← Chapters

အခန်း ၂၄၉

Vol. 25 Ch. 249

အခန်း ၂၄၉

Vol. 25 Ch. 249

249 01

အပိုင်း ၂၄၉

ဒီတစ်ခေါက် သူတို့၏ ပန်းတိုင်က Gမြို့ဝန်းကျင်ဖြစ်သည်။ အဆုံးသတ်ကာလပြီး နောက်ပိုင်း လမ်းအခြေအနေမျိုးအရ လမ်းခရီးက ငါးရက် ကြာလောက်သည်။ ထို့ကြောင့် အချိန်ကုန် သက်သာရန်အလို့ငှာ သူသည်လည်း နေ့အချိန် အတောအတွင်းတွင် ကားမောင်းပြီး ညဘက်တွင်မူ ရှောင်ပိုင်တို့နှင့်အတူ ခရီးဆက်ရန် ဆုံးဖြတ်လိုက်ကြသည်။

“ထူးဆန်းလိုက်တာ ဘာလို့ ဒီနေ့ လမ်းပေါ်မှာ ဇွန်ဘီတွေ နည်းနေတာလဲ”

ရှုရှင်းက ရင်းနှီးသော လမ်း၏ တစ်ဖက်တစ်ချက်စီကို ကြည့်ပြီး အတတ်နိုင်ဆုံး ခြားနားမှုကို ရှာဖွေရန် ကြိုးစားသည်။

ယန်မော့က မျက်လုံးကို မှိတ်လိုက်သည်။ သူ၏လက်ကလည်း ရှုရှင်း၏ ဆံပင်ကို အသာပုတ်ပေးနေ၏။ ထို့နောက် သူမ ပဟေဠိကို ဖြေပေးသည်။

“အံ့ဩစရာ မရှိပါဘူး၊ ဘာပဲဖြစ်ဖြစ် ငါတို့က အခြေစိုက် စခန်းထဲက ထွက်လာပြီးတဲ့ နောက်မှာ သတင်းတွေက မကောင်းတဲ့ ရည်ရွယ်ချက်ရှိတဲ့ လူဆီ ပျံ့သွားပြီလေ၊ ဆိုတော့ သူက ငါတို့ကို လမ်းမှာ ချုံခိုတိုက်ခိုက်ဖို့ စောင့်နေတာ”

“အင်အားကြီးလို့လား”

ရှုရှင်းက ခေါင်းကို ပြန်လှည့်၍ တွေးကြည့်လိုက်သည်။ ထို့နောက် အကြံတစ်ခု ရလာ၏။

ရှုရှင်း “တစ်ဖက်သူက ဒီလိုလုပ်ဖို့ ရည်ရွယ်ချက်ရှိတယ် ဆိုမှတော့ ငါ နေရာလပ် နယ်မြေထဲက အဲ့ဒီ အင်အားကြီးတဲ့ လက်နက်ကြီးတွေ ထုတ်ဖို့လိုလား”

ယန်မော့က ခေါင်းခါ၏။

“အခုတော့ မလိုသေးဘူး၊ သူတို့က အောင်မြင်ပြီလို့ထင်ပြီး သတိလျှော့ချတဲ့ အချိန်အထိ စောင့်ပြီး တစ်ခါတည်း ထိုးနှက်ချက် ပေးလိုက်တော့”

“ကျွတ် ကျွတ် ကျွတ် နင်ဆိုတဲ့ အတိုင်းပဲ”

ရှုရှင်းကလည်း သူမ၏ အားနည်းသည့် ကိုယ့်ကိုယ်ကိုပင် အသာ ပွေ့ဖက်လိုက်ပြီး ပြောသည်။

“လူတွေကို မျှော်လင့်ချက်ကို မြင်ခိုင်းလိုက်မယ်၊ အဲဒီနောက် သူတို့ရဲ့ မျှော်လင့်ချက်က သူတို့ရဲ့ ကိုယ်ပိုင်မျက်လုံး အရှေ့မှာ ကွဲကြေသွားတာကို ကြည့်ခိုင်းမယ်၊ ဒါက ရန်သူကို ရုပ်ပိုင်းဆိုင်ရာအရ ထိုးနှက်နိုင်တဲ့အပြင် စိတ်ကိုပါ ထိခိုက်စေတယ်”

အခြားသော ကားထဲမှ သုံးယောက်က အော်ရယ်သည်။

“ဟား ဟား”

ယန်မော့၏မျက်နှာက အနက်ရောင် အစင်းကြောင်းများ ပြည့်သွားသည်။ သူသည် သူမ၏ ဆံပင်ကို ကိုင်နေသည့်လက်ကို မြှောက်လိုက်ကာ ရင်ခွင်ထဲသို့ပင် ဆွဲထည့်လိုက်သည်။ ပါးတစ်ဖက်တစ်ချက်ဆီမှ နူးညံ့သော အသားများကို အတင်းဖျစ်ညှစ်၍ သင်ခန်းစာ ပေးရသည်။

ကုန်လွန်ခဲ့သောနှစ်များ အတောအတွင်းတွင် သူ၏ရည်ရွယ်ချက်ရှိရှိ သို့မဟုတ် မရည်ရွယ်သော ပုံသဏ္ဍာန်မျိုးဖြင့် သင်ကြားပေးမှုကတဆင့် ရှုရှင်းသည်လည်း သူဟာ မည်ကဲ့သို့သော ပုံစံမျိုးဖြစ်ကြောင်း ကောင်းကောင်း နားလည်လာပြီဖြစ်သည်။ သူဟာ လက်စသတ်တော့ ဝက်ယောင်ဆောင်ပြီး ကျားသားစားရန် ရင်းနေရခြင်း ဖြစ်လေသည်။

ယန်မော့က ဒေါသ အလွန်ထွက်သွားသည်။ ပြောရမည်ဆိုလျှင် သူသည် ဂရုမစိုက်ပါပေ။ ပြောပြီး ပျော်နေသေးသည်။

သူ့ကို လုံးဝသိကျွမ်းသွားပြီး နောက်တွင်ပင် ရှင်းပေါင်က သူ့ကို ထိုမျှအထိ ချစ်နေသေးသည်။ ယခင်က အတိုင်းပင်ဖြစ်ပြီး သူနှင့်လည်း ကြောက်လန့်တကြား အကွာအဝေး မခြားသွားပေ။ ယခုအခါ သူ့ကိုပင် ပြန်လည် စနောက်နိုင်လာသည်။ ထိုအခြေအနေကပင် သူမ၏နှလုံးသားက ထိုအရာများကို ဂရုမစိုက်ကြောင်း ဖော်ပြနေသည်။

ရှင်းပေါင်က သူ၏နှလုံးသားကို အမြဲတစေ နူးညံ့စေသည်။

“ဟက်ချိုး”

ဆုံးဖြတ်ထားခံရပြီးသား ကံကြမ္မာကို မသိသေးသော လျှိုဟုန်က နှာထချေသည်။ သူသည် နှာခေါင်းကို ပွတ်၏။

249 02

“ပူလိုက်တာ ဘာလို့ နှာထချေနေတာလဲ ထူးဆန်းလိုက်တာ”

လျှိုဟုန်က လက်ထဲမှ စက်ကို တစ်ချက်ဖိသည်။

“အာရုံစိုက်မယ်၊ အသင်းတွေအားလုံး သားကောင်က အမဲလိုက် ကွင်းထဲကို ဝင်လာပြီ၊ တိုက်ပွဲအတွက် ပြင်ဆင်ထားကြ ငါ့ရဲ့အမိန့်ကို လိုက်”

ဆက်သွယ်ရေးစက်၏ အခြားတစ်ဖက်မှ အသံက ထွက်လာ၏။

“လက်ခံရရှိပါတယ်”

အဆောက်အဦထဲတွင် ပုန်းနေသော သူများကလည်း ယာဉ်များကို ကြည့်ပြီး သူတို့ လက်ထဲမှ သေနတ်ကို တင်းတင်းကြပ်ကြပ် ကိုင်ထားကြသည်။

ပစ်မှတ်ယာဉ်က သူတို့ ဆင်ထားသော ထောင်ချောက်နေရာသို့ တူညီသည့် အရှိန်နှုန်းနှင့် သွားနေသည်။ မနှေးလွန်း မမြန်လွန်းသော အနေအထားမျိုးနှင့် ဖြစ်သည်။

ပစ်မှတ်ယာဉ်နှင့် ထောင်ချောက်၏ အကွာအဝေးက တိုးလာကြောင်း မြင်သောအခါ လျှိုဟုန်ကလည်း တဖြည်းဖြည်း အသက်ရှူပင် အောင့်ထားသည်။ ထို့နောက် သူ၏မျက်နှာက တောက်ပလာ၏။

“ကျွတ်”

ကားက ထောင်ချောက်၏ တစ်မီတာခန့် အကွာတွင် ရပ်သွားသည်။ လျှိုဟုန်က မွန်းကြပ်ပြီး သေလုနီးပါးပင် ဖြစ်သွား၏။

“သေစမ်း ငါတို့ကို တွေ့သွားပြီ လှုပ်ရှားတော့”

ကားက ရပ်တန့်သွားသောအခါ သူ၏အကြောင်းက ပေါ်သွားမှန်းလည်း သိလိုက်သည်။ ပေါ်သွားပြီ ဆိုကတည်းက ပုန်းနေရန် မလိုအပ်တော့ပါချေ။ ထို့ကြောင့် ထိပ်တိုက် ရင်ဆိုင်သည်။

ထိုသို့ဖြင့် လမ်း၏ အရပ်မျက်နှာအနှံ့မှ ပုံရိပ်ပေါင်းများစွာက ထွက်ပေါ်လာသည်။ ဆယ်ခုကျော်လောက်၏။ အားလုံးက သေနတ်ကို ကိုင်ထားကြသည်။ ထို့နောက် မမြင်ကွယ်ရာ မရှိသော နေရာမျိုးဖြင့် ၃၆၀ ဒီဂရီ အပြည့်မှ ဝိုင်းကာ ယာဉ်ကို ပစ်ခတ်သည်။

ပစ်ခတ်မှုက သုံးမိနစ်ပင် ကြာသည်။ နောက်ဆုံး ပစ်ချက်ကလည်း ကြိုတင်ကာ ပြင်ဆင်ထားသော ထောင်ချောက်ထဲတွင် ဖြစ်သည်။

ဘုန်း

ကျယ်လောင်သော ပေါက်ကွဲသံကြီးက ဖြစ်ပေါ်လာ၏။ ကြီးမားသော အမဲရောင် လေထုကပင် လေထဲသို့ မြောက်တက်သွားကာ တစ်ကားလုံးကို မြုပ်သွားစေသည်။ ထို့ကြောင့် ကား တစ်ခုလုံးကလည်း ပုံပျက်ပန်းပျက် ဖြစ်သည်အထိ ပေါက်ကွဲသွား၏။

လျှိုဟုန်က ပျော်ရွှင်စွာ ရယ်နေသည်။

“ဟား ဟား ဘာကို အရှင်သခင် အသစ်လဲ၊ ငါ့ရဲ့လက်ထဲမှာ သေရတာပဲ”

“အိုး တကယ်လား”

******

All Chapters