အခန်း ၂၅၃
Vol. 26 Ch. 253
253 01.
အပိုင်း (၂၅၃)
ဇွန်ဘီများက သူတို့ကိုယ်သူတို့ သာမာန်လူများအဖြစ် ရုပ်ဖျက်ပြီး လူသားများနှင့် ရောနှောနေမည့် အကြောင်းကို တွေးမိသော် ရှုရှင်းက ကျောစိမ့်သွားသည်။
“အိမ်တော်ထိန်း 001 မစိုးရိမ်ပါနဲ့။ သခင်မ အခြေစိုက်စခန်းရဲ့ဝင်ပေါက်က စစ်ဆေးတဲ့ စက်ကလည်း မျိုးရိုးဗီဇကို စစ်ဆေးနိုင်စွမ်းရည်ရှိတယ်။ ဒါကြောင့် ဇွန်ဘီတွေက ဘယ်လောက်ပဲ ရုပ်ဖျက်ရုပ်ဖျက် အခြေစိုက်စခန်းထဲကို မဝင်နိုင်ပါဘူး”
ရှုရှင်း “!!!”
အိမ်တော်ထိန်း 001၏ စကားကို နားထောင်ပြီးမှသာ ရှုရှင်းကလည်း လုံခြုံသွားသလို ခံစားလိုက်ရသည်။ သို့သော် …
ရှုရှင်း “နင် နောက်တစ်ခါ ရုတ်တရက်ကြီး အသံထထမပေးလို့ရမလား။ ဘယ်သူ့ကို ခြောက်ပြီး သတ်ချင်နေတာလဲ”
အိမ်တော်ထိန်း 001 “သခင်မရဲ့ခံစားချက်က လှုပ်ခါလွန်းအားကြီးတာကို သတိထားမိလိုက်လို့ပါ။ ဆိုတော့ အရည်အချင်းပြည့်မှီပြီး ဘက်စုံတော်တဲ့ အိမ်တော်ထိန်းတစ်ယောက်အနေနဲ့ ငါ့ရဲ့အခြေခံအကျဆုံး တာဝန်ယူမှုက သခင်မရဲ့ပြဿနာကို ဖြေရှင်းပေးဖို့ပါ”
အိမ်တော်ထိန်း 001 “နောက်ပြီး သခင်မ ကျေးဇူးပြုပြီး ငါက လူမဟုတ်တဲ့အကြောင်း သတိပေးပါရစေ။ ဆိုတော့ ခြောက်တယ်ဆိုတဲ့ အကြောင်းအရာကို ထည့်မပြောပါနဲ့”
ရှုရှင်း “…”
ပါးစပ်ပိတ်
တော်ပြီ ဒီအဖြောင့်ကောင် သံမဏိစနစ်…
သူတို့၏စကားပြောခန်းက ဆယ်စက္ကန့်သာ ကြာသည်။ ယန်မော့တို့ကမူ အဆင့်ခြောက်ဇွန်ဘီနှင့် ဆယ်ကွက်ကျော်မက တိုက်ခိုက်ပြီးလေပြီ။
ယန်မော့နှင့် ပုယွမ်ကျိုးတို့ကလည်း အဝေးမှ တိုက်ခိုက်နိုင်သော တိုက်ပွဲမျိုးတွင် အကန့်အသတ်နှင့်သာ ပါဝင်နိုင်လေသည်။
သူတို့၏တာဝန်က အခြားသော သူများကို ကာကွယ်ရင်း တစ်ခါတည်း ထောက်ပံ့ရန်ဖြစ်သည်။
ယန်မော့၏ အဆင့်သည် အဆင့်ခြောက် ဇွန်ဘီထက် အများကြီး တည်ငြိမ်သည်။ ထို့အပြင် သူတို့၏အကူအညီကြောင့်လည်း အဆင့်ခြောက်ဇွန်ဘီက တောက်လျှောက်ပင် အားနည်းလာလေသည်။
သူက တစ်ဖက်မှ လူသားများကို မယှဉ်နိုင်မှန်းသိသည့်အခါ အဆင့်ခြောက်ဇွန်ဘီကလည်း သူတို့ကို အနိုင်မယူချင်တော့ဘဲ ထွက်ပြေးချင်သွားသည်။
ယန်မော့က သူ၏ရည်ရွယ်ချက်ကို သိသည်။ ထို့ကြောင့် သူ၏မျက်လုံးက ကြမ်းတမ်းလာသည်။
“သူက ထွက်ပြေးချင်နေတယ် တား”
ဒီတစ်ခေါက် ပစ်မှတ်ကသူ ဖြစ်သည်။ ထို့ကြောင့် သူ့ကို ထွက်ပြေးခွင့်ပြု၍ မရပေ။
သူတို့ကသာ အချိန်အနည်းငယ် ဆွဲမိ၍ နံဘေးမှ ဇွန်ဘီများက စုစည်းလာခဲ့သော် ဒုက္ခရောက်ပေလိမ့်မည်။ ထို့ကြောင့် သူတို့သည်လည်း ဒီဇွန်ဘီကို ခပ်မြန်မြန် အဆုံးသတ်ပြီး ဖြေရှင်းရန် လိုအပ်သည်။
ထို့ကြောင့် သူတို့၏ ဦးတည်ထားသမျှ ပစ်မှတ်တိုင်းက သေစေနိုင်သော အရာများဖြစ်သည်။
သူက မလွှတ်မြောက်နိုင်ကြောင်း သိသည့်အဆင့်ခြောက် ဇွန်ဘီကလည်း အသေခံသည့် တိုက်ကွက်မျိုးကို စထုတ်သည်။
သူသည် ရန်သူကို ရှစ်ရာခန့်အထိ နာစေပြီး ကိုယ်တိုင်က တစ်ထောင် ဆုံးရှုံးသောအနေအထားမျိုးဖြစ်သည်။
ထိုနည်းလမ်းက ခေတ်နောက်ကျနေသော်လည်း အသုံးဝင်ကြောင်း ဝန်ခံရပေမည်။
253 02
ယန်မော့တို့ လေးယောက်ကလည်း ဒဏ်ရာအလိမ်းလိမ်း ဖြစ်သွားသည်။ ပုယွမ်ကျိုး၏ စိတ်စွမ်းအားဖြင့် သူတို့၏ ဦးနှောက်ကို ကာကွယ်ပေးထားသောကြောင့်သာ မဟုတ်လျှင် အားလုံးက နေရာတွင်ပင် သေသွားလောက်သည်။
အဆုံးသတ်တွင်မူ အဆင့်ခြောက်ဇွန်ဘီကလည်း သေဆုံးခြင်းကံကြမ္မာမှ မလွှတ်မြောက်သွားခဲ့ပေ။ ယန်မော့က သူ၏အမြူအတေကို ထုတ်ယူလိုက်သည်။
“မြန်မြန်သွားရအောင်”
သူသည် ကိုယ်ပေါ်မှ ဒဏ်ရာများကို ပတ်တီးစီးရန်ပင် ကြိုးစားမနေတော့ချေ။ယန်မော့က အချက်ပြသည်နှင့် ရှုရှင်းကလည်း နေရာလပ်နယ်မြေထဲမှ ကားကို ထုတ်ကာ ယာဉ်မောင်းသူနေရာသို့ ဝင်ထိုင်သည်။
အားလုံးက ကားထဲသို့ အသည်းအသန် ဝင်လိုက်သောအခါ မောင်းသူနေရာမှ ရှုရှင်းကို မြင်လိုက်သည်နှင့် သူတို့၏ မျက်လုံးထဲတွင် ကြောက်ရွံ့မှုများ ဖြတ်ပြေးသွားသည်။ သူတို့က ပါးစပ်ဟကာ တစ်စုံတစ်ရာကို ပြောလိုသည်။ သို့သော် ကားက မြှားတစ်စင်းကသို့ ဝှီးကနဲ တိုးထွက်သွားလေသည်။
ကားက ထိုရပ်ကွက်ဂိတ်မှ မောင်းထွက်သွားပြီးသည်နှင့် ဇွန်ဘီအမြောက်အများက ထိုနေရာတွင် စုဝေးလာသည်။ ပုယွမ်ကျိုးက စိတ်စွမ်းအားကို အသုံးပြုကာ ဇွန်ဘီများနည်းသောဘက်ကို ရှာဖွေပြီး ရှုရှင်းကို လမ်းပြပေးသည်။ နောက်ခုံမှ သုံးယောက်ကလည်း ကား၏လက်တင်နေရာသို့ ခပ်တင်းတင်း ကိုင်ထားကြပြီး မလွှတ်ရဲကြချေ။
ရှုရှင်း၏အလွန်လန်းသော ကားမောင်းစွမ်းရည်မျိုးကြောင့် သူမသည် သူတို့အား ဇွန်ဘီများ စုစည်းနေသော နေရာမျိုးမှ သွေးလမ်းကို ဖောက်ကာ ခေါ်သွားပေးလေသည်။ ထို့နောက် သူတို့က လုံခြုံသော နေရာသို့ ရောက်၍ ပြန်လှည့်ကြည့်လိုက်သောအခါ သွေးများကြားတွင် မွန်းပြီး နစ်မတတ် စိုရွဲနေသော လူသုံးယောက်ကို မြင်လိုက်ရသည်။
“ဝိုး နင်တို့ သုံးယောက် ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားတာပဲ။ နင်တို့ အခုချက်ချင်း သွေးတိတ်အောင်လုပ်ပြီး ဒဏ်ရာကို ပတ်တီးစည်းဖို့ လိုအပ်တယ်။ မြန်မြန်လုပ် မြန်မြန်လုပ် သွေးထွက်လွန်နေပြီ”
ယန်မော့၊ ပုရှန်းဝမ်၊ မူချီမိုင် : …
သူတို့သည် တစ်စုံတစ်ရာကို ပြောလိုသည်။ သို့သော် ရပ်တန့်လိုက်ရသည်။ သို့သော် တစ်စုံတစ်ရာကို ပြောချင်ပြန်သည်။
တကယ်တော့ သူတို့ ကားပေါ် တက်ကာစက ဒီလိုမဟုတ်ဘူးလို့ ပြောချင်တာ။
ရှုရှင်းက သဘာဝလွန်စွမ်းအားများကို စုစည်းကာ သူတို့၏ဒဏ်ရာများကို ကူညီပေးရန် အလုပ်များနေကြောင်း မြင်သောအခါ သူတို့သည်လည်း ပါးစပ်ပိတ်လိုက်သည်။
ထားလိုက်ပါတော့ တမင်တကာလုပ်တာမှ မဟုတ်တာ။
သူတို့သည် သူမကို ကားစတီရင်ယာဘီးအား ထိခွင့်ပြုခဲ့သည့် သူတို့ကိုယ် သူတို့သာ အပြစ်တင်ရပေမည်။
******