← Chapters

အခန်း ၂၃၇

Vol. 24 Ch. 237

အခန်း ၂၃၇

Vol. 24 Ch. 237

237 01

အပိုင်း (၂၃၇) တစ်ကိုယ်ကောင်းဆန်မှု

သူတို့လေးယောက်လုံးက ယာဉ်ပျံကတဆင့် ဓာတ်ခွဲခန်းနားသို့ ရောက်သွားသည်။ အိမ်တော်ထိန်း001 က အစောကြီး ရောက်နေပြီး တံခါးကို ခေါက်နေသည်။

ပုယွမ်ကျိုး၏ လက်တွေ့စမ်းသပ်မှုက နှောက်ယှက်ခံလိုက်ရသောအခါ စိတ်မရှည်‌သော မျက်နှာထားမျိုးနှင့် ဖြစ်သည်။ ယန်မော့က အောင်မြင်စွာ အဆင့်တက်နိုင်ပြီး တစ်ချက် လာကြည့်ချင်ကြောင်း သိသောအခါ အေးစက်မှုက နည်းနည်း လျော့သွားသည်။

“ယွမ်ကျိုး”

ယန်မော့က ဝင်လာပြီးနောက် တံခါးနားတွင် ရပ်နေသော ပုယွမ်ကျိုးကို လှမ်း၍ နှုတ်ဆက်သည်။

ပုယွမ်ကျိုးက ခေါင်းမော့ကာ ယန်မော့ကို မြင်လိုက်သည်နှင့် တစ်ခဏခန့် ငေးငိုင်သွားသည်။ ထို့နောက် ချက်ချင်းဆိုသလို ပုံမှန်ပြန်ဖြစ်သွားသည်။

“မော့ကော အောင်အောင်မြင်မြင် အဆင့်တက်ပြီးတာ ဂုဏ်ယူပါတယ်”

“အပြင်မှာ ရပ်မနေနဲ့လေ။ အပြင်ဘက်က နေက တအားပြင်းတယ်။ အထဲကို ဝင်ပြီး စကားပြောရအောင်”

သူ၏ လှုပ်ရှားမှုပုံစံကလည်း ယန်မော့၏ သတိထားမှုအောက်မှ မလွှတ်မြောက်သွားခဲ့ပေ။

ဧည့်ကြိုခန်းထဲတွင် ရေနွေးကြမ်းက ပြင်ထားပြီးသားဖြစ်သည်။

အိမ်တော်ထိန်း 001 က တံခါးနားတွင် စောင့်ရန် အပြင်သို့ထွက်သွားသည်။

“မော့ကော မော့ကောက ငါ့ကို လာကြည့်တာ အထူးတလည် တစ်ခုခုများ ဖြစ်နေလို့လား”

ပုယွမ်ကျိုးကလည်း တစ်ဖက်သူ စပြောသည်အထိ မစောင့်တော့ဘဲ အရင်ပြောလိုက်သည်။

ယန်မော့က လက်ထဲမှ ရေနွေးကြမ်းခွက်ကို ချပြီးမျက်လုံးပင့်ကာ သူ့ကို ကြည့်သည်။

“ဘာမှ မဟုတ်ပါဘူး။ ယွမ်ကျိုး မင်း အရမ်းစိုးရိမ်စိတ် များနေသလိုပဲ”

ပုယွမ်ကျိုးက “အင်း ဟုတ်တယ် စမ်းမှုကလည်း အလျှင်လိုနေတာလေ။ နောက်ပြီး အခုတလော တိုးတက်မှုအသစ်လည်း ရှိနေတာ။ ဒါကြောင့် ငါက နည်းလမ်းများများ ပိုသုံးကြည့်ပြီး အကြံအသစ်များ ရလားမလားလို့ စဉ်းစားကြည့်နေတာ”

သူကိုယ်တိုင်ကလည်း မှားယွင်းနေသည်ဟု မထင်ပေ။ သို့သော် ရှုရှင်း၊ ပုရှန်းဝမ်နှင့် မူချိမိုင်တို့က အံ့ဩသွားကြသည်။

သူက တကယ်ကို ပုံမှန်စကားပြောတဲ့ပုံစံ၊ လုပ်တဲ့ ပုံစံနဲ့ မတူတော့ဘူးပဲ။

ယန်မော့၏ အမူအရာက မပြောင်းပေ။

“မင်းမှာ တစ်ကိုယ်ကောင်းဆန်တဲ့အကြံတွေ ရှိနေတယ်”

ပုယွမ်ကျိုး : …

သူသည်လည်း မငြင်းနိုင်ပေ။ သူ့တွင်လည်း ထိုအကြံရှိနေသည်ကို တိတ်တဆိတ် လက်ခံလိုက်သည်။

“မပြောနဲ့အုံး ဘာလို့ ငါ့ကို မခန့်မှန်းခိုင်းတာလဲ။ ဆေးရည်သုံးမျိုးကြောင့် မဟုတ်လား”

“အင်း ဟုတ်တယ်”

သူ၏ အနက်ရှိုင်းဆုံးအပိုင်းမှ အလျှို့ဝှက်ဆုံးအတွေးက ပေါ်သွားသောအခါ ပုယွမ်ကျိုးက လက်လျော့ပြီး ဝန်ခံလိုက်သည်။

“ဘာဖြစ်လို့လဲဆိုတော့ မင်းက အပြစ်ကင်းစင်တဲ့ လူတွေကို မထိခိုက်စေချင်လို့လား။ ဒါမှမဟုတ် ဒီ ဆေးရည်သုံးမျိုးနဲ့ ကမ္ဘာအဆုံးသတ်ကာလကို အဆုံးသတ်ပေးချင်တာလား။ ဒါမှမဟုတ် ရင်လည်း နာမည်ကြီးချင်တာလား”

ပုယွမ်ကျိုးသည် ဘေးတွင် ချထားသော လက်ကို တင်းတင်းဆုပ်လိုက်သည်။

“မဟုတ်ဘူး အဲ့ဒီလိုမဟုတ်ဘူး။ ငါ ဒီအတိုင်း သာမာန်လူတွေရဲ့ ဘဝကို ပိုကောင်းစေချင်တယ်။ ငါက ဒီအတိုင်း …”

237 02

“သူတို့ကို ကယ်ချင်တာမလား”

ယန်မော့၏လေသံက ပြောင်းသွားသည်။ အေးစက်မှုများ လှောင်ပြောင်သံများ ပြည့်လာသည်။

“ပုယွမ်ကျိုး ကောင်းမွန်တဲ့ဘဝကို အချိန်ကာလတစ်ခုအထိ ဖြတ်သန်းသွားပြီးတဲ့နောက်မှာ မင်းက စာနာစိတ် လွှမ်းမိုးလာတာလား။ ဒါမှမဟုတ်ရင်လည်း မင်း ဒုက္ခဆင်းရဲတွေကနေ မင်း လူတွေကို ကယ်တင်ချင်တဲ့ ဘုန်းတော်ကြီးတွေများ ထင်နေတာလား။ မင်းကိုယ်မင်း အဲဒါတွေကို ယူထုတ်လိုက်တာနဲ့ လူတိုင်းက မင်းကို ကျေးဇူးတင်ပြီး လူတိုင်းကို ကယ်တင်နိုင်မယ်လို့ အာမခံချက် အပြည့်ရှိမယ်ထင်နေလား”

“သူတို့က အဲဒီ ဆေးရည်တွေကို တကယ်ကျေနပ်မှာတဲ့လား။ မင်းလည်း လူ့သဘာဝကို ဘယ်လောက် လောဘတွေများလဲ၊ တပ်မက်စိတ်‌တွေကြီးပြီး ဆိုးယုတ်လဲဆိုတာကို ကိုယ်တိုင်ကိုယ်ကျ သိနေသေးတာပဲ၊ သူတို့က အဲဒီဆေးရည်တွေကို ရတဲ့အခါ ဒီထက် ပိုလွန်ကဲလာလိမ့်မယ်။ အခြေစိုက်စခန်း တစ်ခုလုံးကို ဖွင့်ပြီး ခိုလုံဖို့ တောင်းဆိုလာလိမ့်မယ်။ အမြောက်အများ ထုတ်ခိုင်းလိမ့်မယ် အဲဒီနောက် မင်းဘာဆက်လုပ်မှာလဲ။ လူတိုင်းက မင်းကို ဓားစာခံအဖြစ် ခေါ်ထားတာကို မင်းခံမှာလား”

ပုယွမ်ကျိုး၏ စိတ်နှင့်အကျိုးအကြောင်းသိစိတ်ကလည်း ထိုဆေးရည်သုံးမျိုးကြောင့် လွှမ်းမိုးခံနေရခြင်း ဖြစ်သည်။ ထိုအခါမှသာ ယန်မော့၏ မေးခွန်းထုတ်သံကြောင့် ပြန်လည်ပြီး ပုံမှန်ဖြစ်သွားသည်။ သူမ၏ မျက်နှာက ဖြူစုပ်သွားပြီး နှုတ်ခမ်းကပင် အရောင်ပျောက်သွားသည်။

သူ၏ စွမ်းရည်က နဂိုကတည်းက လွန်ကဲလွန်းသော ဦးနှောက် ဖွံ့ဖြိုးမှု ဖြစ်သည်။ သူ၏ အစောပိုင်းက လွန်ကဲလွန်းသော စာနာသနားစိတ်ကြောင့် ဖိနှိပ်ခံထားရသည်။ သို့သော် စိတ်ပြန်ငြိမ်သွားပြီးနောက် နဂိုအတွေးများကို ပြန်တွေးမိသွားသောအခါ ကျောစိမ့်တက်သွားသည်။

ထိုအရာက သူ့ကိုယ်သူပင် ထိခိုက်စေမည့်အပြင် ရှုရှင်းတို့အားလုံးကိုလည်း ထိခိုက်စေပေလိမ့်မည်။

“ငါ မှားတယ်။ ငါ အများကြီးတွေးမိပြီး လမ်းဆုံးမှာ တစ်သွားတာ”

ပုယွမ်ကျိုးက အသက်ကို ပြင်းပြင်းရှူပြီးနောက် ရင်ဘတ်ထဲမှ ဆိုးယုတ်သော လေထုများကို မှုတ်ထုတ်လိုက်သည်။

“မော့ကော ကျေးဇူးတင်ပါတယ်။ ငါ့ကို နှိုးထစေတဲ့ အတွက်ပေါ့။ မင်းရဲ့ စွမ်းရည် အသစ်ကလည်း တကယ် အသုံးဝင်တာပဲ”

******

All Chapters