အခန်း ၂၄၇
Vol. 25 Ch. 247
247 01
အပိုင်း ၂၄၇
ကျန်းရန်ဖင်က အိမ်တော်ထိန်း 001 ကတဆင့် အိမ်ထဲသို့ လာရောက်ခဲ့ချိန်တွင် ညသန်းခေါင် ၂ နာရီဖြစ်သည်။ ထိုအချိန်တွင် ယန်မော့က ရှုရှင်းကို ဖက်ပြီး အိပ်ပျော်ကာစ ဖြစ်သည်။
ဒေါက် ဒေါက် ဒေါက်
ညအချိန်တွင် မမျှော်လင့်သော တံခါး ခေါက်သံက ထွက်လာ၏။
ယန်မော့က မျက်လုံးကို ချက်ချင်း ဖွင့်လိုက်ကာ လက်ကိုမြှောက်၍ ရှုရှင်း၏ကျောကိုပုတ်၍ ဆက်ပြီး အိပ်ခိုင်းသည်။
“လိမ္မာတယ် ဆက်အိပ်လိုက်နော် ငါ သွားကြည့်လိုက်မယ်”
“အင်း မြန်မြန် ပြန်လာနော်”
“အင်း အိပ်လိုက်အုံး”
ရင်ခွင်ထဲမှ လူက ထပ်ပြီး အိပ်ပျော်သွားပြီးမှသာ ယန်မော့က ချက်ချင်းထ၍ တံခါးကို သွားဖွင့်ပြီး ထွက်လာသည်။
ယန်မော့က အိမ်တော်ထိန်း 001 ကို ကြည့်သည်။
“ဘာဖြစ်လို့လဲ”
အိမ်တော်ထိန်း 001 “လွန်ခဲ့တဲ့ ရက်အနည်းငယ်က အခြေစိုက် စခန်းထဲကို ဝင်လာတဲ့ ကျန်းရန်ဖင်က လာတွေ့တယ်၊ သူ့ညီမက ဖျားနေလို့ ဆေး လိုချင်တာတဲ့”
“ငါ သိပြီ> သူ အခု ဘယ်မှာလဲ”
အိမ်တော်ထိန်း 001 “အောက်ထပ်က ဧည့်ခန်းထဲမှာပါ စောင့်နေပါတယ်”
ကျန်းရန်ဖင်က စိုးရိမ်စိတ်များသော မျက်နှာထားမျိုးနှင့် ဖြစ်သည်။ သူသည် ဧည့်ခန်းထဲတွင် ရှေ့ပြန်နောက်ပြန် လျှောက်နေ၏။ မကြာခဏ ဆိုသလို လှေကားဘက်သို့ ကြည့်နေသေးပြီး ဆင်းလာသူ ရှိမရှိ မျှော်လင့်နေသည်။
ယန်မော့ ပေါ်လာကြောင်း မြင်သည်နှင့် အပြေးအလွှား လာကာ ပြော၏။
“ခေါင်းဆောင်ရန် ကျေးဇူးပြုပြီး ငါ့ညီမကို ကယ်ပါအုံး၊ ငါ့ညီမကို ကယ်နိုင်သမျှ ငါ ဘာမဆို လုပ်ပါ့မယ်၊ ငါ့အသက်ကိုလည်း ပေးနိုင်ပါတယ်”
ယန်မော့ကလည်း ချက်ချင်း သဘောမတူသေးဘဲ အောက်ထပ်သို့ တည်တည်ငြိမ်ငြိမ် ဆင်းလာကာ အပြင်ဘက်သို့ ထွက်သည်။ ကျန်းရန်ဖင်က တုံ့ပြန်သံကို မကြားရပေ။ သင့်လျော်သော အခန်းအပူချိန်ထဲတွင် နေရချိန်တွင်ပင် သူဟာ အဆုံးအစမဲ့သော ရေခဲဂူထဲသို့ ရောက်နေသကဲ့သို့ ခံစားရပြီး သူ၏ နှလုံးသားက အေးစိမ့်သွားသည်။
သူ တကယ်ပဲ သူ့ရဲ့နောက်ဆုံးသော ဆွေမျိုးကို ဆုံးရှုံးလိုက်ရတော့မှာလား။
“ဒီမှာပဲ အရူးလို ရပ်မနေနဲ့လေ၊ အခြေအနေကို သွားပြီး ကြည့်ကြမယ်”
ယန်မော့က တံခါးအနားသို့ ရောက်သောအခါ တစ်ဖက်သူက လိုက်မလာသေးသဖြင့် လှမ်းခေါ်ရသည်။
ကျန်းရန်ဖင်က နားမလည်သလို မော့ကြည့်သည်။ သူ ကြားလိုက်သော စကားကိုလည်း တွေးတောနေ၏။
“အိမ်တော်ထိန်း လူကို အပေါ်ထပ် ခေါ်လာခဲ့”
အိမ်တော်ထိန်း 001 က အပြေးအလွှား လာပြီးနောက် လူကို ကောက်မသည်။
ငေးငိုင်နေသော ကျန်းရန်ဖင်; ထူးဆန်းလိုက်တာ ဘာလို့ ရုတ်တရက် ငါ့ရဲ့ ကံကြမ္မာကို လည်ဂုတ်က လူက ကိုင်ဆောင်ထားသလို ခံစားရ …
သူက ငုံ့ကြည့်လိုက်သည်။ သူ၏ ခြေထောက်က မြေပြင်မှ လွတ်ထွက်နေသည်။ ပတ်ဝန်းကျင် မြင်ကွင်းကလည်း ပြောင်းနေသည်။
ကယ်ကြပါ၊ သူ ရုတ်တရက် အသက် မရှူနိုင်တော့ဘူး။
သူက တစ်ဖက်သို့ လှည့်ကြည့်မှသာ ဖြစ်စဉ်ကို နားလည်လိုက်သည်။
247 02
ကျန်းရန်ဖင် “အဟမ်း ငါ့ကို ချပေးလို့ ရမလား၊ ငါ ကိုယ်တိုင် လမ်းလျှောက်နိုင်ပါတယ်”
အိမ်တော်ထိန်း 001 မင်းရဲ့ခြေထောက်က အရမ်းတိုတယ်၊ ဆိုတော့ ငါ မင်းကို ခေါ်သွားလိုက်ခြင်းအားဖြင့် မင်း မြန်မြန် လျှောက်နိုင်မယ်လေ၊ ဘာပဲဖြစ်ဖြစ် မင်းရဲ့ညီမ ကိစ္စက အရေးကြီးတယ်မလား”
ကျန်းရန်ဖင် “….”
သူ မငြင်းနိုင်ဘူး၊ ကောင်းပြီလေ၊ ဆိုတော့ ခဏလောက်တော့ သည်းခံ လိုက်ပါ့မယ်။
ယန်မော့တို့က အခြေစိုက်စခန်း၏ယာဉ်ပေါ်သို့ တက်ပြီးနောက် သိပ်မကြာခင် မှာပင် ကျန်းရန်ဖင်တို့နေသော တိုက်ခန်းသို့ ရောက်သွားသည်။
သိပ်မကြာခင်မှာပင် ခန္ဓာကိုယ် စစ်ဆေးမှုကို လုပ်ပြီးနောက် နောက်ထပ် စက်ရုပ် တစ်ရုပ်က ရောက်လာပြီးနောက် ထိုတစ်ခန်းလုံးက လူပြည့်သွားသည်။
ယန်မော့က သတင်းကို ကြားပြီးသည်နှင့် အိမ်တော်ထိန်းကတဆင့် ကိစ္စများကို စီစဉ်ထားပြီးသား ဖြစ်သည်။ မည်သို့ပင်ဆိုစေ သူသည်လည်း ရောဂါကို မစစ်ပေးတတ်ပါပေ။ အဖျားကိုလည်း မကုပေးတတ်ပေ။ ထို့ကြောင့် ပညာရှင်များ၏ ကိစ္စကို ပညာရှင်များကသာ လုပ်ဆောင်သင့်သည်။
စစ်ဆေးမှု ပြီးသည်နှင့် ယန်မော့က တင်ပြချက်အား အိမ်တော်ထိန်းမှတဆင့် ပါဝင်ပတ်သက်သောသူဆီ ပို့ခိုင်းလိုက်သည်။
ယန်မော့ “မင်းညီမက သဘာဝလွန်စွမ်းအား နိုးလာလို့ ဖျားတာပဲ၊ မင်းအနေနဲ့ အများကြီး စိုးရိမ်စရာ မလိုဘူး၊ ဒါပေမဲ့ မင်းညီမက ရေရှည် အာဟာရချို့တဲ့မှုကြောင့် သဘာဝလွန် စွမ်းအားကို အောင်အောင်မြင်မြင် နှိုးနိုင်ဖို့ ခက်လိမ့်မယ်၊ ဒါကြောင့် ငါက အိမ်တော်ထိန်းကို မင်းညီမကို ကူပြီး သဘာဝလွန်စွမ်းအား ချောချောမွေ့မွေ့ နိုးထနိုင်စေဖို့ အာဟာရဆေးရည် သွင်းခိုင်းလိုက်တယ်၊ အာ စကားမစပ် မင်းအနေနဲ့ သူမကို အချိန်ပြည့် အဖျားကျဆေး၊ အရောင်ကျဆေး၊ အကိုက်အခဲ ပျောက်ဆေးတွေ တိုက်ဖို့ လိုအပ်တယ်၊ အဲ့ဒီလိုမှ မဟုတ်ရင် သူမက အဖျားကြီးပြီး စွမ်းအား အောင်အောင်မြင်မြင် နိုးနိုင်ဖို့ ခက်လိမ့်မယ်”
ထိုအခါမှလည်း ကျန်းရန်ဖင်က အသိစိတ် ပြန်ဝင်တော့သည်။ သူ၏ညီမ ဖြစ်သူက သဘာဝလွန်စွမ်းအား နိုးထလာသည်။
ကျန်းရန်ဖင်က ယန်မော့ကို ကြည့်ပြီး ပြော၏။
“မင်း ငါ့ညီမရဲ့ အသက်ကို ကယ်လိုက်တာပဲ၊ ငါ ကတိတည်တယ်၊ အခုကစပြီး ငါ့အသက်ကို မင်း ပိုင်တယ်၊ မင်း ငါ့ကို လုပ်ခိုင်းသမျှ ငါ မငြင်းဘူး၊ မင်းကသာ အရှေ့ဘက်ကို သွားဆိုရင် ငါ ဘယ်တော့မှ အနောက်ဘက်ကို မရွေ့ဘူး”
သူသည် ရိုးသားစွာ ပြောလိုက်သည်။ ယန်မော့ကလည်း သူ့ညီမ အသက်ကို အမှန်တကယ် ကယ်တင်ခဲ့လေသည်။
အာဟာရဆေးရည်၊ အားဖြည့်ဆေးရည်၊ အရောင်ကျဆေး၊ အဖျားကျဆေး စသည်ဖြင့် အရာအားလုံးက မည်မျှအဖိုးတန်ကြောင်း ကောင်းကောင်းသိသည်။ စမ်းသပ်မှုများကလည်း ခက်ခဲနိုင်သည်။ အခြားသော အခြေစိုက်စခန်းတွင် ဆိုပါက အခုလို ဆက်ဆံခံရလိမ့်မည် မဟုတ်ပေ။ အရေးကြီးဆုံးအချက်ကမူ သူတို့သည် အရိုက်ခံရနိုင်သေးသည်။
ယန်မော့ “ရိုးရိုးသားသား ပြောရမယ်ဆိုရင် အခု အနေအထားအရ မင်းက ငါ့အတွက် ဘာအသုံးမှ မဝင်သေးဘူး၊ မင်းရဲ့စွမ်းရည်ကလည်း ငါ့ရဲ့ စံချိန်စံနှုန်းကို မပြည့်မီသေးဘူး၊ ဒါကြောင့် မင်းက ငါ့ရဲ့အနောက်ကို လိုက်ပြီး မင်းရဲ့ညီမကို ပိုကောင်းတဲ့ဘဝမှာ ထားချင်ရင်တော့ လုံလောက်အောင် မသန်မာသေးဘူးလို့ ပြောရလိမ့်မယ်”
“ငါ ကြိုးစားပြီး ငါ့ရဲ့ စွမ်းအားကို မြှင့်တင်မှာပါ၊ ငါ တန်ကြေး ရှိစေရမယ်”
ကျန်းရန်ဖင်က အလျင်အမြန် ပြောသည်။
“ဒါက မင်းရဲ့ လုပ်ဆောင်မှုအပေါ် မူတည်တယ်”
ယန်မော့က သူ့ကို တစ်ချက် ကြည့်သည်။ ထို့နောက် ထရပ်ကာ ထွက်သွား၏။
ကိစ္စကိုလည်း ဖြေရှင်းပြီးသားဖြစ်သည်။ သူကလည်း မလိုအပ်တော့ပါချေ။ ထို့ကြောင့် သူသည် သူ၏အိပ်ယာသို့ ပြန်သွားကာ နူးညံ့ကာ ချိုမြိန်သည့် ဇနီးလေးကို ဖက်ပြီး အိပ်ချင်နေသည်။
ကျန်းရန်ဖင်က ကတိတည်သည်။ ညီမဖြစ်သူက သက်သာသည်နှင့် သူသည် ရှုရှင်းတို့ အိမ်သို့ နေ့တိုင်းလိုလို လာကာ သတင်းပို့သည်။
247 03
ရှုရှင်းက စံအိမ်ထဲမှ သူ့ကို ပထမဆုံး မြင်ရသောအခါ ရုတ်တရက် အံ့ဩသွားသည်။ ထို့နောက် ယန်မော့ကို ဘေးသို့ ဆွဲခေါ်ကာ မည်သူကမှ သတိမထားမိချိန် ခပ်တိုးတိုး မေး၏။
“ငါတို့ ကလေး အလုပ်သမား ခေါ်ရလောက်အောင် အရမ်း ရက်စက်နေပြီလား”
ယန်မော့ : …
သူက ရှုရှင်းနှင့် အကြည့်ချင်း ဖလှယ်လိုက်သည်။
မျက်လုံးချင်းဆုံရုံ အနေအထားမျိုးနှင့် တစ်ဖက်သူကို အတည်ပြုပေး လိုက်သည်။
“ကိစ္စမရှိပါဘူး၊ ကိစ္စမရှိဘူး၊ အခုက အဆုံးသတ်ကာလပဲ ဆိုတော့ ဘယ်စည်းမျဉ်းကမှ ငါတို့ကို အပြစ်ပေးလို့ မရဘူး”
“တစ်ခုတည်းသော အပြစ်ပေးမှာကတော့ ငါတို့ရဲ့ အသိစိတ်ပဲ”
သေစမ်း ငါ့ရဲ့ အသိစိတ်က မနာဘူး၊ မျှော်လင့်ထားတဲ့ အတိုင်းပဲ ငါက အရင်းရှင် ဖြစ်သွားတော့ အသိစိတ်က ခွေးစားသွားပြီ။
ယန်မော့က ယန်မော့က ရှုရှင်းကို နှစ်သိမ့်ရန် ပြင်နေချိန်တွင် ရှုရှင်းက သူမဘာသာသူမ အကြောင်းပြချက်ပေးပြီး အသိစိတ် ပျောက်သွားသည်။
ယန်မော့ … ရုတ်တရက် နည်းနည်း အင်အား မဲ့သွားသလိုပဲ။
ထားလိုက်ပါတော့ အရေးမကြီးပါဘူး။
သူ့ရဲ့ဇနီးလေး ပျော်ရင် ပြီးတာပါပဲ။
ထိုနေ့မှ စတင်လေပြီး ကျန်းရန်ဖင်သည် ယန်မော့၊ ပုရှန်းဝမ်၊ မူချင်မိုင်တို့၏ အနောက်မှ လိုက်ကာ အမျိုးမျိုးသော ဗဟုသုတများကို လိုက်သင်လေသည်။
တစ်ခါတစ်ရံတွင် သူက ယန်မော့ အနောက်မှလိုက်ကာ လူများ၏ နှလုံးသားကို ထိန်းချုပ်ရန် လေ့လာသည်။ တစ်ခါတစ်ရံတွင် ပုရှန်းဝမ်၏နံဘေးနားတွင် နေပြီး အခြေစိုက်စခန်းကို စီမံသည်။ တစ်ခါတစ်ရံတွင်မူ မူချင်မိုင်ထံမှတဆင့် လေ့ကျင့်ရေးကွင်းထဲသို့ သွားကာ ကိုယ်တိုင် လေ့ကျင့်မှုကို ခံယူသည်။
ကျန်းရန်ရှီကလည်း လုံလောက်အောင် ကံကောင်းပြီး သူမ၏သစ်သား အခြေပြုစွမ်းအားကို နိုးထနိုင်ခဲ့သည်။ သူမသည် အမြဲတမ်းဆိုသလို ကျန်းရန်ဖင်၏ အနောက်မှလိုက်ကာ စံအိမ်နယ်မြေသို့ လိုက်လာသည်။ ထို့ကြောင့် ယန်မော့တို့ကလည်း လိုအပ်သော ညွှန်ကြားမှုများကို ပေးလေ့ ရှိလေသည်။
ထိုသို့ဖြင့် ဆရာကြီးပေါင်း များစွာ၏ လမ်းညွှန်မှုမှတဆင့် ကျန်းရန်ဖင်နှင့် ကျန်းရန်ရှီတို့၏ တိုးတက်မှုများက လျင်မြန်လာသည်။
ရှုရှင်းကမူ သူတို့ကို လမ်းညွှန်ပေးရာတွင် အများကြီး မကူညီနိုင်ပါပေ။ သူမ၏ အသိစိတ် ပျောက်သွားသည်ဆိုသော အချက်ကြောင့်နှင့် သူမသည် သူတို့ကို စားစရာများကို စိုးရိမ်တကြီး ကျွေးသည်။ ညနေခင်း ရေနွေးကြမ်းများကို မကြာခဏ ကျိုတိုက်လေသည်။
သူမ၏ ကျွေးမွေး အားထုတ်မှုကလည်း အလဟဿ မဖြစ်ခဲ့ပါပေ။ ထိုနှစ်ယောက်ကလည်း ရောက်လာခဲ့ချိန်ကနှင့် အလွန်အမင်း ခြားနားသွားသည်။ သူတို့၏ ခန္ဓာကိုယ်တွင် အသားများ ပြည့်လာသည်။ ဝါညစ်ညစ် မျက်နှာများကလည်း ဖြူဖွေးလာပြီး အာဟာရ ပြည့်နှက်ကာ နူးနူးညံ့ညံ့လေး ဖြစ်လာကြ၏။ သူတို့၏ အရပ်ကလည်း သိသိသာသာ တိုးလာသည်။ ထို့ကြောင့် အများကြီး ပြောင်းလဲသွားသည်ဟု ပြောရပေမည်။
ပုရှန်းဝမ်နှင့် မူချင်မိုင်တို့ကလည်း အခြေစိုက်စခန်းကို ကြော်ငြာရန် အပြင်သို့ ထွက်သွားကြပြီးနောက် အထူးစွမ်းအားရှိသော သူများကလည်း စတင်ကာ ရောက်လာကြသည်။ တစ်ဆင့်ပြီးတစ်ဆင့် စစ်ဆေးပြီးနောက်တွင် အခြေစိုက် စခန်းအတွင်း ရင်းနှီးလာသောမျက်နှာများ ပေါ်လာပြီဖြစ်သည်။
သူတို့သည် အခြေစိုက်စခန်းတွင် နေသည်မှာ ကြာရှည်လာသည်နှင့်အမျှ သည်နေရာတွင် ထိုင်ရသည်မှာ ကံကောင်းသည်ဟုပင် ခံစားမိလာသည်။ သူတို့၏အာရုဏ်ဦး အခြေစိုက်စခန်းကို အင်အားပြည့်ဝအောင် ထောက်ပံ့ပေးလိုစိတ်အပြင် အင်အား ကြီးမားလိုစိတ်များက ကြီးထွားလာ၏။ ထိုသို့ဖြင့် အရာအားလုံးက ကောင်းမွန်သည့်ဘက်ကို ဦးတည်နေလေသည်။
မမျှော်လင့်ထားစွာပင် သက်တောင့်သက်သာရှိသောဘဝက သိပ်မကြာခင်မှာ ပျက်စီးသွားလေသည်။
******