အခန်း ၂၅၁
Vol. 26 Ch. 251
251 01
အပိုင်း (၂၅၁)
“ဝိုး စပြီး တိုက်ခိုက်တာနဲ့ သူတို့ ဒီလောက်ထိ ဒေါသထွက်နေကြတာ။ ပညာရှင် မဆန်လိုက်တာ”
ပုရှန်းဝမ်က ချဲ့ကားလွန်းသော ပုံစံမျိုးဖြင့် ခြေတစ်လှမ်းခန့် နောက်ဆုတ်ပြရင်း ပြောသည်။
လျှိုဟုန်၏စွမ်းအားများကို စုစည်းထားသော လက်က တစ်ခဏခန့်ပင် တန့်သွားသေးသည်။ သို့သော် သူ၏ နဖူးမှ သွေးကြောများက ပေါက်ထွက်မတတ် ဖြစ်လာကြောင်းအား ဖျော့တော့စွာ မြင်နိုင်သည်။ သူသည်လည်း ထိုသို့ ပါးစပ်ဆိုးသော အမျိုးသားများကို ဘယ်သောအခါမှ မတွေ့ဖူးပါချေ။ သူသည်လည်း အမှန်တကယ်ပင် အရိုက်ခံသင့်သည်။
ပုရှန်းဝမ်ကမူ သေချာပေါက် အားယားမနေပါချေ။ သူ၏ရည်ရွယ်ချက်ကမူ လျှိုဟုန်၏ အာရုံကို ဆွဲဆောင်ပြီး ပုံမှန်မဟုတ်သော အခြေအနေများကို သတိမထားမိအောင် ရည်ရွယ်သည်။
အကြောင်းမူကား သူသည်လည်း မော့ကောက သူ့ဖက်သို့ ဟန်အမူအရာပြလိုက်ကြောင်း မြင်လိုက်သည်နှင့် ကိစ္စက ပြီးမြောက်သွားမှန်း နားလည်လိုက်ကာ ဆုံးဖြတ်ချက် ပြတ်သားစွာနှင့်လှုပ်ရှားရန် ဆုံးဖြတ်လိုက်သည်။
စွမ်းအားရှင် အယောက်နှစ်ဆယ်ကျော်ကျော်က စွမ်းအားများကို ထုတ်ထားသောကြောင့် အင်အားကြီးမားလွန်းသည့်အချက်ကို အခွင့်ကောင်းယူခြင်းအားဖြင့် ရှုရှင်းတို့အဖွဲ့က မထိတ်လန့်သွားခဲ့ချေ။
ရှုရှင်းက အဆင့်ငါးသို့ တက်ထားပြီးသား စွမ်းအားရှင် ဖြစ်သည်။ သူမ၏ စွမ်းရည်အသစ် စိတ်စွမ်းအာ ခုခံမှုကလည်း ယခင်ကထက်ပင် သာသွားသည်။
သဘာဝလွန်စွမ်းအား ခုခံမှု: အသုံးပြုလိုက်သောအခါ သုံးမီတာခန့် ကျယ်သည့်ခုခံမှု စက်ကွင်းကြီးက ပေါ်လာမည်ဖြစ်ပြီး တစ်ဖက်သူ၏အင်အားကို အခြေခံကာ တောက်လျှောက် ကာကွယ်ပေးပေလိမ့်မည်။ အတွင်းဘက်မှ သူများကလည်း သဘာဝလွန်စွမ်းအားများကြောင့် ဖြစ်သော မည်သည့် တိုက်ကွက်ကိုမှ အပစ်ခံရန် မလိုအပ်ချေ။ အကြောင်းမူကား အလိုလျောက် ကာကွယ်ထားပြီးသား ဖြစ်လေသည်။ သို့သော် သဘာဝလွန်စွမ်းအားမဟုတ်သည့် တိုက်ကွက်များအတွက်ကမူ သက်ရောက်မှု မရှိပါပေ။
မှတ်ချက် : ထိုစွမ်းအားသည် အသုံးပြုရန်အတွက် ပြင်ဆင်ချိန် ငါးစက္ကန့် လိုအပ်သည်။
အခြားစကားဖြင့် ပြောရသော် ရှုရှင်းက သဘာဝလွန်းစွမ်းအားကို အသုံးပြုပြီးနောက် စွမ်းအားရှင်များ၏ တိုက်ကွက်က သူမနှင့် သုံးမီတာခန့်အကွာသို့သာ ရောက်ရှိလာမည် ဖြစ်ပြီး ထို့ထက်ပိုပြီး ထိခိုက်အောင် လုပ်နိုင်လိမ့်မည် မဟုတ်ပေ။
သို့သော် ထိုခုခံမှုကလည်း သာမာန် ရုပ်ပိုင်းဆိုင်ရာ တိုက်ကွက်များအပေါ်တွင် အသုံးဝင်မည် မဟုတ်ပေ။
ထို့ကြောင့် ရှင်းပြချက်ကို ပထမဦးဆုံးအကြိမ် ဖတ်လိုက်ချိန်တွင် ရှုရှင်းကလည်း စိတ်ဓာတ်ကျသွားသေးသည်။ သူမသည် စွမ်းရည်အသစ်ကို ချစ်လည်း ချစ်သလို မုန်းလည်း မုန်းလေသည်။
သူမ၏ ပထမစွမ်းရည် လေးခုလုံးက အရန်အကူအညီစွမ်းအားဖြစ်သည်။ သူမသည်လည်း တိုက်ခိုက်ရေး စွမ်းရည်မျိုးကို အိပ်မက်မက်နေသည်မှာ ကြာပြီဖြစ်သည်။ သို့သော် အဆုံးသတ်တွင်မူ မရသေးပါပေ။
ရှုသူနာပြုရှင်း : ကောင်းပြီ ကောင်းပြီ ဒါက ငါတို့ ကစားတဲ့ ပုံစံပဲ ဟုတ်ပြီလား
ဒါဆိုရင်လည်း ငါ သေချာပေါက်…
သူလည်း အိပ်နေပြီး လက်ခံလိုက်တော့မယ်
မပြောင်းလဲနိုင်ဘူးဆိုမှတော့လည်း လှဲအိပ်ပြီး လက်ခံရုံပေါ့
လျှိုဟုန်တို့အဖွဲ့၏ အံ့အားသင့်နေသော မျက်လုံးများကို မြင်သောအခါ ရှုရှင်းက စိတ်အေးသွားသည်။ သူမဟာ အဝေးမှ ကာကွယ်နိုင်စွမ်းရည်ရှိသော ဖျော့တော့အားနည်းသည့် သူနပြုမလေး ဖြစ်သော်လည်း အလွန်အသုံးဝင်လေသည်။
“ဘယ်လို ဖြစ်နိုင်မှာလဲ”
လျှိုဟုန်က မျက်လုံးပြူးသွားသည်။ သူ့မျက်လုံးသူ မယုံနိုင်တော့ပေ။
251 02
ယန်မော့တို့က ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားမည် ဆိုသော အခြေအနေမျိုးက ဖြစ်မလာခဲ့ချေ။ သူတို့၏ ပူးပေါင်းတိုက်ကွက်ကလည်း သူတို့၏ အရှေ့ဖက် သုံးမီတာခန့်အကွာတွင် လျှို့ဝှက်ဆန်းကျယ်စွာ ပျောက်ကွယ်သွားသည်။ ဘယ်သောအခါမှ မရှိခဲ့သကဲ့သို့ပင် ထင်ရသည်။
ထိုသို့ဖြင့် သူတို့၏ ပူးပေါင်းတိုက်ကွက်၏ သေစေနိုင်သော ခြိမ်းခြောက်မှုက အဆင့်ငါးအဆင့် တစ်ယောက်ထက် မလျော့သည့်တိုင်အောင် ယခုလို လေထဲတွင် ပျောက်သွားခြင်းက အားလုံးအား အလွန်အမင်း အံ့အားသင့်သွားကြလေသည်။
“ဟေး ဟေး ဟေး မင်းတို့ မမြင်ဖူးတဲ့ သဘာဝလွန်စွမ်းအားတွေ အများကြီး ရှိသေးတာပဲ ဘာလို့အံ့ဩနေတာလဲ”
မူချီမိုင်ကလည်း ထုံထိုင်းနေသာ မျက်နှာဖြင့် လှမ်းလှောင်သည်။
သူက ယခုအချိန် စကားထုတ်ပြောလိုက်သောအခါ လူတိုင်းကလည်း ထိုစွမ်းအားက သူ့အပိုင်ဟု ထင်သွားပေလိမ့်မည်။ ထိုအခါ သူတို့က သူ့ကို ကြည့်သည့်အခါ ကြောက်ရွံ့မှုများ ပြည့်နှက်လာလေ၏။
သူတို့သည်လည်း ကြိုတင်ကာ ဆွေးနွေးထားပြီးသားဖြစ်သည်။ ရှုရှင်း၏ စွမ်းရည်အသစ်က သူတို့အတွက် အလွန်အသုံးဝင်သည်။ ထို့ကြောင့် သူမကို ကာကွယ်ရန်အလို့ငှာ အပြင်လောကတွင်မူ ထိုစွမ်းရည်ကို ပုယွမ်ကျိုးအပိုင်ဟု ထင်ယောင်ထင်မှား ဖန်တီးရန် ဆုံးဖြတ်ချက် ချထားပြီးသား ဖြစ်သည်။
ယခုအချိန်အထိ ပုယွမ်ကျိုးက လှုပ်ရှားလာသည်အား မည်သူကမှ မမြင်ဖူးသေးပေ။ သူ၏ စွမ်းရည်က ဘာမှန်းပင် မသိသေးပါပေ။
“မင်းပဲ”
လျှိုဟုန်၏ အကြည့်က ပုယွမ်ကျိုးဆီ ရောက်သွားသည်။ ပုယွမ်ကျိုးကလည်း သူ၏ မေးခွန်းကို ပြန်မဖြေချေ။ ထို့ကြောင့် လက်ခံသည်ဟု ယူဆနိုင်သည်။
“မင်းငါတို့ရဲ့ နောက်တစ်ကြိမ် ထပ်ရောက်လာမယ့် တိုက်ကွက်ကို တောင့်ခံနိုင်မလား ဆိုတာကို သိချင်လား”
သူ၏ကဏ္ဍတွင် သရုပ်ဆောင်နေသော ပုယွမ်ကျိုးက ခြေတစ်လှမ်းခန့် နောက်ဆုတ်လိုက်ကာ ရှုရှင်း၏ နံဘေးနားတွင် ကပ်ရပ်သည်။ ထို့နောက် ယန်မော့တို့က အိမ်ကွင်းထဲတွင် ဖျော်ဖြေရမည့်အ လှည့်ဖြစ်သွားသည်။
ထိုသုံးယောက်၏အဆင့်က လျှိုဟုန်ခေါ်လာသော လူတိုင်းထက် အဆင့်အလွန်မြင့်ပြီးသား ဖြစ်သည်။ အစောပိုင်း ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းက သူတို့၏ စွမ်းအားကို အမြောက်အများ ကုန်ဆုံးသွားစေသေးသည်။ ပို၍ဆိုးသည်မှာ သဘာဝလွန်စွမ်းအား အသုံးပြုသူ တစ်ယောက်က အဆင့်ငါးသို့ ဝင်ရောက်ပြီးသည်နှင့် ယခင်အစောပိုင်း အဆင့်များနှင့် နှိုင်းယှဉ်သော် ခုန်ပျံကျော်လွှားကာ ရှေ့ထွက်သွားသည့် အနေအထားမျိုး ဖြစ်နေသည်။
ထို့ကြောင့် တိုက်ပွဲ၏ ရလဒ်က အံ့အားသင့်စရာ မရှိပေ။ လျှိုဟုန်က ခေါ်လာသော စွမ်းအားရှင်တိုင်းက ဖယ်ထုတ်ခံရသည်။ လျှိုဟုန် ကိုယ်တိုင်ကလည်း မလွှတ်မြောက်သွားခဲ့ချေ။
******