← Chapters

အခန်း ၂၄၄

Vol. 25 Ch. 244

အခန်း ၂၄၄

Vol. 25 Ch. 244

244 01

အပိုင်း ၂၄၄

ကျန်းရန်ဖင်က အရှေ့မှ စာချုပ်ကို ကြည့်သည်။ အကြောင်းအရာများကို သူက မမြင်နိုင်ပေ။ ထို့ကြောင့် နံဘေးမှ ညီမဖြစ်သူကို ပြန်လှည့်ကြည့်သည်။ ထို့နောက် တစ်ချက် အံကြိတ်လိုက်ပြီး နာမည်ကို လက်မှတ်ရေးထိုးလိုက်ကာ လက်ဗွေရာပါ နှိပ်လိုက်၏။ မည်သို့ပင်ဆိုစေ အခြေအနေကလည်း သည်ထက်ပို မဆိုးနိုင်တော့ပါပေ။

ထိုသို့စာချုပ်က သက်ရောက်မှု ရှိသွားမှသာ အကြောင်းအရာများက ပေါ်လာသည်။ အကြောင်းအရာများကို ရှင်းရှင်းလင်းလင်း မြင်သွားပြီး မျက်လုံးက ပြူးသွားကာ ရူးကြောင်ကြောင် အမူအရာမျိုးက ပေါ်လာ၏။ သူ၏လက်ရှိ အသက်အရွယ်နှင့်ပင် လိုက်ဖက်လေသည်။

သူဟာ စက်ရုပ်က ပေးသော လက်ပတ်ကို ကောက်ပတ်လိုက်သည်။ ကျန်းရန်ရှီက စာချုပ်မှာ လက်မှတ်ထိုးပြီး လက်ဗွေရာ နှိပ်ပြီးနောက် ပြန်မော့ကြည့်လိုက်သောအခါ အဖြစ်အပျက်ကို သေချာနားလည်သွား၏။ ထို့ကြောင့် ညီမဖြစ်သူကို ခေါင်းအသာ ညိတ်ပြပြီး လက်မှတ် ထိုးခိုင်းသည်။ ကျန်းရန်ရှီက အစ်ကိုဖြစ်သူကို အလွန်ယုံကြည်သည်။ ထို့ကြောင့် တုံ့ဆိုင်းမနေဘဲ လက်မှတ်ထိုးလိုက်သည်။

စာရင်းသွင်းသော စက်ရုပ် “လက်ပတ်က မင်းတို့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ထည့်သွင်းထားတယ်၊ ဒါက ဒီအာရုဏ်ဦး အခြေစိုက်စခန်းကို အဝင်အထွက် လုပ်နိုင်မဲ့ တစ်ခုတည်းသော လက်မှတ်ပဲ၊ အခြေစိုက်စခန်းအတွင်းက အမျိုးမျိုးသော အသုံးပြုတဲ့ စရိတ်တွေ အားလုံးကို လက်ပတ်ထဲက စွမ်းအင်အမှတ်နဲ့ အသုံးပြုဖို့ လိုအပ်တယ်၊ အစောပိုင်း စဦး ပေးထားမဲ့ စွမ်းအင် အမှတ်တွေကတော့ တစ်ရာပါ။ နောက်ပိုင်းမှာတော့ အခြား အသုံးပြုနိုင်မဲ့ အမှတ်တွေကို ကိုယ့်ဘာသာကိုယ် ရှာဖွေရလိမ့်မယ်”

“နောက်ပြီး ဒီလက်ပတ်က မင်းတို့ သေတဲ့အထိ လိုက်နေမယ်ဆိုတဲ့ အကြောင်းကို သတိပေးရအုံးမယ်၊ အခြေစိုက်စခန်းနဲ့ ပတ်သက်တဲ့ အခြား အတွေးတွေ ရှိမယ်ဆိုရင်တော့ ဒီလက်ပတ်က တန်းပြီး သတိထားမိသွားမှာဖြစ်လို့ အခြေစိုက် စခန်းထဲကနေ ဖယ်ထုတ်ရလိမ့်မယ်၊ အဲ့ဒီလိုမှ မဟုတ်ရင်လည်း ကိုယ်တိုင်ကိုယ်ကျ ထွက်သွားချင်တဲ့အခါ လက်ပတ်က အလိုအလျောက် ပျောက်ကွယ်သွားလိမ့်မယ်”

ကျန်းရန်ဖင်နှင့် ကျန်းရန်ရှီ တို့ကလည်း လက်မှတ်ဟာ သူတို့၏ ဒီအခြေစိုက်စခန်းထဲမှ နောက်ခံအဖြစ် အာမခံချက်သက်သေဖြစ်ကြောင်း နားလည်သွားကြသည်။ ဒီလက်ပတ်ကလည်း သူတို့ကို ရုပ်ဖျက်၍ စောင့်ကြည့်နေသော ကိရိယာ တစ်ခုဟုလည်း သတ်မှတ်၍ ရသည်။

သူတို့ကလည်း ကောင်းကောင်း လက်ခံကြသည်။ အခြေအနေကသာ အဆင်ပြေမည် ဆိုလျှင်လည်း သူတို့ဟာ မစိုးရိမ်ချင်ကြပါပေ။

စာရင်းသွင်းစက်ရုပ် “နောက်ပြီး အရှေ့ဘက်က ဆေးခန်းငယ်လေးကို သွားကြပါ၊ အဲဒီမှာ လူတစ်ယောက်က ဦးဆောင်လို့ အထူးစွမ်းရည် စမ်းသပ်မှု ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုတွေကို လုပ်ပေးမှာဖြစ်ပြီး နေထိုင်ရမဲ့ နေရာကို လိုက်ပို့ပေးပါလိမ့်မယ်”

ကျန်းရန်ဖင်က ခေါင်းညိတ်လိုက်ပြီး ညီမ ဖြစ်သူနှင့်အတူ လျှောက်သွားသည်။

244 02

ထိုကလေးငယ် နှစ်ယောက်လုံးက အောင်မြင်စွာ ဝင်သွားနိုင်ကြောင်း မြင်သောအခါ အခြားသော လူများကလည်း ပို၍ ယုံကြည်မှု ရှိသွားသည်။

သို့သော် လူတိုင်းကမူ အထဲသို့ ဝင်ရောက်နိုင်သော စံချိန်မျိုး မရှိနေကြချေ။ အများစုက ဝင်ရောက်နိုင်ခြင်း မရှိကြဘဲ အဆုံးထဲတွင် လူအယောက် နှစ်ဆယ် သို့မဟုတ် သုံးဆယ်တည်းသာ အောင်မြင်စွာ ဝင်ရောက်နိုင်ကြသည်။ အချို့သူများက ပထမ တစ်သုတ်တွင်ပင် စစ်ထုတ်ခံရသည်။ အခြေစိုက် စခန်းထဲသို့ အောင်မြင်စွာ ဝင်ရာက်နိုင်သော သူများကို မြင်သောအခါ ထိုလူများက မုန်းတီးလာကြပြီး စတင်ကာ အော်ကြ၏။

“ဒါက မမျှတတာပဲ၊ ဘာလို့ သူတို့က ဝင်နိုင်တာလဲ။ ဟမ် ငါတို့က အသက်ကြီးနေလို့ မဝင်နိုင်တာလား၊ မင်းတို့က ကြောင်သူတော်တွေပဲ ဘယ်လိုတောင် လုပ်နေတာလဲ”

သူတို့က ဆူညံစွာ စွပ်စွဲနေသည့် အနေအထားကို တုံ့ပြန်သည့် အနေဖြင့် ရှုရှင်းတို့က တစ်ချက်ပင် လှည့်မကြည့်လိုက်ပါပေ။

ထိုလူများကလည်း သူတို့ကို မခြိမ်းခြောက်နိုင်ပေ။ ပထမ တစ်သုတ်တွင် ဖယ်ထုတ်ခံရသောအခါ သူတို့၏ အကျင့်စရိုက်ကို သိနိုင်သည်။

ဆိုးရိုးစကား တစ်ခုကဲ့သို့ဖြစ်သည် အစ်တူ အသက်ကြီးတဲ့ လူတွေက ဆိုးတာ မဟုတ်ဘူး၊ ဒါပေမဲ့ ဆိုးတဲ့လူတွေက အသက်ကြီးသွားတာ။

လူတစ်ယောက်က အတွင်းထဲကအထိ ဆိုးသွမ်းနေခဲ့ပါက အသက်ကြီးသောအခါ ပြန်ကောင်းသွားနိုင်ခြေ မရှိပါပေ။

ဝရုန်းသုန်းကား လုပ်နေသော်လည်း လိုချင်သည့် သက်ရောက်မှုကို မရနိုင်သည့်အပြင် ကောင်းကင်မှ နေက ပူသထက် ပူလာသည်။ အချိန်အတန်ကြာ နေရသောအခါ နေလည်း လောင်လာသည်။ ထို့ကြောင့် သူတို့အသက်ကို ရင်းခြင်းအားဖြင့် ထိုနေရာမှ ထွက်သွားလိုက်ရသည်။

ယန်မော့က အိမ်တော်ထိန်း 001 အား သည်နေ့ လက်ခံထားသော သူများကို အခြေစိုက်စခန်း၏ အလယ်ရှိ ဝန်ဆောင်မှု စင်တာတွင် စုစည်းခိုင်းထားသည်။ သူသည် ကိစ္စများကို ကြိုတင် ရှင်းရှင်းလင်းလင်း လုပ်ထားရပေမည်။

အိမ်တော်ထိန်း 001 ကလည်း အလွန်အမင်း လုပ်ကိုင်နိုင်စွမ်းရည် ပြင်းထန်သည်။ သူက ၁၅ မိနစ်ပင် မကြာသေးခင် ဝန်ဆောင်မှု စင်တာရှိ ဆိုဖာပေါ်တွင် အားလုံးကို စောင့်နေစေသည်။ ထိုအချိန်တွင် ဝန်ထမ်းများ အားလုံးက ရောက်လာ၏။

သူတို့၏ နှလုံးသားထဲတွင်ပင် အာရုဏ်ဦး အခြေစိုက်စခန်းမှ အခြေအနေကြောင့် အံ့အားသင့်နေကြသည်။ အာရုဏ်ဦး အခြေစိုက်စခန်းမှ အဆောက်အဦးများကလည်း ကမ္ဘာကပ်ဘေး ကာလပြီးနောက်မှ ဆောက်ထားခြင်း ပုံစံမျိုးနှင့် မတူညီနေပါပေ။ ဒါဟာ ကံဆိုးမှုမှ ကံကောင်းမှုမျိုး ဖြစ်လောက်သည်။

******

All Chapters