← Chapters

အခန်း ၂၃၅

Vol. 24 Ch. 235

အခန်း ၂၃၅

Vol. 24 Ch. 235

235 01

အပိုင်း (၂၃၅) တစ်ခုခုတော့ မှားနေပြီ

လက်တွေ့စမ်းသပ်သော နေရာကို အပြည့်အဝ ဖွင့်နိုင်ရန်အလို့ငှာ တာဝန်သုံးခုကို အရင် လုပ်ဆောင်ရပေမည်။

တာဝန်တစ်ခုချင်းစီကို ပြီးမြောက်ပြီးချိန်တိုင်းလိုလို တစ်စိတ်တစ်ပိုင်းကို ဖွင့်နိုင်မည် ဖြစ်သည်။ ပထမတစ်ပိုင်းကို ဖွင့်ပြီးလျှင် အခြေစိုက်စခန်း၏ လက်တွေ့စမ်းသပ်မှု နယ်မြေမှ နည်းပညာမြင့် လက်တွေ့စမ်းသပ်မှု ပစ္စည်းကို ဖွင့်နိုင်မည်ဖြစ်ပြီး သုတေသန ပညာရှင်များ၏ စမ်းသပ်မှု ကိရိယာများက ပို၍အလျှင်းသင့်သွားမည် ဖြစ်သည်။

ဒုတိယတစ်ပိုင်းကို ဖွင့်လိုက်မည် ဆိုလျှင်လည်း အထူးသီးသန့် သုတေသန စက်ရုပ်များက သုတေသန ပညာရှင်အား အမျိုးမျိုးသော သုတေသန ကိစ္စများနှင့် ကူညီပေးနိုင်မည် ဖြစ်သည်။ ဒီနည်းအားဖြင့် ပို၍ပင် အောင်မြင်နှုန်းအား မြင့်သွားကာ မြန်ဆန်သွားပေလိမ့်မည်။

အားလုံးကို ဖွင့်နိုင်သွားသောအချိန်တွင်လည်း လက်တွေ့စမ်းသပ်မှု နယ်မြေ အတွင်းပိုင်းရှိ မီးခံသေတ္တာထဲတွင် သိမ်းထားသော အသင့် အသုံးပြုနိုင်သည့် ဆေးရည် သုံးမျိုးကို ရရှိမည် ဖြစ်သည်။ ထိုဆေးရည်များ၏ နာမည်က အသင့်အသုံးပြုနိုင်သော ဇွန်ဘီ ဗိုင်းရပ်ပိုး ဆေးရည်၊ အသင့်အသုံးပြုနိုင်သော ဇွန်ဘီ သလင်းအမြူအတေ သန့်စင်ခြင်း ဆေးရည်နှင့် အသင့်အသုံးပြုနိုင်သော သဘာဝလွန်စွမ်းအား အလားအလာ လှုံ့ဆော်သည့် ဆေးရည်တို့ဖြစ်လေသည်။ ထိုအရာများကို သုတေသန ပြုလိုပါက ဆက်ပြီး လေ့လာနိုင်ကာ ထုတ်လုပ်နိုင်လေသည်။

ပထမတစ်ပိုင်းကို ဖွင့်ရန် လိုအပ်သော လိုအပ်ချက်က အခြေစိုက်စခန်း၏ စနစ်ထဲတွင် စာရင်းသွင်းထားသော သုတေသန ပညာရှင်များက မှီခိုမှု ကင်းမဲ့စွာနှင့် အဆုံးသတ်ကာလများနှင့် လူသားများ၏ ရှင်သန်မှုအတွက် အကျိုးအမြတ်ရှိသော ရလဒ်မျိုး တစ်ခု ရအောင် လုပ်ပေးနိုင်ရမည် ဖြစ်သည်။ စနစ်က အတည်ပြုစစ်ဆေးပြီး အောင်မြင်လက်ခံမှသာ ဖွင့်ပေးမည် ဖြစ်သည်။

ဒုတိယတစ်ပိုင်း နှင့် တတိယတစ်ပိုင်းဖွင့်ရန် တာဝန်များက ပထမတစ်ပိုင်းပြီးမှသာ ပြသသွားပေလိမ့်မည်။

သို့သော် ဆေးရည်သုံးမျိုးအကြောင်းကို ကြားသည်နှင့်အားလုံးက စိတ်ဝင်စားသွားကြသည်။ ပုယွမ်ကျိုးကပင် အလွန်အမင်း စိတ်လှုပ်ရှားသွား၏။

ထိုဆေးရည်၏ အကျိုးသက်ရောက်မှုကို မသိသော်လည်း နာမည်ကတင် လူတိုင်းကို ရူးစေလောက်သည်။

ထိုဆေးရည် သုံးမျိုးကလည်း အဆုံးသတ်ကာလအတွက် ကိုယ်တိုင်း ထုတ်ထားသည်နှင့်တူသည်။ သို့သော် သူတို့က မြင့်မားသော နည်းပညာမျိုးကြောင့် ပို၍ပင် အကျိုးရှိသော ကိစ္စမျိုးကို လုပ်ဆောင်နိုင်လေသည်။

ပုံမှန်အားဖြင့် ထိုဆေးရည်မျိုးကို အဆုံးသတ်ကာလနာကျင်မှုများကို အဓိက ပစ်မှတ်ထားခြင်း ဖြစ်သည်။

သူတို့အားလုံးသည်လည်း ထိုဆေးရည်များက ထုတ်လုပ်လိုက်လျှင် မည်မျှအထိ ဝရန်းသုန်းကားဖြစ်သွားနိုင်ကြောင်း သိနိုင်သည်။

လက်ရှိအနေအထားအရမူ ပထမတစ်ပိုင်းကပင် မဖွင့်ရသေးပေ။ ထို့ကြောင့် အများကြီး တွေးရန် မလိုအပ်ပါပေ။ တစ်လှမ်းချင်စီ လှမ်းရပေမည်။

ဆိုတော့ တိုဖူးပူပူကို အလျှင်စလို စားလို့ မရဘူးလေ။

လက်တွေ့စမ်းသပ်မှု နယ်မြေတွင် အမှန်တကယ် ဘာမှပင် ရှိမနေပေ။ ထို့ကြောင့် အရေးအကြီဆုံးလုပ်ရမည့် အရာက ကိုယ်ပိုင်အင်အားကို သက်သေပြရမည် ဖြစ်သည်။ ထို့ကြောင့် ပုယွမ်ကြိုးကလည်း ဓာတ်ခွဲခန်းထဲသို့သွားချင်စိတ်ကို တွန်းလှန်လိုက်ရသည်။

ယခုအခါ ဓာတ်ခွဲခန်းကို အပြင်ဘက်တွင် တည်ဆောက်ထားပြီးသား ဖြစ်သည်။ စက်များကိရိယာများနှင့် အမျိုးမျိုးသော ဒေတာများနှင့် နမူနာပုံစံများကိုလည်း ရထားပြီးသားဖြစ်သည်။ ထို့ကြောင့် သူသည်လည်း ထပ်ပြီးမ စောင့်ချင်တော့သည့်အတွက် အိမ်တော်ထိန်းစက်ရုပ်အား သူ့အတွက် နေ့စဉ် လိုအပ်မည့် ပစ္စည်းများ စာအုပ်များ စသဖြင့် အရာအားလုံးကို ဓာတ်ခွဲခန်း နံဘေးနားရှိ အခန်းထဲသို့သာ ပို့ခိုင်းလိုက်ပြီး စတင်ပြီး လက်တွေ့စမ်းသပ်မှုကို ပြုလုပ်တော့သည်။

ရှုရှင်းသည်လည်း လက်တွေ့စမ်းသပ်မှု နယ်မြေထဲသို့ ဝင်သောအခါ ထိုအခြေအနေကို မြင်လိုက်သောအခါ သူမသည် မှင်သက်သွားပြီး လေးစားသွားရသည်။

သူမက လက်တစ်ချက် လှမ်းတို့လိုက်ကာ အကြံပေးလိုက်သည်။

“ယန်ကျိုး နင် အလုပ်ကို သေချာလုပ်တာတော့ ဟုတ်တယ် နင် နားလည်း နားရမယ်နော် နင့်ရဲ့ ကျန်းမာရေးက အရေးအကြီးဆုံးပဲ အချိန်မှန်အိပ် အချိန်မှန်စား”

ပုယွမ်ကျိုးက စမ်းသပ်မှုကို စရန် စိတ်စောနေခြင်း ဖြစ်သည်။ ထို့ကြောင့် သူမ၏ ပြောစကားကို မကြားလိုက်ပါပေ။ စိတ်မရှည်သလို ခေါင်းကိုသာ ငြိမ့်လိုက်ပြီး တစ်ဖက်သို့လှည့်ကာ အခန်းထဲသို့ဝင်ပြီး တံခါးပိတ်သွားသည်။

235 02

ရှုရှင်းကလည်း စကားပြောရန် တုံ့ဆိုင်းသွားသည်။ ထို့နောက် စက်ရုပ်ကိုသာ သတိပေးခိုင်းလိုက်ရသည်။

လက်တွေ့စမ်းသပ်မှု နယ်မြေထဲမှ ထွက်လာပြီးနောက် ရှုရှင်းက နောက်ပြန်လှည့်ကြည့်သည်။ ပုယွမ်ကျိုး၏အခြေအနေကို ပြန်တွေးကြည့်သော် တစ်စုံတစ်ရာက မူမမှန်သလို ခံစားရသည်။

သူမသည်လည်း ပြန်တွေးကြည့်သည်။ သူမသည် ယခင်က လက်တွေ့စမ်းသပ်မှုကို အာရုံစိုက်လေ့ရှိသော်လည်း ယခုလိုမဖြစ်နေပါပေ။ ထို့ကြောင့် ခေါင်းကိုသာ ခါလိုက်ပြီး မလိုလားအပ်သော အတွေးများကို ဖယ်ထုတ်လိုက်ကာ စိုက်ပျိုးရေးနှင့် မွေးမြူရေးဘက်သို့သာသွားပြီး စစ်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။

သူမက ယာဉ်ပျံပေါ်သို့ တက်လိုက်သည်နှင့် အိမ်တော်ထိန်း 001 ၏ အသံကို ကြားရသည်။

အိမ်တော်ထိန်း 001 “သခင်က သခင်ရဲ့အိပ်ခန်းထဲက ဆူညံသံကို ကြားရတယ်။ သခင်မ ပြန်လာပြီး ကြည့်ချင်လား”

ရှုရှင်း “တကယ်လား။ ငါ ချက်ချင်း ပြန်လာမယ်”

ရှုရှင်း၏ စိတ်ဓာတ်ကျနေသော ခံစားချက်က ချက်ချင်းပျောက်သွားလေသည်။ သူမက အိမ်သို့ ချက်ချင်းပြန်ရန် ပြင်လိုက်သည်။

******

All Chapters