← Chapters

အခန်း ၂၃၄

Vol. 24 Ch. 234

အခန်း ၂၃၄

Vol. 24 Ch. 234

234 01

အပိုင်း (၂၃၄)

နောက်ထပ် လဝက်ခန့်ကုန်သွားသည်။ သို့သော် ယန်မော့၏ ထွက်လာမည့် လက္ခဏာကို မမြင်ရသေးပေ။ ရှုရှင်းကလည်း နည်းနည်းစိတ်ပျက်လာသည်။ ထို့နောက် ပို၍ပင် စိုးရိမ်လာသေးသည်။

သို့သော် သူမက အလွန်စိုးရိမ်စိတ် များမနေပါပေ။ ယန်မော့က အဆင့်ခြောက်သို့ တက်ရောက်ချင်နေခြင်း ဖြစ်သည်။ သူက စုပ်ယူရန်လိုအပ်သော သလင်းအမြူအတေကလည်း ပိုများလေသည်။ ထို့ကြောင့် ကြာရှည်သည်မှာလည်း ပုံမှန်သာလျှင်ဖြစ်သည်။

သူမနှင့် ပုရှန်းဝမ်တို့ကလည်း ကျိုးလင်းချီလာရောက်သည့်အကြောင်းကို ဆွေးနွေးထားပြီးသား ဖြစ်သည်။ ထို့ကြောင့် သူမ၏ လုပ်ကိုင်သည့် နည်းလမ်းများကို ပြောပြသောအခါ အားလုံးကလည်း စိတ်ဝင်စားကြသည်။

“အင်း တူညီတဲ့ ငှက်မွှေးတွေက တစ်နေရာတည်းမှာ စုတယ်ဆိုတာ အမှန်ပဲ။ မရီး မင်းတောင်မှ မော့ကောနောက်ကို လိုက်တာ ကြာပြီး သူ့လိုမျိုးဉာဏ်ရည် ကောင်းလာပြီပဲ”

ရှန်းဝမ်က လက်ခုပ်ကို တီးပြီးချီးကျူးသည်။ မူချီမိုင်နှင့် ပုယွမ်ကျိုးတို့ကလည်း ခေါင်းညိတ်ပေးကြသည်။ ရှုရှင်းက နည်းနည်း ဂုဏ်ယူသွားသည်။

“ဟီးဟီး ဟုတ်တယ် ဟုတ်တယ်။ ငါ နေ့တိုင်းလိုလို နင်တို့လို ကောက်ကျစ်တဲ့ ဉာဏ်ရှိတဲ့သူတွေနဲ့အတူနေတာ များတော့ ငါလည်း ကောက်ကျစ်သွားတာဖြစ်မယ်”

အရွယ်ရောက်ပြီးသား အမျိုးသားသုံးယောက်လုံးက နင်သွားကြကာ ထိုအကြောင်းကို ကျော်ရန် ကြိုးစားကြသည်။

မူချီမိုင်က မျက်နှာထားကို တည်ပြီးပြောသည်။

“အခု အပြင်ဘက်က သူတွေက ငါတို့ရဲ့ အခြေစိုက်စခန်းအပေါ် သဘောထားက မတည်ငြိမ်သေးဘူးဆိုတော့ ငါတို့ ဒီအခြေအနေကို အခွင့်ကောင်းယူပြီး အပြင်ကို ထွက်ကြည့်သင့်တယ်။ မနက်ဖြန် ရှန်းဝမ်နဲ့ငါ အပြင်ထွက်သွားပြီး သတင်းအချက်အလက် သွားရောက်စုဆောင်းမယ် ယွမ်ကျိုးနဲ့ မရီးကတော့ အခြေစိုက်စခန်းမှာပဲ နေပေါ့”

ပုရှန်းဝမ် “ငါသဘောတူတယ်။ အပြင်ဘက်က သတင်းတွေကိုရမှ ငါတို့လည်း ဘာဆက်လုပ်ရမလဲဆိုတာကို သိနိုင်မှာလေ။ ဆိုတော့ ဒီလို အခြေစိုက်စခန်းကြီးကို စောင့်ကြပ်တဲ့အချိန်မှာ သတိထားတာ ကောင်းမယ်”

“ကောင်းပြီ မင်းတို့နှစ်ယောက် ဒီနေ့ စောစောနားလိုက်ပေါ့။ နင်တို့ထွက်သွားတဲ့အချိန်မှာ အရင်းအမြစ်ကိုလည်း လုံလောက်အောင် ယူသွား နောက်ပြီး အခြေစိုက်စခန်းရဲ့ ခုခံရေး စခန်းက ထုတ်ထားတဲ့ လက်နက်တွေကိုလည်း သယ်သွားလိုက်အုံး”

ရှုရှင်းကလည်း သူတို့ကို မတားပါပေ။

သူတို့က သူမထက် ပိုတွေးနိုင်ကြသည်။ သူတို့၏အင်အားကလည်း ထိပ်ဆုံးအဆင့်နားတွင် ဖြစ်သည်။ ကျွိမ်ဖုန်းနှင့် တာ့ယွင်တို့ကလည်း သူတို့နှင့် လိုက်သွားမည် ဖြစ်သည်။ ထို့အပြင် အခြေစိုက်စခန်းက ထုတ်ထားသော လက်နက်အသစ်များလည်း ရှိသေးသည်။ ထို့ကြောင့် သူတို့အတွက် အန္တရာယ်ကြုံနိုင်ချေက အလွန်နည်းလေသည်။

ထို့ကြောင့် ထိုနှစ်ယောက်က အန္တရာယ်ကြုံတွေ့သည်ဆိုသော အခြေအနေမျိုးကို စိုးရိမ်ရမည့်အစား သူတို့ကို ရန်စသောသူက အသက်ရှင်နိုင်ချေ ရှိမရှိဆိုသော အချက်ကို ပိုတွေးသင့်သည်။

သူတို့နှစ်ယောက်ကလည်း အပြင်ဘက်တွင် မြှားကျည် ကုန်ဆုံးရန် မစဉ်းစားထားပါပေ။ ထို့ကြောင့် သူတို့သည် စက်ကိရိယာ အပြည့်အဝ တပ်ဆင်ထားသည့် ဘေးတွဲကိုသာ စီးနင်းသွားလိုက်ကြသည်။

ကျွိမ်ဖုန်းနှင့် တာ့ယွင်တို့ကလည်း ကြောင်ပေါက်လေးအဖြစ် ပြောင်းလဲကာ နောက်ခုံတွင်ထိုင်သည်။ ရှုရှင်းက သူတို့ကို အပြင်လူများ ရှေ့တွင် ထုတ်ပြခဲ့ဖူးသည်။ ထို့ကြောင့် သတင်းက ပြန့်နှံ့ထားပြီးသားဖြစ်သည်။ သူတို့က ဒီတစ်ခေါက် သတင်းအချက်အလက် စုစည်းရန်ထွက်သွားခြင်း ဖြစ်သည်။ ထို့ကြောင့် သူတို့က အကောင်ကြီးမားသော ပုံစံမျိုးဖြင့် ထွက်သွားခဲ့သော် ပေါ်သွားနိုင်ချေက မြင့်သည်။ ထို့ကြောင့် ကြောင်ပေါက် အရွယ်ပြောင်းလိုက်ကြသည်။

ပုယွမ်ကျိုးက တဖြည်းဖြည်း ဝေးသွားသော ဘေးတွဲကို ကြည့်ပြီး ရှုရှင်းကို ပြန်ကြည့်သည်။

“မင်း စုဆောင်းထားတဲ့ ယာဉ်တွေက ဘယ်လောက်တောင်များတာလဲ။ အရင်တစ်ခေါက်က ဘတ္ထရီ စက်ဘီးမလား။ နောက်ထပ် လျှပ်စစ်စက်ဘီးလည်း ရှိသေးတယ်။ အခု ဒီ ဘေးတွဲက ပေါ်လာပြန်ပြီ။ နောက်ထပ် အမျိုးအစားအသစ်တွေ ရှိသေးလား”

234 02

ရှုရှင်းက နှာခေါင်းကို တစ်ချက် ပွတ်ရင်း ပြောသည်။

“စကူတာတော့ ရှိသေးတယ်”

ပုယွမ်ကျိုး “…”

ရှုရှင်း : ဘယ်လိုဖြစ်ပြီးတော့…သူ့လို မျက်နှာသေနဲ့ လူကတောင် ဆွံ့အသွားတဲ့ မျက်နှာထားမျိုး ပေါ်လာတာလဲ

“အင်း လက်စသတ်တော့ ဒီနေ့ထတာ တအားစောသွားတာပဲ။ မြင်ကွင်းက နည်းနည်းဝါးနေသလိုပဲ”

“အချိန်က စောသေးတာပဲ။ ငါပြန်ပြီး အိပ်လိုက်အုံးမယ်။ ဓာတ်ခွဲခန်းက ပစ္စည်းတွေကလည်း စီစဉ်ထားပြီးသားဆိုတော့ နင့်ဘာသာနင်ပဲ လိုအပ်တာ ရှိလား တစ်ချက်သွားကြည့်လိုက်တော့ ငါတော့ သွားပြီ”

ရှုရှင်းက လက်ကို ယမ်းပြီးသည်နှင့် တစ်ဖက်သို့ပြန်လှည့်ကာ စကူတာလေးကို စီးပြီး သွားပြန်အိပ်သည်။ ပုယွမ်ကျိုးက ဓာတ်ခွဲခန်းကို နေရာချထားပြီးကြောင်း ကြားသည်နှင့်မျက်လုံးက တောက်ပသွားသည်။ သူသည်လည်း ရှုရှင်း၏ ပြောစကားကိုပင် လျစ်လျူရှုကာ ထိုစကူတာကို စီးပြီး စမ်းသပ်နယ်မြေသို့ သွားသည်။

စမ်းသပ်နယ်မြေသို့ ရောက်သွားသောအခါ အမှန်တကယ် အံ့ဩသွားရသည်။

အခြားသော နေရာများမှ တည်ရှိနေသည့် အမျိုးမျိုးသော ကောင်းမွန်သော ဝန်ဆောင်မှုများနှင့် နှိုင်းယှဉ်ကြည့်သော် စမ်းသပ်နယ်မြေက ရှင်းလင်းနေသည်ဟုပင် ပြောရပေမည်။ သူတို့ မလာသေးခင် သူခိုးက ဝင်သွားသည်နှင့်ပင် တူသေးသည်။

ပြင်ဆင်ထားသော နေရာကလွဲပြီး မည်သည့် စမ်းသပ်ပစ္စည်းမှ မရှိပါပေ။ ရှုရှင်းက အိမ်တော်ထိန်း 001 ကို မေးမြန်းကြည့်ပြီးမှသာ အခြားသော နေရာများနှင့် ခြားနားကြောင်း သိလိုက်သည်။

အကြောင်းမူကား လက်ရှိစမ်းသပ်နယ်မြေက ပိတ်လှောင်ထားသော အနေအထားမျိုးနှင့် ဖြစ်သည်။ ထိုနေရာကို ဖြေရန်အလို့ငှာ အခြေအနေများကလည်း လိုအပ်သည်။

******

All Chapters