အခန်း ၂၄၆
Vol. 25 Ch. 246
246 01
အပိုင်း ၂၄၆
“ဘုရားရေ ငါ့မျက်လုံး မှားနေတာ မဟုတ်ဘူးပဲ၊ ဒီမှာ ရေးထားတဲ့တာဝန်က ဆရာ တဲ့လား”
“ဒီလောက် လွယ်ကူတဲ့ အလုပ်က ကောင်းလိုက်တာ”
“ကောက်ပဲသီးနှံတွေ စိုက်တာ၊ သက်ရှိရိက္ခာတွေ မွေးတာ၊ ဘာလဲ စိုက်ပျိုး မွေးမြူရေးဌာန ဟုတ်လား”
မနက်အစောပိုင်းတွင် ဝန်ဆောင်မှုဌာနက လူတွေ ပြည့်နေသည်။ အသစ်ဝင်လာသော လူတိုင်းက ရောက်လာကြ၏။
ရှုရှင်းကလည်း တတိယထပ် ရုံးခန်းအလယ်ရှိ ကြီးမားသော ပြင်သစ် ပြတင်းပေါက်ကြီး၏ အရှေ့တွင် ကပ်နေကာ အောက်ဘက်မှ အခြေအနေကို ငုံ့ကြည့်ပြီး ပျော်ရွှင်စွာ ပြော၏။
“ဟမ့် အားလုံးက အရမ်း ပျော်နေကြတဲ့ပုံပဲ”
“ရှင်းပေါင် လုံလောက်အောင် ကြည့်ပြီးပြီဆိုရင် လာတော့ မနက်စာ စားမယ်”
ယန်မော့က အတင်း လှမ်းခေါ်သည်။
သူက နံဘေးမှ ခုံကို ပုတ်ပြနေခြင်းဖြစ်သည်။ ရှုရှင်းကလည်း အကြည့် ပြန်ရုတ်လိုက်၏။
“လာပြီ လာပြီ လာပြီ”
“မနေ့က ရောက်လာတဲ့ ဘယ်စွမ်းအား ပညာရှင်ကမှ ပြန်မသွားနိုင်ကြဘူး၊ သူက ရောက်တာနဲ့ ဝရုန်းသုန်းကား ရောက်လာတာဆိုတော့ အမျိုးမျိုးသော သတင်းတွေက ပျံ့နေလောက်ပြီ”
မူချီမိုင်ကလည်း တစ်ယောက်ထိုင် ဆိုဖာပေါ်တွင် ထိုင်နေရင်း လှမ်းပြောသည်။ ပုရှန်းဝမ်က နှုတ်ခမ်း တစ်ချက် သပ်သည်။
“ကျွတ် အခြေစိုက်စခန်းကို ဝင်ချင်ကြတယ်၊ ဒါပေမဲ့ အငြင်းခံရတဲ့ ကောင်တွေလေ၊ ကောလဟာလက ဘယ်လို ပျံ့နိုင်မှာလဲ၊ ဒါပေမဲ့ ပျံ့ခဲ့ရင်လည်း ဘယ်လိုမျိုး ဖြစ်လောက်မလဲ”
“ငါတို့ သူတို့ကို ကူညီပြီး ဝရုန်းသုန်းကား လုပ်ပေးတာ ကျေးဇူးတင်ရမယ်၊ ငါတို့က နာမည်ကြီးသွားပြီ ဟုတ်တယ်မလား၊ အခုဆိုရင် ဒီတစ်မြို့လုံးကလည်း အင်အား ကြီးမားတဲ့ အာရုဏ်ဦးအခြေစိုက်စခန်း ဆိုတာ တည်ရှိနေတဲ့ အကြောင်းကို ကြားလောက်ပြီ၊ ဆိုတော့ အနာဂါတ်မှာ ငါတို့ကို ဘယ်လို အံ့အားသင့်စရာတွေက စောင့်ကြိုနေလောက်မလဲ”
ပုယွမ်ကျိုးက လက်ထဲမှ လျှပ်စစ်ဒေတာများကို လှန်နေရင်း အချက်အလက်များကို သေချာ တွေးတောကြည့်သည်။
မေးမြန်းရန်ပင် မလိုအပ်ပါချေ။ လက်တွေ့စမ်းသပ်မှုက ထိုနေရာတွင် တစ်နေလောက်သည်။ အကြောင်းမူကား သူသည် သည်နေရာကို ၈ နာရီခွဲအထိ ထိုင်နေသည်။
ယန်မော့ “ဒီအခြေအနေကို အခွင့်ကောင်းယူပြီး အခြေစိုက်စခန်းက စွမ်းရည်ရှိတဲ့ လူတွေ ခန့်အပ်တယ်ဆိုတဲ့ သတင်းကို ဖြန့်လိုက်၊ လတ်ဆတ်တဲ့ သွေးကို ထပ်ထည့်ရမယ် ဒါမှလည်း တိုက်ခိုက်စွမ်းအားက မြင့်မှာ”
246 02
“ဒါဆိုရင် သာမန်လူတွေကိုရော ထပ်ထည့်ရမှာလား”
ရှုရှင်းက မျက်တောင် တဖျတ်ဖျတ် လှုပ်သည်။
“အခုတော့ လက်မခံနဲ့အုံး”
ယန်မော့က ခေါင်းခါ၏။
“အခြေစိုက်စခန်းထဲမှာ စွမ်းအင်ရှိတဲ့လူက တအားနည်းလွန်းတယ်၊ သာမန်လူတွေ ကလည်း အခြေစိုက်စခန်းထဲက ထွက်ခွင့် မရှိသင့်ဘူး၊ သူတို့ ထွက်ချင်ရင်တော့ အထူးစွမ်းအင်ရှိတဲ့ လူတွေကို အဖော်ပြုမှ ဖြစ်လိမ့်မယ်၊ အခြေစိုက်စခန်းက သူတို့ကို နေထိုင်စရာ နေရာပေးထားတယ်ဆိုတော့ သူတို့ကလည်း နည်းနည်းပါးပါး အကျိုးပြုရမှာပေါ့၊ သူတို့က နည်းနည်း ကျေးဇူးတင်ပြီး များများ မုန်းတီးနေရင်လည်း မဖြစ်သေးဘူးလေ ဟုတ်တယ်မလား”
ရှုရှင်းကလည်း နားလည်မှု အပြည့်ဖြင့် ခေါင်းညိတ်သည်။ မည်သို့ပင်ဆိုစေ မည်သူကမှ လည်း ကျေးဇူးမသိတတ်တဲ့ လူတစ်အုပ်ကို မမွေးချင်ပါပေ။
ပုရှန်းဝမ် “ဒါဆိုရင် မနက်ဖြန် ချီမိုင်နဲ့ငါ အပြင်ထွက်ပြီး သတင်းတွေ စုံစမ်းလိုက်ရင်းနဲ့ တစ်ခါတည်း သတင်းဖြန့်လိုက်မယ်လေ၊ အဆင်ပြေတယ်မလား”
“အင်း ယွမ်ကျိုး မင်း မနက်ဖြန် ငါနဲ့လိုက်ခဲ့ ငါတို့လည်း အပြင်ထွက်ပြီး လတ်လတ်ဆတ်ဆတ် လေကောင်းလေသန့် ရှူရအောင်။ မင်းလည်း ဦးနှောက်ကို ဆေးတာပေါ့၊ အခုတလော အကြံသစ်တွေ မရဘူးမလား၊ မင်းလည်း အပြင်ထွက်ခြင်းအားဖြင့် အကြံသစ်တွေ ရချင်ရမှာပေါ့”
ယန်မော့က ပုယွမ်ကျိုးကို ကြည့်ပြီး ပြောသည်။
“အင်း ရတယ်လေ”
ပုယွမ်ကျိုးကလည်း ခေါင်းညိတ်ပြီး သဘောတူသည်။ ထို့နောက် သူတို့က အခြေစိုက်စခန်း၏ ဖွံ့ဖြိုးတိုးတက်မှုဘက် အသီးသီးနှင့် ပတ်သက်ပြီး ဆွေးနွေးကြသည်။ နေ့လည်စာ စားပြီးမှသာ လူစုခွဲကြ၏။
ယန်မော့က နာကျင်နေသော နဖူးကို တစ်ချက်ပွတ်သည်။
အခြေစိုက်စခန်းတွင် လူနည်းလွန်းသည်။ ထို့ကြောင့် စွမ်းအင်ရှိသော သူများကို အလျင်စလို ခန့်အပ်လိုသည်။
အခြေစိုက်စခန်းထဲတွင် အခြားသော လူများလည်း ရှိသည်။ ထို့ကြောင့် သူတို့ ငါးယောက်က တာဝန်များကို အတူထွက်လုပ်၍ မဖြစ်တော့ပေ။ သို့မဟုတ်ပါက အရေးပေါ် အခြေအနေ ဖြစ်လာသောအခါ မည်သူကမှ မကိုင်တွယ် နိုင်လောက်ပေ။
မနေ့ကမှ ဝင်လာသော ကျန်းရန်ဖင် အကြောင်းကို တွေးမိသောအခါ ယန်မော့၏ စိတ်ထဲ အတွေးပေါင်းများစွာ ဖြတ်ပြေးသွား၏။
ကမ္ဘာအဆုံးသတ် ကာလတွင် ကလေးများ ကြီးပြင်းရန် နေရာမျိုးကလည်း ယခုလိုမျိုး ရုံးခန်းနေရာမျိုးသာ ဖြစ်နေသည်။ ထို့ကြောင့် ကလေးများက အဆုံးသတ်ကာလ မတိုင်ခင်က ကြီးပြင်းပုံနှင့် လုံးဝ ခြားနားပေလိမ့်မည်။ အဆုံးသတ် ကာလတွင် ၃ နှစ်အရွယ် ကလေးကပင် ကိုယ့်ကိုယ်ကို ဖုံးကွယ်တတ်နေသည်။
ကျန်းရန်ဖင်က ညီမဖြစ်သူနှင့် ယခုလောက်အထိ နေထိုင်နိုင်ကတည်းက သူသည်လည်း ဉာဏ်ကောင်းပြီး အကြံအစည် ကြီးရပေမည်။
ကြည့်ရသည်မှာ သူသည်လည်း လက်နက်သွန်းလုပ် ဆရာသခင်ကြီးနှင့် ကောင်းကောင်း စကားပြောရန် လိုအပ်လောက်၏။
သို့သော် သူ မမျှော်လင့်ထားသည်မှာ သူကပင် တစ်ဖက်သူကို စကားပြောရန် မကြံစည်ရသေးခင် တစ်ဖက်သူက အိမ်တိုင်ရာရောက် လာရောက်ပြီး တံခါး ခေါက်လေသည်။
******