အခန်း ၂၅၀
Vol. 25 Ch. 250
250 01
အပိုင်း ၂၅၀
ချုံခို တိုက်ခိုက်မှုရှိမှန်း ကြိုသိနေသောကြောင့် ရှုရှင်းတို့ကလည်း အစောပိုင်း ထိပ်တိုက် မရင်ဆိုင်ခင် မမြင်ကွယ်ရာ နေရာနားတွင် ကားပေါ်မှ ဆင်းထားပြီးသား ဖြစ်သည်။ မူချီမိုင်သည်လည်း Tမြို့မှ လမ်းတိုင်းကို နားလည်ထားပြီးသား ဖြစ်သည်။ ထို့ကြောင့် မည်သည့်လမ်းက ပုန်းရန် အကောင်းဆုံးဖြစ်ကြောင်း ထောင်ချောက်ဆင်ရန် အကောင်းဆုံးဖြစ်ကြောင်း နားလည်ထားပြီးသား ဖြစ်သည်။ ထို့ကြောင့် သူသည် အလိုအလျောက် မောင်းနှင်သည့် စနစ်ကိုသာ ကားထဲတွင် တပ်ဆင်လိုက်ခြင်းအားဖြင့် သူတို့၏ နဂိုမူလ လမ်းကြောင်းထံ မောင်းသွားစေလိုက်သည်။
သူတို့သည် လျှိုဟုန်က အမိန့်ပေးမှုများ အားလုံးကို အဝေးကြည့် မှန်ပြောင်းမှတဆင့် အားလုံးကို စောင့်ကြည့်နေခဲ့ပြီးသား ဖြစ်သည်။
လျှိုဟုန်သည် အခြားသော ခပ်မြင့်မြင့် အဆောက်အဦ၏ ခေါင်းမိုးတွင် ရှိနေမှန်းလည်း မြင်သည်။ ပုရှန်းဝမ်ကပင် တစ်ဖက်သူက သူတို့၏ကားကို အရပ်မျက်နှာအနှံ့မှ သုံးမိနစ်ကြာအောင် ပစ်ခတ်ခိုင်းပြီး နောက်ဆုံးတွင် ထောင်ချောက်ထဲမှ ဗုံးဖြင့် ဖောက်ခွဲခိုင်းလိုက်ကြောင်းကို မြင်နေသည်။
“တအားကို ချဲ့ကားတာပဲ၊ ငါတို့ကို ဖယ်ရှားဖို့အတွက် လျှိုဟုန်က ပိုက်ဆံ အများကြီး သုံးထားတယ်”
ထိုသုံးမိနစ်အတွက် ပစ်ခတ်ရန် ကျည်ဆံ အမြောက်အမြား ကုန်ပေလိမ့်မည်။ မည်သို့ပင်ဆိုစေ ထိုကဲ့သို့သော လက်နက်ပူများက ဇွန်ဘီများကို အသုံးပြုရန်အတွက် ဖြစ်သည်။ ထို့အပြင် သေချာပေါက် ပြန်ရတော့မည့် အရင်းအမြစ်လည်း မဟုတ်ပါပေ။ ထို့ကြောင့် ဖြုန်းတီးရာ ရောက်နေသည်။
ရှုရှင်းကလည်း ခေါင်းကို ထပ်ခါတလဲလဲ ညိတ်နေသည်။ ထိုစကားကိုလည်း လက်ခံ၏။ ဖြုန်းတီးတာပဲ။
ထိုအချိန်အတန်ကြာအောင် ပွဲကြည့်နေပြီး နောက်ဆုံးတွင် ယန်မော့က လျှိုဟုန်၏ ပေါက်ကရ စကားကို ကြားကာ အေးစက်စွာ ဝင်ပြောသည်။
ယန်မော့ “အိုး တကယ်လား”
လျှိုဟုန်၏ ခန္ဓာကိုယ်က တစ်ခဏခန့် တောင့်သွားသည်။ ထို့နောက် လှောင်ပြောင်သော အပြုံးက ပျောက်သွားပြီး ခေါင်းကို တဖြည်းဖြည်း လှည့်ကာ အမြင့်တွင် ရပ်နေသော လူများကို လှည့်ကြည့်သည်။
လျှိုဟုန် “ယန်မော့”
“ငါတို့ အသက် ရှင်နေသေးတာ မအံ့ဩဘူးလား”
တစ်ဖက်သူ၏ ဖိအားသိပ်မများသော လေသံက ရှုရှင်း၏ စိတ်ဝင်စားမှုကို ဆွဲဆောင်လိုက်သည်။
လျှိုဟုန် “နည်းနည်းပေါ့ အများကြီးတော့ မဟုတ်ပါဘူး၊ အသစ်စက်စက် ကျော်ကြားနေတဲ့ အရှင်သခင်တွေကသာ ဒီလောက် ရိုးရှင်းတဲ့ ချုံခိုတိုက်ခိုက်မှုနဲ့ သေသွားခဲ့မယ်ဆိုရင် ထူးဆန်းမှာလေ”
ရှုရှင်းက သိချင်စိတ် ပြင်းပြစွာ မေး၏။
“ဆိုတော့ နင်က အဲဒီ စကားတွေကို တမင်တကာ ပြောတာပေါ့”
လျှိုဟုန် “ကျွတ် ငါ ဘာပြောလဲ ဆိုတာကို ဘာလို့ ဂရုစိုက်နေတာလဲ၊ အခု မင်းတို့ ထွက်လာပြီ ဆိုရင်တော့ အောက်ကိုဆင်းပြီး တိုက်ခိုက်ကြတော့၊ နိုင်တယ်ဆိုရင် ငါ သေမယ်၊ မင်းတို့ ရှုံးရင် မင်းတို့ သေမယ်”
ရှုရှင်း “စကားလေး ပြောရုံပဲကို”
ယန်မော့က ရှုရှင်း၏လက်ကို အသာနိမ့်ကာ ဆွဲလိုက်ကာ အရှေ့သို့ ခေါ်လာသည်။ ထို့နောက် သူမ၏ ကိုယ်တစ်ဝက်ကို ကာပေးရင်း ပြောသည်။
“မင်းက ဒီလောက် ယုံကြည်မှုအပြည့်နဲ့ စကား ပြောနေပုံပေါက်ရင် မင်းရဲ့ အင်အားကလည်း စကားတွေလောက် အင်အားကြီးဖို့ မျှော်လင့်တယ်”
ယန်မော့က ကာပေးထားသောအခါ ရှုရှင်းကလည်း နေရာလပ် နယ်မြေထဲမှ လက်နက်များကို ခပ်မြန်မြန် ထုတ်ပြီး လက်ကိုင်ဗုံးများကို အားလုံး၏ လက်ထဲသို့ တစ်ခုစီ ထိုးထည့်ပေး၏။
250 02
ယန်မော့က ထိုသို့ ပြောပြီးသည်နှင့် အားလုံးကလည်း ချက်ချင်းဆိုသလို ပစ်ခတ်တော့သည်။
မည်သူကမှ သတိမထားမိသည့် အချိန်တွင် ပစ်ခတ်လိုက်ခြင်း ဖြစ်လေရာ ရှောင်ရှားလိုလျှင်ပင် နောက်ကျသွားပြီ ဖြစ်သည်။
လူတိုင်း၏ တုံ့ပြန်မှုက သည်သေနတ်မျိုးကို ဘယ်လို ယှဉ်နိုင်မှာလဲ။
ဘုန်း ဘုန်း ဘုန်း
ထိုသို့ဖြင့် တစ်လမ်းလုံးပေါ်မှ အဆောက်အဦများက လှုပ်ခါသွားသည်။ ဆယ်မီတာခန့်ပင် နက်သော တွင်းပေါင်းများစွာကလည်း မြေအောက်တွင် ပုံသဏ္ဍာန် အမျိုးမျိုး ပေါ်လာ၏။ လေထဲတွင်လည်း ဖုန်များက မြောက်တက်နေလေရာ မြင်ကွင်းကို ပိတ်သွားသည်။
အဟမ်း ချောင်းတိုက်ခိုက်တာပဲ။
လျှိုဟုန်က ပါးစပ်နှင့် နှာခေါင်းကို လက်တစ်ဖက်ဖြင့် အုပ်ပြီး သဘာဝလွန် စွမ်းအားကို အခြားသော လက်သို့ စုစည်းလိုက်ကာ ပတ်ဝန်းကျင်သို့ သတိအပြည့်ထားပြီး စောင့်ကြည့်သည်။
ထိုလက်နက်များက အင်အား ကြီးမားသောကြောင့် လျှိုဟုန် ခေါ်လာသောသူ အများစုက အငိုက်မိသွားပြီး နေရာတွင်ပင် သေဆုံးသွားခဲ့သည်။ အချို့သော ကံကောင်းသော သူများက ခြေပြတ် လက်ပြတ်သာဖြစ်ပြီး ရှင်သန်နိုင် ကြသည်။
မြောက်တက်လာသော ဖုန်များက ပျက်ပြယ်သွားပြီးနောက် လျှိုဟုန်သည် ပတ်ပတ်လည်မှ မြင်ကွင်းကို ကြည့်ကာ ဒေါသ ထွက်သွား၏။
သူတို့သည် တွေ့ဆုံကာစဖြစ်သည်။ သူ ခေါ်လာသော သူများ၏ တစ်ဝက်နီးပါးက အသတ် ခံလိုက်ရပြီဖြစ်သည်။ ကြည့်ရသည်မှာ သူသည် သည်နေ့ အရှင်လတ်လတ် ပြန်သွားလိုလျှင် ခက်ခဲပေလိမ့်မည်။
“ဟင် အဲဒီ မျက်နှာထားက ကြောက်ဖို့ကောင်းလိုက်တာ၊ ဆိုတော့ အရသာက ကောင်းတဲ့ပုံပဲ”
ပုရှန်းဝမ်ကလည်း ဖုန်အလိမ်းလိမ်းနှင့် လျှိုဟုန်ကို ကြည့်ရင်း ပြုံးသည်။
“အပျော် မစောစမ်းပါနဲ့”
လျှိုဟုန်က ပါးစပ်နှင့် နှာခေါင်းကို အုပ်ထားသည့် လက်ကို ပြန်ချလိုက်၏။
“ညီအစ်ကိုတို့ သူတို့ကို သင်ခန်းစာပေး”
လျှိုဟုန်၏အနားတွင် ဝိုင်းနေသော စိတ်စွမ်းအား ပညာရှင်များကလည်း တစ်ချိန်တည်းတွင်ပင် သူတို့၏အင်အားများ အားလုံးကို စုစည်း၍ လွှတ်ထုတ်လိုက်လေရာ တစ်ချက် ကြည့်လိုက်ရုံဖြင့် အလွန်အမင်း လှပသော ရောင်စုံ မီးပန်းကြီးက ပေါ်လာသည်။
******