အခန်း ၂၄၁
Vol. 25 Ch. 241
241 01
အပိုင်း ၂၄၁
“ဒါဆိုလည်း စမ်းကြည့်လေ”
သူတို့၏ အရှေ့တွင် သေးငယ်သော မုန်တိုင်းလေးက ပေါ်လာသည်။ ပုရှန်းဝမ်နှင့် မူချီမိုင် တို့ကလည်း သူတို့ အဆင့်တက်ပြီးနောက် လေ့ကျင့်မှုကို မလျော့ချထားခဲ့ချေ။ နှစ်ယောက်၏ ပူးပေါင်းမှုက အင်အားနှစ်ဆ တိုးလုနီးပါး ဖြစ်သွားခဲ့ပြီဖြစ်သည်။ ထို့ကြောင့် အဆင့် ၆ ဆိုသူများကိုပင် တိုက်ခိုက် နိုင်လာ၏။
တံခါးကို လာပိတ်ထားသော စွမ်းအားရှင် အယောက် နှစ်ဆယ် ကျော်ထဲတွင် အဆင့်အမြင့်ဆုံးကမှ ရှုံးချန်းဝမ်နှင့် ကျိုးလင်းချီတို့ကဲ့သို့ အဆင့် ၃ အထွတ်အထိပ်မျှသာ ဖြစ်သည်။ ဆိုလိုသည်မှာ သူတို့ဟာ အဆင့် ၄ သို့ တစ်ဝက်သာ ဝင်ရသေးသည်။ သို့သော် တရားဝင် မဝင်သေးသမျှ အဆင့် ၄ မဟုတ်သေးပါပေ။ ကွာခြားချက်က တည်ရှိလေသည်။
ပုရှန်းဝမ်နှင့် မူချီမိုင် တို့ကလည်း အဆင့် ၂ အယောက် နှစ်ဆယ်နှင့် အဆင့် ၃ နှစ်ယောက်လောက်ကို အသာလေး ကိုင်တွယ်နိုင်သည်။
သူတို့က အကာအကွယ်လွှာအောက် အပြင်ဘက်သို့ပင် ထွက်ရန် မလိုအပ်ဘဲ ထိုနှစ်ယောက်က ရှုံးချန်းဝမ်နှင့်အဖွဲ့က သယ်ဆောင်လာခဲ့သော လူအများစုကို ရှင်းထုတ်ပစ်လိုက်သည်။ ကျန်သော စွမ်းအားရှင်များကလည်း ဒဏ်ရာရသွားကြ၏။ သို့သော် အနောက်ဘက်မှ သာမန်လူများကိုမူ ယန်မော့က ကာကွယ် ပေးထားသောကြောင့် မထိခိုက်သွားပါပေ။
ဒဏ်ရာ ရနေသော လက်မောင်းကို ကိုင်ထားသော ရှုံးချန်းဝမ်က အလားတူ ခြေထောက်ဒဏ်ရာ ရထားသော ကျိုးလင်းချီကို ပြန်ကြည့်သည်။
“အိုး ဘုရားရေ ဒါက တော်တော်လေးကို ရှက်စရာပဲ”
ပုရှန်းဝမ်ကလည်း လက်ကိုပိုက်ပြီး သူတို့ကို ဆိုးသွမ်းသော ပုံသဏ္ဍာန်မျိုးဖြင့် လှောင်ကာ ရယ်သည်။ ထို့ကြောင့် နံဘေးမှ ချူရှင်းကလည်း ရယ်လွန်းသဖြင့် အောက်သို့ပင် လဲကျသွား၏။
တစ်ဖက်မှ ယန်မော့ကပင် အပြေးအလွှား ထိန်းပေးရသည်။
နှစ်ဖက်မှ အင်အားကို ယှဉ်ကြည့်သော် သိသာထင်ရှားလွန်းသည်။ သူတို့၏ လူအများစုက အရိုက်ခံရသည်။ အသတ်ခံရသည်။ ထို့ကြောင့် လူအများ၏ နှလုံးသားကို မည်သို့နားလည်ပြီး အခြေအနေကို ကောင်းကောင်း တွက်ချက်နိုင်စေကာမူ ရှုံးချန်းဝမ် အနေဖြင့် တစ်ဖက်၏ လက်သီးက မည်မျှမာကြောင်း သေချာ မတွေးတောနိုင်အောင် ဖြစ်စေသည်။
သူတို့၏အသင်းက ယာယီအားဖြင့် ဘုံအကျိုးအမြတ်ကိုသာ ဝေမျှရင်း ဖွဲ့စည်းထားခြင်းဖြစ်သည်။ ထို့ကြောင့် လက်ရှိ အခြေအနေမျိုးမှာ ပေးနိုင်သော ဆုံးရှုံးမှုကို ကြည့်ရန်ပင် မလိုအပ်သေးချေ။ အခြားသော လူများ၏ တုံ့ပြန်မှုကို နားလည်နိုင်မည်ဖြစ်သည်။
ယခုအချိန်အထိ ရပ်နေနိုင်ပြီး ပြေးလွှားနိုင် ခုန်နိုင်သော စွမ်းအားရှင်များက ရှုံးချန်းဝမ်နှင့် ကျိုးလင်းချီတို့သာ ဖြစ်သည်။ သူတို့ ခေါ်လာသော သူများကမူ ထွက်ပြေးသွားကြပြီဖြစ်သည်။
ဒါပေမဲ့ ယန်မော့က သူတို့ကို ဒီလို အခွင့်အရေးမျိုး ဘယ်လို ပေးမှာလဲ။
သူက လက်ကို တစ်ချက် ရမ်းလိုက်သောအခါ နံဘေးမှ အရိပ်ထဲတွင် ဆောင့်ကြောင့် ထိုင်နေသော တာ့ပိုင်က ရှောင်ပိုင်တို့နှင့်အတူ အပြေးအလွှား လိုက်ဖမ်းသည်။
အခြားသော လူများက သူတို့ကို ထပ်ခါတလဲလဲ ရန်စလိုက် ထွက်သွားလိုက် ပြန်ရောက်လာလိုက် လုပ်ခွင့်ပြုထားလိုက်မည်ဆိုလျှင် သူတို့ကို အချိန်မရွေး လာနင်းနိုင်သည်ဟု ပြောထားသကဲ့သို့ ဖြစ်သွားပေလိမ့်မည်။ သူတို့သည်လည်း ဒီမြို့တွင် အခြေကုတ်ယူရန် စဉ်းစားထားပြီးသား ဖြစ်သည်။ သူတို့ကို လာရောက် ရန်စသော ရှုံးချန်းဝမ်တို့က ပထမဦးဆုံး ကြက်ကို သတ်ပြီး မျောက်ကို ခြောက်ပြနိုင်သော အခွင့်ကောင်းကြီး ဖြစ်နေသည်။
လျှိုဟုန်က သူတို့၏အင်အားကို ဒီထက်ပိုပြီး ဖြန့်လိုလျှင် သူတို့က သူ၏မျက်နှာကို ဖြတ်ရိုက်ပြရပေမည်။
အာ မျက်နှာကို ရိုက်ပေးဖို့ လာထိုးပေးနေတဲ့လူ ရှိနေတာ၊ ဘယ်လောက်တောင် ကောင်းလိုက်သလဲ။
ဒါက သူတို့ ယခင်ကတည်းက ဆွေးနွေးထားပြီးသား ကိစ္စမျိုး ဖြစ်သည်။
241 02
ထိုအတွက်ကြောင့် သည်နေ့ ရောက်လာသော သဘာဝစွမ်းအားရှင်များထဲမှ ဘယ်သူကမှ မလွှတ်သင့်တော့ပေ။
ရှုံးချန်းဝမ်၏ ဦးနှောက်ကလည်း ကျိုးလင်းချီထက် ကောင်းကောင်း အလုပ် လုပ်နိုင်သည်။ သူတို့သည်လည်း သူတို့ ဒီနေ့ မသွားနိုင်တော့မှန်း သိလိုက်သည်။ ထို့ကြောင့် သူ၏မျက်နှာက ခက်ထန်သွားပြီး သွားကြားထဲမှ အသံနှင့်ညှစ်ကာ ပြော၏။
“ငါသာ ဒီနေ့ မရှင်သန်နိုင်ခဲ့ရင် မင်းတို့ကိုလည်း ဆွဲချမှာ”
ထိုသို့ဖြင့် သူဟာ အခြေစိုက်စခန်း၏ ဝင်ပေါက်သို့ ရူးသွပ်စွာ ပြေး၏။ ခန္ဓာကိုယ်ကလည်း လေထိုးထည့်ထားသော ပူပေါင်းကြီးကဲ့သို့ ကြီးသွားသည်။
“သူက သူ့ကိုယ်သူ ဖောက်ခွဲတော့မှာ ပြေး”
အိုမင်းသောသူ၊ ငယ်ရွယ်သောသူ၊ အမျိုးသမီးနှင့် အခြားသော ကလေးများ အားလုံးက အထိတ်တလန့် ဖြစ်သွားကြကာ မြန်ဆန်စွာ ပြေးကြ၏။ သို့သော် အချို့ကမူ ဆက်ပြီး ရပ်တည်နေကြကာ အရှေ့သို့ စတင်ကာ လျှောက်နေကြ၏။ ထိုနည်းအားဖြင့် သူတို့၏ ကိုယ်ပိုင်အသက်ကို အဆုံးသတ်ချင်ကြသည်။
ယန်မော့ကလည်း သူ၏အကြံကို အစစ်အမှန်ဖြစ်ခွင့် မပြုနိုင်ပေ။ လွှတ်ထုတ်ထားသော မြောက်မြားလွန်းသော စိတ်စွမ်းအားများက ရှုံးချန်းဝမ်ကို အကာအကွယ် တစ်ခုအတွင်းသို့ ထည့်သွင်းကာ အုပ်လိုက်သကဲ့ သူ့ကိုယ်သူ မဖောက်ခွဲအောင် လုပ်နိုင်သည်။
ကျိုးလင်းချီကမူ အနောက်ဘက်သို့ လှည့်ထွက်ကာ ပြေးရန် ကြိုးစားသည်။ ယန်မော့ကလည်း သူတို့လှုပ်ရှားမှုကို သတိထားမိသောအခါ သူ၏စိတ်စွမ်းအား ကို သုံး၍ အလွန်အမင်း ပါးလှလွန်းသော ဓါးသွားများအဖြစ် ပြောင်းလဲ၍ သူ၏ လည်မြိုကို တစ်ချက်တည်းနှင့် လှီးဖြတ်ပစ်လိုက်ပြီး ငရဲဘုရင်ကို တွေ့ကြုံရန် ကြိုးစားပေးလိုက်သည်။
ထိုစီမံကိန်းက နာရီဝက်ပင် မကြာလိုက်ခင် အားလုံးကို ရှင်းလင်း၍ ပြီးသွားသည်။
“ကျန်တဲ့ သာမန်လူတွေကို ဘယ်လို လုပ်မလဲ”
******