အခန်း ၂၄၀
Vol. 24 Ch. 240
240 01
အပိုင်း (၂၄၀)
ရှုရှင်း၏ နံဘေးနားမှ အိမ်တော်ထိန်း 001 က လက်ထဲတွင် သေနတ်ကိုအ သင့်ကိုင်ထားသည်။ အခြေစိုက်စခန်းထဲမှ အဆင့်မြင့် စက်ရုပ်အနေဖြင့် အတွင်းမှ အပူချိန်အပြောင်းအလဲကိုလည်း ချိန်ညှိနိုင်သည်။ လူသားများကဲ့သို့ မျက်လုံးကို မှီခိုကာ အပြင်ဘက်ကို စူးစမ်းရန် မလိုအပ်ပဲ ကိုယ်ပိုင် scan ဖတ်သော functionက တဆင့် အရာအားလုံးကို သိနိုင်လေသည်။
ရှုရှင်းက ယခုအခါ အခြေစိုက်စခန်း၏ ဂိတ်ဝနားတွင် ဖြစ်သည်။ ထို့ကြောင့် သခင်မဖြစ်သူ၏ လုံခြုံရေးအတွက် အိမ်တော်ထိန်း 001 သည်လည်း အခြေစိုက်စခန်း အပြင်ဘက်မှ မြင်ကွင်းတစ်ခုလုံးကို တောက်လျှောက် ပြရန်အလို့ငှာ ရှိသမျှသော စက်ရုပ်တိုင်းကို အမိန့်ပေးထားလိုက်သည်။ ထို့ကြောင့် လူအုပ်ထဲမှ ကျိုးလင်းချီကိုလည်း မြင်လေသည်။
အိမ်တော်ထိန်း 001 က ရှုရှင်းနှင့် ယန်မော့ကို သူတွေ့ရှိထားသည့်အရာများအား ပြောပြသည်။
“တတိယတန်း လေးယောက်မြောက် ကျိုးလင်းချီ”
ရှုရှင်းက တပ်ထားသော နေကာမျက်မှန်ကို အခွင့်ကောင်းယူခြင်းအားဖြင့် အိမ်တော်ထိန်း 001 ညွန်ကြားချက်များ ခပ်မြန်မြန် ပေးလိုက်ပြီး လူအုပ်ထဲမှ ကျိုးလင်းချီကို ရှာသည်။ ယန်မော့ကလည်း မြင်သည်။
ကျိုးလင်းချီက ဒီတစ်ခေါက် ခေါင်းဆောင်မဟုတ်ချေ။ ရှုံးဝမ်ချန် ခေါင်းဆောင်ဖြစ်သည်။
ကျိုးလင်းချီက အရင်တစ်ခေါက်က လက်ဗလာနှင့်ပြန်သွားခဲ့ရသော်လည်း လျိုဟုန်သည် အသစ်စက်စက်ပေါ်ကာစ အခြေစိုက်စခန်းထံမှ ခြိမ်းခြောက်မှုကို ခံစားလိုက်ရသည်။
အသစ်စက်စက်ပေါ်လာသော အခြေစိုက်စခန်းသည် T မြို့၏ မြောက်ပိုင်းရှိ အရှေ့မြောက်ပိုင်းနားတွင် တည်ရှိလေသည်။ မျက်နှာသွင်ပြင် ရှုထောင့်အရ သူတို့ကို အများကြီး မခြိမ်းခြောက်နိုင်သေးပေ။ သို့သော် တိုက်တိုက်ဆိုင်ဆိုင် လျှိုဟုန်ကလည်း သိပ်မကြာခင်ကမှ ပိုင်နက်နယ်မြေကို ချဲ့ချင်သည်။ မြောက်ပိုင်းကို လွှမ်းမိုးချင်သည်။ ထို့ကြောင့် သူသည် ရုတ်တရပ် မြောက်ပိုင်းတွင် ပေါ်လာသော အခြေစိုက်စခန်းက သူ့အတွက် မျက်စိ ဆံပင်မွှေးစူးစရာဟု ခံစားနေရလေသည်။
သူသည်လည်းတစ်ဖက်သောသူက အင်အားစု အသစ်ဖြစ်ကြောင်း သိသောအခါ လျိုဟုန်က အလေးအနက် မထားလိုက်ပေ။ ထို့အပြင် မြောက်ပိုင်းမှ အခြေအနေကို သိရှိရန်အလို့ငှာ သူသည် ကျိုးလင်းချီကို စိတ်စွမ်းအားပညာရှင် နည်းနည်းခေါ်ပြီးသွားရောက် စုံစမ်းခိုင်းလေသည်။ မမျှော်လင့်ထားစွာပင် သူသည် အမှားလုပ်မိသွားသည်။ ယုံကြည်ရသော လက်အောက်ငယ်သားကလည်း ဒီတစ်ခေါက် ကျရှုံးခဲ့သည်။ အများကြီးပင် အထိနာခဲ့ပြီး သေချာလုံလောက်သော အချက်အလက်မျိုး မရရှိလာခဲ့ပေ။ ထိုအခြေနေက T မြို့၏ ဘုရင်ဖြစ်နေခဲ့သော လျိုဟုန်ကို ရန်စခံရသလို ခံစားရစေသည်။ သူသည် ချက်ချင်းဆိုသလိုပင် သူ၏ လူများကို ခေါ်ကာ ချက်ချင်းအစည်းအဝေးထိုင်ပြီး အလားတူသော အကြံရှိသော အင်အားစုလေးများကိုပင် ဆက်သွယ်ခဲ့သေးသည်။
မြောက်ပိုင်း အခြေစိုက်စခန်း၏ ခေါင်းဆောင်တစ်ယောက်ဖြစ်သော လျှိုဟုန်သည်လည်း လူကိုယ်တိုင် မထွက်လာနိုင်ပေ။ ထို့ကြောင့် သူသည်လည်း ဒုတိယမြောက် အင်အားအကြီးဆုံး ရှုံးဝမ်ချန်နှင့် တတိယမြောက် အာဏာအမြင့်ဆုံး ကျိုးလင်းချီကို အတူထွက်သွားစေလိုက်သည်။
ရန်သူအခြေစိုက်စခန်း၏ အပြင်ဘက်တွင် ထောင်ချောက်ရှိနေမှန်း သိသောအခါ သူတို့သည်လည်း အတင်းဖောက်ဝင်၍ မရပေ။ ထို့ကြောင့်သူတို့သည်လည်း အခြားသော နည်းလမ်းတစ်မျိုးကို သုံးကာ အသိစိတ်ကို လှုံ့ဆော်ရန် ကြံစည်ထားသည်။ မမျှော်လင့်ထားစွာပင် ရှုရှင်းတို့ အားလုံးက နှလုံးသားမာကြောသောကြောင့် သူတို့ ရောင်းသမျှကို မဝယ်ဘဲ နေလိမ့်မည်ဟု မထင်ထားမိကြပေ။
“မင်တို့က နောက်မှ ရောက်လာတဲ့သူတွေ T မြို့မှာ အခြေချချင်ရင် ငါတို့ရဲ့ သဘောတူညီမှုကို မေးမြန်းသင့်တယ် မဟုတ်ဘူးလား။ မင်းတို့က ဒီလောက်ပိုင်နက် နယ်မြေအကြီးကြီးကို ဘာမှ မပြောဘဲနဲ့ သိမ်းယူသွားတာ။ T မြို့ရဲ့ နဂိုအင်အားစုတွေကို အလေးအနက်မထားတဲ့ အဓိပ္ပာယ်ပဲ ငါတို့ကို ရှင်းပြချက်ပေးရမယ်။ အဲဒီလိုမှ မဟုတ်ရင်တော့ ငါတို့ကို ကာကွယ်ကြေးပေးရမယ်”
တစ်ချိန်လုံး တိတ်နေသော ရှုံးဝမ်ချန်က အခြေအနေ တစ်ခုလုံးကို ထိန်းချုပ်သည်။
ရှုံးဝမ်ချန် ကိုယ်တိုင်ကလည်း မျိုးရိုးနာမည်၏ဆန့်ကျင်ဘက်ဖြစ်သည်။ သူသည် ပညာသင်သားတစ်ယောက်ကဲ့သို့ ပိန်သွယ်သော ကိုယ်ထည်ရှိကာ အားနည်းသော စာသင်သားဆိုသော ခံစားချက်မျိုးကို ပေးစွမ်းသည်။ ထို့ကြောင့် သူသည် သေချာ သတင်းမရထားပါက သူဟာ သဘာဝလွန်စွမ်းအားဖြင့် ခန္ဓာကိုယ်အင်အား မြင့်တက်ခဲ့သောသူဖြစ်ကြောင့် သိလိမ့်မည် မဟုတ်ပေ။
240 02
“မင်းတို့က ပေါက်ကရ အရမ်းပြောတာပဲ။ ကမ္ဘာအဆုံးသတ်ကာလ ပြီးတာနှစ်အနည်းငယ်တောင် ကြာသွားပြီ။ ပထမလာသူက ပထမရမယ်ဆိုတဲ့ စည်းမျဉ်းကို ဘာလို့ ဒီမှာလာပြောနေတာလဲ။ ငါမှတ်မိတာ မှန်မယ်ဆိုရင် ပိုကြီးတဲ့ လက်သီးက နောက်ဆုံးပြောရေးဆိုခွင့်ရှိသူ မဟုတ်ဘူးလား”
ပုရှန်းဝမ်က လက်သီးအသာယမ်းပြသည်။
“မင်းတို့က လက်မလျော့ချင်ဘူးဆိုမှတော့ လက်လျော့တဲ့အထိ ကိုင်တွယ်ရုံပေါ့။ ထိုသို့ပြောပြီးသည်နှင့် ပုရှန်းဝမ်၏ လက်ထဲတွင်မီးနဂါးတစ်ကောင်က ပေါ်လာပြီး အရှေ့တွင် ရပ်နေသော စွမ်းအားရှင်ထံသို့ တိုးဝင်သွားသည်။
ရှုံးဝမ်ချန်နှင့် အခြားသော စိတ်စွမ်းအားပညာရှင်များက ယန်မော့တို့၏ လှုပ်ရှားမှုကို သတိအပြည့် ကပ်နေပြီးသားဖြစ်သည်။ ထို့ကြောင့် ပုရှန်းဝမ်က ရုတ်တရက် တိုက်ခိုက်လိုက်သောအခါ သူတို့သည် နည်းနည်း ထိန့်လန့်သွားသည်။ သို့သော် အတတ်နိုင်ဆုံး ထိခိုက်မှုများ မရှိဘဲ တွန်းလှန်နိုင်ခဲ့သည်။
“ကြည့်ရတာ မင်းတို့ရဲ့ အင်အားက သိပ်မကောင်းဘူးပဲ”
ထိုတိုက်ကွက်ကို ရင်ဆိုင်ပြီးနောက် ရှုံးဝမ်ချန်၏ ယုံကြည်မှုက တိုးတက်သွးသည်။
“တကယ်လား”
ပုရှန်းဝမ်နှင့် မူချီမိုင်တို့က တစ်ယောက်ကိုယ် တစ်ယောက်ကြည့်ပြီးပြောသည်။
“ဒါဆိုရင်လည်း ကြိုးစားကြည့်လေ”
******