အခန်း ၂၃၈
Vol. 24 Ch. 238
238 01
အပိုင်း (၂၃၈)
“စွမ်းရည်အသစ်ဟုတ်လား”
“ဘာလဲ”
“ဘယ်အချိန်က ငါတို့ရဲ့ နောက်ကွယ်ကနေ ခိုးသုံးသွားတာလဲ”
ရှုရှင်းက မေးခွန်းသုံးခုကိုဆက်တိုက်မေးသည်။
သူမကလည်း သူတို့၏ စကားပြောခန်း တောက်လျှောက် ရှိနေခဲ့သည်။ တစ်ခုမှ မလွဲချော်သွားခဲ့ပေ။ သို့သော် ဘာကိုမှ မသိရသလို ဖြစ်နေသည်။
အစောပိုင်းက လေးလံနေသော လေထုကလည်း ပျက်ပြယ်သွားပြီး အားလုံးကလည်း စိတ်အေးသွားကြသည်။
“ငါ့ရဲ့စွမ်းအားအသစ်က စိတ်စွမ်းအားကို သုံးပြီး လူတွေရဲ့ နှလုံးသားထဲမှာ သိုဝှက်ထားတတ်တဲ့ အနက်ရှိုင်းဆုံးခံစားချက်နဲ့ စိတ်ဆန္ဒတွေကို လှုံ့ဆော်ပေးတာလေ”
ယန်မော့က အားလုံး၏ အရှေ့တွင် ပြောပြသည်။
ရှုရှင်း : !!!
“ဒါဆိုရင် နင် ခုနက နင်…”
ရှုရှင်းက မျက်လုံးပြူးကျယ်သွားကာ သူ့ကို မယုံနိုင်သလို ကြည့်သည်။သူမ၏ မျက်လုံးက စွပ်စွဲမှုများ ပြည့်နှက်နေသည်။
နင်…နင် သွားပြီ… နင်လွန်သွားပြီ နင်လွန်သွားပြီ…ငါ့ကိုတောင် နင် အကွက်ချ ကြံစည်ရဲတယ်
မအံ့ဩတော့ပါဘူး။
ယန်မော့ “တကယ်တော့ အဲဒါက မတော်တဆ၊ ငါက အောင်အောင်မြင်မြင်နဲ့ အဆင့်တက်ပြီးကာစဆိုတော့ မထိန်းချုပ်နိုင်လိုက်ရုံပါ”
ရှုရှင်း၏ သံသယဝင်နေသော အကြည့်ကို ရင်ဆိုင်ရသည်အခါ ယန်မော့က တည်ငြိမ်စွာ ခေါင်းညိတ်လိုက်ပြီး မတော်တဆသာဖြစ်ကြောင်း ပြောရင်း သံသယကို ဖွယ်ရှားလိုက်ရသည်။
ရှုရှင်းကလည်း အပေါ်ယံတွင်သာ ယုံသည်။ ပြောရမည် ဆိုလျှင်… မယုံပါဘူးနော် ယောက်ျားတွေက အရမ်းဆိုးတယ်။
သူမသည်လည်း သူမ၏မိသားစုမှ အမျိုးသား၏ အမှောင်ဘက်ခြမ်းကို ကောင်းကောင်းသိလေသည်။
“ဆိုတော့ နင်က နင့်ရဲ့သဘာဝလွန်စွမ်းအားကို ယန်ကျိုးအပေါ်မှာ သုံးလိုက်ပြီးတော့ သူ့ရဲ့ စိတ်ထဲမှာ မြုပ်ထားတဲ့ ခံစားချက်ကို လှုံ့ဆော်လာစေတာပေါ့လေ။ အဲဒါကြောင့် သူက ရုတ်တရက်ကြီး အဲ့လို ပြတ်ပြတ်သားသား ပြောလိုက်တာပေါ့လေ”
ရှုရှင်းက ရုတ်တရက် နားလည်သွားသည်။
ယန်မော့ကလည်း ခေါင်းညိတ်သည်။
ပုယွမ်ကျိုး၏စကားကို နားထောင်ပြီးနောက် အားလုံးကလည်း သူ၏ ယခုကာလအတောအတွင်းမှ ပုံမှန်မဟုတ်သည့် အခြေအနေကို နားလည်သွားကြသည်။ ဆိုတော့ သူတို့ ကြားထဲမှာ ဘာကွာခြားချက်မှ မရှိပါဘူး။ သူတို့အားလုံးက အတူတူပဲ အိပ်လည်း အိပ်မယ်၊စားလည်းစားမယ်၊ သောက်လည်း သောက်မယ်၊ အေးအေးဆေးဆေး ကျော်ဖြတ်မယ် အားလုံးက တူတူပဲ။
နောက်တစ်ရက်တွင် ပုယွမ်ကျိုးက ယန်မော့ကြောင့် အသစ်စက်စက် အဆင့်မြင့်တင်ထားသော လေ့ကျင့်ရေးကွင်းထဲသို့ ပစ်ထည့်ခံရသည်။ ထိုနေရာက စိတ်ကို လေ့ကျင့်ပေးရန်အတွက် ပြင်ဆင်ထားခြင်းဖြစ်ပြီး မည်သူကမှ မရောက်ဖူးကြသေးပေ။ သူသည်လည်း ထိုနေရာသို့ တစ်လခန့်နီးပါး အထည့်ခံရပြီးမှသာ ပြန်ထွက်လာနိုင်ခဲ့သည်။
ပုယွမ်ကျိုး : ဝူး…
ပုယွမ်ကျိုး : အခုက စပြီး ငါက အေးစက်ပြီး လန်းတဲ့ကောင်ပဲ။ စာနာသနားမှုဟုတ်လား အဲဒါက ဘာလဲ ခွေးကျွေးလိုက်။
238 02
ထိုသို့ဖြင့် ဖြောင့်မတ်မှန်ကန်မှုအပြည့်ဖြင့် လေ့ကျင့်ပေးခံရပြီးနောက် ပုယွမ်ကျိုးက ပြန်လည်ကာ တည်ငြိမ်အေးဆေးသွားပြီ ဖြစ်သည်။ သူသည်လည်း သူ၏ နဂိုမူလ အစီအစဉ်အတိုင်းသာ လက်တွေ့စမ်းသပ်မှုများကို လုပ်တော့သည်။ အချိန်မှန်အိပ်သည် အချိန်မှန်စားသည်။ အချိန်မှန်ပျော်ပါးသည်။
ထိုအခါ ပို၍ပင်သက်ရောက်မှု ရှိလာသလိုပင် ခံစားရသေးသည်။ ထိုသို့ဖြင့် ငြိမ်းချမ်းနေသောဘဝကလည်း အခြားသော နေ့များနှင့် မခြားနားသည့် တစ်မနက်ခင်းတွင် ပျက်ဆီးသွားသည်။
အကြောင်းမူကား အဆင့်မြင့်အဆင့် စွမ်းအားရှင်ပေါင်းများစွာက မြို့ဂိတ်တွင် လာရောက်စုဝေးသည်။ အနောက်ဖက်မှ အိုမင်းအားနည်း ကျန်းမာရေးမကောင်းသောလူများ သာမာန်လူများကလည်း လိုက်ပါလာသည်။ သူတို့က အခြေစိုက်စခန်း၏ ဘေးပေါက်ကို လာပိတ်သည်။
ရှုရှင်း အိမ်တော်ထိန်း 001 ထံမှ တဆင့် ကြေညာချက်ကို လက်ခံရရှိသောအခါ မနက်ပိုင်း လေ့ကျင့်ခန်းလုပ်ပြီး သဘောတကျ စားသောက်တော့မည့်အချိန်တွင် ဖြစ်သည်။
“မစိုးရိမ်နဲ့ မနက်စာ အရင်စား”
သတင်းကို ကြားသည့်အခါ ယန်မော့က မျက်ခုံးပင် မပင့်ချေ။ သူသည်လည်း ရှုရှင်းကို နို့အုပ်ဂျုံဆန်ပြုတ်တစ်ခွက် အရင်ထည့်ပေးလိုက်ပြီး ရှေ့တွင် ချပေးသည်။
ယောက်ျားဖြစ်သူက တည်ငြိမ်နေကြောင်း မြင်သောအခါ ရှုရှင်းကလည်း မစိုးရိမ်တော့ပေ။ သူမကလည်း သလင်းပုဇွန်ဖက်ထုပ်နှစ်ခုနှင့် ပေါက်ဆီတစ်လုံးပင် အပိုစားလိုက်သေးသည်။
ရှုရှင်းက စားသောက်ပြီးလုနီးပါးဖြစ်မှသာ ယန်မော့က လက်ကိုသုတ်ရင်း ပြောသည်။
“ရှန်းဝမ်နဲ့ အခြား သူတွေကိုလည်း သတင်းပြောလိုက်ပါအုံး။ သူတို့ကို အခြေစိုက်စခန်းရဲ့ ဂိတ်ဝမှာ အတူကြိုကြရအောင်”
အားလုံးက ထွက်လာပြီးနောက် အခြေစိုက်စခန်း၏ အပြင်ဘက်ရှိ လူအုပ်က နေပူပူအောက်တွင် ရပ်နေကြောင်းမြင်ရသည်။ သူတို့ဟာ ထိုနေရာတွင် ရပ်နေသော စက်ရုပ်များကိုလည်း နေ့ဝက်လောက်အော်ဟစ်ကာ ပြောဆိုနေကြသည်။ အားလုံးက ပါးစပ်ခြောက်ပြီး ချွေးပြန်နေကြသည်။
သူတို့က ထွက်လာကြောင်း မြင်သောအခါ ခြေတစ်လှမ်းပင် မတိုးရဲကြတော့ပေ။
သူတို့ ယခင်တစ်ခေါက်က သင်ခန်းစာ ယူထားပြီးလောက်သည်။ ထို့ကြောင့်အလွယ်တကူ မချဉ်းကပ်ရဲချေ။
“ဂါဝန်နဲ့ မိန်းမလှလေးကို ထွက်လာခိုင်းလိုက်ပါလား”
အရှေ့နားတွင် ရပ်နေသော စွမ်းအားရှင်တစ်ယောက်က ရှေ့တက်ပြီး လေးစားစွာ လှမ်းမေးသည်။
******