အခန်း ၂၄၃
Vol. 25 Ch. 243
243 01
အပိုင်း ၂၄၃
ကမ္ဘာအဆုံးသတ်ကာလ မတိုင်ခင်က လက်နက်ပူများက လူအနည်းစု ထိန်းချုပ်သော အရင်းအမြစ်ဖြစ်သည်။ ကမ္ဘာအဆုံးသတ် ကာလ ရောက်ရှိ ပြီးနောက် လူများက ဝရုန်းသုန်းကားဖြစ်နေခဲ့သည်။ သာမန်လူ အနည်းစုက ဝရုန်းသုန်းကား အခြေအနေကို အခွင့်ကောင်းယူပြီး လက်နက်ပူများကို ယူထားနိုင်သည်။ ထို့ကြောင့် ကျည်ဆံများက သုံး၍ ကုန်သွားချိန်ဖြစ်စေ၊ သေနတ်များက ပျက်စီးသွား၍ဖြစ်စေ ထပ်ပြီး မသုံးနိုင်တော့ပါပေ။
သက်ရှိများ၏ စွမ်းရည်များက တိုးတက်ခဲ့ပြီး ဆင့်ကဲ ပြောင်းလဲလာသည်နှင့် အမျှ သာမန်လူများ အသုံးပြုနိုင်သော လက်နက်များက အများကြီး ထိုးကျလာသည်။
ထို့ကြောင့် သာမန်လူများ အနေနှင့် ခက်ခဲသည်။ သို့ရာတွင် စွမ်းရည်ရှိသော သာမန် လူများကလည်း လက်နက်ပူများကို ရယူနိုင်လျှင်ပင် သယ်ဆောင်ထားရန် ခက်ခဲသည်။ ထိုအတွက်ကြောင့် လက်နက်အေးများက လက်နက်ပူ၏ အစားထိုးနေရာကို ဝင်ယူလာခဲ့သည်။ ထို့ကြောင့် ကိုယ့်ကိုယ်ကို ကာကွယ်ရန် ရန်သူများကို သတ်ရန် လျှို့ဝှက်လက်နက် ဖြစ်လာ၏။
ကျန်းရန်ဖင်က အသက် ၁၅ နှစ်မှသာ စာအုပ်ထဲတွင် အဓိက စပေါ်လာခဲ့ခြင်း ဖြစ်သည်။ သူသည်လည်း အဆုံးသတ်ကာလမျိုးတွင် လက်နက်သွန်းလုပ်သော ဆရာသခင် ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။ သူသည် လက်နက်အေး သွန်းလုပ်သည့် ခေတ်တစ်ခုကို ဖန်တီးခဲ့သည်။
အတိတ်တွင် ပန်းပဲဆရာ အများစုကသာ လုပ်နိုင်သော လက်နက်များအား အဆင့်မြှင့်တင် ပေးနိုင်သည်။ ကမ္ဘာအဆုံးသတ် ကာလမျိုးတွင် အဆင့်အတန်း မြင့်မားခြင်း မရှိသော သူများအတွက်မူ ဒါဟာ အလွန် အသုံးဝင်သော စွမ်းရည်မျိုး ဖြစ်လာလေသည်။
ကျန်းရန်ဖင်က အခြားသော လက်နက် သွန်းလုပ်သူများနှင့် ခြားနားသည်။ သူသည် အမျိုးမျိုးသော သတ္တုများအား ဆင့်ကဲပြောင်းလဲထားသည့် မျိုးရိုးဗီဇဆင့်ကဲ ပြောင်းလဲသွားသော တိရစ္ဆာန်များ၏ အမျိုးမျိုးသော အစိတ်အပိုင်းများနှင့် ပေါင်းစပ်ကာ လက်နက်သစ်များကို သွန်းလုပ်နိုင်စွမ်းရည်ရှိသူ ဖြစ်သည်။ ပထမဦးဆုံးအနေဖြင့် သွန်းလုပ်သူလည်း ဖြစ်သည်။ တိရစ္ဆာန်များ၏ အရိုးများဖြင့် လုပ်ထားသော ထိုလက်နက်များက ပို၍ပင် ချွန်ထက်သည်။ သို့သော် ပို၍ပင် ပေါ့ပါးသေး၏။ ထို့ကြောင့် တူညီသော အခြေအနေမျိုးတွင်ပင် အမျိုးမျိုးသော ပုံသဏ္ဍာန်မျိုးနှင့် ရှိနေနိုင်သလို ပို၍လည်း အသုံးဝင်လေသည်။
သူ ဖန်တီးထားသော လက်နက်အေးများကို ဇွန်ဘီ အမြူတေများဖြင့်လည်း တပ်ဆင်ထားတတ်သည်။ ထိုသို့ တပ်ဆင်ထားသောအခါ ထိုလက်နက်အေး များက နဂို လက်နက်အေး၏ စွမ်းအားထက် အများကြီး ပိုမြင့်သွားတတ်ပြီး တိုက်ခိုက်နိုင်စွမ်းရည်ကလည်း ပို၍ပင်ပြင်းထန်သွားကာ သာမန်လူများ၏ ဇွန်ဘီ သတ်နိုင်စွမ်းရည်ကို မြှင့်တင်ပေးလိုက် နိုင်လေသည်။
သာမန်လူများအတွက်ကမူ သူတို့က ထိုကဲ့သို့ လက်နက်အေးမျိုးကို ပိုင်ဆိုင်ထားနိုင်မည်ဆိုလျှင် ကိုယ့်ကိုယ်ကို ကာကွယ်နိုင်စွမ်းရည် မြင့်မားလေသည်။ ဒါဟာ အထူးစွမ်းရည်ရှိသော လူများထက်ပင် မနိမ့်ကျတော့ပါပေ။
243 02
ကျန်းရန်ဖင်က ကမ္ဘာအဆုံးသတ် ကာလတွင် သူ၏ထူးချွန်လွန်းသော လက်နက်သွန်းလုပ်သည့် စွမ်းရည်မျိုး၊ လက်နက်များနှင့် ပတ်သက်သည့် အထိမခံမှုမျိုးကြောင့် အတော်လေးကို ကျော်ကြားသော ဆရာသခင်ကြီး ဖြစ်လာ၏။
လူတိုင်းက သူသွန်းလုပ်ထားသော လက်နက်များကို မရရှိနိုင်ပေ။ သူကလည်း လက်နက်လိုသော သူများကို မမျှော်လင့်ထားသော တောင်းဆိုမှုများ လုပ်တတ်သည်။
လူတစ်ယောက်ကို သတ်ခိုင်းခြင်းဖြစ်စေ သို့မဟုတ် လူရာကျော်ကို သတ်ခိုင်းခြင်းဖြစ်စေ ဖြစ်နိုင်၏။ သို့မဟုတ် လမ်းဘေးရှိ သစ်ပင် တစ်ပင်ပေါ်မှ သစ်ရွက်ကို ခူးခိုင်းခြင်း၊ တောရိုင်းပန်းကို ခူးခိုင်းခြင်းမျိုးလည်း ဖြစ်နိုင်၏။
သူ၏အတွေးကို မည်သူကမှ မခန့်မှန်းနိုင်ပေ။ သို့သော် သူ၏ ကိုယ်တိုင်ကိုယ်ကျ သွန်းလုပ်သော လက်နက်မျိုးကို ရရှိသောအခါ အားလုံးက ဂုဏ်ယူတတ်ကြသည်။
သူဟာ စိတ်ထား ကောင်းသည်ဟုလည်း မည်သူကမှ မထင်ပါချေ။ အကြောင်းမူကား သူသည်လည်း အဆင့်မြင့် သဘာဝလွန် စွမ်းအားရှိသော အသင်း ဆယ်ခုကျော်ထက် မနည်း ငှားရမ်းခဲ့ပြီး Tမြို့မှ လူအယောက် နှစ်ရာခန့်ရှိသော အခြေစိုက်စခန်း တစ်ခုကို ဖျက်ဆီးခိုင်းခဲ့ဖူးသောကြောင့် ဖြစ်သည်။ ထိုကိစ္စက အတော်လေးကို ပွက်လောရိုက် သွားသေးသည်။
အတွင်းပုံပြင်ကို သိသောသူက ကျန်းရန်ဖင် ကြီးပြင်းလာခဲ့ခြင်း မရှိခင်က သူနှင့်ညီမ ဖြစ်သူတို့က တစ်ယောက်ကိုတစ်ယောက် မှီခိုကာ နေထိုင်ခဲ့ကြသည်။ သို့သော် ထိုအခြေစိုက်စခန်းထဲတွင် နေထိုင်နေခဲ့ရာမှ သူဟာ တာဝန်တစ်ခုကို ထွက်သွားလုပ်နေချိန်တွင် နောက်ထပ် အခြေစိုက်စခန်းတစ်ခုမှ ပိုင်ရှင်၏သားက ညီမဖြစ်သူကို သဘောကျသွားပြီး သူမကို အင်အားသုံးကာ ခေါ်ဆောင်ချင်ခဲ့သည်။ သူသည်လည်း စိတ်ပျက်အားငယ်စွာ တိုက်ခိုက်ခဲ့သည်။ ထို့ကြောင့် ညီမဖြစ်သူကို အခြေစိုက် စခန်းထဲသို့ ပြန်ခေါ်လာနိုင်ခဲ့၏။ သို့သော် အခြားတစ်ဖက်ခြမ်းက တံခါးကို လာခေါက်သည်။ သူက အခြေစိုက်ခန်းမှ လူများကို အကူအညီ တောင်းသောအခါ အခြေစိုက်စခန်းကလည်း တစ်ဖက်သူအား ရန်စမိမည်ကို ကြောက်ရွံ့ကြပြီး မကူညီချင်ကြပေ။ သူတို့ကိုပင် ကြိုးချည်ခဲ့ပြီး ညီမဖြစ်သူကိုပင် တစ်ဖက်ခြမ်းသို့ သွားပို့ခဲ့သေးသည်။
သူက လွတ်မြောက်သွားခဲ့၍ လူသွားရှာခဲ့ချိန်တွင် ညီမဖြစ်သူကမူ ထိုလူတစ်ဖွဲ့ကြောင့် သေအောင် အနိုင်ကျင့်ခံရပြီး အလောင်းကပင် တောထဲသို့ အပစ်ခံထားရသည်။ ထိုအတွက်ကြောင့် သူဟာ ထိုလူကို လက်စားချေခဲ့သည်။
ကျန်းရန်ရှီက ကျန်းရန်ဖင်၏မှတ်ဉာဏ်ထဲတွင် နေရာပေါ်လာခဲ့ခြင်းဖြစ်သည်။ မူလခန္ဓာကိုယ်ပိုင်ရှင် ရှုရှင်းကဲ့သို့ နောက်ခံအဖြစ်သာ ပေါ်လာခဲ့သော သူမျိုးနှင့်လည်း တူညီလေသည်။
သို့သော် သူတို့ဟာ ယခုအခါ အစစ်အမှန် ရှင်သန်နေသောသူများ ဖြစ်လေသည်။ လက်ရှိ အသွေးအသားများကို ပိုင်ဆိုင်ထားသော သူများလည်းဖြစ်သည်။ ထို့ကြောင့် ရှုရှင်းအနေဖြင့် ထိုနှစ်ယောက်၏ ပုံပြင်အကြောင်းကို သတိရသောအခါ သက်ပြင်း အသာချမိသွားသည်။ ယခု ကမ္ဘာကပ်ဘေး ကာလမျိုးတွင် ထိုနှစ်ယောက်လုံး ရှင်သန်နိုင်ရန်လည်း မျှော်လင့်မိသွားသည်။
******