အခန်း ၂၃၉
Vol. 24 Ch. 239
239 01
အပိုင်း (၂၃၉)
ရုတ်တရက် အကျည်းတန်သော နာမည်ကိုကြားသည့်အခါ အငိုက်မိသွားသော ရှုရှင်း : “…”
နောက်ခံဘုတ်ပြားလေးအဖြစ် တိတ်တိတ်ဆိတ် နေလို့မရဘူးလား ဘာလို့ ငါ့ကို ခေါ်တာလဲ။
နောက်ပြီး ရာသီဥတုက ဒီလောက်ပူတာ။ ငါလည်း အဲဒီ ဂါဝန်တွေ မဝတ်တာ ကြာပါပြီးနော် ဆိုတော့ သူခေါ်တာ ငါမဟုတ်ဘူးပဲ။
အိပ်ချင်ယောင်ဆောင်နေသော သူကို နိုး၍ ခက်သည်။ တစ်ဖက်သော သူများက မည်သို့ပင် ကြိုးစားကြိုးစား သူမက ထုံထိုင်းချင်ယောင် ဆောင်နေလိုက်သည်။ ပုရှန်းဝမ်က စိတ်မရှည်သလိုမျိုး နားကို တစ်ချက်ကုတ်သည်။
“မင်းတို့ အကြာကြီးအော်နေတော့ ပင်ပန်းနေမှာပဲ။ ဘာလို့ လာတဲ့ ရည်ရွယ်ချက်ကို မပြောကြတာလဲ”
ယခုလေးတင် အော်ဟစ်နေသော သူကလည်း အမှန်တကယ် လည်ချောင်းက မီးခိုးထွက်တော့မလို ခံစားနေရပြီ ဖြစ်သည်။ သူသည်လည်း နံဘေးမှသူပေးသော ရေဗူးကို ယူလိုက်ပြီး အသားကုန် သောက်ချသည်။ ရေတစ်ဘူးလုံးနီးပါး ကုန်သွားမှသာ လည်ချောင်းက သက်သာသွားသည်။
“သူမက အရမ်းအင်အားကြီးတယ်လို့ ကြားတယ်။ သူမက အခြေစိုက်စခန်း တစ်ခုလုံးကိုတောင် တည်ထောင်ထားတာ။ ဒါကြောင့် ငါတို့က လာပြီး ခိုလှုံချင်တာလေ။ ငါတို့ကို ကြည့်ပါအုံး ငါတို့က ဒီမှာ အိုမင်းအားနည်းတဲ့သူတွေ အမျိုးသမီးတွေ ကလေးတွေ ဘယ်လောက်တောင် များလိုက်သလဲ။ သူတို့မှာ ဆိုးရွားတဲ့ ရည်ရွယ်ချက်တွေရှိနိုင်ပါ့မလား။ ဒီတစ်ခေါက် ငါတို့ကို ကူညီပြီး အကြောင်းကြားပေးပါအုံး”
“ကျွတ်”
ပုရှန်းဝမ်က သူ၏ အရှေ့မှ စွမ်းအားရှင် ဆယ်ယောက်ကျော်ကို တစ်ချက်ကြည့်ပြီးနောက် အထင်တသေး ပြောသည်။
“ဘာလို့လဲ လျိုဟုန်ကလည်း သူ့ရဲ့ အခြေစိုက်စခန်းက လုံလောက်အောင် မသန်မာမှာကို ကြောက်လို့ အခြားသူတွေနဲ့ ပေါင်းပြီး ရင်ဆိုင်ချင်တာလား”
အခုလေးတင် စကားပြောသော သူကလည်း သူတို့က ချက်ချင်း ပေါ်သွားမည်ဟု မထင်ထားမိပေ။ သူ၏မျက်နှာပေါ်မှ အပြုံးတုကလည်း ပျောက်သွားကာ ကြမ်းတမ်းသော အမူအရာဖြစ်သွားသည်။
“ဒီလိုအိုမင်းနေတဲ့သူတွေ ကလေးတွေ အမျိုးသမီးတွေကို တစ်ချက်ကြည့်လိုက်စမ်း။ သူတို့ကို ညှာတာသနားစိတ် မရှိတော့ဘူးလား။ အခြေစိုက်စခန်းရဲ့အပြင်ဘက်က ထောင်ချောက်တွေကိုသာ ဖယ်ပြီး ငါတို့ကို အထဲကို ဝင်ခွင့်ပြုမယ်ဆိုရင် သူတို့ရဲ့အသက်ကို ကယ်တင်နိုင်လိမ့်မယ်။ အဲဒီလိုမှ မဟုတ်ရင် သူတို့သေတာ မင်းတို့အမှားပဲ”
ပုရှန်းဝမ် “မင်းတို့ရဲ့အခြေစိုက်စခန်းက ဘာလို့အသိစိတ်မရှိတဲ့သူတွေကိုပဲ လွှတ်နေတာလဲ။ ကြည့်ရတာ မင်းတို့ရဲ့ဦးနှောက်က ထင်သလောက် အသုံးမဝင်ဘူး။ နောက်ဆုံးတစ်ခေါက်က သရုပ်ဆောင်စွမ်းရည် နိမ့်ကျတဲ့သူတွေကို လွှတ်လိုက်တယ်။ ဒီတစ်ခေါက်ကတော့ လမ်းကြောင်းပြောင်းသွားပြီ။ အသိစိတ်ကို ဓားပြတိုက်တော့မလို့လား”
ပုရှန်းဝမ် “လာစမ်းပါ။ ဒါက အဆုံးသတ်ကာလ ဟုတ်ပြီလား… အသိစိတ်ကို ဓားပြတိုက်ချင်ရင် အဲ့ဒီနည်းလမ်းတွေက ခေတ်နောက်ကျနေပြီ ဟုတ်ပြီလား။ ဘယ်အသိစိတ်ရှိတဲ့သူက ဒီနေ့အချိန်အထိ အသက်ရှင်နိုင်လို့လဲ။ ဒီလို အသိစိတ်ရှိတဲ့သူတွေက သေသွားပြီးတာ ကြာလောက်ပြီ။ မတုံးစမ်းပါနဲ့ ဟုတ်ပြီလား”
ဖြတ်လျှောက် B “ဖွီ ငါမင်းကို မျက်နှာသာ နည်းနည်းပေးနေတာကို မင်းက မင်းကိုယ်မင်း ဘာကောင်လို့ ထင်နေတာလဲ ဟမ် အမျိုးသမီးကို မှီခိုနေပြီး အားနည်းတဲ့ ကောင်ကများ”
ပုရှန်းဝမ် “…”
သူ မဖြေရဲဘူး။ မော့ကောက အရမ်းသဝန်တိုတတ်တာ။ နောက်ပြီး သူ့ရဲ့ နံဘေးနားမှာ ရပ်နေတာ သူ…သူထပ်ပြီး မလေ့ကျင့်ချင်ဘူး။
“ပါးစပ်ပိတ်”
ယန်မော့က အေးစက်စွာနှင့် သူ၏စိတ်စွမ်းအားကို တိုက်ရိုက်ထုတ်လိုက်ကာ တစ်ဖက်သူ၏ လျှာကိုပါးစပ်ထဲမှ ဆွဲထုတ်လိုက်သည်။
239 02
“အား…”
ထိုအမျိုုးသားက ငုံ့ကြည့်သောအခါ မြေပြင်ပေါ်မှ သွေးသံရဲရဲအရာကို မြင်ရသည်။ သူဟာ ပြင်းထန်သော နာကျင်မှုကတဆင့် သွေးကြောများပင် တောင့်တင်းသွားသလို ခံစားရပြီး စူးရှစွာအော်လိုက်သည်။
အနားတွင် ရပ်နေသော စိတ်စွမ်းအား ပညာရှင် တစ်ယောက်ကမူ အတော်လေး တည်ငြိမ်သည်။ သို့သော် အနောက်ဖက်မှ လူများကမူ ထင်သလောက် မတည်ငြိမ်ကြပေ။
နေရောင်အောက်တွင် ကြာရှည်စွာ နေသောအခါ လူအများစုက အပူလျှပ်မည့် လက္ခဏာပြသနေကြပြီ ဖြစ်သည်။ အထူးသဖြင့် အိုမင်းသောသူများကဆိုလျှင် မျက်နှာများက ဖျော့တော့နေကြပြီး ချွေးစေးများ ကျနေကြသည်။ သို့သော် သူတို့က အတတ်နိုင်ဆုံး ထိန်းနေရသည်။
ရုတ်တရပ် အပြောင်းအလဲက လူအများစုကို အငိုက်မိသွားစေကာ သတိလစ်သွားစေသည်။
အပြင်ဘက်ရှိ မည်သူကမှ လျှာအဖြတ်ခံရသော စွမ်းအားရှင်ကို ဂရုမစိုက်ကြချေ။ သူတို့က သတိအပြည့်ကပ်နေကြပြီး သဘာဝလွန်စွမ်းအားများကို လက်ထဲတွင် စုစည်းထားရင်း ယန်မော့တို့ကို လှမ်းကြည့်နေကြသည်။
နောက်ဆုံးတစ်ခေါက်က ကျိုးလင်းချီက ဒီတစ်ခေါက် လိုက်လာသေးသည်။ သူသည်လည်း အသင်းထဲတွင် ရောနှောနေရင်း ဒီတစ်ခေါက် လှုပ်ရှားသွားသော ယန်မော့ကို လေ့လာကာ မည်သို့သော စွမ်းအားမျိုးကို ပိုင်ဆိုင်ထားကြောင်း တွေးတောနေခဲ့သည်။
အဝေးမှ တိုက်ခိုက်နိုင်စွမ်းရည်အရ တစ်ဖက်သူသည် အဆင့်မြင့်စွမ်းအားရှင် မျိုးဖြစ်နိုင်သည်။ သို့မဟုတ် ဆင့်ကဲပြောင်းလဲထားသော မမြင်ရသေးသည့်စွမ်းအားမျိုးပင် ဖြစ်နိုင်သည်။
သူ ဝန်မခံချင်သည့်တိုင်အောင် သူ၏ ဆဌမအာရုံကလည်း တစ်ဖက်သူက အဆင့်မြင့်စွမ်းအားရှင်ဟု ပြောနေသည်။
ဆိုတော့ ဒီစီမံကိန်းကလည်း ကျရှုံးတော့မှာလား။
ထိုအတွေးက ဝင်လာသည်နှင့် ကျိုးလင်းချီက ချက်ချင်း ဆိုသလို ငြင်းလိုက်သည်။
မရဘူး လုံးဝ ဖြစ်လို့မရဘူး။
သူသည်လည်း ဒီတစ်ခေါက်တွင် ယခင်တစ်ခေါက်ကကဲ့သို့ ဆိုးရွားသော အနေအထားမျိုးနှင့် မထွက်သွားနိုင်ပါပေ။
******