။ ထို့ကြောင့် ပို၍ လုံခြုံပေလိမ့်မည်။

ပိုဆိုးသည်မှာ ထိုအကာအကွယ်လွှာကလည်း သွေးသံရဲရဲ မဖြစ်စေပေ။ H မြို့အခြေစိုက်စခန်းတွင် မြင်ခဲ့ရသလောက် ကြောက်စရာမကောင်းပါပေ။ အင်း..နည်းနည်းတော့ ကြောက်စရာ ကောင်းရုံလောက်ပေါ့။

ကျိုးလင်းချီ၏ အမူအရာကလည်း အလွန်အမင်းကို လေးနက် တည်ကြည်နေသည်။ သူသည် ဒီကာလတိုအတောအတွင်းတွင် ရုတ်တရက် ပေါ်လာသော အခြေစိုက်စခန်းအကြောင်းကို အများကြီး ကြားဖူးသည်။ အစပိုင်းတွင်မူ ဂရုမစိုက်ခဲ့ပေ။ နောက်ပိုင်းတွင် သတိထားသည်။ ယခုမူ ကြောက်သွားပြီ ဖြစ်သည်။

သူ ယခုလို ကြောက်ရွံ့စိတ်ကို မခံစားရသည်မှာ ကြာပြီ ဖြစ်သည်။

“နင်လည်း သူမဘာ ဖြစ်သွားလဲ မြင်တာပဲ။ နင်ကသာ အသက်ရှင်ချင်သေးရင် ဒီ လိုင်းကို မကျော်လာတာ ကောင်းမယ်ထင်တယ်။ နင်ပြောတဲ့ အဲဒီပူးပေါင်းမှုအတွက်ကတော့ စိတ်မရှိပါနဲ့။ ငါတို့ စိတ်မဝင်စားဘူး။ ကျေးဇူးပြုပြီး အဲဒီအတွေးတွေကို ဘေးဖယ်ထားလိုက်ပါ။ နင်တို့ရဲ့ တိုက်ပွဲမှာလည်း ငါတို့ ဝင်ပါလိုစိတ်မရှိဘူး။ နောက်ပြီး ပြဿနာတွေကိုလည်း မကြောက်ဘူးနော်”

ရှုရှင်းက နောက်ဆုတ်သွားသော သူတို့ကို ကြည့်နေရင်း သူမ၏ ထုတ်ပြလိုသော အရှိန်အဝါက ပြီးမြောက်သွားပြီဟု ယူဆသဖြင့် အောက်ဖက်မှ ကျားဖြူကို ပွတ်သပ်ကာ နောက်လှည့်ဝင်လာလိုက်သည်။

တိုတောင်းသော ကာလအတောအတွင်းတွင်ပင် မည်သူကမှ ရှေ့သို့ မတက်ရဲကြတော့ပေ။

တာ့ပိုင်တို့ကလည်း အရှေ့က လူများက ရန်သူများဟု နားလည်သည်။ ထို့ကြောင့် ကြမ်းတမ်းစွာ အော်ဟစ်ကာ တစ်ဖက်လူကို ထွက်သွားရန် ခြိမ်းခြောက်ပြီးမှသာ ရှုရှင်း၏ အနောက်သို့ လိုက်လာခဲ့လိုက်သည်။

ကျိုးလင်းချီ၏ မျက်နှာက မဲမှောင်နေသည်။ သူသည် အခြေစိုက်စခန်းထဲသို့ ခိုးမဝင်နိုင်ခဲ့သည့်အပြင် တတိယအဆင့် စွမ်းအားရှင်တစ်ယောက်ကိုပင် ဆုံးရှုံးလိုက်ရသည်။

သူနှင့် ခေါ်လာသော လူတိုင်းက အဆင့်မြင့်ကြသည်။ မည်သို့ပင်ဆိုစေ ထိုလူများအားလုံးက အခြေစိုက်စခန်းမှ အရင်းအမြစ် များနှင့် လေ့ကျင့်ပေးထားသော သူများဖြစ်သည်။ အခြေစိုက်စခန်းအတွင်းတွင် အများဆုံးမှ တတိယအဆင့် စွမ်းအားရှင် ဆယ့်ငါးယောက်သာ ရှိသည်။

ရလဒ်အနေဖြင့် သူသည် တစ်ဖက်သူ၏ ခန္ဓာကိုယ်ကိုပင် မထိရသေးခင် အသတ်ခံရသည်။

သူတို့ရရှိသမျှ အသုံးဝင်သော အချက်အလက်ကမူ ထိုအခြေစိုက်စခန်း၏ အပြင်ဘက်တွင် အင်အားကြီးလွန်းသော ထောင်ချောက်များ ရှိနေသည့် အချက်သာ ဖြစ်သည်။ ထို့အပြင် လက်နက်များကလည်း မရှားပါးလောက်ပေ။ ထို့အပြင် အဆင့်မြင့်လွန်းသော မျိုးရိုးဗီဇပြောင်းလဲထားသော သားရဲကြီး လေးကောင်ကပင် အခြေစိုက်စခန်းကို စောင့်ကြပ်နေသည်။

ကျားပေါ်တွင် ထိုင်နေသော အမျိုးသမီးကလည်း အစမှ အဆုံးအထိ သူမ၏ သဘာဝလွန်းစွမ်းအားကို အသုံးသွားပေ။ ထို့ကြောင့် သူမ၏ စွမ်းရည်ကို မဆုံးဖြတ်နိုင်ပေ။

ဖြတ်လျှောက် A “အစ်ကို ခုနှစ် ငါတို့နောက်ထပ် ဘာဆက်လုပ်ကြမလဲ”

“အခြေစိုက်စခန်းကို အရင်ပြန်ပြီး ဂရုတစိုက် ဆွေးနွေးရအောင်”

သူတို့က မထွက်သွားသေးခင် အခြေစိုက်စခန်းကို သေချာကြည့်သွားသေးသည်။

ငါကျိန်တယ် နောက်တစ်ခေါက် ငါ ပြန်လာခဲ့ရင် အခုလို အရှုံးနဲ့ ဘယ်တော့မှ မပြန်ဘူး။

ရှုရှင်းက ရှောင်ပိုင်ကို စီး၍ အထဲသို့ တဖြည်းဖြည်းဝင်သည်။ အိမ်တော်ထိန်း 001 ကလည်း ရွေ့လျားနိုင်သော ဘတ္ထရီ စက်ဘီးလေးပေါ်မှ ထိုင်ကာ လိုက်လာသည်။

အိမ်တော်ထိန်း 001 “သခင်က ဘာလို့ ဒီလူတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ လွှတ်ပေးလိုက်တာလဲ။ သူတို့ကို နေရာမှာတင် ပစ်ခတ်လိုက်လို့ရတယ်လေ။ ဒီလူသားတွေက ရန်သူတွေကို တစ်ခါတည်း ဖျက်ဆီးတတ်တာ မဟုတ်ဘူးလား”

ဒီနေ့ အစောင့်များက သာမာန်လက်နက်များ သုံးထားခြင်း မဟုတ်ပေ။ အခြေစိုက်စခန်း၏ တိုက်ခိုက်ရေး အင်အားစု ဌာနက ထုတ်ထားသော အရည်အသွေးမြင့် နည်းပညာနှင့် လုပ်ထားသည့် ထုတ်ကုန်များသာဖြစ်သည်။ ပုံမှန်အားဖြင့် သာမာန်လက်နက်နှင့်သာ တူသည်။ သို့သော် သူတို့၏ တိုက်ခိုက်နိုင်စွမ်းအားက ကြောက်စရာကောင်းလေသည်။

232 02

ထို့ကြောင့် တစ်ဖက်သော တတိယအဆင့် စွမ်းအားရှင်က ထုတ်ထားသော အကာအကွယ်လွှာကိုပင် တိုက်ရိုက်ထိုးဖောက်ပြီး ပြာဖြစ်စေနိုင်သည်။

“ဝိုး နင်က ငါတို့ တိုင်းပြည်ရဲ့ ယဉ်ကျေးမှုအကြောင်းတွေ အများကြီး သိထားမယ်လို့ မထင်ထားဘူး”

ရှုရှင်းကပင် တအံ့တဩပြောသည်။

“ရန်သူကို အမြစ်ဖြတ်သုတ်သင်တာကတော့ မှန်တယ်။ ဒါပေမဲ့ အခြေအနေအပေါ် မူတည်သေးတယ်လေ။ ပြောရမယ်ဆိုရင် ကျိုးလင်းချီတို့ အဖွဲ့က ရည်ရွယ်ချက်ရှိရှိနဲ့ လာကြည့်တာ ဘယ်လိုပဲဖြစ်ဖြစ် ဒီအခြေစိုက်စခန်းရဲ့ တည်ရှိမှုကို သိနေတော့ သူတို့လည်း စိတ်ဝင်စားလို့ လာကြည့်တာပဲ လူအများစုက အခြေစိုက်စခန်းအကြောင်းကို သိနေလောက်ပြီ။ ငါတို့ကသာ ဟာကွက်ကို ပြလိုက်ရင် ဒါမှမဟုတ် အားနည်းချက်ကို ပြလိုက်မယ်ဆိုရင် အမှောင်ထဲမှာ ပုန်းနေတဲ့ သူတွေက ပေါင်းပြီး တိုက်ခိုက်လိမ့်မယ်”

“နောက်ပြီး ငါတို့က သူတို့ကို လုံလောက်တဲ့ အခြေအနေမျိုး လွှတ်ထားပေးလိုက်မယ်ဆိုရင်တော့ အခုလိုမျိုး ပြန်လွှတ်လိုက်တာမျိုးပေါ့၊ အခုလိုမျိုး လုပ်လိုက်ခြင်းအားဖြင့် အခြေစိုက်စခန်းရဲ့ သတင်းက ပြန့်သွားလိမ့်မယ်။ အဓိကအားဖြင့် သူတို့က အလျှင်စလို မကပ်လာရဲတော့ဘူး၊ ပြဿနာကို အလွယ်တကူ မရှာရဲလောက်တော့ဘူး၊ နောက်ပြီး အခြေစိုက်စခန်းနားကိုလည်း အလွယ်တကူ ခြေမချရဲတော့ဘူးလေ၊ ဘာပဲဖြစ်ဖြစ် အဆင်သင့်ပြင်ထားတဲ့ ဥပမာက ရှိသွားပြီ မဟုတ်လား”

အိမ်တော်ထိန်း 001 “အို ငါသိပြီ ဒါက ဘယ်လို ပြောရမလဲ၊ ကြက်ကိုသတ်ပြီး မျောက်ကို ခြောက်တာမလား”

******

All Chapters