← Chapters

အခန်း ၂၅၂

Vol. 26 Ch. 252

အခန်း ၂၅၂

Vol. 26 Ch. 252

252 01

အပိုင်း (၂၅၂)

သူတို့၏နောက်ပိုင်းက အလွန်အမင်း ချောမွေ့သွားလေသည်။ မည်သူကမှလည်း ကန်းမနေသည့်အတွက် သူတို့ဆီလာရောက်ကာ အသေခံရန်မကြိုးစားကြချေ။

G မြို့သို့ ခပ်စောစော ရောက်ရှိသွားလေသည်။

နောက်ပိုင်း ရက်အနည်းငယ်ခန့် ခရီးသွားနေပြီးနောက် ယန်မော့ကလည်း လှုပ်ရှားရန်အလျှင် မလိုနေခဲ့ချေ။ ထို့ကြောင့် သူသည် G မြို့တွင် တစ်ည အိပ်ပြီးမှသာ မနက်ဖြန်အတွက် ကြမ်းတမ်းသော တိုက်ပွဲကို စီစဉ်ထားလေသည်။

ယန်မော့က သူ၏အိမ်မက်ထဲမှ သူမြင်ခဲ့ရသည့် အဆင့်ခြောက်အဆင့် စိတ်စွမ်းအား ဇွန်ဘီရှိသော နေရာသို့ ခေါ်သွားနေခြင်းဖြစ်သည်။ ထိုနေရာနှင့် နီးကပ်လာလေလေ မျက်မှောင်ကြုတ်လေလေ ဖြစ်လာသည်။

မှားနေပြီ။

ဇွန်ဘီများက အဆင့်ငါးသို့ ရောက်သွားသောအခါ ကိုယ့်ကိုယ်ကိုယ် လေ့လာစောင့်ကြပ်နိုင်စွမ်းရည်နှင့် အဆင့်နှစ် ဇွန်ဘီများကို ထိန်းချုပ်နိုင်စွမ်းရည်က တိုးတက်လာတတ်သည်။ ယေဘုယျအားဖြင့်ဆိုလျှင် အဆင့်ငါးအဆင့်အထက်မှ ဇွန်ဘီများ၏အသိုက်ကလည်း အဆင့်နိမ့်ဇွန်ဘီများက စုဝေးပြီး အကာအကွယ်အဖြစ် စုဝေးထားရာ နေရာမျိုးဖြစ်သည်။ ထို့ကြောင့် အစောပိုင်းကတည်းက သတိပေးချက်မျိုးကို လက်ခံရရှိတတ်သည်။

ဒီတစ်ခေါက် သူတို့၏ ပြိုင်ဘက်က အဆင့်ခြောက်ဇွန်ဘီ ဖြစ်သည်။ ထို့အပြင် ပုံမှန်ဇွန်ဘီများထက် အိုင်ကျူမြင့်သည့်အချက်ကို ထည့်တွက်ကြည့်လိုက်သော် သူတို့၏အနားတွင် ဇွန်ဘီအချို့ကိုသာ ထားခဲ့လိမ့်မည် မဟုတ်ပေ။

“အချစ် တစ်ခုခုမှားနေလို့လား”

ရှုရှင်းကလည်း ယန်မော့၏ အနောက်မှ ကပ်လိုက်နေခြင်း ဖြစ်သည်။ ထို့ကြောင့် သူ၏ မျက်နှာအမူအရာ၏အပြောင်းအလဲကို ချက်ချင်းနားလည်လိုက်သည်။

“အင်း အခြေအနေက နည်းနည်း ပုံမှန်မဟုတ်ဘူး။ ငါ စုံစမ်းတာကို စောင့်အုံး”

ယန်မော့က သူ၏စိတ်စွမ်းအားကို ဖြတ်ထုတ်လိုက်ပြီးနောက် ထိုအိမ်ရာကြီးတစ်ခုလုံး၏ အတွင်းပိုင်းသို့ပင် ရောက်သွားသည်။ သူကပင် အတွင်းသို့ ထပ်မဝင်ရသေးခင် တစ်ဖက်မှ မရင်းနှီးသေးသော စိတ်စွမ်းအားတစ်မျိုး၏ ရန်စွယ်ကို ခံစားမိလိုက်သည်။ ထိုစိတ်စွမ်းအားကလည်း သူ့ထက် အင်အားမနည်းပါပေ။

တစ်ဖက်သူက ကျူးကျော်လာသော ထူးဆန်းသည့် စိတ်စွမ်းအားကို ခံစားမိသည်။သူနှင့် အဆင့်အတန်းနှင့် အာဏာက စိန်ခေါ်ခံရသည်ဟု ခံစားလိုက်ရပြီး ချက်ချင်းဆိုသလိုပင် တိုက်ခိုက်သည့်အနေအထားမျိုးသို့ ဝင်ရောက်လိုက်ကာ ကျူးကျော်လာသော စိတ်စွမ်းအားကို ဖမ်းဆီးရန် ကြံစည်လိုသည်။ ယန်မော့က ခပ်မြန်မြန် တုန့်ပြန်လိုက်နိုင်ပြီး တစ်ဖက်သူကို အောင်မြင်စွာ နှောက်ယှက်လိုက်ခြင်းအားဖြင့် စိတ်စွမ်းအားကို ပြန်ရုတ်သိမ်းလိုက်သည်။

တစ်ခဏခန့် တိုက်ခိုက်ပြီးရုံနှင့် ဒီနေရာတွင် မည်သည့်အတွက်ကြောင့် ဇွန်ဘီနည်းနေရကြောင်း နားလည်သွားသည်။

“ဘယ်လိုလဲ”

ယန်မော့က မျက်လုံးပြန်ဖွင့်လာသည်နှင့် ရှုရှင်းက ချက်ချင်းမေးသည်။

သူက မပြောရသေးခင် အတွင်းဘက်မှ စူးရှသော ဇွန်ဘီအော်သံက ထွက်လာသည်။

ယန်မော့ “အတွင်းဘက်က ဇွန်ဘီက သိပ်မကြာခင်ကမှ အဆင့်ခြောက် အလယ်အလတ်အဆင့်က အထွတ်အထိပ်အဆင့်ကို တက်ထားပြီးကာစ တက်ထားတာ၊ နှစ်ရက်လောက်ပဲ ကြာအုံးမယ်။ ဒါကြောင့် သူ့ရဲ့စိတ်စွမ်းအားကို ကောင်းကောင်း မထိန်းချုပ်နိုင်သေးဘူး။ အနားက ဇွန်ဘီတွေ တကွဲတပြားစီ ဖြစ်နေတယ်ဆိုတာကလည်း သူထုတ်လွှတ်ထားတဲ့ ဖိအားကြောင့် ကြောက်သွားကြလို့ ဒါကြောင့် ဇွန်ဘီ နည်းနေတာ”

ဒီအခြေအနေက သူ အိပ်မက်ထဲတွင် မြင်ခဲ့သော အခြေအနေနှင့် ခြားနားသည်။ ကြည့်ရသည်မှာ အတွင်းဘက်မှ ဇွန်ဘီက အဆင့်ကြိုတက်သွားလေသည်။

252 02

ရှုရှင်း “ဆိုတော့ အခုဘာလို့ ဒေါသထွက်နေတာလဲ”

ယန်မော့ “ငါက စိတ်စွမ်းအားကို သုံးပြီး သူ့ကို အာရုံခံဖို့ ကြိုးစားတဲ့အချိန်မှာ သူက ရှာတွေ့သွားတယ်လေ။ ငါ့အထင် သူက ငါ့ကို ဖမ်းပြီး သတ်ချင်တာ ဖြစ်လိမ့်မယ်။ မမျှော်လင့်ထားဘဲ ငါက ထွက်ပြေးသွားတာကိုး”

ရှုရှင်း “…”

ဒီယောက်ျားကို ဘယ်လိုများ ပြောရပါ့မလဲ လက်မဘဲ ထောင်ပြရုံပေါ့။

“အားလုံးပဲ သတိအပြည့်ကပ်ထားကြ။ သူက သူ့ရဲ့ အဆင့်တက်ထားပြီးကာစ စွမ်းအားကို အပြည့်အဝ မထိန်းချုပ်နိုင်သေးပေမယ့်လည်း အထင်သေးလို့တော့ မရဘူး”

“သူ တုံ့ပြန်နိုင်သွားတာနဲ့ ရှိသမျှ ဇွန်ဘီတွေ အားလုံးကိုလည်း ဆင့်ခေါ်ပြီး ငါတို့ကို တိုက်ခိုက်ခိုင်းလိမ့်မယ်။ အဲဒီဇွန်ဘီတွေ ပြန်မရောက်လာသေးခင် ငါတို့ အမြန်ဆုံး လှုပ်ရှားရမယ်”

ရှုရှင်း၊ ပုရှန်းဝမ်၊ မူချီမိုင်နှင့် ပုယွမ်ကျိုးတို့ကလည်း နားလည်မှုအပြည့်ဖြင့် ခေါင်းညိတ်သည်။

“ကောင်းပြီ”

ယန်မော့ကလည်း ထိုအရာထဲမှ သေးငယ်သော လမ်းများထက်တွင် လျှင်မြန်စွာ ဦးဆောင်ခေါ်သွားပြီး အတွင်းတွင် ပုန်းနေသော အဆင့်ခြောက် ဇွန်ဘီအနားသို့ သွားသည်။

“ဝါး…”

မနှစ်မြို့စရာကောင်းကာ နားထောင်မကောင်းသည့် အော်သံကြီးနှင့်အတူ ကြီးမားလွန်းသော စိတ်စွမ်းအားလှိုင်းတစ်ခုက သူတို့ဆီသို့ ဝင်တိုးလာသည်။

ယန်မော့က တွန်းလှန်ရန် ကြိုးစားသည်။

ပုယွမ်ကျိုးကလည်း သူ၏စွမ်းအားကို အသုံးပြုကာ ရှုရှင်း၊ ပုရှန်းဝမ်၊ မူချီမိုင်တို့အတွက် စိတ်စွမ်းအားဒိုင်းကို ဖန်တီးပေးလိုက်ပြီး စိတ်စွမ်းအားဖြင့် ထိန်းချုပ်တိုက်ခိုက်ခံရခြင်း မရှိအောင် ကာကွယ်ပေးလေသည်။

ရှုရှင်းက အဆင့်ခြောက်ဇွန်ဘီ၏အော်ဟစ်နေပုံကို မော့ကြည့်ပြီးနောက် အံ့ဩသွားရသည်။

သူ၏ အသားအရည်က ခရမ်းပြာရောင် ဖြစ်သည်။ မျက်လုံးက အဖြူရောင်ဖြစ်သည်။ လက်သည်းရှည်များကလည်း မဲမှောင်နေ၏။ သို့သော် သူ၏အရေပြားပေါ်တွင် သိသာထင်ရှားသော အရေပြားဟူ၍ မရှိပေ။ သူ၏ ခန္ဓာကိုယ်က မကြာခဏဆိုသလို ဖြည်းညှင်းစွာ လှုပ်နေတတ်သည်။ ဒါဟာ ရှုရှင်း မြင်ဖူးသမျှထဲတွင် ကြည့်အကောင်းဆုံး ဇွန်ဘီဖြစ်လောက်သည်။

သို့ရာတွင် သုတေသနပညာရှင်များ၏တွက်ချက်မှုအရ ဇွန်ဘီများ၏အဆင့်က မြင့်လေလေ လူသားပုံစံများနှင့် နီးစပ်ကာ တူလာလေလေ ဆိုသည့် အချက်က မှန်ကန်လောက်လေသည်။

******

All Chapters