← Chapters

အခန်း ၂၄၂

Vol. 25 Ch. 242

အခန်း ၂၄၂

Vol. 25 Ch. 242

242 01

အပိုင်း ၂၄၂

“ကျန်တဲ့လူတွေ ဘယ်လိုလုပ်မလဲ”

ရှုရှင်းက ကျန်သော ရှင်သန်သူများကို ကြည့်ပြီး အနည်းငယ် တုံ့ဆိုင်းသွားသည်။ ထိုလူများကို လက်ခံသင့် မသင့် မသေချာပေ။

ယန်မော့က တိုက်ခိုက်နေချိန်အတွင်း ထိုလူများအား မသတ်ရအောင် ကာကွယ် ပေးထားသော်လည်း သူတို့ ခန္ဓာကိုယ်က ရိုးရှင်းစွာပင် ခရီးရှည်ကြီးကို မခံနိုင်ပေ။ ထို့အပြင် နေပူထဲတွင် အကြာကြီးနေရသည်။ ထို့ကြောင့် အပူရှပ်နေကြပြီး အများစုကမူ သေနေကြပြီဖြစ်သည်။

လူအများစုက သေသွားသောအခါ အပြုံးများ ရှိနေကြသည်။ ယခုလို သေဆုံးခြင်းက သူတို့အတွက် ကံကောင်းမှုမျိုး ဖြစ်နေလောက်သည်။

ရှုံးချန်းဝမ်နှင့်အသင်းက ခေါ်လာခဲ့သော လူအများစုက လူအိုကြီးများနှင့် ငယ်ရွယ်သော ကလေးများဖြစ်သည်။ ငယ်ရွယ်ပြီး သွက်သွက်လက်လက် လှုပ်ရှားနိုင်သော ကလေးအရွယ်များကမူ အသုံးဝင်သေးလေရာ စွန့်ပစ်လိမ့်မည် မဟုတ်ပေ။

“အိမ်တော်ထိန်း 001 ကိုပဲ သူတို့ရဲ့ ဆိုးယုတ်တဲ့ အတွေးတွေကို စကန် ဖတ်ခိုင်းလိုက်၊ ပြဿနာမရှိတဲ့ လူတွေကိုတော့ ချထားတဲ့ စည်းမျဉ်းတွေ အတိုင်း ဝင်ခွင့်ပြုလိုက်လေ။ နောက်ပြီး ကျန်တဲ့အခြေအနေအတိုင်း ဖြေရှင်းကြတာပေါ့”

ယန်မော့က စိတ်ထဲတွင်လည်း သူ၏ချစ်ရသော ရှင်းပေါင်က စိတ်ထား နူးညံ့သူမှန်း သိနေလေသည်။

“အင်း ကောင်းတာပေါ့”

ရှုရှင်းက ခေါင်းညိတ်ပြီး အိမ်တော်ထိန်း 001 အား လုပ်ဆောင်ခိုင်းလိုက်သည်။

သူမ၏ တောင်းဆိုမှုအတိုင်းပင် အိမ်တော်ထိန်း 001 သည်လည်း အသံချဲ့စက် သယ်လာသည့် ဒရုန်းလေးအား ထိုလူအုပ်နားသို့ ပျံသန်းသွားစေပြီး ပြောလိုက်သည်။

“အာရုဏ်ဦး အခြေစိုက် စခန်းထဲကို ဝင်ချင်စိတ်ရှိတဲ့ လူတွေက အခြေစိုက်စခန်းရဲ့ ဝင်ပေါက်နားမှာ တန်းစီကြပါ၊ စမ်းသပ်မှုကနေ ကျော်ဖြတ်နိုင်ခဲ့ပြီး သဘောတူညီမှု စာချုပ်မှာ လက်မှတ် ထိုးပြီးတာနဲ့ အခြေစိုက် စခန်းထဲကို ဝင်ပြီး အာရုဏ်ဦး အခြေစိုက် စခန်းရဲ့ အဖွဲ့ဝင် ဖြစ်လာနိုင်ပါတယ်”

ရှင်သန်ကျန်ရစ်သူအချို့က ကိုယ့်နားကိုယ် မယုံကြည်နိုင်အောင် ဖြစ်သွားသည်။ သူတို့သည် နဂိုကမူ တစ်ဖက်သောသူက သူတို့ကို မတိုက်ခိုက်ခြင်းက ကံကောင်းသည်ဟု ထင်ထားသည်။ သို့သော် ဝင်ခွင့်ပြုမည်ဟုပင် မထင်ထားမိချေ။

ထိုထဲသို့ ဝင်ချင်သော သူများက တန်းစီကြသည်။ သူတို့သည် အတွင်းမှ အခြေအနေကို မသိသေးသည့်တိုင်အောင် စမ်းသပ်ကြည့်ချင်ကြ၏။

မကောင်းသော အတွေးများကို စကန်ဖတ်သော စက်က လျှို့ဝှက်ထားရမည့် အနေအထားမျိုး မဟုတ်ချေ။ ထို့ကြောင့် ပုရှန်းဝမ်နှင့် မူချင်မိုင်တို့ကိုပင် လုပ်ကိုင်မှု အာဏာ ပေးထားပြီးသား ဖြစ်သည်။ ထို့ကြောင့် ထိုနှစ်ယောက်ကလည်း အခြားသောသူများ မကောင်းသော အတွေးကို သူတို့၏ လက်ပတ်ကို ငုံ့ကြည့်ရုံဖြင့် သိနိုင်သည်။

ထိုနှစ်ယောက်က အခြေစိုက်စခန်း၏ ဝင်ပေါက်နားမှ စာရင်းသွင်း ကောင်တာတွင် ထိုင်နေလိုက်ကြသည်။ တစ်ဖက်တစ်ချက်စီ နေရာယူထား၏။

ယခုလေးတင် ကြမ်းတမ်းခဲ့သော စွမ်းအားရှင်များ၏ ပုံရိပ်က သူတို့၏စိတ်တွင် လှုပ်ခတ်နေသေးသည့်အလျောက် မြေပြင်တွင် ပုံနေသော အလောင်းများကလည်း သစ်လွင်နေသေးသည်။ ဒဏ်ရာ ရရှိသောသူများက တိတ်ဆိတ် ငြိမ်သက်နေကြသည်။ အသက်ရှူသံကပင် တိုးနေ၏။ သူတို့သည် သူတို့၏မကောင်းသော အတွေးတန်ဖိုးကို သိရှိရန် သတ်မှတ်ပေးထားသော ထိုင်ခုံတွင် ဝင်ထိုင်ကြပြီး တန်ဖိုးများကို ကြည့်ကာ အခြေအနေ အားလုံးကို ကိုင်တွယ်ရန် ပြင်ဆင်နေကြသည်။

242 02

ပထမဦးဆုံး တန်းစီနေသောသူက အသက် ၅ နှစ် ၆ နှစ်အရွယ် ကောင်ငယ်လေး တစ်ယောက်သာ ဖြစ်သည်။ အသက် ၂ နှစ် ၃ နှစ် အရွယ် ကလေးမလေးကိုလည်း လက်တွဲထားသည်။

ထိုငယ်ရွယ်သော ကလေးကို ရင်ဆိုင်ရသည့်အခါ ရှုရှင်းက မနေနိုင်ဘဲ နူးညံ့စွာပြော၏။

“နင့်ရဲ့နာမည်က ဘယ်လိုခေါ်လဲ၊ ဒါက ညီမလေးလား”

“ငါ့ရဲ့နာမည်က ကျန်းရန်ဖင်ပါ၊ ငါက အသက် ၈ နှစ်၊ ဒါက ငါ့ညီမ ကျန်းရန်ရှီ သူမကတော့ လေးနှစ်ပါ၊ ငါ ပြင်းပြင်းထန်ထန် အလုပ်ကြိုးစားပါ့မယ်၊ ငါ့ရဲ့ညီမလေးကို လုံလောက်တဲ့ စားစရာတွေ ပေးနိုင်မလား”

ကျန်းရန်ဖင်က မျက်လုံးပြူးရင်း ရှုရှင်းနှင့် ယန်မော့ကို တည်ငြိမ်စွာ ကြည့်လေသည်။

သူသည် သိသာစွာပင် ကလေးလေးသာ ဖြစ်သည်။ သို့သော် အတတ်နိုင်ဆုံး ညှိနှိုင်းရန် ကြိုးစားနေသည်။

ယန်မော့က သူ၏စကားကို လျစ်လျူမရှုဘဲ မျက်လုံးကို တိုက်ရိုက် စိုက်ကြည့်၏။

“ဒါဆိုရင် မင်းက ငါ့ကို ဘာများပြန်ပြီး ကူညီပေးနိုင်မလဲ၊ မင်းက အခြေအနေ တစ်ခုကို ထုတ်ပြောတဲ့အခါ တစ်ခုခုနဲ့ ပြန်ပြီး လဲလှယ်နိုင်မှာပေါ့”

ကျန်းရန်ဖင်က နှုတ်ခမ်းကို တင်းတင်း စေ့ပိတ်လိုက်ပြီး စိတ်ကို ဆုံးဖြတ်ချက် ချလိုက်ပုံရသည်။

“ငါ့မှာ သဘာဝလွန် စွမ်းအားရှိတယ်၊ ငါ့ရဲ့ သဘာဝလွန်စွမ်းအားက လက်နက်အသွင် ပြောင်းလဲတာပဲ၊ ငါ မင်းတို့ကို ကူညီပြီး လက်နက်အေးတွေ ဖန်တီးပေးလို့ ရတယ်”

သူ၏စကားက မဆုံးလိုက်ခင် ယန်မော့က လက်ကို မြှောက်ပြီး ဖြတ်ပြောသည်။

“ကောင်းပြီ မင်းက အခြေစိုက်စခန်းထဲကို ဝင်ချင်ရင် ဖြစ်စဉ်တောက်လျှောက် ကျော်ဖြတ်ရလိမ့်မယ်၊ အရင်ဦးဆုံး စမ်းသပ် စစ်ဆေးမှုခံပါ၊ အဲဒီနောက် သဘောတူညီမှု စာချုပ်မှာ လက်မှတ် ရေးထိုးလိုက် ဒါဆိုရင် အဆင်ပြေပြီ၊ ဒါပေမဲ့ ညီမလည်း အတူတူပဲနော်”

“ကျန်းရန်ဖင် အစောပိုင်း မကောင်းတဲ့ အတွေး ၅၀ လက်ရှိမှာ မကောင်းတဲ့ အတွေး ၁၁၀”

“ကျန်းရန်ရှီ အစောပိုင်း မကောင်းတဲ့ အတွေး ၂၀ လက်ရှိ အတွေး ၈၀”

ကျန်းရန်ဖင် ပေါ်ပေါက်လာခဲ့ခြင်းက ယန်မော့အား အိပ်မက်ကို သတိရသွားစေသည်။ ကျန်းရန်ဖင်နှင့် ညီမဖြစ်သူတို့က အိပ်မက်ထဲတွင် ပေါ်လာခဲ့ဖူးသည်။ ရှုရှင်းကလည်း တိတ်သွားသည်။ သူမသည်လည်း အလားတူသာလျှင် ဖြစ်သည်။

ဝတ္ထုစာအုပ်ထဲမှ မင်းသားနှင့် မင်းသမီး ဝေးကွာလာသောအခါ သူမသည်လည်း ဝတ္ထုထဲသို့ ဝိဉာဉ် ကူးပြောင်းလာသည့် ကိစ္စကို မေ့လျော့နေခဲ့သည်။

ဒီနေ့ကမူ ထူးထူးခြားခြား အရေးပါသော အရန်ဇာတ်ပို့ နှစ်ယောက်နှင့် လာဆုံသည်။ ထို့ကြောင့် အနည်းငယ်ပင် ငေးငိုင်သွားမိသည်။

ကျန်းရန်ဖင်နဲ့ ကျန်းရန်ရှီ

******

All Chapters